Monday, May 11, 2015


Zawgyi Font
ခြန္ေန - Khun Nay
www.facebook.com/nay.tun2

မွားတာေလးေတြရွိမယ္ ၊ မွန္တာေလးေတြရွိမယ္ ။ လူတုိင္းကေတာ့ ခံယူခ်က္ခ်င္း မတူညီႏုိင္ပါဘူး ။ဘဝတူ ဝန္ထမ္းလုုပ္ေနသူေတြ အတြက္ ေတြ႔သမွ် ၊ ျမင္သမွ် ၊ ျဖတ္သန္းခဲ့ရရသမွ် အေတြ႔အႀကဳံႏုႏုေလးေတြကုိ အႀကံျပဳေရးသားေပးလုိက္ပါတယ္ ။

၁ . မိမိကုိယ္ကုိယ္ ယုံၾကည္မႈမရွိျခင္း

ေမြးကတည္းက ဘယ္သူမွ မတတ္ဘူး ဆုိတဲ့ စကားကုိ လက္ခံထားရင္ အလုပ္တစ္ခု စလုပ္ၿပီဆုိကတည္းက ကုိယ့္ကုိယ္ယုံၾကည္မႈရွိဖုိ႔ လုိအပ္တယ္ဆုိတာ မေမ့့ပါနဲ႔ ။
(ငါကဒါကုုိ လုပ္တတ္ပါ့မလား ၊ ငါလုပ္ႏုိင္ပါ့မလား) ေတြေဝအခ်ိန္ကုန္ေနျခင္း ပဲအဖတ္တင္ပါလိမ့္မယ္ ။ ကုိယ့္ကုိယ္ ယုံၾကည့္မႈေပ်ာက္ဆုံးျခင္းက ဖိႏွိပ္ခံဝန္ထမ္း ျဖစ္ဖုိ႔ သင့္ကုိေကာင္းေကာင္းႀကီးတြန္းပုိ႔ေနပါလိမ့္မယ္ ။

၂ . အခ်ိန္မေလးစားျခင္း

အခ်ိန္မေလးစားျခင္းဆုိတဲ့ေနရာမွာ အဓိကေျပာခ်င္တာက ရုံးခ်ိန္ နဲ႔ ရုံးစည္းကမ္းေတြကုိဆုုိလုိတာပါ ။ ရုံးေနာက္က်မွလာတာက တစ္ရက္တစ္ေလ
အဆင္ေျပေပမယ့္ ၊ အႀကိမ္အေရတြက္မ်ားလာတဲ့အခါအက်ဳိးဆက္တစ္ခု တုိက္ရုိက္ခံစားရလာပါလိမ့္မယ္ ။ ဥပမာတစ္ခုေပးၿပီး ေျပာရမယ္ဆုိရင္
အေၾကာင္းတစ္ခုခုေၾကာင့္ အထက္လူႀကီးနဲဲ႔ စကားအေခ်အတင္ေျပာတဲ့အခါ
ကုိယ့္ဘက္က မွန္ေနတယ္ ၊ အေၾကာင္းျပခ်က္ခုုိင္လုံေနတယ္ ဆုိရင္ေတာင္
သင့္ရဲ ႔ရုံးခ်ိန္ေနာက္က်မႈ အျပစ္္တစ္ခုေသခ်ာေပါက္ရွိေနတာ ျဖစ္တဲဲ့အတြက္
ေျပာဖုိ႔ဝန္ေလးေနၿပီး နံပတ္-၁ အခ်က္ ကုိယ့္ကုိယ္ယုံၾကည္မႈမရွိျခင္းဆုိတဲ့ စိတ္ဆီကုိ တြန္းပုိ႔ေနပါလိမ့္မယ္ ။

၃ . ေတြေဝ ဝန္ေလးေနျခင္း

ေျပာရင္ေကာင္းမလား ၊ မေျပာရင္ေကာင္းမလား ၊ မွန္သြားမွာလား ၊ မွားသြားမလား ဟုိေရာင္ဒီေရာင္ေရာင္ျဖစ္ေနလုိ႔ကေတာ့ ဖိႏွိပ္ခ်င္ေနသူေတြအတြက္ အေကာင္းဆုံးသားေကာင္ အျဖစ္ေရာက္ရွိသြားပါလိမ့္မယ္ ။

၄ . လူမုန္းခံရမွာေၾကာက္ျခင္း
သူတုိ႔ခ်မွတ္လုိက္တဲ့ လုပ္ငန္းစဥ္ ၊ ဒါမွမဟုတ္ စည္းကမ္းခ်က္ ၊ အဲဒီထဲမွာ ကုိယ္လုပ္ႏုိင္ ၊ မလုပ္နုိင္ တစ္ခါတည္း ျပတ္ျပတ္သားသားေျပာဖုိ႔လိုအပ္ပါတယ္ ။ ဖိႏွိပ္ခံေတာ္ေတာ္မ်ားမ်ားက (မေျပာခ်င္ပါဘူး ၊ ေျပာေနရင္လူမုန္းမ်ားတယ္) အဲလုိလူေတြအတြက္တစ္ခုေျပာခ်င္ပါတယ္ ။ လုပ္ငန္းခြင္ျဖစ္တဲ့အတြက္ ေျပာသမွ်စကားေတြကုိလည္း အခြန္းတုိင္းတုံ႔ျပန္စရာ မလုိသလုိ
လုပ္ႏုိင္တဲ့အရာဆုိလည္း လုပ္ႏုိင္ေၾကာင္း ၊ မလုပ္ႏုိင္တဲ့ အရာဆုိမလုပ္ႏုိင္ေၾကာင္း ျပတ္ျပတ္သားသားရွိဖုိ႔လုိပါတယ္ ။
ကုိယ္ ေျပာလုိက္လုိ႔ လူမုုန္းခံရမွာေၾကာက္ၿပီး ေျပာသမွ်နားေထာင္ ၊ ဟုတ္ကဲ့ ၊ ေခါင္းညိတ္ ေနလုုိ႔ကေတာ့ ဖိႏွိပ္ခံသူတစ္ေယာက္အျဖစ္ဆက္ရွိေနဦးမွာပါပဲ ။

၅ . ပတ္ဝန္းက်င္အသစ္ ရင္ဆုိင္ရန္ ေၾကာက္ရႊံ ႔ေနျခင္း

ဒီအလုပ္ ကုိယ္နဲ႔အဆင္မေျပဘူးဆုိတာလည္းသိတယ္ ၊ ဝါသနာနဲ႔လည္း ထပ္တူမက်ဘူးဆုိတာလည္းသိတယ္ ။ ဒါေပမယ့္ ေပေတၿပီးလုပ္ေနတယ္ ။
ဘာေၾကာင့္လဲ ? အလုုပ္ေျပာင္းဖုိ႔ ပတ္ဝန္းက်င္အသစ္တစ္ခုကုိ ရင္ဆုိင္ဖုိ႔အတြက္ ေၾကာက္ရႊံ ႔ေနလုိ႔ပါပဲ ။ ဒီေတာ့ အက်ဳိးဆက္က ကုိယ့္ကုိယ္ ယုံၾကည္မႈမရွိျခင္းဆုိတဲ့ စိတ္သာ အမ်ားဆုံးလႊမ္းမုိးေနၿပီး ေၾကာက္ရႊံ ႔စိတ္ ၊ ေတြေဝစိတ္ ေတြနဲ႔ ဖိႏွိပ္ခံတစ္ေယာက္အျဖစ္ ဆက္ရွိေနဦးမွာပါပဲ ။

ဖိႏွိပ္ခံတစ္ေယာက္ မျဖစ္ဖုိ႔အတြက္ -
ယုံၾကည္မႈရွိပါ ။ အခ်ိန္ေလးစားပါ ။ အေၾကာင္းျပခ်က္တစ္ခုအတြက္ ခုိင္လုံတဲ့အေျဖရွိပါ ။ မိမိလုပ္ရမယ့္အလုပ္ JD ကုိ အလုပ္မဝင္ခင္ လုပ္ငန္းရွင္အား ေသခ်ာသတ္မွတ္ခုိင္းပါ ။

(အျမင္ကြဲလႊဲမႈကုိယ္စီရွိၾကပါလုိက္မယ္ ။ဒါေပမယ့္ လုပ္ငန္းခြင္မွာ အဆင္မေျပ အခက္ႀကဳံေနတဲ့သူေတြအတြက္ အႀကံဥာဏ္ေလး တစ္ခုခုေလးမ်ားရရင္ေတာ့ေက်နပ္ပါတယ္ ။ ဝန္ထမ္းလုိ႔ ျဖစ္လာၿပီဆုိရင္ ဦးေဆာင္သူ နဲ႔ ေနာက္လုိက္သူ ႏွစ္မ်ဳိးပဲရွိပါတယ္ ။ ဦးေဆာင္သူတစ္ေယာက္အေနနဲ႔ ဆုံးျဖတ္ခ်က္ျပတ္သားဖုိ႔ လုိသလုိ လူမုန္းခံရမွာ ေၾကာက္ရႊံ ႔ေနလုုိ႔လည္းမရပါဘူး ။ လူမုန္းခံရမွာေၾကာက္ေနမယ္ဆုုိရင္ ေနာက္လုိက္သူ တစ္ေယာက္အျဖစ္နဲဲ႔ပဲဲ ဆက္ရွိေနဦးမွာပါ ။ ဝန္ထမ္းအျဖစ္ဘဝတူ လုပ္ကုိင္ေနၾကေသာ သူငယ္ခ်င္း ၊ အကုိ၊ အမ ၊ ညီငယ္ ၊ ညီမငယ္မ်ားအားလုံး အဆင္ေျပၾကပါေစလုိ႔ ဆႏၵျပဳလ်က္ ။)

ခြန္ေန - Khun Nay

Unicode Font
ခွန်နေ - Khun Nay
www.facebook.com/nay.tun2

မှားတာလေးတွေရှိမယ် ၊ မှန်တာလေးတွေရှိမယ် ။ လူတိုင်းကတော့ ခံယူချက်ချင်း မတူညီနိုင်ပါဘူး ။ဘဝတူ ဝန်ထမ်းလုုပ်နေသူတွေ အတွက် တွေ့သမျှ ၊ မြင်သမျှ ၊ ဖြတ်သန်းခဲ့ရရသမျှ အတွေ့အကြုံနုနုလေးတွေကို အကြံပြုရေးသားပေးလိုက်ပါတယ် ။

၁ . မိမိကိုယ်ကိုယ် ယုံကြည်မှုမရှိခြင်း

မွေးကတည်းက ဘယ်သူမှ မတတ်ဘူး ဆိုတဲ့ စကားကို လက်ခံထားရင် အလုပ်တစ်ခု စလုပ်ပြီဆိုကတည်းက ကိုယ့်ကိုယ်ယုံကြည်မှုရှိဖို့ လိုအပ်တယ်ဆိုတာ မမေ့့ပါနဲ့ ။
(ငါကဒါကုုိ လုပ်တတ်ပါ့မလား ၊ ငါလုပ်နိုင်ပါ့မလား) တွေဝေအချိန်ကုန်နေခြင်း ပဲအဖတ်တင်ပါလိမ့်မယ် ။ ကိုယ့်ကိုယ် ယုံကြည့်မှုပျောက်ဆုံးခြင်းက ဖိနှိပ်ခံဝန်ထမ်း ဖြစ်ဖို့ သင့်ကိုကောင်းကောင်းကြီးတွန်းပို့နေပါလိမ့်မယ် ။

၂ . အချိန်မလေးစားခြင်း

အချိန်မလေးစားခြင်းဆိုတဲ့နေရာမှာ အဓိကပြောချင်တာက ရုံးချိန် နဲ့ ရုံးစည်းကမ်းတွေကိုဆုုိလိုတာပါ ။ ရုံးနောက်ကျမှလာတာက တစ်ရက်တစ်လေ
အဆင်ပြေပေမယ့် ၊ အကြိမ်အရေတွက်များလာတဲ့အခါအကျိုးဆက်တစ်ခု တိုက်ရိုက်ခံစားရလာပါလိမ့်မယ် ။ ဥပမာတစ်ခုပေးပြီး ပြောရမယ်ဆိုရင်
အကြောင်းတစ်ခုခုကြောင့် အထက်လူကြီးနဲဲ့ စကားအချေအတင်ပြောတဲ့အခါ
ကိုယ့်ဘက်က မှန်နေတယ် ၊ အကြောင်းပြချက်ခုုိင်လုံနေတယ် ဆိုရင်တောင်
သင့်ရဲ ့ရုံးချိန်နောက်ကျမှု အပြစ််တစ်ခုသေချာပေါက်ရှိနေတာ ဖြစ်တဲဲ့အတွက်
ပြောဖို့ဝန်လေးနေပြီး နံပတ်-၁ အချက် ကိုယ့်ကိုယ်ယုံကြည်မှုမရှိခြင်းဆိုတဲ့ စိတ်ဆီကို တွန်းပို့နေပါလိမ့်မယ် ။

၃ . တွေဝေ ဝန်လေးနေခြင်း

ပြောရင်ကောင်းမလား ၊ မပြောရင်ကောင်းမလား ၊ မှန်သွားမှာလား ၊ မှားသွားမလား ဟိုရောင်ဒီရောင်ရောင်ဖြစ်နေလို့ကတော့ ဖိနှိပ်ချင်နေသူတွေအတွက် အကောင်းဆုံးသားကောင် အဖြစ်ရောက်ရှိသွားပါလိမ့်မယ် ။

၄ . လူမုန်းခံရမှာကြောက်ခြင်း
သူတို့ချမှတ်လိုက်တဲ့ လုပ်ငန်းစဉ် ၊ ဒါမှမဟုတ် စည်းကမ်းချက် ၊ အဲဒီထဲမှာ ကိုယ်လုပ်နိုင် ၊ မလုပ်နိုင် တစ်ခါတည်း ပြတ်ပြတ်သားသားပြောဖို့လိုအပ်ပါတယ် ။ ဖိနှိပ်ခံတော်တော်များများက (မပြောချင်ပါဘူး ၊ ပြောနေရင်လူမုန်းများတယ်) အဲလိုလူတွေအတွက်တစ်ခုပြောချင်ပါတယ် ။ လုပ်ငန်းခွင်ဖြစ်တဲ့အတွက် ပြောသမျှစကားတွေကိုလည်း အခွန်းတိုင်းတုံ့ပြန်စရာ မလိုသလို
လုပ်နိုင်တဲ့အရာဆိုလည်း လုပ်နိုင်ကြောင်း ၊ မလုပ်နိုင်တဲ့ အရာဆိုမလုပ်နိုင်ကြောင်း ပြတ်ပြတ်သားသားရှိဖို့လိုပါတယ် ။
ကိုယ် ပြောလိုက်လို့ လူမုုန်းခံရမှာကြောက်ပြီး ပြောသမျှနားထောင် ၊ ဟုတ်ကဲ့ ၊ ခေါင်းညိတ် နေလုုိ့ကတော့ ဖိနှိပ်ခံသူတစ်ယောက်အဖြစ်ဆက်ရှိနေဦးမှာပါပဲ ။

၅ . ပတ်ဝန်းကျင်အသစ် ရင်ဆိုင်ရန် ကြောက်ရွှံ ့နေခြင်း

ဒီအလုပ် ကိုယ်နဲ့အဆင်မပြေဘူးဆိုတာလည်းသိတယ် ၊ ဝါသနာနဲ့လည်း ထပ်တူမကျဘူးဆိုတာလည်းသိတယ် ။ ဒါပေမယ့် ပေတေပြီးလုပ်နေတယ် ။
ဘာကြောင့်လဲ ? အလုုပ်ပြောင်းဖို့ ပတ်ဝန်းကျင်အသစ်တစ်ခုကို ရင်ဆိုင်ဖို့အတွက် ကြောက်ရွှံ ့နေလို့ပါပဲ ။ ဒီတော့ အကျိုးဆက်က ကိုယ့်ကိုယ် ယုံကြည်မှုမရှိခြင်းဆိုတဲ့ စိတ်သာ အများဆုံးလွှမ်းမိုးနေပြီး ကြောက်ရွှံ ့စိတ် ၊ တွေဝေစိတ် တွေနဲ့ ဖိနှိပ်ခံတစ်ယောက်အဖြစ် ဆက်ရှိနေဦးမှာပါပဲ ။

ဖိနှိပ်ခံတစ်ယောက် မဖြစ်ဖို့အတွက် -
ယုံကြည်မှုရှိပါ ။ အချိန်လေးစားပါ ။ အကြောင်းပြချက်တစ်ခုအတွက် ခိုင်လုံတဲ့အဖြေရှိပါ ။ မိမိလုပ်ရမယ့်အလုပ် JD ကို အလုပ်မဝင်ခင် လုပ်ငန်းရှင်အား သေချာသတ်မှတ်ခိုင်းပါ ။

(အမြင်ကွဲလွှဲမှုကိုယ်စီရှိကြပါလိုက်မယ် ။ဒါပေမယ့် လုပ်ငန်းခွင်မှာ အဆင်မပြေ အခက်ကြုံနေတဲ့သူတွေအတွက် အကြံဉာဏ်လေး တစ်ခုခုလေးများရရင်တော့ကျေနပ်ပါတယ် ။ ဝန်ထမ်းလို့ ဖြစ်လာပြီဆိုရင် ဦးဆောင်သူ နဲ့ နောက်လိုက်သူ နှစ်မျိုးပဲရှိပါတယ် ။ ဦးဆောင်သူတစ်ယောက်အနေနဲ့ ဆုံးဖြတ်ချက်ပြတ်သားဖို့ လိုသလို လူမုန်းခံရမှာ ကြောက်ရွှံ ့နေလုုိ့လည်းမရပါဘူး ။ လူမုန်းခံရမှာကြောက်နေမယ်ဆုုိရင် နောက်လိုက်သူ တစ်ယောက်အဖြစ်နဲဲ့ပဲဲ ဆက်ရှိနေဦးမှာပါ ။ ဝန်ထမ်းအဖြစ်ဘဝတူ လုပ်ကိုင်နေကြသော သူငယ်ချင်း ၊ အကို၊ အမ ၊ ညီငယ် ၊ ညီမငယ်များအားလုံး အဆင်ပြေကြပါစေလို့ ဆန္ဒပြုလျက် ။)

ခွန်နေ - Khun Nay

0 comments:

Post a Comment

လူငယ္စာေပ ၊ သုတ ၊ ရသ ၊ နည္းပညာ ၊ ဟာသ ၊ ထူးဆန္းေထြလာ သတင္းမ်ာကုိ
စုံလင္ေအာင္ ႀကဳိးစားတင္ဆက္ေပးသြားပါမယ္ ။

Advertisement

Advertisement

Advertisment

Ad

Advertisment

Contact Us

09420112050

တစ္ပတ္အတြင္းဖတ္ရႈမႈအမ်ားဆုံးစာမ်က္ႏွာ

Advertisement

Find Us On Facebook