Zawgyi font
လိုက်ပါတယ် ။
6.Unity
ခွန်နေ - Khun Nay
Unicode font
ခွန်နေ - Khun Nay
ဂျာနယ်တစ်ခုအတွက် ဆောင်းပါးတိုကဏ္ဍမှာ ပထမဆုံးစရေးဖြစ်ခဲ့တဲ့
ပိုစ့်အဟောင်းပါပဲ ။ မဖတ်ရသေးတဲ့သူတွေအတွက် ပြန်လည်မျှဝေပေး
လိုက်ပါတယ် ။
သင်ဟာကုမ္ပဏီ တစ်ခုမှာအရေးပါအရာရောက် တဲ့သူဖြစ်နေပြီဆိုရင်နောက် ဝင်လာတဲ့ ဝန်းထမ်းတွေအပေါ် ဘယ်လိုဆက်ဆံ မလဲ၊ လုပ်ငန်းရှင်တွေ အနေနဲ့ ဝန်းထမ်းတွေကို ဘယ်လိုအုပ်ချုပ်မလည်း၊ဝန်ထမ်းအသစ်တွေက
လည်းကုမ္ပဏီ အပေါ်ဘယ်လို ခံယူချက်မျိုး ထားမလဲ ဆိုတာ အရေးကြီး လာပါတယ်။
ဒီအောက်ကစာလေးကိုဖက်ကြည့်လို့ အကျိုးတော့ မယုတ်လောက်ဘူးလို့ ထင်ပါတယ်။
သင်ဟာ ကုမ္ပဏီတစ်ခုမှာ ဝန်ထမ်းဖြစ်ပြီဆိုရင် သင့် အောက်ငယ်သားတွေနဲ့ သင်အထက် လူကြီးတွေကို ဒီလိုဆက်ဆံသင့်ပါတယ်။
1.Kindness(Willingness to help/Enthusiasm)
တစ်ယောက်နဲ့ တစ်ယောက် စာနာပါကူညီပါ၊ ကုမ္ပဏီရဲ့့အလုပ်တွေကို စိတ်ပါဝင်စားစွာ ကူညီပါ၊ ဝန်ထမ်းတစ်ယောက် အနေနဲ့ ကိုယ်လုပ်နေ တဲ့အလုပ်မှာ (Enthusiasm) စိတ်အားထက်သန်မှု ရှိနေရမယ်၊ အဲဒီလိုပဲ လုပ်ငန်းရှင်ဟာလည်း ကိုယ့်ဝန်ထမ်းတွေအပေါ် (Kindness)သနားကြင်နာမှု ထားပါ။ စာနာပါ။ ဝန်ထမ်းတွေအပေါ် စိတ်ပါဝင်စားမှုရှိပါ၊ မိမိဝန်ထမ်းတွေ အပေါ် စိတ်အားထက်သန်မှု(Enthusiasm) ရှိပါ။
2.Empathy(Priority/Flexibility)
ရရှိလာတဲ့ ကောင်းကျိုးဆိုးကျိုးတွေကို (Empathy)မျှဝေ ခံစားပါ၊ လုပ်ငန်းရှင်နဲ့ ဝန်ထမ်း(သို့) ဝန်ထမ်းချင်း ဝန်ထမ်းတစ်ယောက် ကိုတစ်ယောက်(Priority) ဦးစားပေးပါ။ တစ်ယောက်နဲ့ တစ်ယောက် (Flexibility) အလျှော့အတင်း ဆက်ဆံနို်င်ရမယ်၊ အကောင်းဘက် ကိုပြောင်းလွယ်ပြင်လွယ်တဲ့စိတ် ရှိရပါမယ်။
3.Honesty(Reliance/Assurance/Ethical Behaviour)
ယုံကြည်အားထားခြင်း ခံရအောင် (Reliance)ယုံကြည်ထိုက် သူ ဖြစ်အောင် မိမိဟာဝန်ထမ်းတွေ အပါ်၊ဝန်ထမ်းတွေ ကလည်း လုပ်ငန်းရှင် အပေါ်ရိုးသာမှု (Honesty)ရှိရမယ်၊ မိမိလုပ်တဲ့ အလုပ်ပေါ်သေချာကြောင်း အာမခံချက် (Assurance) ရှိရမယ်။ မိမိလုပ်ဆောင်ချက် ဟာသူတစ်ပါးရဲ ့အားနက်ချက် ကိုမချနှင်းမိပါစေနှင့်။ လူကျင့်ဝတ်နှင့်အညီ (Ethical Behaviour) လုပ်ဆောင်ပါ။
4.Distribution(Experience/Knowledge/Reality)
လုပ်ငန်းရှင်တွေဟာ မိမိရဲ ့ဝန်ထမ်းတွေအပေါ်၊ ဝန်ထမ်းတွေကလည်း တစ်ယောက် ကိုတစ်ယောက် မိမိ ရဲ ့တွေ့အကြုံ (Experience)တွေ ကို(Distribution) မျှဝေပေးနိုင်ရမယ်။ အချင်းချင်း sharing လုပ်နိုင်ရမယ်၊
ပြီးတော့ တစ်ယောက်ကိုတစ်ယောက် မိမိရဲ ့လုပ်ငန်းခွင်ဗဟုသုတ (Knowledge)တွေကို ဖလှယ်ပေးရမယ်။ အဲဒါတွေ အားလုံးဟာ (Reality) အမှန်တကယ်ဖြစ်ရမယ်။
5.Respect(Courtesy/Positive Word Of Mouth/To be respected(loyalty)/Enthusiasm)
ဝန်းထမ်းတစ်ယောက် အနေနဲ့ မိမိဟာလုပ်ငန်းရှင် အပေါ်၊ လုပ်ငန်းရှင်တွေ လည်း ဝန်ထမ်းတွေအပေါ် (Courtesy)ရှိရမယ်၊ တစ်ယောက်ကို တစ်ယောက်လေးစားမှု(Respect)ရှိရမယ်၊မိမိရဲ ့ပြောဆိုမှုတိုင်းဟာ
အကောင်းမြင်အကောင်းဘက်(Positive Word Of Mouth)ဖြစ်ရ မယ်၊လုပ်ငန်းရှင်နဲ့ဝန်ထမ်းတွေကလည်း တစ်ယောက်ကို တစ်ယောက် အပြန်အလှန် (Loyalty)သစ္စာ ရှိရမယ်၊အဲဒါတွေ အားလုံးကို စိတ်အား ထက်သန်မှု(Enthusiasm)ရှိရပါမယ်။
6.Unity
ဒါတွေ အားလုံးကို ဝန်ထမ်းအချင်းချင်း၊ လုပ်ငန်းရှင်နှင့်ဝန်ထမ်း (Unity) အတူတကွ ပူးပေါင်းဆောင်ရွက်မယ် ဆိုရင်ကောင်းသော ဝန်ထမ်း၊ ကောင်းသောလုပ်ငန်းရှင်ကြီးတွေဖြစ်လာလိမ့်မယ်လို့ ယုံကြည်ပါတယ်။
ခွန်နေ - Khun Nay
0 comments:
Post a Comment
လူငယ်စာပေ ၊ သုတ ၊ ရသ ၊ နည်းပညာ ၊ ဟာသ ၊ ထူးဆန်းထွေလာ သတင်းမျာကို
စုံလင်အောင် ကြိုးစားတင်ဆက်ပေးသွားပါမယ် ။