Wednesday, January 6, 2016

Shwe Innlay's photo.


သင်ကိုယ့်ကိုသင် ပြန်ကြည့်မိတဲ့အခါ ဘယ်လိုခံစားရသလဲ။ ကြည့်ကောင်း လား၊ စတိုင်ခပ်မိုက်မိုက်ဖြစ်နေလား။ ယုံကြည်ချက်အပြည့်ရှိလား။ လူကြား ထဲပေါ်လွင်နေတဲ့ပုံစံမျိုးလား။ ဒါမှမဟုတ် သိပ်ပြီးထူးထူးခြားခြားမရှိတာ လား။ ရုပ်ရည်ကလည်းအသင့်အတင့်၊ ပေါ်လွင်တဲ့ထူးခြားတဲ့အရာလည်း မရှိတာကြောင့် လူတွေကကိုယ့်ကိုသိပ်ပြီးမသိကြဘူးလား။
သင့်ရဲ့အသွင်အပြင်၊ ပြုမူလှုပ်ရှားမှု၊ ကြိုက်နှစ်သက်တဲ့အရာ၊ အမူအကျင့်၊ ဝါသနာပါတာတွေကို ကြည့်ရှုပြီး ဘယ်လိုပုံစံမျိုးရှိနေသလဲဆိုတာ အခု ဖော်ပြပေးမယ့် အချက်၈ ချက်နဲ့ တစ်ခုခုကိုက်ညီနေတဲ့လူတိုင်းက အခြား သာမန်လူတွေထက်ပိုပြီးတော့စမတ်ကျနေတာပါတဲ့။ ဒါဆိုဘာတွေများဖြစ် မလဲဆိုတာ လေ့လာကြည့်ရအောင်….
၁။ သင်က အိမ်မှာအကြီးဆုံးကလေးဖြစ်ခဲ့ရင် အခြားညီအစ်ကိုမောင်နှမတွေ ထက်ပိုပြီးတော့ စမတ်ကျပါသတဲ့။ ဒါကမျိုးရိုးဗီဇနဲ့သက်ဆိုင်မှုမရှိပါဘူး။ ၂၀၀၇ ခုနှစ်ကကောက်ယူခဲ့တဲ့ အိမ်ထောင်စုစာရင်းဇယားတွေနဲ့ မိသားစု စိတ်ခံစားမှုဆိုင်ရာတွေရဲ့ ဖော်ပြချက်မှာ ဒီလိုပဲတွေ့ရှိတာဖြစ်ပါတယ်။


၂။ ဂီတသံစဉ်တွေကို ကြိုက်နှစ်သက် နားထောင်သူတွေပိုပြီးတော့ စမတ်ကျ ပြီး ဥာဏ်ကောင်းပါသတဲ့။ အသက် ၄ နှစ်ကနေ ၆ နှစ်အတွင်းရှိတဲ့ ကလေး ငယ်လေးတွေကို ဂီတသံစဉ်တွေနားထောင်ခိုင်းပြီး စာသင်ကြားခြင်းကပိုပြီး တော့အတတ်လွယ်ပြီး ဥာဏ်ကောင်းလာခဲ့ကြတာကို တွေ့ရပါတယ်။

၃။ ဆေးလိပ်မသောက်သုံးတဲ့သူတွေက ပိုပြီးတော့စမတ်ကျပါသတဲ့။ ဆေး လိပ်သောက်သူတွေနဲ့ မသောက်သူတွေရဲ့ မှတ်ဥာဏ်စွမ်းရည်ကို ယှဉ်ကြည့် လိုက်ရင် အကွာကြီးကွာခြားနေတာကို တွေ့ရပြီး ရုပ်ပိုင်းဆိုင်ရာနဲ့စိတ်ပိုင်း ဆိုင်ရာတွေမှာလည်း သိသိသာသာကွာခြားနေပါတယ်။

၎။ ပိန်ပါးပြီးချပ်ချပ်ရပ်ရပ်ရှိတဲ့သူတွေက ပိုပြီးတော့စမတ်ကျပါသတဲ့။ ကျန်း မာရေးအတွက်လည်း ကောင်းမွန်သလို၊ စိတ်ဓာတ်ပိုင်းဆိုင်ရာအတွက်လည်း ပိန်တဲ့သူတွေကပိုပြီးတော့ စိတ်ပျော်ရွှင်နေကြပါတယ်။

၅။ ဘယ်သန်ဖြစ်ခဲ့ရင် ပိုပြီးတော့စမတ်ကျပါသတဲ့။ ဒါကတော့ကျန်းမာရေးနဲ့ စိတ်ပိုင်းဆိုင်ရာစစ်ဆေးမှု ရလာဒ်တစ်ရပ်ပါပဲ။ ဘယ်လက်နဲ့သာအသုံးပြု တတ်ကြတဲ့သူတွေက ညာသန်တွေထက်စာရင် ပိုပြီးတော့တီထွင်အား ကောင်းတယ်။ စဉ်းစားတွေးခေါ်မှုဥာဏ်အားကောင်းတယ်လို့ ထောက်ခံပြော ကြားပါတယ်။

၆။ ခေတ်ပေါ်ဆေးဝါးသုံးစွဲမှုတွေ၊ တားမြစ်ဆေးဝါးသုံးစွဲခြင်းတွေ လုပ်ဖူးတဲ့ သူတွေက ပိုပြီးတော့ စမတ်ကျပါသတဲ့။ မကောင်းတာကို ကိုယ်တိုင်လက် တွေ့စမ်းသပ်ပြီး သုံးစွဲဖူးတဲ့သူက လက်ရှိအချိန်မှာရှောင်ရှားနိုင်ခဲ့တာကြောင့် သူ့ရဲ့ဆင်ခြင်တုံတရားနဲ့ စိတ်ထိန်းနိုင်မှုကြောင့် အခြားသူတွေထက်ပိုပြီး တော့ ချီးကျူးစရာကောင်းလို့ စမတ်ကျနေတာဖြစ်ပါတယ်။

၇။ အိမ်မွေးတိရစ္ဆာန်လေးတွေ မွေးထားတဲ့သူက ပိုပြီးစမတ်ကျပါသတဲ့။ ကြောင် ဒါမှမဟုတ် ခွေးလေးတွေနဲ့ လမ်းလျှောက်ထွက်ခြင်းက တိရစ္ဆာန် လေးတွေကို ချစ်ခင်ကြင်နာတတ်တဲ့ နှလုံးသားပိုင်ရှင်လို့ အများအမြင်မှာ မြင်တွေ့ရတာကြောင့် ပိုပြီးစမတ်ကျနေတာဖြစ်ပါတယ်။

၈။ အရပ်ရှည်တဲ့သူတွေက ပိုပြီးတော့စမတ်ကျပါသတဲ့။ ဒါကတော့ငြင်းခုံစရာ မရှိပါဘူး။ အရပ်ရှည်တဲ့သူတွေက အားလုံးထဲမှာပိုပြီးတော့အပေါ်လွင်ဆုံးဖြစ် နေပါတယ်။ တန်းခနဲကြည့်လိုက်တာနဲ့ ကိုယ့်ကိုအရင်မြင်တွေ့ကြတာ ကြောင့် ကိုယ်ကပိုပြီးလူသိများပါတယ်။

ရွှေဝတ်မှုန်(ရွှေအင်းလေး)
www.khunnaymedia.com

0 comments:

Post a Comment

လူငယ်စာပေ ၊ သုတ ၊ ရသ ၊ နည်းပညာ ၊ ဟာသ ၊ ထူးဆန်းထွေလာ သတင်းမျာကို
စုံလင်အောင် ကြိုးစားတင်ဆက်ပေးသွားပါမယ် ။

Advertisement

Advertisement

Advertisment

Ad

Advertisment

Contact Us

09420112050

တစ်ပတ်အတွင်းဖတ်ရှုမှုအများဆုံးစာမျက်နှာ

Advertisement

Find Us On Facebook