Friday, July 31, 2015
[Zawgyi]
အမ်ားရဲ ့ ယုံၾကည္မႈကို ဆုံးရႈံးသြားတဲ့အခါ
ပေးတတ်ကြတယ် ။
ခွန်နေ - Khun Nay
[Unicode]
အများရဲ ့ ယုံကြည်မှုကို ဆုံးရှုံးသွားတဲ့အခါ
ထက်မြတ်တဲ့သူတွေဟာ ဆုံးရှုံးသွားတဲ့ ယုံကြည်မှုတွေအတွက်
လက်တွေ့ကျတဲ့ လုပ်ဆောင်မှုတွေနဲ့
သက်သေပြ အကောင်ထည်ဖော်တယ် ။
ညံ့ဖျင်းတဲ့သူတွေကတော့ ဆုံးရှုံးသွားတဲ့ ယုံကြည်မှုတွေအတွက်
နှုတ်နဲ့ ထပ်ခါတလဲလဲ ကတိကဝတ် ပြုလေ့ရှိကြပြီး
အမှားတွေကို ဆက်တိုက်ကျူးလွန် တတ်ကြတယ် ။
ရင်နှီးရတဲ့ မိတ်ဆွေတွေမှာပဲဖြစ်ဖြစ်
နိုင်ငံရေးလောကမှာပဲဖြစ်ဖြစ် ၊ စီးပွားရေးလောကအပါအဝင်
အချို ့သောလူတွေဟာ လက်တွေ့ထက် နှုတ်ကတိတွေသာ
ပေးတတ်ကြတယ် ။
ခွန်နေ - Khun Nay
https://www.facebook.com/KhunNayTunMedia
[Zawgyi]
ကုသိုလ်ကံ အကျိုးပေးကြောင့်သာ ဖြစ်တယ် ။
ကုသိုလ်ကံမကောင်းလို့ ဆိုပြီး မပုံချနဲ့ ။
ကိုယ် အသုံးမကျပဲ
ကံကိုယုံ ဆူးပုံနင်းတယ်လို့ ခေါ်တယ် ။
[Unicode]
ကိုယ်ကြိုးစားရဲ ့သားနဲ့
မအောင်မြင် ၊ မချမ်းသာခဲ့ဘူးဆိုရင်
ကိုယ်အသုံး မကျလို့မဟုတ်ဘူး ၊
ကုသိုလ်ကံ အကျိုးပေးကြောင့်
လို့ပဲသတ်မှတ်တယ် ။
ဘာမှမလုပ် ၊ ဘာမှလည်း မကြိုးစားပဲ
ကိုယ်မအောင်မြင် ၊ မချမ်းသာလာတဲ့အပေါ်မှာ
ကုသိုလ်ကံမကောင်းလို့ ဆိုပြီး မပုံချဘူး ။
ကိုယ် အသုံးမကျပဲ ၊
ကံကိုယုံ ဆူးပုံနင်းတယ်လို့ပဲ သတ်မှတ်တယ် ။
ခွန်နေ - Khun Nay
Thursday, July 23, 2015
[Zawgyi]
ခွန်နေ - Khun Nay
မရှိကြပြန်ဘူး ။ ဒါကြောင့် လွဲမှားတဲ့
အောင်မြင်တဲ့ လူတွေက
ခွန်နေ - Khun Nay
www.khunnaymedia.com
[Unicode]
အောင်မြင်ခြင်းနည်းလမ်း
ခွန်နေ - Khun Nay
https://www.facebook.com/nay.tun2
ကျွန်တော်တို့တွေ အောင်မြင်ခြင်းနည်းလမ်းနဲ့ပတ်သက်လို့ စာတွေကိုလေ့လာဖတ်ရှု မှတ်သားလေ့ရှိကြတယ် ။ စိတ်အားထက်သန်မှုတွေရှိလာတဲ့အခါ
လက်ရှိကိုယ့်ရဲ့အနေအထားကို ချက်ချင်း
ပြောင်းပစ်လိုက်ကြတယ် ။ အဲ့မှာ စပြီး မှားတာပဲ ။
ကိုယ်ရဲ့နေ့စဉ်အမူအကျင့်အတိုင်း
နေသားတကျရှိနေတဲ့ အချိန်မျိုးမှာ
နောက်ပုံစံတစ်ခုကို ချက်ချင်းကူးပြောင်းလိုက်တဲ့အခါ
စိတ်ခံစားချက်က သက်တောင့်သက်သာ မရှိတော့ဘူး ။
ဒါကြောင့် နဂိုနေမြဲအတိုင်း ပြန်နေချင်လာတယ် ။
ဖတ်ထားသမျှ ၊ မှတ်ထားသမျှ
လိုက်နာကျင့်သုံးရတာ ပင်ပန်းသလိုဖြစ်လာတော့ နဂိုအတိုင်းပြန်ဖြစ်သွားတယ် ။
နောက်တော့ ကိုယ့်ကို ကိုယ်ပြောင်းလဲဖို့ကိုတောင် အင်မတန်ကြောက်လာတယ် ။
အောင်မြင်တဲ့လူတွေကိုကြည့်ပြီး
ချက်ချင်း အောင်မြင်တဲ့ လူတစ်ယောက်ဖြစ်လာချင်တဲ့ စိတ်ခံစားချက်တွေကြောင့်
ခုနက ပြောတဲ့ ကိုယ့်ကို ကိုယ်
ချက်ချင်းပြောင်းလဲပစ်လိုက်တဲ့
သဘောတရားတွေဖြစ်လာတယ် ။
ပြီးတော့ လူတော်တော်များများမှာက
ဖြစ်ချင်တယ်ဆိုတာမျိုးပဲရှိပြီး
ဖြစ်ရမယ်ဆိုတဲ့ ခံယူချက်တွေ
မရှိကြပြန်ဘူး ။ ဒါကြောင့် လွဲမှားတဲ့
နည်းလမ်းတွေနဲ့ နေမြဲအတိုင်း
ရှိမြဲအတိုင်းပြန်ဖြစ်သွားတယ် ။
အောင်မြင်တဲ့ လူတွေက
သူတို့ အောင်မြင်ဖို့အတွက် ချက်ချင်းကြီး အောင်မြင်တဲ့ ဘဝကိုရောက်လာတာ မဟုတ်ဘူး ။
သူတို့ဘဝရဲ့အစိတ်အပိုင်းတွေထဲကမှ အမှားတွေကို
နေ့စဉ်ပြုပြင်လာပြီးမှ အောင်မြင်တဲ့သူတွေဖြစ်လာရတာပါ ။
ဒါကြောင့် ကျွန်တော်တို့ လုပ်ဖို့လိုတာက
ကိုယ့်ကို ကိုယ် ချက်ချင်းကြီး ပြောင်းလဲဖို့ မလိုပါဘူး ။
ကိုယ့်ကို ကိုယ် နေ့စဉ် ဝေဖန်သုံးသပ်ပြီး နည်းနည်းလေးချင်းစီ ပြုပြင်နေထိုင်နိုင်ဖို့ပဲလိုပါတယ် ။ တစ်ရက်နည်းနည်း ဒါမှမဟုတ် တစ်လနည်းနည်း ။ နည်းနည်းလေးစီကို
ပဲပြုပြင်နေထိုင်သွားရင်
တစ်နေ့ကျရင် အောင်မြင်တဲ့
လူတစ်ယောက် အဖြစ်ရောက်ရှိလာမှာပါ ။
အောင်မြင်တဲ့ လူပုဂ္ဂိုလ်တွေကိုကြည့်ပြီး
အောင်မြင်တဲ့သူ ဖြစ်ချင်တာထက်
တစ်နေ့ကျရင် " ငါအောင်မြင်တဲ့လူ တစ်ယောက်ဖြစ်ရမယ် "
ဆိုတဲ့ ခံယူချက်ကို စိတ်သွင်းလို့
ကိုယ့်ရဲ့လိုအပ်ချက်တွေကို
နည်းနည်းလေးစီပဲ ပြုပြင်နေထိုင်တာဟာ
မှန်ကန်တဲ့ ကြိုးစားမှုမျိုး ဖြစ်လာပါလိမ့်မယ်
www.khunnaymedia.com
https://www.facebook.com/KhunNayTunMedia
Wednesday, July 22, 2015
[Zawgyi]
ခွန်နေ - Khun Nay
[Unicode]
ဖရဲသီးကိုစားရင် ရရှိစေမယ့် အကျိုးကျေးဇူး
ခွန်နေ - Khun Nay
ဖရဲသီးမှာ Vitamin A,C,B6 လူတွေကို အကျိုးပြုစေတဲ့ဓာတ်ပါဝင်တယ် ။
မျက်လုံးအားနည်းသူတွေအတွက် ဗီတာမင်အေပါဝင်ဝင်တဲ့အတွက် ဖရဲသီး ကို စားသုံးပေးသင့်တယ် ။ အိုမင်းရင့်ရော်မှုကို ကာကွယ်ပေးပြီး နုပျိုစေဖို့အတွက် ဖရဲသီးမှာ Antioxidant ပါဝင်တယ် ။
ဗီတာမင်ဆီ ကတော့ ကိုယ်ခံအားကောင်းမွန်စေတယ် ။ လေအောင့်လေနာ သမားတွေ သက်သာစေပြီး အရေပြားဆဲလ် ပျက်စီးဆုံးရှုံးမှုတွေကို ပြန်လည်ဖြည့်တင်း ပေးတယ် ။ ရေဓာတ်များတဲ့အတွက် သွားရှိ အညစ်အကြေးတွေကို သန့်စင်စေတယ် ။
ဗီတာမင် B6 ကတော့ ဦးနှောက်အာရုံကြောတွေကို ကောင်းမွန်စေတယ် ။
ဟင်းသီးဟင်းရွက်တွေမှာပါဝင်တဲ့ lycopene ဓာတ်ပါဝင်မှုနှုန်းမြင့်မား တဲ့အတွက် အာရုံကြောအားနည်းသူတွေအတွက် သင့်တော်စေတယ် ။
သွေးလည်ပတ်နှုန်းကောင်းမွန်စေတဲ့ potassium အရင်းအမြစ် ဖရဲသီးမှာ ပါဝင်တဲ့အတွက် သွေးတိုး ၊ သွေးကျရောဂါသမားစားသုံးပေးရင် ကောင်းမွန်စေတယ် ။
ဖရဲသီးကိုပုံမှန်စာသုံးခြင်းဖြင့် အစရှိတဲ့ ဓာတ်တွေကို ရရှိစေမှာဖြစ်တယ် ။
https://www.facebook.com/KhunNayTunMedia
http://www.khunnaymedia.com/
Wednesday, July 15, 2015
[Zawgyi]
ခွန်နေ - Khun Nay
ခွန်နေ - Khun Nay
[Unicode]
တူညီမှု တစ်ခုတည်းကနေပဲ လွတ်လပ်စွာကွဲလွဲမယ်
ခွန်နေ - Khun Nay
https://www.facebook.com/nay.tun2
ကြိုက်နှစ်သက်တာနဲ့ ရူးသွပ်တာမတူသလို ရူးသွပ်တာနဲ့အစွန်းရောက်တာ မတူပါဘူး ။
ဥပမာ သီချင်းတစ်ပုဒ်ကိုနားထောင်တဲ့အခါ သီချင်းလေးကကောင်း စာသားတွေကလည်း ကိုယ့်ခံစားချက်နဲ့ကိုက်ညီတယ် ဒါဆိုရင်ကြိုက်လို့ ။ ရူးသွပ်မှုဆိုတဲ့အခါမှာတော့ သီချင်းကိုလည်းကြိုက်တယ် အဆိုတော်ကိုလည်း ကြိုက်တယ် ဒီအဆိုတော် ထုတ်တဲ့ခွေမှန်သမျှ အားပေးမယ် နောက်တဆင့်အနေနဲ့ ကိုယ်ကပါ ဒီဂီတလိုမျိုးကိုတောင် ဖန်တီးချင်လာတဲ့ အထိ ဖြစ်လာတာမျိုး ။ အစွန်းရောက်တယ်ဆိုတဲ့အခါမျိုးမှာတော့
ဂီတရဲ ့အနှစ်သာရထက် ကိုယ့်စိတ်ခံစားမှုကိုဦးစားပေးလွန်းပြီး ကျန်တဲ့အရာတွေကို မကောင်းမြင်လာတာမျိုးပါ ။
သဘာဝတရားအရ လူတွေဟာ တစ်ယောက်နဲ့ တစ်ယောက် အကြိုက်ချင်းမတူညီနိုင်ပါဘူး ။ တစ်သွေး တစ်သားထဲမွေးလာတဲ့ ညီကိုမောင်နှမ တွေတောင် တစ်ယောက်အကြိုက် တစ်ယောက်မတူနိုင်ပါဘူး ။ ဒါကြောင့် ပြင်ပသူစိမ်းတစ်ယောက်နဲ့ အကြိုက်ချင်းတူဖို့ဆိုတာ အင်မတန်ရှားတယ် ။ ခုနကပြောတဲ့ သီချင်းနဲ့ပတ်သက်တဲ့ ဂီတသဘောတရားမှာဆိုရင် ပို့လို့တောင်ဆိုးတယ် ။ ဒါကြောင့် ပညာရှင်တွေကလည်း အကြိုက်ချင်း မတူတဲ့အတွက် ဂီတကို အမျိုးမျိုးတီထွင် ဖန်တီးကြတယ် ။ ပြောင်းလဲလာတဲ့ ခေတ်ကာလ သဘောတရားနဲ့ အတွေးအခေါ်အရတွေပါ ခေတ်မီတဲ့ ဂီတတွေ ပေါ်ထွက်လာတယ် ။ Rock ၊ Hip Hop ၊ pop ၊ R&B ၊ Country စသဖြင့် ပြောလို့မကုန်တဲ့ဂီတပေါင်းများစွာ ရှိလာတယ် ။ မတူညီတဲ့ အရာနှစ်ခုကို ပေါင်းစပ်ပြီး ဖန်တီးတဲ့ ဂီတကိုမှ ကြိုက်နှစ်သက်တဲ့ သူတွေလည်းရှိပါသေးတယ် ။ ဆိုလိုချင်တာက အကြိုက်ချင်းမတူလို့ ဂီတတွေဘယ်လောက်ပဲကွဲနေပါစေ ဒီဂီတအားလုံးမှာ " အနုပညာ" လို့ခေါ်တဲ့ တူညီသောခေါင်းစဉ် တစ်ခုအောက်မှာပဲ ရှိနေတယ်ဆိုတာပါ ။
ဒီအကြောင်းအရာနဲ့ပတ်သက်လို့ ခုခေတ်လူငယ်တွေ ဂီတနဲ့ပတ်သက်လာမှုအပေါ် အနုပညာ ဖန်တီးထားမှု အနေနဲ့မကြည့်ပဲ ကိုယ်ကြိုက်တဲ့ ခံစားချက်ကို ကာကွယ်ရင်း ကျန်တဲ့လူတွေကို ကိုယ်ကြိုက်တဲ့ ဂီတတွေကိုပဲကြိုက်စေချင်ကြတယ် ။ အကယ်လို့ မကြိုက်ဘူးဆိုရင် ရန်သူတစ်ယောက်လို ပြုမှုချင်လာတယ် ။ ဂီတကို ဥပမာပေးပြီး ပြောရတယ် ဆိုတာကလည်း တခါတလေ ဖေ့စ်ဘွတ်ခ်မှာ အချို ့လူငယ်တွေ ကိုယ်မကြိုက်တဲ့ ဂီတနဲ့ပတ်သက်လာရင် ရန်လို ပြောဆိုမှုတွေကို မြင်တွေ့နေရလို့ပါ ။ ကိုယ့်ကြိုက်တဲ့ ဂီတကို ကာကွယ်ရင်း စိတ်ခံစားချက်နောက်ကိုလိုက် အစွန်းရောက်လို့ ရောက်လာမှန်းမသိ ဖြစ်လာတယ် ။ ကွဲပြားနေတဲ့ ဂီတအားလုံးကို " အနုပညာဖန်တီးမှု "
ခေါင်းစဉ်အောက်ကနေပဲ ကြည့်တတ်မယ်ဆိုရင် ခုနကကျွန်တော်ပြောတဲ့
အစွန်းရောက်မှုမျိုးတွေဖြစ်လာမှာမဟုတ်သလို ဂီတအားလုံးကို ကွဲပြားတဲ့
စိတ်ခံစားမှုမျိုး ခံစားတတ်လာပါလိမ့်မယ် ။
ဂီတမှမဟုတ် ဘယ်အရာမှ အစွန်းရောက်လို့မကောင်းတာ လူတိုင်းသိထားကြ ပါတယ် ။ ဒါကြောင့် ဘယ်အရာကိုပဲဖြစ်ဖြစ် ကြိုက်လို့ရတယ် ရူးသွပ်လို့ရတယ် ။ ဒါပေမယ့် ကိုယ့်စိတ်ခံစားချက်ကို ဦးစားပေးလွန်းပြီး အစွန်းရောက် မသွားကြပါနဲ့လို့ အကြံပြု ရေးသား လိုက်ရပါတယ် ။
ခွန်နေ - Khun Nay
https://www.facebook.com/KhunNayTunMedia
www.khunnaymedia.com
Saturday, July 11, 2015
[Zawgyi]
www.khunnaymedia.com
https://www.facebook.com/KhunNayTunMedia
၁ . ထောပတ်သီး
အဆီဓာတ်ပိုမိုရောက်ရှိစေတဲ့အတွက် နေ့စဉ်စားသုံးပေးပါရင်
၂ . ပန်းသီး
၃ . ချောကလက်
၎ . လက်ဖက်စိမ်း
ဦးနှောက်မှတ်ဥာဏ်အားနည်းခြင်းနဲ့ အာရုံကြောအားနည်းတတ်သူ တွေအတွက် လက်ဖက်စိမ်းကို နေ့စဉ်အနည်းငယ်စားသုံးပေးနိုင်တယ် ။
www.khunnaymedia.com
[Unicode]
ဦးနှောကျမှတျဉာဏျအတှကျ အကြိုးပွုစတေဲ့ ဓာတျစာ
၁ . ထောပတ်သီး
ထောပတ်သီးဟာ အဆီဓာတ် အပြည့်အဝရရှိစေပြီး ဦးနှောက်တွင်းသို့
အဆီဓာတ်ပိုမိုရောက်ရှိစေတဲ့အတွက် နေ့စဉ်စားသုံးပေးပါက
အသေးစိတ်အချက်အလက်တွေကအစ မှတ်မိနိုင်တဲ့ စွမ်းရည်တွေကို ရရှိစေတယ် ။
၂ . ပန်းသီး
ဗီတာမင် C ဓာတ်ပါဝင်တဲ့အတွက် အယ်ဇိုင်းမားရောဂါဖြစ်နိုင်ခြေတွေကို
ရော့ကျစေပြီး မကြာခနအမေ့ကြီးတတ်သူတွေအတွက် စားသုံးပေးရင်
ဦးနှောက်ကို အကျိုးပြုစေတယ် ။
၃ . ချောကလက်
ချောကလက်စားသုံးခြင်းဟာ ဦးနှောက်အာရုံကြောကို အားကောင်းစေပြီး
တက်ကြွလန်းဆန်းစေတဲ့အပြင် ခေါင်းရှုပ်နေတဲ့အချိန်မျိုးမှာစားသုံးပေးပါက
ဦးနှောက်အာရုံများကို ရှင်းလင်းစေတယ် ။
၄ . လက်ဖက်စိမ်း
ဦးနှောက်မှတ်ဉာဏ်အားနည်းခြင်းနဲ့ အာရုံကြောအားနည်းတတ်သူ တွေအတွက် လက်ဖက်စိမ်းကို နေ့စဉ်အနည်းငယ်စားသုံးပေးနိုင်တယ် ။
www.khunnaymedia.com
[Zawgyi]
အလိုလိုက်မှန်းသိရင်
အားနာတတ်မှန်းသိရင်
ရိုးသားမှန်းသိရင်
ခွန်နေ - Khun Nay
www.khunnaymedia.com
[Unicode]
ခေတ်ကာလရဲ ့ အမှန်တရား
အလိုလိုက်မှန်းသိရင်
အလိုက်သိပေးရမှာထက် ပိုဆိုးလာတတ်ကြတယ် ။
အခွင့်အရေးပေးမှန်းသိရင်
အားနာပေးရမှာထက် ပိုလိုချင်လာတတ်ကြတယ် ။
အားနာတတ်မှန်းသိရင်
နားလည်ပေးရမှာထက် အခွင့်အရေးပိုယူလာတတ်ကြတယ် ။
ရိုးသားမှန်းသိရင်
ဖြူစင်ပေးရမှာထက် လိမ်ညာချင်တတ်ကြတယ် ။
သိပ်ချစ်လွန်းမှန်းသိရင်
သစ္စာရှိပေးရမှာထက် လုပ်ချင်ရာလုပ်လာတတ်ကြတယ် ။
ခွန်နေ - Khun Nay
www.khunnaymedia.com
Advertisement
Advertisement
Advertisment
Ad
Advertisment
Contact Us
09420112050
တစ်ပတ်အတွင်းဖတ်ရှုမှုအများဆုံးစာမျက်နှာ
Advertisement
Find Us On Facebook