Zawgyi font
ခြန္ေန - Khun Nay
www.facebook.com/nay.tun2
ဖတ္ၿပီးသြားတဲ့သူေတြရွိသလုိ မဖတ္ရေသးတဲ့ သူေတြအတြက္
ျပန္ရွဲလ္ေပးလိုက္ပါတယ္ ။ ေပ့ခ်္ ကုိပုိစ္မတင္ျဖစ္တာ လနဲ႔ခ်ီ ၾကာေနၿပီ ဆုိေတာ့ ပုိစ္အေဟာင္းေလေတြနဲ႔ ျပန္မိတ္ဆက္ေပးလုိက္ပါတယ္ ။
ငယ္ငယ္ကရပ္ကြက္ထဲမွာ ကန္တဲ့ေဘာလုံးပြဲေလးတစ္ပြဲၾကည့္ျဖစ္တယ္။ "ငါတုိ႔အားလုံး teamwork ရွိရင္ ဘယ္အသင္း နဲ႔ပဲေတြ႕ေတြ႕ႏုိင္တယ္။ အေရးႀကီးတာ teamwork ရွိဖုိ႔ပဲ" သူရဲ ႔လူေတြကုိေအာ္ဟစ္ေျပာၾကားေနတဲ့ လူတစ္ေယာက္ရဲ ႔စကားကုိသြားၿပီးမွတ္မိေနတယ္။
အဲတုန္းကေတာ့ ကေလးဘဝဆုိေတာ့ လူႀကီးေျပာတဲ့ teamwork ကအႏုိင္ ရဖုိ႔အဓိကလုိ႔ အလြယ္မွတ္ထားလုိက္တယ္။ ဒါနဲ႔ကိုယ္လည္းေက်ာင္းမွာ ဆရာလုပ္ခ်င္ေတာ့ ဘာပဲကစားကစား၊ ဘာပဲလုပ္လုပ္ teamwork,teamwork နဲ႔ ပါးစပ္ကမခ်ေတာ့ဘူး ။
တကၠသိုလ္ေက်ာင္းသားဘဝေရာက္လုိ႔ သူငယ္ခ်င္းနဲ႔ ဂိမ္းကစားေတာ့လည္း teamwork ေကာင္းရင္ႏုိင္တယ္။ ထပ္ၾကားရျပန္ေရာ။ ဒီလုိနဲ႔အရြယ္ေရာက္လာ
ေတာ့ လုပ္ငန္းခြင္ဝင္ ဘဝႀကီးကုိျဖတ္သန္းလာရတယ္။ ငယ္ငယ္ကတည္းက နားဆြဲလာတဲ့ teamwork ကုိမရုိးေအာင္ထပ္ၾကားရျပန္တယ္။
(Teamwork နဲ႔လုပ္၊Teamwork နဲ႔လုပ္)အထက္လူႀကီးတစ္ေယာက္ဆီက ဒီစကားကုိ ၾကားရျပန္တယ္။ လုပ္ငန္းခြင္ teamwork က ငယ္ငယ္က ၾကားဖူးတဲ့ teamwork ထက္ပုိၿပီး အဓိပၸါယ္ရွိလာသလုိ၊ ပုိၿပီးေလးနက္ လာတယ္။
လုပ္ငန္းႀကီးေအာင္ျမင္ဖုိ႔အတြက္ပူးေပါင္းေဆာင္ရြက္တာ၊ အားလုံးတက္ညီ
လက္ညီ အတူတကြပူးေပါင္းေဆာင္ရြက္တာ ၊ဟန္ခ်က္ညီညီ တုိင္ပင္ညွိႏႈိင္း
လုပ္ကုိင္တာ စသည္ျဖင့္ teamwork ႀကီးကပုိပုိ အေရးပါလာတယ္။
ငယ္ငယ္ကကိုယ္သိတဲ့ teamwork ကအႏုိင္ရဖုိ႔ပဲမဟုတ္ဘူး ဆုိတာ လုပ္ငန္းခြင္ အေတြ႔အႀကဳံ ကေနသင္ယူရင္း တေျဖးေျဖးနားလည္ သေဘာေပါက္ လာတယ္။
ဒါေပမယ့္ လုပ္ငန္းခြင္အမ်ားစုမွာလုိက္နာက်င့္သုံးတဲ့ teamwork ကကြ်န္ေတာ္တုိ႔ေတြသိထားခဲ့တဲ့ (ပူးေပါင္းေဆာင္ရြက္မႈ၊တက္ညီလက္ညီ အတူတကြေဆာင္ရြက္မူထက္)၊ငယ္ငယ္က ၾကားဖူးတဲ့ teamwork ေတြကုိ သာဦးတည္ေနၾကတယ္။
စည္းလုံးပူးေပါင္းဖုိ႔ထက္၊ သူထက္ငါေတာ္တယ္၊ ငါသာတယ္ အုပ္စုဖြဲ႔ၿပီး ေနရာတစ္ေနရာအတြက္ အပုိင္သိမ္းအႏုိင္ယူခ်င္တဲ့ teamwork ေတြသာ ပုိဆန္လာတယ္။ ကုိယ္ေကာင္းရင္ၿပီးေရာ ။ တုိင္ပင္ေဖးမႈ မႈမရွိ ေရရွည္ မၾကည့္ပဲ ေရတုိေကာင္းစားဖုိ႔ကုိသာ ဦးစားေပးလာၾကတယ္ ။
ဒီလုိနဲ႔ လုပ္ငန္းခြင္ အတြင္း ၊ အခ်င္းခ်င္းအဆင္မေျပမႈ ၊ ပူးေပါင္းေဆာင္
ရြက္မႈေတြပ်က္ျပားလာၿပီး ေဖးမကူညီခ်င္တဲ့ teamwork စိတ္ဓာတ္ေတြ
နည္းပါးလာတာကုိ ျမင္ေတြ႔လာရတယ္ ။
လုပ္ငန္းေရွ႕ဆက္ဖုိ႔ကုိမစဥ္းစားပဲ တစ္ေယာက္နဲ႔တစ္ေယာက္အႏုိင္ယူတဲ့ teamwork၊ လုပ္ငန္ခြင္အတြင္း အႏုိင္ယူခ်င္တဲ့ teamwork ဆန္ဆန္ေတြသာ ႀကီးစုိးမ်ားျပားလာတယ္။ စစ္မွန္တဲ့ teamwork ႀကီးေပ်ာက္ဆုံးလာတယ္။
တစ္ေယာက္နဲ႔တစ္ေယာက္ အႏုိင္ယူခ်င္တဲ့ teamwork အက်ဳိးဆက္က လုပ္ငန္းခြင္စဝင္မယ့္ တက္သစ္စလူငယ္ေတြအတြက္ မွားယြင္းတဲ့ အတုယူမႈ ေတြအျပင္ ေရွ ႔ဆက္ေလွ်ာက္လွမ္းရမယ့္ လုပ္ငန္းေတြအတြက္ ထိခုိက္နစ္နာ မႈေတြကုိ အနည္းနဲ႔အမ်ားသက္ေရာက္မႈရွိလာႏုိင္ပါတယ္ ။
ဒါေၾကာင့္ တစ္ေယာက္နဲ႔တစ္ေယာက္၊ တစ္ဖြဲ႔နဲ႔တစ္ဖြဲ႔ေနရာလုအႏုိင္ယူျခင္း teamwork ဆုိတဲ့ေဝါဟာရကေန၊ လုပ္ငန္းတစ္ခုလုံးတုိးတက္ေစမယ့္ စစ္မွန္စည္းလုံးတဲ့ teamwork ကုိအတူတကြ ပူးတြဲလုပ္ေဆာင္မယ္ဆုိရင္
ကြ်န္ေတာ္တုိ႔လုိ တက္္သစ္စလူငယ္ေတြအတြက္ စည္းလုံးျခင္းသည္အင္းအား
တစ္ရပ္ျဖစ္လာလိမ့္မယ္လုိ႔ ေမွ်ာ္လင့္မိပါတယ္ ။
ခြန္ေန - Khun Nay
ခွန်နေ - Khun Nay
ဖတ်ပြီးသွားတဲ့သူတွေရှိသလို မဖတ်ရသေးတဲ့ သူတွေအတွက်
ပြန်ရှဲလ်ပေးလိုက်ပါတယ် ။ ပေ့ချ် ကိုပိုစ်မတင်ဖြစ်တာ လနဲ့ချီ ကြာနေပြီ ဆိုတော့ ပိုစ်အဟောင်းလေတွေနဲ့ ပြန်မိတ်ဆက်ပေးလိုက်ပါတယ် ။
ငယ်ငယ်ကရပ်ကွက်ထဲမှာ ကန်တဲ့ဘောလုံးပွဲလေးတစ်ပွဲကြည့်ဖြစ်တယ်။ "ငါတို့အားလုံး teamwork ရှိရင် ဘယ်အသင်း နဲ့ပဲတွေ့တွေ့နိုင်တယ်။ အရေးကြီးတာ teamwork ရှိဖို့ပဲ" သူရဲ ့လူတွေကိုအော်ဟစ်ပြောကြားနေတဲ့ လူတစ်ယောက်ရဲ ့စကားကိုသွားပြီးမှတ်မိနေတယ်။
အဲတုန်းကတော့ ကလေးဘဝဆိုတော့ လူကြီးပြောတဲ့ teamwork ကအနိုင် ရဖို့အဓိကလို့ အလွယ်မှတ်ထားလိုက်တယ်။ ဒါနဲ့ကိုယ်လည်းကျောင်းမှာ ဆရာလုပ်ချင်တော့ ဘာပဲကစားကစား၊ ဘာပဲလုပ်လုပ် teamwork,teamwork နဲ့ ပါးစပ်ကမချတော့ဘူး ။
တက္ကသိုလ်ကျောင်းသားဘဝရောက်လို့ သူငယ်ချင်းနဲ့ ဂိမ်းကစားတော့လည်း teamwork ကောင်းရင်နိုင်တယ်။ ထပ်ကြားရပြန်ရော။ ဒီလိုနဲ့အရွယ်ရောက်လာ
တော့ လုပ်ငန်းခွင်ဝင် ဘဝကြီးကိုဖြတ်သန်းလာရတယ်။ ငယ်ငယ်ကတည်းက နားဆွဲလာတဲ့ teamwork ကိုမရိုးအောင်ထပ်ကြားရပြန်တယ်။
(Teamwork နဲ့လုပ်၊Teamwork နဲ့လုပ်)အထက်လူကြီးတစ်ယောက်ဆီက ဒီစကားကို ကြားရပြန်တယ်။ လုပ်ငန်းခွင် teamwork က ငယ်ငယ်က ကြားဖူးတဲ့ teamwork ထက်ပိုပြီး အဓိပ္ပါယ်ရှိလာသလို၊ ပိုပြီးလေးနက် လာတယ်။
လုပ်ငန်းကြီးအောင်မြင်ဖို့အတွက်ပူးပေါင်းဆောင်ရွက်တာ၊ အားလုံးတက်ညီ
လက်ညီ အတူတကွပူးပေါင်းဆောင်ရွက်တာ ၊ဟန်ချက်ညီညီ တိုင်ပင်ညှိနှိုင်း
လုပ်ကိုင်တာ စသည်ဖြင့် teamwork ကြီးကပိုပို အရေးပါလာတယ်။
ငယ်ငယ်ကကိုယ်သိတဲ့ teamwork ကအနိုင်ရဖို့ပဲမဟုတ်ဘူး ဆိုတာ လုပ်ငန်းခွင် အတွေ့အကြုံ ကနေသင်ယူရင်း တဖြေးဖြေးနားလည် သဘောပေါက် လာတယ်။
ဒါပေမယ့် လုပ်ငန်းခွင်အများစုမှာလိုက်နာကျင့်သုံးတဲ့ teamwork ကကျွန်တော်တို့တွေသိထားခဲ့တဲ့ (ပူးပေါင်းဆောင်ရွက်မှု၊တက်ညီလက်ညီ အတူတကွဆောင်ရွက်မူထက်)၊ငယ်ငယ်က ကြားဖူးတဲ့ teamwork တွေကို သာဦးတည်နေကြတယ်။
စည်းလုံးပူးပေါင်းဖို့ထက်၊ သူထက်ငါတော်တယ်၊ ငါသာတယ် အုပ်စုဖွဲ့ပြီး နေရာတစ်နေရာအတွက် အပိုင်သိမ်းအနိုင်ယူချင်တဲ့ teamwork တွေသာ ပိုဆန်လာတယ်။ ကိုယ်ကောင်းရင်ပြီးရော ။ တိုင်ပင်ဖေးမှု မှုမရှိ ရေရှည် မကြည့်ပဲ ရေတိုကောင်းစားဖို့ကိုသာ ဦးစားပေးလာကြတယ် ။
ဒီလိုနဲ့ လုပ်ငန်းခွင် အတွင်း ၊ အချင်းချင်းအဆင်မပြေမှု ၊ ပူးပေါင်းဆောင်
ရွက်မှုတွေပျက်ပြားလာပြီး ဖေးမကူညီချင်တဲ့ teamwork စိတ်ဓာတ်တွေ
နည်းပါးလာတာကို မြင်တွေ့လာရတယ် ။
လုပ်ငန်းရှေ့ဆက်ဖို့ကိုမစဉ်းစားပဲ တစ်ယောက်နဲ့တစ်ယောက်အနိုင်ယူတဲ့ teamwork၊ လုပ်ငန်ခွင်အတွင်း အနိုင်ယူချင်တဲ့ teamwork ဆန်ဆန်တွေသာ ကြီးစိုးများပြားလာတယ်။ စစ်မှန်တဲ့ teamwork ကြီးပျောက်ဆုံးလာတယ်။
တစ်ယောက်နဲ့တစ်ယောက် အနိုင်ယူချင်တဲ့ teamwork အကျိုးဆက်က လုပ်ငန်းခွင်စဝင်မယ့် တက်သစ်စလူငယ်တွေအတွက် မှားယွင်းတဲ့ အတုယူမှု တွေအပြင် ရှေ ့ဆက်လျှောက်လှမ်းရမယ့် လုပ်ငန်းတွေအတွက် ထိခိုက်နစ်နာ မှုတွေကို အနည်းနဲ့အများသက်ရောက်မှုရှိလာနိုင်ပါတယ် ။
ဒါကြောင့် တစ်ယောက်နဲ့တစ်ယောက်၊ တစ်ဖွဲ့နဲ့တစ်ဖွဲ့နေရာလုအနိုင်ယူခြင်း teamwork ဆိုတဲ့ဝေါဟာရကနေ၊ လုပ်ငန်းတစ်ခုလုံးတိုးတက်စေမယ့် စစ်မှန်စည်းလုံးတဲ့ teamwork ကိုအတူတကွ ပူးတွဲလုပ်ဆောင်မယ်ဆိုရင်
ကျွန်တော်တို့လို တက််သစ်စလူငယ်တွေအတွက် စည်းလုံးခြင်းသည်အင်းအား
တစ်ရပ်ဖြစ်လာလိမ့်မယ်လို့ မျှော်လင့်မိပါတယ် ။
Unicode font
ခွန်နေ - Khun Nay
0 comments:
Post a Comment
လူငယ္စာေပ ၊ သုတ ၊ ရသ ၊ နည္းပညာ ၊ ဟာသ ၊ ထူးဆန္းေထြလာ သတင္းမ်ာကုိ
စုံလင္ေအာင္ ႀကဳိးစားတင္ဆက္ေပးသြားပါမယ္ ။