Wednesday, July 15, 2015



[Zawgyi]
ခြန္ေန - Khun Nay
https://www.facebook.com/nay.tun2

ႀကဳိက္ႏွစ္သက္တာနဲ႔ ရူးသြပ္တာမတူသလုိ ရူးသြပ္တာနဲ႔အစြန္းေရာက္တာ မတူပါဘူး ။
ဥပမာ သီခ်င္းတစ္ပုဒ္ကုိနားေထာင္တဲ့အခါ သီခ်င္းေလးကေကာင္း စာသားေတြကလည္း ကုိယ့္ခံစားခ်က္နဲ႔ကုိက္ညီတယ္ ဒါဆုိရင္ႀကဳိက္လုိ႔ ။ ရူးသြပ္မႈဆုိတဲ့အခါမွာေတာ့ သီခ်င္းကုိလည္းႀကဳိက္တယ္ အဆုိေတာ္ကုိလည္း ႀကဳိက္တယ္ ဒီအဆုိေတာ္ ထုတ္တဲ့ေခြမွန္သမွ် အားေပးမယ္ ေနာက္တဆင့္အေနနဲ႔ ကုိယ္ကပါ ဒီဂီတလုိမ်ဳိးကုိေတာင္ ဖန္တီးခ်င္လာတဲ့ အထိ ျဖစ္လာတာမ်ဳိး ။ အစြန္းေရာက္တယ္ဆုိတဲ့အခါမ်ဳိးမွာေတာ့
ဂီတရဲ ႔အႏွစ္သာရထက္ ကုိယ့္စိတ္ခံစားမႈကုိဦးစားေပးလြန္းၿပီး က်န္တဲ့အရာေတြကုိ မေကာင္းျမင္လာတာမ်ဳိးပါ ။

သဘာဝတရားအရ လူေတြဟာ တစ္ေယာက္နဲ႔ တစ္ေယာက္ အႀကဳိက္ခ်င္းမတူညီႏုိင္ပါဘူး ။ တစ္ေသြး တစ္သားထဲေမြးလာတဲ့ ညီကုိေမာင္ႏွမ ေတြေတာင္ တစ္ေယာက္အႀကဳိက္ တစ္ေယာက္မတူႏုိင္ပါဘူး ။ ဒါေၾကာင့္ ျပင္ပသူစိမ္းတစ္ေယာက္နဲ႔ အႀကဳိက္ခ်င္းတူဖုိ႔ဆုိတာ အင္မတန္ရွားတယ္ ။ ခုနကေျပာတဲ့ သီခ်င္းနဲ႔ပတ္သက္တဲ့ ဂီတသေဘာတရားမွာဆုိရင္ ပုိ႔လုိ႔ေတာင္ဆုိးတယ္ ။ ဒါေၾကာင့္ ပညာရွင္ေတြကလည္း အႀကဳိက္ခ်င္း မတူတဲ့အတြက္ ဂီတကုိ အမ်ဳိးမ်ဳိးတီထြင္ ဖန္တီးၾကတယ္ ။ ေျပာင္းလဲလာတဲ့ ေခတ္ကာလ သေဘာတရားနဲ႔ အေတြးအေခၚအရေတြပါ ေခတ္မီတဲ့ ဂီတေတြ ေပၚထြက္လာတယ္ ။ Rock ၊ Hip Hop ၊ pop ၊ R&B ၊ Country စသျဖင့္ ေျပာလုိ႔မကုန္တဲ့ဂီတေပါင္းမ်ားစြာ ရွိလာတယ္ ။ မတူညီတဲ့ အရာႏွစ္ခုကုိ ေပါင္းစပ္ၿပီး ဖန္တီးတဲ့ ဂီတကုိမွ ႀကဳိက္ႏွစ္သက္တဲ့ သူေတြလည္းရွိပါေသးတယ္ ။ ဆုိလုိခ်င္တာက အႀကဳိက္ခ်င္းမတူလုိ႔ ဂီတေတြဘယ္ေလာက္ပဲကြဲေနပါေစ ဒီဂီတအားလုံးမွာ " အႏုပညာ" လုိ႔ေခၚတဲ့ တူညီေသာေခါင္းစဥ္ တစ္ခုေအာက္မွာပဲ ရွိေနတယ္ဆုိတာပါ ။

ဒီအေၾကာင္းအရာနဲ႔ပတ္သက္လုိ႔ ခုေခတ္လူငယ္ေတြ ဂီတနဲ႔ပတ္သက္လာမႈအေပၚ အႏုပညာ ဖန္တီးထားမႈ အေနနဲ႔မၾကည့္ပဲ ကုိယ္ႀကဳိက္တဲ့ ခံစားခ်က္ကုိ ကာကြယ္ရင္း က်န္တဲ့လူေတြကုိ ကုိယ္ႀကဳိက္တဲ့ ဂီတေတြကုိပဲႀကဳိက္ေစခ်င္ၾကတယ္ ။ အကယ္လုိ႔ မႀကဳိက္ဘူးဆုိရင္ ရန္သူတစ္ေယာက္လုိ ျပဳမႈခ်င္လာတယ္ ။ ဂီတကုိ ဥပမာေပးၿပီး ေျပာရတယ္ ဆုိတာကလည္း တခါတေလ ေဖ့စ္ဘြတ္ခ္မွာ အခ်ဳိ ႔လူငယ္ေတြ ကုိယ္မႀကဳိက္တဲ့ ဂီတနဲ႔ပတ္သက္လာရင္ ရန္လုိ ေျပာဆုိမႈေတြကုိ ျမင္ေတြ႔ေနရလုိ႔ပါ ။ ကုိယ့္ႀကဳိက္တဲ့ ဂီတကုိ ကာကြယ္ရင္း စိတ္ခံစားခ်က္ေနာက္ကုိလုိက္ အစြန္းေရာက္လုိ႔ ေရာက္လာမွန္းမသိ ျဖစ္လာတယ္ ။ ကြဲျပားေနတဲ့ ဂီတအားလုံးကုိ " အႏုပညာဖန္တီးမႈ "
ေခါင္းစဥ္ေအာက္ကေနပဲ ၾကည့္တတ္မယ္ဆုိရင္ ခုနကကြ်န္ေတာ္ေျပာတဲ့
အစြန္းေရာက္မႈမ်ဳိးေတြျဖစ္လာမွာမဟုတ္သလုိ ဂီတအားလုံးကုိ ကြဲျပားတဲ့
စိတ္ခံစားမႈမ်ဳိး ခံစားတတ္လာပါလိမ့္မယ္ ။
ဂီတမွမဟုတ္ ဘယ္အရာမွ အစြန္းေရာက္လုိ႔မေကာင္းတာ လူတုိင္းသိထားၾက ပါတယ္ ။ ဒါေၾကာင့္ ဘယ္အရာကုိပဲျဖစ္ျဖစ္ ႀကဳိက္လုိ႔ရတယ္ ရူးသြပ္လုိ႔ရတယ္ ။ ဒါေပမယ့္ ကုိယ့္စိတ္ခံစားခ်က္ကုိ ဦးစားေပးလြန္းၿပီး အစြန္းေရာက္ မသြားၾကပါနဲ႔လုိ႔ အႀကံျပဳ ေရးသား လုိက္ရပါတယ္ ။

ခြန္ေန - Khun Nay

[Unicode]
တူညီမှု တစ်ခုတည်းကနေပဲ လွတ်လပ်စွာကွဲလွဲမယ်

ခွန်နေ - Khun Nay
https://www.facebook.com/nay.tun2

ကြိုက်နှစ်သက်တာနဲ့ ရူးသွပ်တာမတူသလို ရူးသွပ်တာနဲ့အစွန်းရောက်တာ မတူပါဘူး ။
ဥပမာ သီချင်းတစ်ပုဒ်ကိုနားထောင်တဲ့အခါ သီချင်းလေးကကောင်း စာသားတွေကလည်း ကိုယ့်ခံစားချက်နဲ့ကိုက်ညီတယ် ဒါဆိုရင်ကြိုက်လို့ ။ ရူးသွပ်မှုဆိုတဲ့အခါမှာတော့ သီချင်းကိုလည်းကြိုက်တယ် အဆိုတော်ကိုလည်း ကြိုက်တယ် ဒီအဆိုတော် ထုတ်တဲ့ခွေမှန်သမျှ အားပေးမယ် နောက်တဆင့်အနေနဲ့ ကိုယ်ကပါ ဒီဂီတလိုမျိုးကိုတောင် ဖန်တီးချင်လာတဲ့ အထိ ဖြစ်လာတာမျိုး ။ အစွန်းရောက်တယ်ဆိုတဲ့အခါမျိုးမှာတော့
ဂီတရဲ ့အနှစ်သာရထက် ကိုယ့်စိတ်ခံစားမှုကိုဦးစားပေးလွန်းပြီး ကျန်တဲ့အရာတွေကို မကောင်းမြင်လာတာမျိုးပါ ။

သဘာဝတရားအရ လူတွေဟာ တစ်ယောက်နဲ့ တစ်ယောက် အကြိုက်ချင်းမတူညီနိုင်ပါဘူး ။ တစ်သွေး တစ်သားထဲမွေးလာတဲ့ ညီကိုမောင်နှမ တွေတောင် တစ်ယောက်အကြိုက် တစ်ယောက်မတူနိုင်ပါဘူး ။ ဒါကြောင့် ပြင်ပသူစိမ်းတစ်ယောက်နဲ့ အကြိုက်ချင်းတူဖို့ဆိုတာ အင်မတန်ရှားတယ် ။ ခုနကပြောတဲ့ သီချင်းနဲ့ပတ်သက်တဲ့ ဂီတသဘောတရားမှာဆိုရင် ပို့လို့တောင်ဆိုးတယ် ။ ဒါကြောင့် ပညာရှင်တွေကလည်း အကြိုက်ချင်း မတူတဲ့အတွက် ဂီတကို အမျိုးမျိုးတီထွင် ဖန်တီးကြတယ် ။ ပြောင်းလဲလာတဲ့ ခေတ်ကာလ သဘောတရားနဲ့ အတွေးအခေါ်အရတွေပါ ခေတ်မီတဲ့ ဂီတတွေ ပေါ်ထွက်လာတယ် ။ Rock ၊ Hip Hop ၊ pop ၊ R&B ၊ Country စသဖြင့် ပြောလို့မကုန်တဲ့ဂီတပေါင်းများစွာ ရှိလာတယ် ။ မတူညီတဲ့ အရာနှစ်ခုကို ပေါင်းစပ်ပြီး ဖန်တီးတဲ့ ဂီတကိုမှ ကြိုက်နှစ်သက်တဲ့ သူတွေလည်းရှိပါသေးတယ် ။ ဆိုလိုချင်တာက အကြိုက်ချင်းမတူလို့ ဂီတတွေဘယ်လောက်ပဲကွဲနေပါစေ ဒီဂီတအားလုံးမှာ " အနုပညာ" လို့ခေါ်တဲ့ တူညီသောခေါင်းစဉ် တစ်ခုအောက်မှာပဲ ရှိနေတယ်ဆိုတာပါ ။

ဒီအကြောင်းအရာနဲ့ပတ်သက်လို့ ခုခေတ်လူငယ်တွေ ဂီတနဲ့ပတ်သက်လာမှုအပေါ် အနုပညာ ဖန်တီးထားမှု အနေနဲ့မကြည့်ပဲ ကိုယ်ကြိုက်တဲ့ ခံစားချက်ကို ကာကွယ်ရင်း ကျန်တဲ့လူတွေကို ကိုယ်ကြိုက်တဲ့ ဂီတတွေကိုပဲကြိုက်စေချင်ကြတယ် ။ အကယ်လို့ မကြိုက်ဘူးဆိုရင် ရန်သူတစ်ယောက်လို ပြုမှုချင်လာတယ် ။ ဂီတကို ဥပမာပေးပြီး ပြောရတယ် ဆိုတာကလည်း တခါတလေ ဖေ့စ်ဘွတ်ခ်မှာ အချို ့လူငယ်တွေ ကိုယ်မကြိုက်တဲ့ ဂီတနဲ့ပတ်သက်လာရင် ရန်လို ပြောဆိုမှုတွေကို မြင်တွေ့နေရလို့ပါ ။ ကိုယ့်ကြိုက်တဲ့ ဂီတကို ကာကွယ်ရင်း စိတ်ခံစားချက်နောက်ကိုလိုက် အစွန်းရောက်လို့ ရောက်လာမှန်းမသိ ဖြစ်လာတယ် ။ ကွဲပြားနေတဲ့ ဂီတအားလုံးကို " အနုပညာဖန်တီးမှု "
ခေါင်းစဉ်အောက်ကနေပဲ ကြည့်တတ်မယ်ဆိုရင် ခုနကကျွန်တော်ပြောတဲ့
အစွန်းရောက်မှုမျိုးတွေဖြစ်လာမှာမဟုတ်သလို ဂီတအားလုံးကို ကွဲပြားတဲ့
စိတ်ခံစားမှုမျိုး ခံစားတတ်လာပါလိမ့်မယ် ။
ဂီတမှမဟုတ် ဘယ်အရာမှ အစွန်းရောက်လို့မကောင်းတာ လူတိုင်းသိထားကြ ပါတယ် ။ ဒါကြောင့် ဘယ်အရာကိုပဲဖြစ်ဖြစ် ကြိုက်လို့ရတယ် ရူးသွပ်လို့ရတယ် ။ ဒါပေမယ့် ကိုယ့်စိတ်ခံစားချက်ကို ဦးစားပေးလွန်းပြီး အစွန်းရောက် မသွားကြပါနဲ့လို့ အကြံပြု ရေးသား လိုက်ရပါတယ် ။

ခွန်နေ - Khun Nay
https://www.facebook.com/KhunNayTunMedia
www.khunnaymedia.com

0 comments:

Post a Comment

လူငယ္စာေပ ၊ သုတ ၊ ရသ ၊ နည္းပညာ ၊ ဟာသ ၊ ထူးဆန္းေထြလာ သတင္းမ်ာကုိ
စုံလင္ေအာင္ ႀကဳိးစားတင္ဆက္ေပးသြားပါမယ္ ။

Advertisement

Advertisement

Advertisment

Ad

Advertisment

Contact Us

09420112050

တစ္ပတ္အတြင္းဖတ္ရႈမႈအမ်ားဆုံးစာမ်က္ႏွာ

Advertisement

Find Us On Facebook