တစ်ခါတုန်းက ညပွဲဈေးတန်းတစ်ခုမှာ မိုးပျံပူဖောင်းသည်တစ်ဦးက ပူဖောင်း ရောင်စုံကို ရောင်းနေပါတယ်။ ဒါပေမယ့် သူ့ရဲ့ပူဖောင်းတွေကို ဝယ်မယ့်သူ သိပ်မရှိတာကြောင့် အရောင်းနှေးနေတာကို သူကကလေး ငယ်တွေ ပူ ဖောင်းဝယ်ယူဖို့ စိတ်ဝင်စားလာအောင် ပူဖောင်းတစ်လုံးကို ကြိုးဖြည်ပြီး လွှတ်ပြလိုက်ပါတယ်။
ပူဖောင်းထဲမှာထည့်ထားတဲ့ ဟီလီယမ်ဓာတ်ငွေ့ရဲ့ အရှိန်ကြောင့် ပူဖောင်းက လေထဲကို တစ်ရှိန်ထိုးတက်သွားတာကို ပွဲဈေးတန်းထဲမှာရှိနေတဲ့ ကလေး ငယ်တွေအားလုံး စိတ်ဝင်စားလာကြပြီး မိဘတွေဆီကို ဝယ်ပေးဖို့ပူဆာကြ ပါတော့တယ်။ ဒီလိုနဲ့ ဈေးသည်ရဲ့ ပူဖောင်းလေးတွေက တစ်လုံးပြီးတစ်လုံး အတော်များများ ရောင်းလာရပါတယ်။
အဲ့ဒီလိုမျိုး ကလေးငယ်တွေကို ဈေးရောင်းရလို့ အဆင်ပြေနေတဲ့အချိန်မှာ ကလေးငယ်လေးတစ်ယောက်က ဈေးသည်ရဲ့ အကျီင်္စကို ဆွဲရင်း” ဦးဦး ပူဖောင်းအမည်းရောင်ဆိုရင်ကော လေထဲလွှတ်လိုက်ရင် တက်သွားမှာ လား” လို့မေးလာတော့ ပူဖောင်းသည်က သနားဂရုဏာသက်စွာပဲ ကြင် နာစွာပြန်ပြောလိုက်ပါတယ်။
“ တက်တာပေါ့သားလေးရဲ့။ ပူဖောင်းတွေ လေထဲတက်သွားတယ်ဆိုတာ သူ့အထဲမှာပါတဲ့ ဟီလီယမ် ဓာတ်ငွေ့နဲ့ပဲဆိုင်တယ်ကွဲ့။ ပူဖောင်း အဖြူပဲဖြစ် ဖြစ်၊ အမည်းရောင်ပဲဖြစ်ဖြစ် လွှတ်ပေးလိုက်ရင် ဓာတ်ငွေ့စွမ်းအင်ကြောင့် အပေါ်ကို တက်သွားကြတာချည်းပဲ” လို့ ရှင်းပြတော့ ကလေးငယ်လေး အား တက်သွားသယောင် မျက်နှာဖြစ်ပေါ်လာပါတယ်။
ကလေးငယ်လေးရဲ့ စိတ်ထဲမှာ ပထမတော့ အခြားပူဖောင်းတွေအပေါ်တက် သွားတာကို မော့ကြည့်နေတာက အမည်းရောင်ပူဖောင်းလေး အပေါ်မတက် နိုင်မှာကို စိုးရိမ်နေရှာပါတယ်။ အခုတော့သူစိတ်ချမ်းသာသွားပါတယ်။ ပူ ဖောင်းလေးတွေက အမြင့်ကို တက်သွားနိုင်ဖို့က အဖြူရောင်ပဲဖြစ်ဖြစ်၊ အမည်းရောင်ပဲဖြစ်ဖြစ် ပူဖောင်းကအရေးမကြီးပဲ အထဲကထိုးထည့်ထားတဲ့ ဓာတ်ငွေ့တွေက အရေးကြီးတယ်ဆိုတာ သူနားလည်သွားခဲ့ပါတယ်။
လူ့ဘဝတွေကလည်း ဒီလိုပါပဲ။ လူတစ်ယောက်အောင်မြင်ဖို့၊ အမြင့်ရောက် သွားဖို့ဆိုတာ သူ့ရဲ့သက်မဲ့ဒြပ်ဝတ္ထုရုပ်ပိုင်းဆိုင်ရာတွေမဟုတ်ပဲ၊ သူ့ရဲ့အ တွင်းပင်ကိုယ်စိတ်ကိုက ဘယ်လိုအောင်မြင်အောင်လုပ်မလဲ၊ အမြင့်ရောက် အောင်လုပ်မလဲဆိုတာအတွက် စူးစမ်းလေ့လာချင်တဲ့စိတ်၊ ကြိုးစားချင် တဲ့စိတ်၊ ဇွဲ၊ လုံ့လ၊သူ့သဘောထားစိတ်ဓာတ်ခွန်အားတွေကပဲ အရေး ကြီးပါတယ်။
စာပိုဒ်ကလေးရဲ့ စာရေးသူက ယခင်အချိန်ပေါင်းများစွာက လူမည်းလူ မျိုး တွေရဲ့ခက်ခဲကြမ်းတမ်းတဲ့ဘဝရှင်သန်ရမှုတွေ၊ လူဖြူလူမည်း ခွဲခြားနှိမ်ချ ဆက်ဆံခံရတဲ့ ဘဝတွေ၊ တိရစ္ဆာန်တွေလို၊ ငွေဝယ်ကျွန်တွေလို ခိုင်းစားခံရ တဲ့ဘဝကို မလျှော့သောဇွဲလုံ့ လနဲ့ကြိုးစားရုန်းကန်ရတဲ့အချိန်တွေကနေ တချိန်ကမ္ဘာ့ထိပ်တန်းခေါင်းဆောင်တွေ၊ ကျော်ကြားတဲ့ဂီတပညာရှင်တွေ၊ ပါရမီရှင်တွေ၊ ပညာရှင်တွေ၊ အိုလံပစ်အားကစားချန်ပီယံဆုရှင်တွေစသဖြင့် လူ တော်လူရည်ချွန်တွေနေရာမှာ လူမည်းလူမျိုးတွေ ရပ်တည်နိုင်ခဲ့တာကို ဥပမာပေး ဆိုလိုခြင်းပဲဖြစ်ပါတယ်။
ရွှေဝတ်မှုန်(ရွှေအင်းလေး)
www.khunnaymedia.com
www.khunnaymedia.com
0 comments:
Post a Comment
လူငယ်စာပေ ၊ သုတ ၊ ရသ ၊ နည်းပညာ ၊ ဟာသ ၊ ထူးဆန်းထွေလာ သတင်းမျာကို
စုံလင်အောင် ကြိုးစားတင်ဆက်ပေးသွားပါမယ် ။