Monday, June 29, 2015
[Zawgyi]
ခွန်နေ - Khun Nay
၎ . နိုင်ငံရေးနဲ့ ပတ်သက်ပြီး လက်ရှိ အချိန်ထိ သူဘာမှမလုပ်ပေးထားလို့ ဆိုပြီး အထက်ပါ လေးချက်ကို အဓိက မီးမောင်းထိုး ပြောဆိုကြတာကို တွေ့ရတယ် ။
ခွန်နေ - Khun Nay
www.khunnaymedia.com
[Unicode]
မျိုးဆက်သစ်လူငယ်တွေ ဒေါ်အောင်ဆန်းစုကြည်ကို ဘယ်လိုမြင်သလဲ
ခွန်နေ - Khun Nay
https://www.facebook.com/nay.tun2
ဒေါ်အောင်ဆန်းစုကြည်နဲ့ ပတ်သက်လို့ လူငယ်အချို ့နဲ့ ဆွေးနွေးကြည့်တဲ့ အခါမကြိုက်ကြပဲ လက်ရှိ သမ္မတ ဦးသိန်းစိန် ကို သဘောကျနေတာမျိုး တွေ့ရတယ် ။ သူ့အကြိုက် ကိုယ့်အကြိုက် လွတ်လပ်စွာ ကြိုက်ခွင့်ရှိတာ လူ့အခွင့်အရေးမို့လို့စောဒက မတက်ချင်ပေမယ့် ဒေါ်အောင်ဆန်းစုကြည်ကို ဆန့်ကျင်ကြတဲ့ လူငယ်အများစုကို ကျွန်တော် ဉာဏ်ရည်မှီသလောက် နည်းနည်းလေး ဆွေးနွေးကြည့်ချင်တယ် ။
ဒေါ်အောင်ဆန်းစုကြည်ကို ဘာကြောင့် မကြိုက်ကြသလဲလို့ မေးခွန်း ထုတ်တဲ့အပေါ်မှာ လူငယ်တွေ ပြန်ပြောတဲ့အဖြေက တူညီလေ့ ရှိတာကိုတွေ့ရတယ် ။
၁ . ဒုက္ခသည် တွေကို လက်ခံခဲ့လို့
၂ . ရခိုင် ၊ ရိုဟင်ဂျာ အရေးအခင်းမှာ ထိထိရောက်ရောက် မဖြေရှင်းပေးနိုင်ခဲ့လို့
၃ . မထ္ထီလာအရေးအခင်းမှာလည်း ဆုံးဖြတ်ချက်မပြတ်သားလို့
၄ . နိုင်ငံရေးနဲ့ ပတ်သက်ပြီး လက်ရှိ အချိန်ထိ သူဘာမှမလုပ်ပေးထားလို့ ဆိုပြီး အထက်ပါ လေးချက်ကို အဓိက မီးမောင်းထိုး ပြောဆိုကြတာကို တွေ့ရတယ် ။
နံပါတ် ၁ အချက်ဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည် ဒုက္ခသည်တွေကို လက်ခံဖို့ ဆိုတဲ့အရာကိုမပြောခင် ဒီရိုဟင်ဂျာ ဒုက္ခသည်တွေက ခုသမ္မတ ဦးသိန်းစိန် လက်ထက်မှာမှ မဟုတ်ဘူး ။ အရင် စစ်အစိုးရလက်ထပ် ခေတ်အဆက်ဆက်မှာ ကတည်းကရခိုင်ပြည်ကို နည်းမျိုးစုံနဲ့ ဝင်ရောက် နေထိုင်လာခဲ့တာ ကြာပြီ ။ အဲ့ဒီအချိန်ကာလတွေတုန်းက ပွင့်လင်းမြင်သာမှု မရှိသေးတာရယ် လာဘ်ပေး လာဘ်ယူမှု ကြီးကြီးမားမားရှိခဲ့မှုတွေကြောင့် ပြည်သူတွေမသိရှိနိုင်ခဲ့တာပါ ။ ရိုဟင်ဂျာတစ်ဦးကို သုံးသိန်းနဲ့ နိုင်ငံသားအဖြစ် မှတ်ပုံတင်တွေ ထုတ်ပေးခဲ့ပြီး ရခိုင်ပြည် တစ်ပြည်လုံး ရိုဟင်ဂျာတွေ တိုးပွားစေခဲ့တယ် ။ အဲ့လို ခေတ်အဆက်ဆက်ကာလတွေမှာ ကတည်းက ရိုဟင်ဂျာတွေကို နည်းမျိုးစုံ နိုင်ငံသားဖြစ်အောင် ကျင့်သုံးလာခဲ့ကြတာ လက်ရှိ ဒေါ်အောင်ဆန်းစုကြည်က ဒုက္ခသည်တွေမို့လို့ ခေတ္တခန စောင့်ရှောက်ဖို့ မေတ္တာရပ်ခံ လိုက်မိတဲ့အထိပဲ ။ လက်ခံလိုက်တဲ့အပေါ်မှာ ဒေါ်စုကိုမြင်တဲ့ အမြင်တွေ ဆန့်ကျင်ဘက် ဖြစ်လာခဲ့တယ် ။ လက်ရှိအချိန်လည်း ဒုက္ခသည်တွေကို စိစစ်ပြီး မိခင်နိုင်ငံဆီကို ပြန်လွှတ်နေ တာမျိုးတွေရှိတယ် ။
ပြီးတော့ နံပါတ် ၂ အချက်ဖြစ်တဲ့ ရခိုင် ၊ ရိုဟင်ဂျာအရေးအခင်း ကိစ္စမှာလည်း ဒေါ်စုက မဖြေရှင်းပေးနိုင်ခဲ့ဘူးလို့ဆိုတယ် ။ နှစ်ပေါင်းများစွာ အတူတကွ ယှဉ်တွဲနေထိုင်လာခဲ့တယ် ။ စစ်အစိုးရ ကိုယ်တိုင် လက်ခံခွင့်ပြုခဲ့တဲ့ နိုင်ငံသား ရိုဟင်ဂျာတွေနဲ့ ရခိုင်ပြည်သူတွေ ဖြစ်လာတဲ့
ပြဿနာအပေါ် လွှတ်တော်မှာ ဒေါ်အောင်ဆန်းစုကြည်ကို ပြည်သူ့လွှတ်တော် တရားဥပဒေစိုးမိုးရေးနှင့် တည်ငြိမ် အေးချမ်းရေးကော်မတီ ဥက္ကဌဆိုပြီး ခန့်အပ်လိုက်ပြန်တယ် ။ အစိုးရအနေနဲ့ ကိုယ်တိုင် တာဝန်ယူမှု ရှိရမယ့်အနေအထားမှာ အကျဉ်းထဲအကြပ်ထဲ ဒေါ်အောင်ဆန်းစုကြည်ကို ထိုးကြွေးလိုက်သလိုဖြစ်သွားတယ် ။ ဒါတွေကိုလည်း လူငယ်တွေ မြင်တတ်ဖို့ ၊ ထည့်သွင်းစဉ်းစားဖို့လိုတယ် ဆိုတာပါ ။
နံပါတ် ၃ အချက်ဖြစ်တဲ့ မတ္ထီလာအရေးအခင်းမှာလည်း အလားတူပါပဲ ။ အဆိုပါ အရေးအခင်းမှာ ဘယ်သူမှားတယ် ၊ ဘယ်သူမှန်တယ် ဆုံးဖြတ်ချက် ပြတ်သားတယ် မပြတ်သားဘူးဆိုတာထက် ဒေါ်စုပြောသွားတာရှင်းပါတယ် ။ ဘယ်သူ့ဘယ်သူပဲ ဖြစ်နေပါစေ ဘယ်လိုနည်းနဲ့မဆို ဖြစ်ပေါ်လာတဲ့ အကြမ်းဖက်မှုမျိုးကို လက်ခံမှာ မဟုတ်ဘူးလို့ ပြောသွားတယ် ။ ဘယ်သူမှားတယ် ဘယ်သူမှန်တယ်ဆိုတာထက် ပြတ်သားတဲ့ အဖြေလို့ပဲ ရှုမြင်တယ် ။
နံပါတ် ၄ အချက် ဖြစ်တဲ့ နေအိမ်အကျယ်ချုပ်က လွတ်မြောက်လာပြီးတဲ့ အခုချိန်ထိ ပြည်သူတွေအတွက် ဘာမှမလုပ်ပေးထားနိုင်ဘူးလို့ ပြောတယ် ။ ဒီအပေါ်မှာ လက်ရှိ တိုင်းပြည် ဖြစ်ပေါ်နေတဲ့အခြေအနေ အခက်အခဲ တစ်ခုပေါ်လာတိုင်း လူတွေက ဒေါ်စုကိုသွားပြီး အပြစ်မြင်ပြီး ပုံချကြတယ် ။ အဲ့အတွက် တစ်ခုပဲပြောချင်ပါတယ် ။ ဖြစ်ပေါ်လာသမျှ အခက်အခဲ ပြဿနာအားလုံး ဒေါ်စုကို လက်ညိုးထိုး အပြစ်တင်ချင်တယ်ဆိုရင် ဒေါ်စုကို အာဏာ လွှဲပြောင်းပေးလိုက်ကြပါ ။ လက်ရှိ အာဏာရနေတာ
ဒေါ်အောင်ဆန်းစုကြည် မဟုတ်ဘူးဆိုတာ ကွဲကွဲပြားပြား သိထားဖို့လိုပါတယ် ။
တိုးတက်တဲ့ နိုင်ငံတိုင်းမှာ အတိုက်အခံ ခေါင်းဆောင်တွေဆိုတာ ရှိကြတယ် ။ နိုင်ငံရေးအပြောင်းအလဲ တစ်ခုဖြစ်ဖို့အတွက် စစ်မှန်တဲ့ အတိုက်အခံ ခေါင်းဆောင်ကောင်း တစ်ယောက်မရှိရင် အဲ့တိုင်းပြည်ဟာ အစိုးရ လုပ်ချင်တိုင်းလုပ် ၊ ဖြစ်ချင်တိုင်းဖြစ် ပြည်သူတွေ ဆင်းရဲ စုတ်ပြတ်တဲ့ နိုင်ငံတစ်ခုဖြစ်သွားလိုက်မယ်ဆိုတာပဲ ။ လက်ရှိ မြောက်ကိုးရီးယားနိုင်ငံက
ပြည်သူတွေဟာ မြန်မာပြည်က ဒေါ်အောင်ဆန်းစုကြည်ကို ကန့်ကွက်နေကြတဲ့ သူတွေအတွက် အနီးဆုံး သာဓကပါပဲ ။
အနှစ်ချုပ်အနေနဲ့ ဆိုလိုချင်တာက အခုဒီစာရေးတဲ့ ကျွန်တော်ဟာ နိုင်ငံရေးသမားမဟုတ်ပါဘူး ။ ဒါပေမယ့် နိုင်ငံရေးဟာ ကိုယ်နဲ့ ဆိုင်သလိုတော့ နေပါတယ် ။ ပြည်သူတစ်ယောက်အနေနဲ့ ကိုယ်ထောက်ခံမယ့် သူဟာ မှန်သလား ၊ မှားသလား ကွဲကွဲပြားပြား သိဖို့လိုတယ် ။ ဒီအတွက် သူများပြောသမျှ နားယောင်နေရမယ့် အချိန်မဟုတ်ပါဘူး ။ နိုင်ငံရေးဟာ ကိုယ်နဲ့ မဆိုင်သလိုနေပေမယ့် တစ်နည်းမဟုတ် တစ်နည်း တစ်နေ့ကျရင် ကိုယ်နဲ့ဆိုင်လာပါလိမ့်မယ် ။ အဲ့လိုပြောလို့ လူငယ်တွေကို နိုင်ငံရေးလုပ်ပါလို့ တိုက်တွန်းတာလည်း မဟုတ်ပါဘူး ။
နိုင်ငံရေးကို လေ့လာသိရှိဖို့ လိုအပ်တယ်ဆိုတာကို ပြောချင်တာပါ ။ လေ့လာသိရှိဖို့အတွက် နိုင်ငံရေးစာပေတွေ ဆောင်းပါးတွေကို ဖတ်ရှုပေးပါ ၊ စာများများ ဖတ်ပါလို့သာ တိုက်တွန်းရင်း ကိုယ်စီးတဲ့ မြင်း အထီးလား ၊ အမလား ခွဲခြားတတ်နိုင်ကြပါစေလို့ ရေးသားတင်ပြလိုက်ရပါတယ် ။
ခွန်နေ - Khun Nay 
www.khunnaymedia.com
Thursday, June 25, 2015
[Zawgyi]
ခွန်နေ - Khun Nay 
ပြုပြင်ပြောင်းလဲခြင်း ၊ မပြောင်းလဲခြင်း ကိုမျှော်လင့်တာထက်
ကိုယ် ကိုယ်တိုင် ပြောင်းလဲနိုင်ဖို့ကိုပဲ ကြိုစားပါ ။ 
အခွင့်ရေးရရှိခြင်း မရရှိခြင်း တောင်းဆိုတာထက်
ကိုယ် ကိုယ်တိုင် အခွင့်ရေးကို ဖန်တီးနိုင်အောင် ကြိုးစားပါ ။ 
တိုးတက်ခြင်း ၊ မတိုးတက်ခြင်းကို ဝေဖန်တာထက်
ကိုယ် ကိုယ်တိုင် တိုးတက်နေသူတစ်ယောက် ဖြစ်အောင် ကြိုးစားပါ ။
အရာရာ အားလုံးကို ပြောင်းလဲဖို့ စိတ်အားထက်သန်နေမယ်ဆိုရင်
ကိုယ် ကိုယ်တိုင် အားလုံးပြည့်စုံနေသူတစ်ယောက်ဖြစ်အောင် ကြိုးစားပါ ။
ခွန်နေ - Khun Nay
https://www.khunnaymedia.com/
[Unicode]
ကိုယ် ကိုယ်တိုင် ပြောင်းလဲဖို့သာလိုပါတယ် 
လုပ်ငန်းခွင်ဝင် ၊ ကြိုးစားလုပ်ကိုင်နေကြတဲ့ လူငယ်တွေအတွက် စိတ်ထွက်ပေါက်ရစေ
ဖို့အတွက် ရေးသားလိုက်ရပါတယ် ။
Wednesday, June 24, 2015
[Zawgyi]
ခွန်နေ - Khun Nay
ကျွန်တော်တို့ အကျင့်တွေ ဖျောက်ပစ်ဖို့လိုတယ် ။
မြင်ပေမယ့် မမြင်သလို ၊
ဒါကြောင့်....
[Unicode]
ပျော်ရွှင်မှုကို ရှာဖွေခြင်း
http://www.khunnaymedia.com/
အချို ့သော အရာတွေကို ဥပက္ခာပြုပြီး နေတတ်ဖို့အတွက်
တွေ့သမျှမြင်သမျှ လိုက်ပြောတတ်တဲ့
ကျွန်တော်တို့ အကျင့်တွေ ဖျောက်ပစ်ဖို့လိုပြီ ။
မြင်ပေမယ့် မမြင်သလို ၊
ကြားပေမယ့် မကြားသလို နေနိုင်ဖို့
သမာဓိအားကောင်းကောင်းမွေးနိုင်ရမယ် ။
အမှန်တရားတိုင်းက မှန်တယ်ဆိုပေမယ့်
သူတစ်ပါးမြင်တဲ့အမှန်နဲ့ ကိုယ်မြင်တဲ့ အမှန်က
တူချင်မှတူနေမှာကိုး ။ ကိုယ်မှားတယ်ထင်တဲ့အရာက
သူတစ်ပါးအတွက် မှန်ရင်မှန်နေလိုက်မယ် ။
ကျွန်တော်တို့ အတ္တတွေလျှော့ ဖို့လိုပြီ ။
ဒါကြောင့်....
အချို ့သောအရာတွေကို တွေ့တိုင်းလည်းမပြောနဲ့ ၊
မြင်တိုင်းလည်း မကြည့်နဲ့ ၊ ကြားတိုင်လည်း မသိပါနဲ့ တဲ့ ။
ကျွန်တော်တို့တွေ သမာဓိအားကောင်းကောင်းနဲ့
ဥပက္ခာပြုပြီး နေတတ်အောင် ကြိုးစားတတ်မယ်ဆိုရင်
စိတ်ဆင်းရဲခြင်း ကင်းဝေးသွားပါလိမ့်မယ် ။
Photo Creative by : Myat Thura
http://www.khunnaymedia.com/
https://www.facebook.com/KhunNayTunMedia
Monday, June 22, 2015
[Zawgyi Font]
ခွန်နေ - Khun Nay
ခွန်နေ - Khun Nay
[Unicode]
အမျိုးသမီးတွေဟာ မှီခိုသူလား ၊ ပံ့ပိုးသူတွေလား ?
ခွန်နေ - Khun Nay
အမျိုးသားတွေ အိမ်ထောင်ကျတဲ့အခါ အောင်မြင်ခြင်း ၊ ကျရှုံးခြင်းကို
သူ့ရဲ ့ပါရမီဖြည့်ဖက်ဖြစ်တဲ့ အမျိုးသမီးတွေက အဆုံးအဖြတ်ပေးပါတယ် ။
ဆိုလိုတာက ပါရမီဖြည့်ဖက်ကောင်းတစ်ယောက်အနေနဲ့ ကိုယ့်အမျိုးသားကို
နောက်ကွယ်ကနေ ကောင်းမွန်သော ပံ့ပိုးမှု ပေးတာမျိုးကိုဆိုလိုတာပါ ။ ပံ့ပိုးမှုပေးတယ်ဆိုလို့ လိုအပ်တဲ့ ငွေကြေးကို ထောက်ပံ့တာမျိုး မဟုတ်သလို ၊ အမျိုးသားဖြစ်သူရဲ ့ လုပ်ငန်းတွေမှာ ဝင်ရောက်စွက်ဖက်လုပ်ကိုင်တာမျိုးကို ပြောတာ မဟုတ်ပါဘူး ။
အပြင်အလုပ်တွေနဲ့ အိမ်မှုကိစ္စအရေး စဉ်းစားဖို့ ရှုပ်ယှက်ခက်နေတဲ့ ယောင်္ကျားတစ်ယောက် အတွက် အိမ်ရှင်မတွေဖြစ်တဲ့ အမျိုးသမီးတွေဟာ မိသားစုအနာဂတ်အတွက် ရေရှည်အစီအစဉ် ချမှတ်ထားတတ်ရပါမယ် ။
အမျိုးသားဖြစ်သူရဲ ့ လုပ်ငန်းခွင် အဆင်မပြေမှု ၊ စိတ်ဖိစီးမှုတွေကို အိမ်မှာ အတူ တိုင်ပင်ဆွေးနွေး ပေးတတ်ရမယ် ။ ကိုယ့်မိသားစု ဝင်ငွေတွေကို စီမံခန့်ခွဲတဲ့အခါမှာ အမျိုးသားတွေဟာ အမျိုးသမီးတွေထက် မစွမ်းဆောင်နိုင်တဲ့ အတွက် ဝင်ငွေ ၊ ထွက်ငွေကို စနစ်တကျ ကိုင်တွယ်ဖြေရှင်း နိုင်တဲ့စွမ်းရည်လည်းရှိဖို့လိုပါတယ် ။ လုပ်ငန်းခွင်ထဲ ရောက်နေတဲ့ အမျိုးသားတစ်ယောက်ဟာ မိသားစုထက် အပြင်လူတွေနဲ့ ဆက်ဆံရချိန် ပိုများနေတတ်တာဖြစ်တဲ့အတွက် သား ၊ သမီးတွေဟာ အမေဖြစ်သူတွေနဲ့သာ အများဆုံးနေထိုင်ရတာပါ ။ ဒါကြောင့် သား ၊ သမီးတွေနဲ့ ဆက်ဆံရေးဟာ အဖေ ဖြစ်သူထက် အမေတွေဟာ ပိုမိုနီးကပ်ချိန်များတဲ့အတွက် အနာဂတ်မှာ ကြီးပျင်းလာမယ့်
ကလေးတွေကိုလည်း အတွေးအခေါ်အယူအဆုပိုင်းနဲ့ပတ်သက်ပြီး ဆွေးနွေးပေးတတ်ရပါမယ် ။ ပြုမူနေထိုင်ပုံတွေနဲ့ ကလေးတွေရဲ ့တိုးတက်ရာ တိုးတက်ကြောင်း မိခင်ဖြစ်သူတွေက ပိုပြီးတာဝန်ကြီးပါတယ် ။
ဒီလိုအကြောင်းအရာတွေနဲ့ ပတ်သက်လို့ ရေပန်းစားခဲ့တဲ့ ဥပမာတစ်ခုတောင် ရှိခဲ့ပါသေးတယ် ။ ကြားဖူးတဲ့သူတွေလည်းရှိပါလိမ့်မယ် ။ အမေရိကန် သမ္မတ အိုဗားမားတို့ ဇနီးမောင်နံ ဆိုင်တစ်ဆိုင်မှာသွားထိုင်တော့ ဆိုင်ပိုင်ရှင်က သမ္မတကတော် မီချဲလ်ရဲ ့ကျောင်းနေတုန်းက
ချခွင့်ပန်ခဲ့တဲ့လူ ဖြစ်နေတယ် ။ အိမ်အပြန်လမ်းမှာ အိုဗားမားက မီချင်္လ်ကို မေးတယ် ။
အိုဗားမား - ခုနက စကားလာပြောတဲ့ အမျိုးသားက ဘယ်သူများလဲ ။
မီချဲလ် - ကျောင်းတက်တုန်းက ကျွန်မကို Propose လုပ်ခဲ့တဲ့သူပါ ။
အိုဗားမား - နင်သူနဲ့သာအိမ်ထောင်ကျရင် ခုချိန် စားသောက်ဆိုင်ပိုင်ရှင် ဖြစ်နေလောက်ပြီ ။
မီချဲလ် - မဟုတ်ပါဘူး ၊ သူ သမ္မတ ဖြစ်နေမှာပါ ။
ဆိုလိုတာက အိုဗားမား အမေရိကန် သမ္မတ ဖြစ်ဖို့အတွက် သူ့ရဲ ့ကြိုးစားအားထုတ်မှု မှန်တယ် ဆိုပေမယ့် မီချယ် ရဲ ့ကောင်းမွန်တဲ့ ထောက်ပံ့မှုကောင်းကောင်းသာ မရှိခဲ့ရင် လွယ်ကူမှာ မဟုတ်ပါဘူး ။ ဒါကြောင့် ကျွန်တော့်အနေနဲ့ အမျိုးသမီးဆိုတာ အိမ်ထောင်ကျတဲ့အခါ အမျိုးသားတွေကို မှီခိုဖို့ မဟုတ်ပါဘူး ။ ပါရမီဖြည့်ဖက်ကောင်းတစ်ယောက်အနေနဲ့ ပံ့ပိုးပေးသူလို့သာ ရှုမြင်မိပါတယ် ။
ခွန်နေ - Khun Nay
https://www.facebook.com/KhunNayTunMedia
Sunday, June 14, 2015
[Zawgyi]
ခွန်နေ - Khun Nay
၎ နှစ်ပြည့်အထိမ်းအမှတ် - ပိုးရတု
ခွန်နေ - Khun Nay
www.khunnaymedia.com
[Unicode]
မြန်မာရိုးရာ အထိမ်းအမှတ် နှစ်ပတ်လည်နေ့ အခေါ်အဝေါ်များ
ခွန်နေ - Khun Nay
https://www.facebook.com/nay.tun2
၁ နှစ်ပြည့်အထိမ်းအမှတ် - စက္ကူရတု
၂ နှစ်ပြည့်အထိမ်းအမှတ် - ဂွမ်းရတု
၃ နှစ်ပြည့်အထိမ်းအမှတ် - သားရေရတု
၄ နှစ်ပြည့်အထိမ်းအမှတ် - ပိုးရတု
၅ နှစ်ပြည့်အထိမ်းအမှတ် - သစ်သားရတု
၆ နှစ်ပြည့်အထိမ်းအမှတ် - သကြားရတု
၇ နှစ်ပြည့်အထိမ်းအမှတ် - သက္ကရတု
၈ နှစ်ပြည့်အထိမ်းအမှတ် - ကြေးရတု
၉ နှစ်ပြည့်အထိမ်းအမှတ် - ဥဿဖရားရတု
၁၀ နှစ်ပြည့်အထိမ်းအမှတ် - သံဖြူရတု
၁၁ နှစ်ပြည့်အထိမ်းအမှတ် - သံမဏိရတု
၁၂ နှစ်ပြည့်အထိမ်းအမှတ် - ချည်ရတု
၁၃ နှစ်ပြည့်အထိမ်းအမှတ် - ဇာပန်းရတု
၁၄ နှစ်ပြည့်အထိမ်းအမှတ် - ဆင်စွယ်ရတု
၁၅ နှစ်ပြည့်အထိမ်းအမှတ် - သလင်းရတု
၂၀ နှစ်ပြည့်အထိမ်းအမှတ် - ကြွေရတု
၂၅ နှစ်ပြည့်အထိမ်းအမှတ် - ငွေရတု
၃၀ နှစ်ပြည့်အထိမ်းအမှတ် - ပုလဲရတု
၃၅ နှစ်ပြည့်အထိမ်းအမှတ် - ကျောက်စိမ်းရတု
၄၀ နှစ်ပြည့်အထိမ်းအမှတ် - ပတ္တမြားရတု
၄၅ နှစ်ပြည့်အထိမ်းအမှတ် - နီလာရတု
၅၀ နှစ်ပြည့်အထိမ်းအမှတ် - ရွှေရတု
၅၅ နှစ်ပြည့်အထိမ်းအမှတ် - မြရတု
၆၀ နှစ်ပြည့်အထိမ်းအမှတ် - စိန်ရတု
၇၅ နှစ်ပြည့်အထိမ်းအမှတ် - ဒုတိယ စိန်ရတု
၉၀ နှစ်ပြည့်အထိမ်းအမှတ် - နဝရတ်ရတု
နှစ် ၁၀၀ ပြည့်အထိမ်းအမှတ် - ရာပြည့်ရတု
ဖတ်ရှု ရသမျှ စာပေတွေထဲက သိမှတ်ရသလောက်များကို မျှဝေ ဖော်ပြပေးလိုက်ပါတယ် ။
ခွန်နေ - Khun Nay
www.khunnaymedia.com
Photo Designer - Myat Thura
Thursday, June 11, 2015
Zawgyi Font
ခွန်နေ - Khun Nay
၁ . လစာကို အရင်မကြည့်ပါနဲ့ ၊ အတွေ့အကြုံကို အရင်ယူပါ ။
၂ . အရည်ချင်းရှိလာတဲ့အခါ ငွေက မိမိနောက်လိုက်လာပါလိမ့်မယ် ။
၃ . ကိုယ်က ဘယ်လမ်းကြောင်းနဲ့ ပိုပြီးအဆင်ပြေသလည်း
လုပ်ငန်းခွင်ထဲမှာ အမြဲသင်ယူလေ့လာပါ ။
၎ . အလုပ်တစ်ခုတည်းမှာ ဖင်မြဲပြီး လုပ်ကိုင်တတ်တဲ့အကျင့်ကိုရှောင်ပါ ။ သို့သော် ကိုယ်ဝါသနာပါတဲ့ လမ်းကြောင်းအတိုင်း ဆက်လျှောက်နေဖို့တော့ လိုတယ် ။
၅ . ဗဟုသုတပိုင်းနဲ့ပတ်သက်လို့ စာပေများကို ဖတ်ရှုလေ့လာပါ ။
နိုင်ငံရေး ၊ စီးပွားရေး သတင်းမျာကိုလည်း ဖတ်ရှုပါ ။
၆ . ဘယ်အရာမှ ကိုယ်နှင့်မဆိုင်သလိုမနေပါနဲ့ ။ သို့သော် နေရာတိုင်းကိုတော့ ဝင်ရောက် စွက်ဖက်စရာမလိုပါ ။ ဝေဖန်ပိုင်းခြားနိုင်စွမ်းရှိပါစေ ။
၇ . လုပ်ကိုင်ခဲ့သည့်အလုပ်တိုင်း ကိုယ့်ခြေရာတွေ ကျန်နေခဲ့ပါစေ ။
ဆိုလိုချင်တာက anchievement ယူဖို့ကိုပြောတာပါ ။
၈ . အကောင်းမြင်စိတ် ၊ သင်ယူလိုစိတ် ပြုပြင်လွယ်စိတ် ရှိပါစေ ။
အလုပ် စလုပ်မယ့် လူငယ်တွေအတွက်ပဲဖြစ်ဖြစ် ၊ လက်ရှိလုပ်နေတဲ့ အလုပ်ကို စိတ်ကုန်နေလို့ပဲဖြစ်ဖြစ် ပြောချင်တာက လုပ်ငန်းတိုင်းမှာ ယူတတ်ရင်ရတဲ့ အတွေ့အကြုံကောင်းတွေရှိသလို ၊ သင်ယူလို့ရတဲ့အပိုင်းတွေ အများကြီး ရှိပါတယ်ဆိုတဲ့အကြောင်း ထပ်လောင်းအကြံပြုလိုက်ရပါတယ် ။
ခွန်နေ - Khun Nay
Unicode Font
အလုပ် လုပ္တဲ့အခါ
ခြန်နေ - Khun Nay
၁ . လစာကို အရင္မကြည့္ပါနဲ့ ၊ အေတြ့အကြုံကို အရင်ယူပါ ။
၂ . အရည္ခ်င်းရွိလာတဲ့အခါ ငြေက မိမိနောက္လိုက္လာပါလိမ့်မယ် ။
၃ . ကိုယ္က ဘယ္လမ်းကြောင်းနဲ့ ပိုပြီးအဆင်ျေပသလည်း
လုပ်ငန်းခြင္ထဲမွာ အမြဲသင်ယူလေ့လာပါ ။
၎ . အလုပ္တစ္ခုတည်းမွာ ဖင်မြဲပြီး လုပ္ကိုင္တတ္တဲ့အက်င့်ကိုရွောင္ပါ ။ သို့သော် ကိုယ်ဝါသနာပါတဲ့ လမ်းကြောင်းအတိုင်း ဆက်လွော်က်နေဖို့တော့ လိုတယ် ။
၅ . ဗဟုသုတပိုင်းနဲ့ပတ်သက္လို့ စာပေမ်ားကို ဖတ်ရှုလေ့လာပါ ။
နိုင်ငံရေး ၊ စီးပြားရေး သတင်းမ်ာကိုလည်း ဖတ်ရှုပါ ။
၆ . ဘယ်အရာမွ ကိုယ်နွင့်မဆိုင်သလိုမေနပါနဲ့ ။ သို့သော် နေရာတိုင်းကိုတော့ ဝင်ရောက် စြက္ဖက္စရာမလိုပါ ။ ဝေဖန္ပိုင်ျးခားနိုင္စြမ်းရွိပါစေ ။
၇ . လုပ္ကိုင္ခဲ့သည့်အလုပ္တိုင်း ကိုယ့်ျေခရာတြေ က်န်နေခဲ့ပါစေ ။
ဆိုလိုခ်င္တာက anchievement ယူဖို့ကိျုေပာတာပါ ။
၈ . အေကာင်ျးမင္စိတ် ၊ သင်ယူလိုစိတ်ျပျုပင္လြယ္စိတ် ရွိပါစေ ။
အလုပ် စလုပ္မယ့် လူငယ်တြေအတြက္ပျဲဖစ်ျဖစ် ၊ လက်ရွိလုပ်နေတဲ့ အလုပ္ကို စိတ္ကုန်နေလို့ပျဲဖစ်ျဖစ်ျေပာခ်င္တာက လုပ်ငန်းတိုင်းမွာ ယူတတ်ရင်ရတဲ့ အေတြ့အကြုံကောင်းတြေရွိသလို ၊ သင်ယူလို့ရတဲ့အပိုင်းတြေ အမ်ားကြီး ရွိပါတယ္ဆိုတဲ့အေကြာင်း ထပ်လောင်းအကျြံပုလိုက်ရပါတယ် ။
ခြန်နေ - Khun Nay
Monday, June 8, 2015
ခွန်နေ - Khun Nay
For Zawgyi Font
" ငင် "
လေးရစေပါတယ် ။
ခွန်နေ - Khun Nay
For Unicode Font
ဆန္ဒမစောနဲ့
ခွန်နေ - Khun Nay
https://www.facebook.com/nay.tun2
တစ်ကိုယ်တည်းနေတဲ့ လူပျိုကြီး Friday Night ဖြစ်တဲ့အတွက် Night Out ထွက်ဖို့ သားနားစွာပြင်ဆင်ထားတယ် ။ အပြင်မထွက်ခင်မှာပဲ တံခါးခေါက်
သံကြားလိုက်တယ် ။ ဒါနဲ့ တံခါးဖွင့်ကြည့်လိုက်တော့ ဘေးအိမ်က သူသဘောကျတဲ့ မိန်းမချောလေး ဖြစ်နေတာကို တွေ့ပြီး ရင်ခွင်တစ်ခုလုံး ဗြောင်းဆန်သွားတယ် ။ Friday Night ဖြစ်နေတာကလည်း ပါတော့
အတိုင်းထက် အလွန်ပေါ့ ။
ဒီလိုနဲ့ မိန်းမချောလေးက စိတ်ပျက်ညိုးငယ်နေတဲ့အကြည့်နဲ့ လူပျိုကြီးကို စပြီး စကားဆိုတယ် ။
" ရှင် ဒီညအားရင် တစ်ခုလောက်ကူညီပါလား ၊ ကျွန်မ စိတ်တွေအရမ်းညစ်ပြီး....... "
လူပျိုကြီးက မိန်းမချောရဲ ့စကားမဆုံးခင်မှာပဲ ဝမ်းသာအားရ
သူ့ ဂွင်ထဲဝင်ပြီလို့အထင်နဲ့ -
" သိပ်အားတာပေါ့.. ကျွန်တော်ဘာများကူညီပေးရမလဲပြော "
" ဒါဆိုရင် ကျွန်မရဲ ့ တူလေးတွေကို ဒီည ရှင် ခနကြည့်ပေးထားပါလား.. ကျွန်မအပြင်ခနလေးသွားချင်လို့ပါ "
" ငင် "
ဇာတ်လမ်းကပေးတဲ့ သင်ခန်းစာ -
ဒီနိုင်ငံခြားဟာသကို ဖတ်ဖူးတဲ့ သူတွေလည်းရှိမှာပါ ။ ရယ်ချင်စရာဆိုပေ
မယ့် ယူတတ်ရင် ရတဲ့ သင်ခန်းစာလေးရှိပါတယ် ။ ကျွန်တော်တို့ အပြင်
လောကမှာလည်း တခါတလေ လူတွေနဲ့ ဆက်ဆံတဲ့အခါ သူများစကား
မဆုံးခင်မှာ ဖြတ်ပြောပြီး ကိုယ်ထင်တဲ့ အရာကို အလျင်အမြန် မှားမှားယွင်းယွင်း ပြောဆိုလေ့ရှိကြပါတယ် ။ အထက်ပါ ဇာတ်လမ်းကလည်း အလားတူပါပဲ ။ ဒါကြောင့် ပညာရှိကြီး အိုင်းစတိုင်းပြောသလို
" သူများစကားပြောနေတဲ့ အချိန် ဖြတ်ပြီးမပြောပါနဲ့ " ဆိုတဲ့ သင်ခန်းစာ
လေးရစေပါတယ် ။
ခွန်နေ - Khun Nay
http://www.khunnaymedia.com/
https://www.facebook.com/KhunNayTunMedia
Friday, June 5, 2015
ခွန်နေ - Khun Nay
For Zawgyi Font
ဆိုလိုချင်တာက ခေတ်ဟောင်းစနစ်တစ်ခုမှာပဲ နေထိုင်ပြီး အိမ်မှာ ငုတ်တုပ်ထိုင်နေမယ့်အစား ပြောင်းလဲမှု ခေတ်စနစ်တစ်ခုအပေါ် ကျွန်တော်တို့ ဘယ်လောက် ဆန်းသစ်နိုင်သလဲဆိုတာကို
ပြရမယ့်အချိန်ပါ ။
ခွန်နေ - Khun Nay
www.khunnaymedia.com
Unicode Font
အိမ်မှာနေပြီး ငုတ်တုပ္ထိုင်စောင့်ရမယ့် အချိန်မဟုတ်ပါ
ခွန်နေ - Khun Nay
www.khunnaymedia.com
မြန်မာပြည်မှာ ရှိတဲ့ တိုင်းရင်းရိုးရာ ဝတ်စားဆင်ယင်မှုနဲ့ ပတ်သက်လို့ လူမျိုးတိုင်းမှာ အမျိုးမျိုးကွဲပြားကြတယ် ။ ဗမာဆိုရင် ဗမာ့ရိုးရာ ဝတ်စားဆင်ယင်မှု ၊ တိုင်းရင်းသားတွေမှာ ဆိုရင်လည်း လူမျိုးအလိုက် ရှမ်းဆိုရင် ရှမ်းရိုးရာ ဝတ်စားဆင်ယင်မှု ၊ ကချင်ဆိုရင်လည်း ကချင်ဝတ်စားဆင်ယင်မှုဆိုပြီး အသီးသီး ကွဲပြားကြတယ် ။ ဒီလို ဝတ်စားဆင်ယင်မှုနဲ့ ပတ်သက်လာရင် သမိုင်းအဆက်ဆက် တဆင့်ဆင့် ခေတ်မှီပြီးပြောင်းလဲလာတာကို
တွေ့ရတယ် ။ ဒါပေမယ့် ဒီပြောင်းလဲမှုမှာ တိုင်းရင်းသားတွေတိုင်းတော့ ပြောင်းလဲသွားတာမျိုး မဟုတ်ပါဘူး ။ ဒါကလည်း ဒေသအလိုက် ခေတ်မှီဖွံ့ဖြိုးတိုးတက်မှုအပေါ်မူတည်တာရယ် ၊ လူမျိုးအလိုက် ထူးချွန်တဲ့ အနာဂတ်မျိုးဆက်သစ်တွေကို မြေထောင် မြောက်ပေးနိုင်တဲ့ သူတွေရယ်အပေါ်မှာ မှုတည်ပါတယ် ။ တိုင်းရင်းသား မျိုးနွယ်စုတွေနဲ့ ပတ်သက်လို့
ဝတ်စားဆင်ယင်မှု တီထွင် ဆန်းသစ်မှုအပိုင်းမှာ ဗမာ့ယဉ်ကျေးမှုက အခြားသော တိုင်းရင်းသားတွေထက် ပိုပြီး ခေတ်ရှေ ့ပြေးတယ်လို့ ဆိုနိုင်တယ် ။ အခြားသော တိုင်းရင်းသားတွေမှာ ထွေထွေထူးထူး ထင်ပေါ်လာတဲ့ ရိုးရာဝတ်စားဆင်ယင်မှုဆိုလို့
ကချင်ရိုးရာ အဝတ်အစားတွေကို ခေတ်ဆန်ဆန် ဖန်တီးလာပြီး နေရာရလာတာမျိုး
တော့တွေ့ရတယ် ။ ဒါပေမယ့် ခေတ်အဆက်ဆက် ဆန်းသစ်တဲ့ တီထွင်မှုမျိုးကိုတော့ တိုင်းရင်းသားမျိုးနွယ်စုတိုင်း ကန့်ကွက်ခဲ့တာမျိုးရှိသလို ၊ လက်ခံကြတဲ့ လူတွေကိုလည်း တွေ့ရပါတယ် ။
အခု ဒီအကြောင်းကို ဆိုလိုရခြင်းက ကျွန်တော်တို့ ပအိုဝ်တိုင်းရင်းသားတွေမှာလည်း
ယခုလက်ရှိ အလားတူ ဝတ်စားဆင်ယင်ခြင်း ယဉ်ကျေးမှုနဲ့ ပတ်သက်လို့ ကွဲပြားတဲ့ အယူအဆတွေ ခုလက်ရှိဖြစ်ပေါ်နေတာကိုတွေ့ရတယ် ။ ပြောင်းလဲခြင်း လို့ ခေါ်တဲ့
အခိုက်အတန့် တစ်ခုမှာရှိနေတဲ့အနေအထားပါ ။
ယဉ်ကျေးမှုနဲ့ပတ်သက်လို့ ပြောင်းလဲခြင်းကိုပြောမယ်ဆိုရင်ပြောင်းလဲခြင်း နှစ်မျိုး သတ်မှတ်လို့ ရတယ် ။ ဝတ်စားဆင်ယင်မှု ရိုးရာအမွေအနစ်ကိုဖျောက်ဖျက်ပြီး ယဉ်ကျေးမှု အသစ်တစ်ခုကို ဖန်တီးတဲ့ ပြောင်းလဲမှုနဲ့ ရှိပြီးသား ရိုးရာယဉ်ကျေးမှုကို ကိုးကားပြီး ဆန်းသစ်သွားအောင် ဖန်တီးတဲ့ ယဉ်ကျေးမှု ဆိုတာမျိုးရှိပါတယ် ။
အခု ပအိုဝ်တိုင်းရင်းသား ရိုးရာအဝတ်အစားအကို ဆန်းသစ်တဲ့ ဒီဇိုင်းနဲ့ တီထွင်မှုအပေါ် ကျွန်တော့်အနေနဲ့ ထောက်ခံချင်တယ်လို့ ဆိုချင်တယ် ။ ဘာလို့လည်းဆိုတော့ ယခင်ကရှိတဲ့ ယဉ်ကျေးမှုကို ဖျောက်ပစ် တာမျိုးမဟုတ်ပဲ အခြားသောတိုင်းရင်းသားတွေကပါ လက်ခံလာနိုင်မယ့် ဒီဇိုင်းအသစ်တစ်ခုကို ဖန်တီးခြင်းလို့သာ မြင်တယ် ။
စင်္ကာပူခေါင်းဆောင် လီကွန်ယု ပြောသွားတဲ့ ဥပမာလိုပြောရမယ်ဆိုရင်
ကျွန်တော်တို့ လူမျိုးတွေက သူများတံခါးလာခေါက်မယ့် အချိန်ကိုစောင့်ရမယ့် အနေအထားမဟုတ်ပါဘူး ၊ သူများတံခါးကို သွားခေါက်ပြီး ကျွန်တော်တို့ ဘယ်သူလည်းဆိုတာ သိအောင်လုပ်ရမယ့်အချိန်ပါ ။
ဆိုလိုချင်တာက ခေတ်ဟောင်းစနစ်တစ်ခုမှာပဲ နေထိုင်ပြီး အိမ်မှာ ငုတ်တုတ်ထိုင်နေမယ့်အစား
ပြောင်းလဲမှု ခေတ်စနစ်တစ်ခုအပေါ် ကျွန်တော်တို့ ဘယ်လောက် ဆန်းသစ်နိုင်သလဲဆိုတာကို
ပြရမယ့်အချိန်ပါ ။
နိဂုံးချုပ်အနေဲ့ဆိုရရင် သူတို့ဟာ ရှိပြီးသား ရိုးရားယဉ်ကျေးမှုအဝတ်အစားကို
ဖျက်စီးပြီး ဖျောက်ပစ်တာမဟုတ်ပါဘူး ။ ရှိနေပြီးသားယဉ်ကျေးမှုအကို အခြေခံပြီး ဆန်းသစ်ထားတဲ့ အရာပါ ။ ဒါကြောင့် ဒီဆန်းသစ်မှုအပေါ်မှာ ကျွန်တော့်အနေနဲ့ ရိုးရာအဝတ်အစားအဟောင်းကိုလည်း အမြတ်တနိုးတန်ဖိုးထားသလို ၊ ဆန်းသစ် တည်ထွင်မှု ရိုးရားအဝတ်အစား ဒီဇိုင်းအသစ်ကိုလည်း ကြိုဆိုပါကြောင်း ကိုယ်စားပြုတိုင်းရင်းသား တစ်ယောက်အနေနဲ့ ပြောကြားခြင်းဖြစ်ပါတယ် ။
(ယခုဖော်ပြထားတဲ့ပုံထဲမှာ နန်းခင်ဇေယျာဝတ်ဆင်ထားတာက တီထွင်ဆန်းသစ်ထားတဲ့ ရိုးရာ
ဒီဇိုင်းပါ ။ သူနဲ့အတူတွဲရိုက်ထားတဲ့ အန်တီဝတ်ဆင်ထားတာက ယခင်ရိုးရာအဝတ်အစား ဒီဇိုင်းပါ ။ ကျန်ပုံတွေလည်း အလားတူ ဖန်တီးထားတဲ့ ရိုးရာဒီဇိုင်းတွေဖြစ်ကြောင်း အခြားသောတိုင်းရင်း
ညီကို ၊ မောင်နှမတွေ သိရှိခွင့်ရအောင် မျှဝေလိုက်ပါတယ် ။ )
ခွန်နေ - Khun Nay
www.khunnaymedia.com
Wednesday, June 3, 2015
(Zawgyi to Unicode တွဲ၍ဖော်ပြပေးထားသည်)
www.khunnaymedia.com
၃ . လူတွေရဲ့ လောဘ
၎ . ဗဟုသုတ နည်းပါးမှု
www.khunnaymedia.com
(For Unicode)
MLM လို့ခေါ်တဲ့စျေးကွက် တကယ်အာမခံချက်ရှိပြီလား
www.khunnaymedia.com
https://www.facebook.com/KhunNayTunMedia
ပြည်တွင်းမှာ MLM (Multi Level Marketing) နဲ့ပတ်သက်လို့ လူငယ်တွေ တော်တော်များများလုပ်ကိုင်လာတာကို တွေ့နေရသလို အချို ့ လူကြီးပိုင်းတွေလည်း လုပ်ကိုင်လာတာကိုတွေ့ရတယ် ။
ကျွန်တော်ကိုယ်တိုင် MLM ကိုမလုပ်ဖူးတဲ့အတွက် အကျိုးအမြတ် ဘယ်လောက်ရှိတယ် ဘယ်လိုဝင်ငွေရတယ်ဆိုတာ သေချာမသိရပေမယ့် လေ့လာကြည့်ရသလောက်ဆိုရင် အာမခံချက် မရှိတဲ့ စျေးကွက်တစ်ခုလို့
သုံးသပ်ကြည့်ချင်တယ် ။ လူတွေကို မက်လုံးပေး စွဲဆောင်လေ့ရှိပြီး တစ်လအတွင်း ဝင်ငွေဘယ်လိုရမယ် သုံးလဆိုရင် ဘယ်လောက်ဖြစ်မယ်ဆိုတာကို အဓိကထား စွဲဆောင်လေ့ရှိကြတယ် ။ အကျိုးအမြတ်က မရှိဘူးတော့ မဟုတ်ဘူး ရှိပါလိမ့်မယ် ။
ဒါပေမယ့် ခေါင်းဆောင်ပိုင်းတွေကပဲ ခေါင်းပုံဖြတ် အောက်က Member တွေကို မက်လုံးပေးလို့ အဖွဲ ့ဝင်တွေတိုးလာအောင် စွဲဆောင်ပြီး ပစ္စည်း အရောင်း၊အဝယ်ဖြစ်ရင် ရာခိုင်နှုန်းအပေါ် အကျိုးအမြတ်ခံစားခွင့် ရှိကြတယ် ။
ဥပမာ ခေါင်းဆောင်က ငါးသောင်းနဲ့ ရောင်းခိုင်းတဲ့ပစ္စည်းတစ်ခုကို ခေါင်းဆောင်ခွဲအသီးသီးက ပြန်လည်ရယူပြီး member တွေက အရောင်း၊အဝယ်ဖြစ်ရင် ရာခိုင်နှုန်း အကျိုးအမြတ်တွေကို ခွဲဝေလို့ နောက်ဆုံးတွက်ချက်ကြည့်ရင် ပစ္စည်းရဲ ့တန်ဖိုးက တကယ်တော့ တစ်သောင်းလောက်ပဲရှိတော့တယ် ။ ဝယ်ယူတဲ့လူတွေက ပစ္စည်းကို မတန်တဆစျေးကြီးပေးပြီး ဝယ်ယူလိုက်ရတဲ့ သဘောဖြစ်သွားတယ် ။ ဒါက ပြဿနာမဟုတ်ပါဘူး ။ ရောင်းသူ၊ဝယ်သူချင်း အဆင်ပြေလို့ ဖြစ်တဲ့ ကိစ္စပါ ။
အခုဖော်ပြထားတဲ့ ပုံက People's Daily, China ဖေ့စ်ဘွတ်ခ်စာမျက်နှာက ကူးယူလာတဲ့ ပုံဖြစ်ပြီး MLM ခေါင်းဆောင် ၂၆ ယောက် ကို တရုတ်ရဲတွေ ဖမ်းဆီးထားတဲ့ သတင်းဓာတ်ပုံပါ ။ သတင်း အပြည့်အစုံ ဖော်ပြထားတာ မရှိသေးပေမယ့် သတင်းရဲ ့ခေါင်းစဉ်ကတော့
" Guiyang police announced Mon cracked a large pyramid scheme, detained 26 #MLM leaders. More than 4000 sales involved "
ဆိုပြီး ရေးသားထားတာကိုတွေ့ရှိရပါတယ် ။ ဖွံ့ဖြိုးပြီး တိုင်းပြည်လို့ သတ်မှတ်ထားတဲ့ တရုတ်နိုင်ငံမှာတောင် ဒီလို အနေအထားမျိုး ဖြစ်နေတယ်ဆိုရင် ဖွံ့ဖြိုးဆဲဖြစ်ပြီး ဆင်းရဲတွင်းနက်နေတဲ့ ကျွန်တော်တို့ မြန်မာပြည်အတွက် MLM က တကယ်အာမခံချက်ရှိနိုင်ရဲ ့လားဆိုတာပါ ။ ဒါပေမယ့် လုပ်နေတဲ့ လူတွေက တစ်နေ့တစ်ခြားတိုးလာ တာကိုတော့ တွေ့ရတယ် ။ ဒါက မြန်မာပြည်ရဲ ့အဓိက အားနည်းချက်ဖြစ်တဲ့
၁ . အလုပ်အကိုင် အခွင့်အလမ်း ပြဿနာ
၂ . ဆင်းရဲတွင်းနက်နေတဲ့ပြည်သူ
၃ . လူတွေရဲ ့လောဘ
၄ . ဗဟုသုတ နည်းပါးမှု
အထက်ပါ လေးချက်ကြောင့် MLM တွေဟာ အဆိုပါ အားနည်းချက်တွေကို အဓိကထားလို့ စျေးကွက်ချဲ ့ထွင်လာနိုင်ခြင်းလို့သာ မြင်မိပါကြောင်း သုံးသပ်လိုက်ရပါတယ် ။ MLM ဗဟုသရှိတဲ့သူများလည်း ကွန်မက်ပေးလို့
အကြံပြုဆွေးနွေးနိုင်ပါတယ် ။
www.khunnaymedia.com
https://www.facebook.com/KhunNayTunMedia
Monday, June 1, 2015
ခွန်နေ - Khun Nay
(Zawgyi Font နှင့် Unicode တွဲ၍ဖော်ပြပေးထားသည်)
ဘန်ကောက်မှာ မိတ်ဆက်ခဲ့တဲ့ Huawei P8 စမတ်ဖုန်းနဲ့အတူ
Talkband B2 ကိုလည်း ပူးတွဲမိတ်ဆက်ပြသခဲ့ပါတယ် ။ Huawei ကထုတ်တဲ့
မျိုးဆက်သစ် Smart Watch လို့ဆိုရမှာဖြစ်ပြီး Apple ကထုတ်တဲ့ iPhone အမျိုးအစားနဲ့ပါတွဲသုံးလို့ရသလို Bluetooth Version 3.0 အထက်ရှိတဲ့ ဘယ်လို စမတ်ဖုန်းနဲ့မဆို အသုံးပြုလို့ရနိုင်ပါတယ် ။
Talkband B2 မှာဘာတွေပါသလဲ ?
Smart Watch လို့ဆိုတဲ့အတိုင်း အချိန်တွေကြည့်လို့ရပါမယ် ။ ပြီးတော့ တစ်နေ့တာ ကိုယ်ခြေလှမ်းဘယ်လောက်သွားခဲ့တယ်ဆိုတာကို အကြိမ်ရေနဲ့ ဖော်ပြပေးထားတယ် ။ ခြေလှမ်းအရေအတွက်ပေါ်မူတည်ပြီး ကယ်လိုရီ ဘယ်လောက်လောင်ကျွမ်းသွားတယ် ဆိုတာတွက်ချက်ပေးတယ် ။ တစ်ရက် ကိုယ်ဘယ်လောက်အိပ်ပျော်သွားသလဲဆိုတာ အိပ်ချိန်ဖော်ပြ ပေးထားတယ် ။ လုပ်ဆောင်ပုံကတော့ လက်မှာပတ်ထားတဲ့အတွက် သွေးခုံနှုန်းကို တိုင်းတာပြီး အိပ်ပျော်တယ် ၊ မအိပ်ပျော်ဘူးဆိုတာကို သိရှိတဲ့ သဘောဖြစ်ပါတယ်  ။ ပြီးတော့ အထိုင်များတဲ့သူတွေကို
Vibrate ပေးပြီး ကိုယ်လက်လုပ်ရှားဖို့ အကြံပြု သတိပေးလေ့ရှိပါတယ် ။ ဒီလိုချိန်မှာ B2 ရဲ့  မျက်နှာပြင်မှာ ကိုယ်လက်လုပ်ရှားဖို့ သင်္ကေတ ပြနေပါလိုက်မယ် ။ ဖုန်းအဝင်လက်ခံလို့ရတယ် ။ Miss call ပေးတဲ့ဖုန်းတွေကို Talkband B2 ကနေပဲ ပြန်လည်ခေါ်ဆိုလို့ ရနိုင်တယ် ။ ဖုန်း Call တွေကိုလည်း Vibrate Mode နဲ့သတိပေးပါလိမ့်မယ် ။
Talkband B2 ကိုသုံးဖို့အတွက် ဖုန်းထဲမှာ ဘယ်လို
App ထည့်ထားဖို့လိုသလဲ ?
Huawei Wear လို့ခေါ်တဲ့ App ကိုထည့်သွင်းထားဖို့လိုပါတယ် ။ Huawei ကထုတ်တဲ့ တန်းမြင့်စမတ်ဖုန်းတွေမှာဆိုရင်တော့ Build in ပါလာပြီးသား ဖြစ်တဲ့အတွက် ထပ်မံထည့်သွင်းစရာမလိုပါဘူး ။ အခြားဖုန်းတွေဆိုရင်တော့
သက်ဆိုင်ရာ Play Store တွေကနေ Huawei Wear လို့အလွယ်တကူ ရှာဖွေပြီး ဒေါင်းလုတ်ဆွဲ ထည့်သွင်းနိုင်ပါတယ် ။
ဒီဇိုင်းပိုင်းရော ဘယ်လိုရှိသလဲ ?
ဒီဖိုင်းပိုင်း သေသပ်ပေါ့ပါးမှုရှိတယ် ။ Smart Watch ဆိုပေမယ့် ဖန်စီလက်ပတ် ပိုဆန်တယ် ။  အရည်အသွေးမြင့်တဲ့ သတ္တုကိုယ်ထည်နဲ့ တည်ဆောက်ထားတာကို မြင်တွေ့ရတယ် ။
ဈေးနှုန်းဘယ်လောက်ရှိသလဲ ?
ဘန်ကောက်ပွဲမှာတော့ဈေးနှုန်းကို ထည့်သွင်းကြေငြာသွားခြင်းမရှိပေမယ့် နိုင်ငံတကာ သတင်းမီဒီယာမှာတော့ အမေရိကန်ဒေါ်လာ ၁၂၀ ဝန်းကျင်ရှိမယ်လို့ ခန့်မှန်းထားတယ် ။ Color ရွေးချယ်မှုအနေနဲ့ အဖြူရောင် ၊ ရွှေရောင် ၊ အမဲရောင် သုံးမျိုးရှိပါတယ် ။ ပြည်တွင်းဈေးကွက်ကိုတော့ မကြာခင်ရောက်ရှိလာမယ် လို့သိရပါတယ် ။
ခွန်နေ - Khun Nay
www.khunnaymedia.com
For Unicode
Huawei ကထုတ္တဲ့ Talkband B2 ဘာတြေလုပ္လို့ရသလဲ
ခြန်နေ - Khun Nay
(Zawgyi Font နွင့် Unicode တြဲ၍ဖော်ျပေပးထားသည်)
ဘန်ကောက္မွာ မိတ္ဆက္ခဲ့တဲ့ Huawei P8 စမတ္ဖုန်းနဲ့အတူ
Talkband B2 ကိုလည်း ပူးတြဲမိတ္ဆက်ျပသခဲ့ပါတယ် ။ Huawei ကထုတ္တဲ့
မိုးဆက်သစ် Smart Watch လို့ဆိုရမျွာဖစ်ပြီး Apple ကထုတ္တဲ့ iPhone အမိုးအစားနဲ့ပါတြဲသုံးလို့ရသလို Bluetooth Version 3.0 အထက်ရွိတဲ့ ဘယ္လို စမတ္ဖုန်းနဲ့မဆို အသုံျးပုလို့ရနိုင္ပါတယ် ။
Talkband B2 မွာဘာတြေပါသလဲ ?
Smart Watch လို့ဆိုတဲ့အတိုင်း အခိန်တြေကြည့္လို့ရပါမယ် ။ ပြီးတော့ တစ်နေ့တာ ကိုယ်ျေခလွမ်းဘယ်လောက်ြသားခဲ့တယ္ဆိုတာကို အကြိမ်ရေနဲ့ ဖော်ျပေပးထားတယ် ။ျေခလွမ်းအေရအတြက်ပေါ်မူတည်ပြီး ကယ္လိုရီ ဘယ်လောက်လောင္က်ြမ်းသြားတယ် ဆိုတာတြက္ခ်က်ပေးတယ် ။
တစ်ရက် ကိုယ္ဘယ်လောက်အိပ်ပော််သြားသလဲဆိုတာ အိပ္ခိန်ဖော်ျပ ပေးထားတယ် ။ လုပ်ဆောင္ပုံကေတာ့ လက္မွာပတ္ထားတဲ့အတြက် သြေးခုံနှုန်းကို တိုင်းတာပြီး အိပ်ပေ်္တာယ် ၊ မအိပ်ပေ်္ဘာူးဆိုတာကို
သိရွိတဲ့ သေဘျာဖစ္ပါတယ်  ။ ပြီးတော့ အထိုင္မ်ားတဲ့သူတြေကို
Vibrate ပေးပြီး ကိုယ္လက္လုပ်ရွားဖို့ အကျြံပု သတိပေးလေ့ရွိပါတယ် ။ ဒီလိုခိန္မွာ B2 ရဲ့  မ်က်နျွာပင္မွာ ကိုယ္လက္လုပ်ရွားဖို့ သေကင်္တျပေနပါလိုက္မယ် ။ ဖုန်းအဝင္လက္ခံလို့ရတယ် ။ Miss call ပေးတဲ့ဖုန်းတြေကို Talkband B2 ကေနပျဲပန္လည်ခေါ်ဆိုလို့ ရနိုင္တယ် ။ ဖုန်း Call တြေကိုလည်း Vibrate Mode နဲ့သတိပေးပါလိမ့်မယ် ။
Talkband B2 ကိုသုံးဖို့အတြက် ဖုန်းထဲမွာ ဘယ္လို
App ထည့္ထားဖို့လိုသလဲ ?
Huawei Wear လို့ခေါ်တဲ့ App ကိုထည့်သြင်းထားဖို့လိုပါတယ် ။ Huawei ကထုတ္တဲ့ တန်ျးမင့်စမတ္ဖုန်းတြေမွာဆိုရင်တော့ Build in ပါလာပြီးသာျးဖစ္တဲ့အတြက် ထပ္မံထည့်သြင်းစရာမလိုပါဘူး ။ အျခားဖုန်းတြေဆိုရင်တော့
သက္ဆိုင်ရာ Play Store တြေကေန Huawei Wear လို့အလြယ္တကူ ရွာဖြေပြီး ဒေါင်းလုတ္ဆြဲ ထည့်သြင်းနိုင္ပါတယ် ။
ဒီဇိုင်းပိုင်းရော ဘယ္လိုရွိသလဲ ?
ဒီဖိုင်းပိုင်း သေသပ်ပေါ့ပါးမှုရွိတယ် ။ Smart Watch ဆိုပေမယ့် ဖန္စီလက္ပတ် ပိုဆန္တယ် ။  အရည်ေအသြျးမင့်တဲ့ သတ္တုကိုယ္ထည္နဲ့ တည်ဆောက္ထားတာကျိုမင်တြေ့ရတယ် ။
စေ်းနှုန်းဘယ်လောက်ရွိသလဲ ?
ဘန်ကောက္ပြဲမွာတော့စေ်းနှုန်းကို ထည့်သြင်းကျြေငာသြာျးခင်းမရွိပေမယ့် နိုင်ငံတကာ သတင်းမီဒီယာမွာတော့ အေမရိကန်ဒေါ်လာ ၁၂၀ ဝန်းက်င်ရွိမယ္လို့ ခန့်မွန်းထားတယ် ။ Color ရြေးခ်ယ္မှုအေနနဲ့ အျဖူရောင် ၊ ရွှေရောင် ၊ အမဲရောင် သုံးမိုးရွိပါတယ် ။ျပည္တြင်းစေ်းကြက္ကိုတော့ မကြာခင်ရောက်ရွိလာမယ် လို့သိရပါတယ် ။
ခြန်နေ - Khun Nay
www.khunnaymedia.com
Advertisement
Advertisement
Advertisment
Ad
Advertisment
Contact Us
09420112050
တစ်ပတ်အတွင်းဖတ်ရှုမှုအများဆုံးစာမျက်နှာ
Advertisement
Find Us On Facebook