Zawgyi Font
ခြန္ေန - Khun Nay
ျမန္မာျပည္အလုပ္အကုိင္ဘာေၾကာင့္ရွားပါးသလဲ ဆုိတဲ့ေခါင္းစဥ္နဲ႔ ေဝဖန္ထားတဲ့ ေဆာင္းပါးေတြေတာ္ေတာ္မ်ားမ်ားဖတ္ရတယ္ ။ အခ်ဳိ ႔ေဆာင္းပါးေတြက လက္ရွိႀကဳံေတြ႔ေနရတဲ့ ျမန္မာျပည္ပညာေရးနစ္ေၾကာင့္လုိ႔ ေဝဖန္ထားသလုိ ၊ အခ်ဳိ ႔က ကာယံကရွင္ျဖစ္တဲ့ လူငယ္ေတြဘက္ ေဝဖန္ထားတာကုိ ျမင္ေတြ႔ရတယ္ ။
ကြ်န္ေတာ္လည္း လူငယ္တစ္ေယာက္ျဖစ္တဲဲ့အတြက္ ျမန္မာျပည္အလုပ္အကုိင္နဲ႔ ပတ္သက္လုိ႔ ရႈေထာင့္တစ္ခုကေန လူငယ္ဆန္ဆန္ေဆြေႏြးၾကည့္ခ်င္တယ္ ။
မွားတာေလးေတြရွိရင္လည္း ေဝဖန္ေထာက္ျပေပးပါလုိ႔ ႀကဳိတင္အႀကံျပဳ လုိက္ရပါတယ္ ။
အလုပ္အကုိင္အေၾကာင္းေဆြးေႏြးမယ္ဆုိေတာ့ အရင္ဆုံး ပညာေရးစနစ္ကပဲ ျပန္စရမွာေပါ့ ။ ေပးလုိက္တဲ့ ဘြဲ႔နဲ႔ ထပ္တူက်တဲ့ အလုပ္ေတြကုိရဖုိ႔ ၊ ဘြဲ႔ရေက်ာင္းသားတုိင္း အလုပ္ကုိင္ရရွိဖုိ႔ စတဲ့ဦးတည္ခ်က္ လူတုိင္းမွာရွိၾကတယ္ ။ ဒါေပမယ့္ အဲ့ေနာက္ကြယ္မွာ လူငယ္ေတြက ဘာျဖစ္္ခ်င္တာလည္း ဆုိတဲ့ အေတြးေတြကုိ ဘယ္သူကမွမထည့္ေပးခဲ့ၾကပါဘူး ။ ဘြဲ ႔ရလူငယ္ ေတာ္ေတာ္မ်ားမ်ား နဲ႔ ကြ်န္ေတာ္ကုိယ္တုိင္အပါဝင္ ဘာလုပ္လုိ႔ လုပ္ရမွန္းမသိ ျဖစ္ခ်င္တာျဖစ္ဖုိ႔ ဦးတည္ခ်က္ေပ်ာက္ဆုံးခဲ့ၾကတယ္ ။ ေက်ာင္းၿပီးသြားတာ ေတာင္ ၊ ကုိယ္ကဘာလုပ္ခ်င္မွန္း ၊ ဘာျဖစ္ခ်င္မွန္းမသိ
ရည္ရြယ္ခ်က္ ၊ ရည္မွန္းခ်က္ပန္းတိုင္ေတြေပ်ာက္ဆုံးေနၾကတယ္ ။
ေနာက္ဆုံးေတာ့ ရရာအလုပ္ ၊ ႀကဳံရင္ႀကဳံသလုိ ျဖစ္ေနတဲ့ လက္ေတြ႔ဘဝမွာ ျဖစ္သလုိ စတင္ခဲဲ့ရတယ္ ။ စားဝတ္ေနေရး အေတာ္အသင့္ ေျပလည္တဲ့ လူငယ္ေတြက်ေတာ့လည္း အလုုပ္တစ္ခုကို ေရြးခ်ယ္တဲ့ အခါ ဂ်ီးမ်ားခ်င္ပါတယ္ ။ ဟုိဟာမလုပ္ခ်င္ ၊ ဒီဟာမလုပ္ခ်င္ ၊ ေနာက္ဆုံးဟုိေရာင္ေရာင္ ၊ ဒီေရာင္ေရာင္နဲ႔ အလုပ္လက္မဲ့ဆုိတဲ့ ေခါင္းစဥ္တပ္္ျခင္းခံလုိက္ရပါတယ္ ။ အက်ဳိးဆက္ကေတာ့ ျမန္မာျပည္အလုပ္အကုိင္ရွားပါးမႈကုိ ဦးတည္သြားတယ္ ။
အလုပ္အကုိင္ရွားပါးမႈနဲ႔လူငယ္ေတြရည္မွန္းခ်က္အေကာင္အထည္ေဖာ္ဖုိ႔ အတြက္ ေျဖရွင္းဖုိ႔နည္းလမ္းက တစ္ခုပဲရွိပါတယ္ ။ ခုနက ကြ်န္ေတာ္ေျပာတဲ့ ႀကဳံရင္ႀကဳံသလုိ လက္ေတြ႔ ျဖစ္ေနတဲ့ အလုပ္ေတြမွာဝင္ေရာက္လုပ္ကုိင္ၾကတဲ့ လူငယ္ေတြကုိ အတုယူေစခ်င္ပါတယ္ ။
ႀကဳံရင္ႀကဳံသလုိ ျဖစ္ေနတာကုိလုပ္ေနရင္း အေတြ႔အႀကဳံဆုိတာရွိလာပါတယ္ ။ အေတြ႔အႀကဳံကေန ေဝဖန္ပုိင္းျခားလာႏုိင္တယ္။ ျဖင့္သင့္တာဘာလဲ ဆုိတာ
သဲသဲကြဲကြဲသိလာတယ္ ။ ျဖစ္သင့္တာေတြကုိ သိလာၿပီး လုပ္ကုိင္ေနရင္းနဲဲ႔မွ ျဖစ္ခ်င္တာေတြ ဦးတည္ခ်က္ေတြ ပန္းတုိင္ေတြကုိ သိျမင္လာႏုိင္မွာျဖစ္ပါတယ္ ။
ကြ်န္ေတာ္ကုိယ္တုိင္ ေက်ာင္းနားေတာ့ ဘာလုပ္လုိ႔လုပ္ရမွန္းမသိျဖစ္ခဲ့ဖူးတယ္ ။ ရည္ရြယ္ခ်က္ ၊ ရည္မွန္းခ်က္ ၊ ဦးတည္ခ်က္ မသိျဖစ္ခဲ့ရတယ္ ။
ဒီေတာ့ အဆင္ေျပတဲ့အလုပ္တစ္ခု နီးစပ္ရာ အင္တာနက္ဆုိင္မွာ စၿပီး အလုပ္လုပ္ခဲ့တယ္ ။ အင္တာနက္ဆုိင္မွာဆုိေတာ့ အားတဲ့အခ်ိန္ အင္တာနက္ သုံးျဖစ္ခဲ့တယ္ ။ အြန္လုိင္းေပၚကေနအလုပ္အကုိင္အခြင့္အလမ္းေတြ ရွာတတ္လာတယ္ ။
Company တစ္ခုမွာေခၚတဲ့ ရုံးဝန္ထမ္း အလုပ္ကုိ ဆက္လုပ္ျဖစ္တယ္ ။ ရုံးဝန္ထမ္းဘဝကေန မီဒီယာေလာက ကုိေရာက္ျပန္တယ္ ။ မီဒီယာေလာကမွာ စာစစ္တစ္ေယာက္အျဖစ္ သတင္းသမား ၊ အယ္ဒီတာသမား ေတြေရးတဲ့ စာေတြကုိ ေဖာင့္မွန္မမွန္ ၊ စလုံးေပါင္းမွန္မမွန္ စစ္ရတဲ့အပုိင္းကုိ လုပ္ကုိင္ေပးရတယ္ ။ အပတ္စဥ္ ထြက္သမွ် သတင္း၊ ဂ်ာနယ္ေတြထဲက စာေတြကုိစစ္ရတာျဖစ္တဲ့အတြက္ ေန႔စဥ္နီးပါး စာဖတ္သလုိျဖစ္လာတယ္ ။ ေန႔စဥ္စာဖတ္သလုိျဖစ္ေနရင္း ကုိယ္ကုိယ္တုိင္ သတင္းေရးသာသူတစ္ေယာက္ အျဖစ္သင္ယူခြင့္ ရခဲ့တယ္ ။
ဘာသာျပန္သတင္းေရးသူ အျဖစ္သင္ယူလုပ္ကုိင္ခြင့္ရခဲ့ရင္း သတင္းေရးသား သူတစ္ေယာက္ ျဖစ္မွန္းမသိ ျဖစ္လာခဲ့ရတယ္ ။ ကြ်န္ေတာ္အခု ကုိယ့္ အေၾကာင္းကုိ ေျပာခ်င္တာထက္ ျမန္မာျပည္ အလုပ္အကုိင္အခြင့္အေရးမွာ လူငယ္တစ္ေယာက္ အတြက္ ႀကဳံရင္ႀကဳံသလုိ ရည္မွန္းခ်က္မရွိ ႀကဳံတဲ့အလုပ္ ၊ သင့္တဲဲ့အလုပ္မွာလုပ္ခဲ့ရတယ္ဆုိတာ အဓိကမီးေမာင္းထုိးျပခ်င္တာပါ ။
လုပ္ခဲ့တဲ့ အလုပ္တုိင္းမွာ ကုိယ္ကဘာတတ္္လုိ႔ တတ္္မွန္းမသိ စမ္းတဝါးဝါး ေလွ်ာက္လွမ္းခဲ့ရတယ္ ။ မီဒီယာေလာကမွာေနခဲ့တဲ့ကာလမွာေတာ့ ရည္မွန္းခ်က္တစ္ခုျဖစ္ခဲဲ့ဖူးတယ္ ၊ အယ္ဒီတာခ်ဳပ္ႀကီးျဖစ္ဖုိ႔ေပါ့ ။ လုပ္ရင္းေနာက္ဆုံး ကိုယ္ေလွ်ာက္ေနတဲ့ လမ္းေၾကာင္းေျပာင္းမွန္းမသိ ေျပာင္းသြားျပန္တယ္ ။ ေဖ့စ္ဘြတ္ခ္စာမ်က္ႏွာေတြ ေခတ္စားလာေတာ့
သတင္းမီဒီယာေတြကအစ အင္တာနက္စာမ်က္ႏွာေတြမွာ ေနရာယူလာတယ္ ။ အဲ့ေတာ့ ကုိယ္က ေဖ့စ္ဘြတ္ခ္စာမ်က္ႏွာမွာသတင္းေရးသူအျဖစ္ ေျပာင္းသြားျပန္တယ္ ။ အြန္လုိင္းအယ္ဒီတာဆုိၿပီး ျဖစ္လာတယ္ ။
အဲလုိလုပ္ကုိင္ရင္းကေန ကုိယ္လုပ္ေနတာ Social Media အလုပ္ပါလား ဆုိတာသိလာျပန္တယ္ ။ အဲ့ေတာ့ Social Media Marketing ကုိေျပာင္းၿပီး ေလ့လာခဲ့ရျပန္ပါတယ္ ။ ေနာက္ေတာ့ ျပည္တြင္းအေျခစုိက္
ႏုိင္ငံျခား ကုမၸဏီတစ္ခုရဲ ႔ အြန္လုိင္းဝန္ေဆာင္မႈလုပ္ငန္းမွာ ေျပာင္းၿပီး လုပ္ကုိင္ခဲ့ရျပန္ပါတယ္ ။ လုပ္ငန္းခြင္မ်ားစြာမွာဝင္ေရာက္လုပ္ကုိင္ခဲ့ၿပီး ေနာက္ေတာ့ ကုိယ္က ဘာျဖစ္ခ်င္တာလဲ ဆုိတာ သဲသဲကြဲကြဲ သိလာခဲ့ရတယ္ ။
လုပ္ခဲ့တဲ့ အေတြ႔အႀကဳံကေနရခဲ့တဲ့ သင္ခန္းစာကေတာ့ ျဖစ္ေနတာကုိ လုပ္ေနရင္း ၊ ျဖင့္သင့္တာေတြကုိသိလာတယ္ ။ အဲ့ကေန ျဖစ္ခ်င္တာဘာလည္း ဆုိတာသိလာရတယ္ ။ လက္ရွိလုပ္ငန္းခြင္ဝင္ေနတဲ့ လူငယ္ေတြေရာ ၊ အေၾကာင္းအမ်ဳိးမ်ဳိးေၾကာင့္ လုပ္ငန္းခြင္မဝင္ရေသးတဲ့ လူငယ္ေတြအတြက္ေရာ အခုေရးတဲ့စာကေန ေပးခ်င္တာတစ္ခုက အခုမွစလုပ္မယ့္အလုပ္ကုိ လစာထက္ အေတြ႔အႀကဳံရဖုိ႔ကုိ ဦးစားေပးလုပ္ကုိင္ပါ ၊ အလုပ္တစ္ခုကေန အေတြ႔အႀကဳံရလာရင္ ျဖင့္သင့္တာကုိ ဦးစားေပးပါ ။
ေက်ာင္းၿပီးတဲ့အခ်ိန္ ကုိယ္ကဘာလုပ္တတ္မွန္းမသိတဲ့အရာက အေတြ႔အႀကဳံကေန သင္ယူရင္း ျဖစ္ခ်င္တာဘာလဲ ဆုိတာကုိ ရွာေဖြႏုိင္လာပါလိမ့္မယ္ ။
အႏွစ္ခ်ဳပ္အေနနဲ႔ လူငယ္ေတြလက္ရွိ ႀကဳံေတြ႔ေနရတဲ့ ပညာေရးစနစ္ ၊ အလုုပ္အကုိင္အခြင့္အလမ္းမ်ားကုိ ေတြေဝမေနပဲ ကုိယ့္ကုိယ္ အခြင့္အေရးေပးလာတဲ့အလုပ္တစ္ခုကုိ လက္ေတြ႔ဆန္ဆန္ ဝင္ေရာက္လုပ္ကုိင္ရင္း ျဖစ္ေနတာကေန ၊ ျဖစ္သင့္တာ ၊ ျဖစ္ခ်င္တာေတြ သိျမင္လာႏုိင္ပါလိမ့္မယ္လုိ႔ အႀကဳံျပဳေဆြးေႏြးလုိက္ ပါတယ္ ။
ခြန္ေန - Khun Nay
www.khunnaymedia.com
Unicode Font
ခွန်နေ - Khun Nay
မြန်မာပြည်အလုပ်အကိုင်ဘာကြောင့်ရှားပါးသလဲ ဆိုတဲ့ခေါင်းစဉ်နဲ့ ဝေဖန်ထားတဲ့ ဆောင်းပါးတွေတော်တော်များများဖတ်ရတယ် ။ အချို ့ဆောင်းပါးတွေက လက်ရှိကြုံတွေ့နေရတဲ့ မြန်မာပြည်ပညာရေးနစ်ကြောင့်လို့ ဝေဖန်ထားသလို ၊ အချို ့က ကာယံကရှင်ဖြစ်တဲ့ လူငယ်တွေဘက် ဝေဖန်ထားတာကို မြင်တွေ့ရတယ် ။
ကျွန်တော်လည်း လူငယ်တစ်ယောက်ဖြစ်တဲဲ့အတွက် မြန်မာပြည်အလုပ်အကိုင်နဲ့ ပတ်သက်လို့ ရှုထောင့်တစ်ခုကနေ လူငယ်ဆန်ဆန်ဆွေနွေးကြည့်ချင်တယ် ။
မှားတာလေးတွေရှိရင်လည်း ဝေဖန်ထောက်ပြပေးပါလို့ ကြိုတင်အကြံပြု လိုက်ရပါတယ် ။
အလုပ်အကိုင်အကြောင်းဆွေးနွေးမယ်ဆိုတော့ အရင်ဆုံး ပညာရေးစနစ်ကပဲ ပြန်စရမှာပေါ့ ။ ပေးလိုက်တဲ့ ဘွဲ့နဲ့ ထပ်တူကျတဲ့ အလုပ်တွေကိုရဖို့ ၊ ဘွဲ့ရကျောင်းသားတိုင်း အလုပ်ကိုင်ရရှိဖို့ စတဲ့ဦးတည်ချက် လူတိုင်းမှာရှိကြတယ် ။ ဒါပေမယ့် အဲ့နောက်ကွယ်မှာ လူငယ်တွေက ဘာဖြစ််ချင်တာလည်း ဆိုတဲ့ အတွေးတွေကို ဘယ်သူကမှမထည့်ပေးခဲ့ကြပါဘူး ။ ဘွဲ ့ရလူငယ် တော်တော်များများ နဲ့ ကျွန်တော်ကိုယ်တိုင်အပါဝင် ဘာလုပ်လို့ လုပ်ရမှန်းမသိ ဖြစ်ချင်တာဖြစ်ဖို့ ဦးတည်ချက်ပျောက်ဆုံးခဲ့ကြတယ် ။ ကျောင်းပြီးသွားတာ တောင် ၊ ကိုယ်ကဘာလုပ်ချင်မှန်း ၊ ဘာဖြစ်ချင်မှန်းမသိ
ရည်ရွယ်ချက် ၊ ရည်မှန်းချက်ပန်းတိုင်တွေပျောက်ဆုံးနေကြတယ် ။
နောက်ဆုံးတော့ ရရာအလုပ် ၊ ကြုံရင်ကြုံသလို ဖြစ်နေတဲ့ လက်တွေ့ဘဝမှာ ဖြစ်သလို စတင်ခဲဲ့ရတယ် ။ စားဝတ်နေရေး အတော်အသင့် ပြေလည်တဲ့ လူငယ်တွေကျတော့လည်း အလုုပ်တစ်ခုကို ရွေးချယ်တဲ့ အခါ ဂျီးများချင်ပါတယ် ။ ဟိုဟာမလုပ်ချင် ၊ ဒီဟာမလုပ်ချင် ၊ နောက်ဆုံးဟိုရောင်ရောင် ၊ ဒီရောင်ရောင်နဲ့ အလုပ်လက်မဲ့ဆိုတဲ့ ခေါင်းစဉ်တပ််ခြင်းခံလိုက်ရပါတယ် ။ အကျိုးဆက်ကတော့ မြန်မာပြည်အလုပ်အကိုင်ရှားပါးမှုကို ဦးတည်သွားတယ် ။
အလုပ်အကိုင်ရှားပါးမှုနဲ့လူငယ်တွေရည်မှန်းချက်အကောင်အထည်ဖော်ဖို့ အတွက် ဖြေရှင်းဖို့နည်းလမ်းက တစ်ခုပဲရှိပါတယ် ။ ခုနက ကျွန်တော်ပြောတဲ့ ကြုံရင်ကြုံသလို လက်တွေ့ ဖြစ်နေတဲ့ အလုပ်တွေမှာဝင်ရောက်လုပ်ကိုင်ကြတဲ့ လူငယ်တွေကို အတုယူစေချင်ပါတယ် ။
ကြုံရင်ကြုံသလို ဖြစ်နေတာကိုလုပ်နေရင်း အတွေ့အကြုံဆိုတာရှိလာပါတယ် ။ အတွေ့အကြုံကနေ ဝေဖန်ပိုင်းခြားလာနိုင်တယ်။ ဖြင့်သင့်တာဘာလဲ ဆိုတာ
သဲသဲကွဲကွဲသိလာတယ် ။ ဖြစ်သင့်တာတွေကို သိလာပြီး လုပ်ကိုင်နေရင်းနဲဲ့မှ ဖြစ်ချင်တာတွေ ဦးတည်ချက်တွေ ပန်းတိုင်တွေကို သိမြင်လာနိုင်မှာဖြစ်ပါတယ် ။
ကျွန်တော်ကိုယ်တိုင် ကျောင်းနားတော့ ဘာလုပ်လို့လုပ်ရမှန်းမသိဖြစ်ခဲ့ဖူးတယ် ။ ရည်ရွယ်ချက် ၊ ရည်မှန်းချက် ၊ ဦးတည်ချက် မသိဖြစ်ခဲ့ရတယ် ။
ဒီတော့ အဆင်ပြေတဲ့အလုပ်တစ်ခု နီးစပ်ရာ အင်တာနက်ဆိုင်မှာ စပြီး အလုပ်လုပ်ခဲ့တယ် ။ အင်တာနက်ဆိုင်မှာဆိုတော့ အားတဲ့အချိန် အင်တာနက် သုံးဖြစ်ခဲ့တယ် ။ အွန်လိုင်းပေါ်ကနေအလုပ်အကိုင်အခွင့်အလမ်းတွေ ရှာတတ်လာတယ် ။
Company တစ်ခုမှာခေါ်တဲ့ ရုံးဝန်ထမ်း အလုပ်ကို ဆက်လုပ်ဖြစ်တယ် ။ ရုံးဝန်ထမ်းဘဝကနေ မီဒီယာလောက ကိုရောက်ပြန်တယ် ။ မီဒီယာလောကမှာ စာစစ်တစ်ယောက်အဖြစ် သတင်းသမား ၊ အယ်ဒီတာသမား တွေရေးတဲ့ စာတွေကို ဖောင့်မှန်မမှန် ၊ စလုံးပေါင်းမှန်မမှန် စစ်ရတဲ့အပိုင်းကို လုပ်ကိုင်ပေးရတယ် ။ အပတ်စဉ် ထွက်သမျှ သတင်း၊ ဂျာနယ်တွေထဲက စာတွေကိုစစ်ရတာဖြစ်တဲ့အတွက် နေ့စဉ်နီးပါး စာဖတ်သလိုဖြစ်လာတယ် ။ နေ့စဉ်စာဖတ်သလိုဖြစ်နေရင်း ကိုယ်ကိုယ်တိုင် သတင်းရေးသာသူတစ်ယောက် အဖြစ်သင်ယူခွင့် ရခဲ့တယ် ။
ဘာသာပြန်သတင်းရေးသူ အဖြစ်သင်ယူလုပ်ကိုင်ခွင့်ရခဲ့ရင်း သတင်းရေးသား သူတစ်ယောက် ဖြစ်မှန်းမသိ ဖြစ်လာခဲ့ရတယ် ။ ကျွန်တော်အခု ကိုယ့် အကြောင်းကို ပြောချင်တာထက် မြန်မာပြည် အလုပ်အကိုင်အခွင့်အရေးမှာ လူငယ်တစ်ယောက် အတွက် ကြုံရင်ကြုံသလို ရည်မှန်းချက်မရှိ ကြုံတဲ့အလုပ် ၊ သင့်တဲဲ့အလုပ်မှာလုပ်ခဲ့ရတယ်ဆိုတာ အဓိကမီးမောင်းထိုးပြချင်တာပါ ။
လုပ်ခဲ့တဲ့ အလုပ်တိုင်းမှာ ကိုယ်ကဘာတတ််လို့ တတ််မှန်းမသိ စမ်းတဝါးဝါး လျှောက်လှမ်းခဲ့ရတယ် ။ မီဒီယာလောကမှာနေခဲ့တဲ့ကာလမှာတော့ ရည်မှန်းချက်တစ်ခုဖြစ်ခဲဲ့ဖူးတယ် ၊ အယ်ဒီတာချုပ်ကြီးဖြစ်ဖို့ပေါ့ ။ လုပ်ရင်းနောက်ဆုံး ကိုယ်လျှောက်နေတဲ့ လမ်းကြောင်းပြောင်းမှန်းမသိ ပြောင်းသွားပြန်တယ် ။ ဖေ့စ်ဘွတ်ခ်စာမျက်နှာတွေ ခေတ်စားလာတော့
သတင်းမီဒီယာတွေကအစ အင်တာနက်စာမျက်နှာတွေမှာ နေရာယူလာတယ် ။ အဲ့တော့ ကိုယ်က ဖေ့စ်ဘွတ်ခ်စာမျက်နှာမှာသတင်းရေးသူအဖြစ် ပြောင်းသွားပြန်တယ် ။ အွန်လိုင်းအယ်ဒီတာဆိုပြီး ဖြစ်လာတယ် ။
အဲလိုလုပ်ကိုင်ရင်းကနေ ကိုယ်လုပ်နေတာ Social Media အလုပ်ပါလား ဆိုတာသိလာပြန်တယ် ။ အဲ့တော့ Social Media Marketing ကိုပြောင်းပြီး လေ့လာခဲ့ရပြန်ပါတယ် ။ နောက်တော့ ပြည်တွင်းအခြေစိုက်
နိုင်ငံခြား ကုမ္ပဏီတစ်ခုရဲ ့ အွန်လိုင်းဝန်ဆောင်မှုလုပ်ငန်းမှာ ပြောင်းပြီး လုပ်ကိုင်ခဲ့ရပြန်ပါတယ် ။ လုပ်ငန်းခွင်များစွာမှာဝင်ရောက်လုပ်ကိုင်ခဲ့ပြီး နောက်တော့ ကိုယ်က ဘာဖြစ်ချင်တာလဲ ဆိုတာ သဲသဲကွဲကွဲ သိလာခဲ့ရတယ် ။
လုပ်ခဲ့တဲ့ အတွေ့အကြုံကနေရခဲ့တဲ့ သင်ခန်းစာကတော့ ဖြစ်နေတာကို လုပ်နေရင်း ၊ ဖြင့်သင့်တာတွေကိုသိလာတယ် ။ အဲ့ကနေ ဖြစ်ချင်တာဘာလည်း ဆိုတာသိလာရတယ် ။ လက်ရှိလုပ်ငန်းခွင်ဝင်နေတဲ့ လူငယ်တွေရော ၊ အကြောင်းအမျိုးမျိုးကြောင့် လုပ်ငန်းခွင်မဝင်ရသေးတဲ့ လူငယ်တွေအတွက်ရော အခုရေးတဲ့စာကနေ ပေးချင်တာတစ်ခုက အခုမှစလုပ်မယ့်အလုပ်ကို လစာထက် အတွေ့အကြုံရဖို့ကို ဦးစားပေးလုပ်ကိုင်ပါ ၊ အလုပ်တစ်ခုကနေ အတွေ့အကြုံရလာရင် ဖြင့်သင့်တာကို ဦးစားပေးပါ ။
ကျောင်းပြီးတဲ့အချိန် ကိုယ်ကဘာလုပ်တတ်မှန်းမသိတဲ့အရာက အတွေ့အကြုံကနေ သင်ယူရင်း ဖြစ်ချင်တာဘာလဲ ဆိုတာကို ရှာဖွေနိုင်လာပါလိမ့်မယ် ။
အနှစ်ချုပ်အနေနဲ့ လူငယ်တွေလက်ရှိ ကြုံတွေ့နေရတဲ့ ပညာရေးစနစ် ၊ အလုုပ်အကိုင်အခွင့်အလမ်းများကို တွေဝေမနေပဲ ကိုယ့်ကိုယ် အခွင့်အရေးပေးလာတဲ့အလုပ်တစ်ခုကို လက်တွေ့ဆန်ဆန် ဝင်ရောက်လုပ်ကိုင်ရင်း ဖြစ်နေတာကနေ ၊ ဖြစ်သင့်တာ ၊ ဖြစ်ချင်တာတွေ သိမြင်လာနိုင်ပါလိမ့်မယ်လို့ အကြုံပြုဆွေးနွေးလိုက် ပါတယ် ။
ခွန်နေ - Khun Nay
www.khunnaymedia.com
0 comments:
Post a Comment
လူငယ္စာေပ ၊ သုတ ၊ ရသ ၊ နည္းပညာ ၊ ဟာသ ၊ ထူးဆန္းေထြလာ သတင္းမ်ာကုိ
စုံလင္ေအာင္ ႀကဳိးစားတင္ဆက္ေပးသြားပါမယ္ ။