Monday, January 11, 2016
9:43 PM
Unknown
Life Style
No comments
www.khunnaymedia.com
လူသားတို့ရဲ့နေ့စဉ်ဘဝဟာ စားဝတ်နေရေးဖြေရှင်းဖို့နဲ့ အလုပ်လုပ်ခြင်းဆိုတဲ့အရာတစ်ခုထဲနဲ့ဖြတ်သန်းသွားဖို့ဆိုတာ မဖြစ်နိုင်ပါဘူး။ ဒါကြောင့် ခေါက်ရိုးကျ(ရိုးအီ)နေတဲ့ နေ့စဉ်ဖြတ်သန်းမှုကို အောက်ပါ စိန်ခေါ်ချက်(၁၀)ချက်နဲ့ ပြောင်းလဲကြည့်ကြရအောင် ။
(၁) မိတ်ဆွေသူငယ်ချင်းအသစ်ဖွဲ့
ကိုယ်ရောက်ရှိတဲ့ နေရာ ပတ်ဝန်းကျင်နယ်ပယ်တိုင်းမှာ သူငယ်ချင်းဖွဲ့ဖို့ ဝန်မလေးပါနဲ့။ လူတိုင်းနဲ့လိုက်လျောညီထွေဆက်ဆံတတ်ခြင်းဟာလည်း ကိုယ့်ကိုယ်ကိုယုံကြည်မှုတိုးစေလို့ပါပဲ ။
(၂) အိပ်ရေးဝဝအိပ်ပါ
အိပ်ယာဝင်ချိန် ညဆယ့်တစ်နာရီထက်နောက်မကျပါစေနဲ့ ။ ညအချိန် ကောင်းမွန်စွာအိပ်စက်အနားယူ ထားခြင်းဟာ တစ်နေ့တာ လုပ်ငန်းဆောင်တာများကို တက်တက်ကြွကြွလုပ်ဆောင်နိုင်ရန် အဓိကအထောက်အပံ့ဖြစ်စေပါတယ် ။
(၃) စာဖတ်ပါ
နေ့စဉ် စာဖတ်ချိန်အနည်းဆုံးမိနစ်သုံးဆယ်ရှိပါစေ ။ စာဖတ်ခြင်းက အတွေးအခေါ်နဲ့ ဘဝကို တိုးတက်ကောင်းမွန်စေတယ် ။
(၄)ကိုယ့်အားနည်းချက်ကိုမှတ်သားထားပါ။
"ဘာကြောင့်အားနည်းချက်ဖြစ်ရသလဲ? ဘယ်လိုပြုပြင်နိုင်မလဲ? " ဆိုတာပြန်လည်ဆန်းစစ်နေထိုင်ပါ။
(၅)နေ့စဉ်ဆယ့်ငါးမိနစ်ခန့် တရားထိုင်ကြည့်ပါ
တရားထိုင်ခြင်းဟာ စိတ်စွမ်းအားနှင့် စိတ်ဓာတ်ပိုင်းဆိုင်ရာ တည်ငြိမ်စေပါတယ် ။
(၆) အရေးမကြီးတဲ့အရာတွေကိုအလေးအနက်မထားပါနဲ့
တချို့သော မလိုအပ်တဲ့အကြောင်းအရာတွေကို စိတ်ရှုပ်ခံ စဉ်းစားပြီးခေါင်းထဲထည့်ထားမယ်ဆိုရင် လိုအပ်တာစဉ်းစားဖို့ နေရာမဆံ့ဖြစ်နေပါလိမ့်မယ်။ အပေါ်ယံတွေးသင့်တာကို အပေါ်ယံသာတွေးပါ။ ကိုယ့်ကို အချိန်ကုန် အပင်ပန်းမခံပါနဲ့။
(၇) သူငယ်ချင်းဟောင်းတွေနဲ့စကားပြောပါ
ပင်ပန်းနေတဲ့အချိန် ဒါမှမဟုတ် အဆင်မပြေတာတစ်ခုခု ရှိတဲ့အချိန်မျိုးမှာ ဘယ်သူကမှ ကိုယ့်ကိုယ်ကိုမိတ်ဆက်ပြီးမှရင်ဖွင့်ချင် ကြမှာ မဟုတ်ဘူးပါဘူး။ ကိုယ့်အကြောင်းသူသိ သူ့အကြောင်းကိုယ်သိ သူငယ်ချင်းအရင်းတွေဆီမှာ စိတ်ကြိုက်ရင်ဖွင့်ပြီး ဘဝအမောဖြေချင် ကြတာပါ။(သင့်ဆီမှာ အဲ့လို သူငယ်ချင်းရှိပြီလား? ရှိနေပြီဆို သင်ဟာ ကံကောင်းတဲ့ သူလို့မှတ်ပြီးသူ့ကိုတန်ဖိုးထားပေးပါ)
(၈)ကိုယ့်ရဲ့အနာဂတ်အစီအစဉ်ကိုရေးဆွဲကြည့်ပါ
ခုလက်ရှိအခြေအနေကနေ နောင်လာမဲ့သုံးနှစ် ဒါမှမဟုတ် ဆယ်နှစ်မှာဘယ်လိုဖြစ်လာနိုင်မလဲ? ဘယ်လိုဖြစ်ချင်လဲ? ဘယ်လိုကြိုးစားရင် ဘယ်လိုဖြစ်နိုင်လဲဆိုတဲ့ အနာဂတ်အစီအစဉ်ကို ရေးဆွဲကြည့်လိုက်ရင် ကိုယ့်ကိုယ်ကိုအမြဲကြိုးစားနေဖို့သတိပေးပြီးသား ဖြစ်ပြီး အောင်မြင်တဲ့ဘဝရရှိဖို့ တွန်းအားတစ်ခုဖြစ်စေမှာပါ။
(၉) တောင်းပန်ဖို့ဝန်မလေးပါနဲ့
တောင်းပန်ဖို့ဝန်မလေးနဲ့ဆိုတော့ ကြိုက်သလောက်အမှားလုပ် တောင်းပန်လို့ရတာပဲလို့ ဆိုလိုတာတော့ မဟုတ်ဘူးနော်။ လူတိုင်းမှားတတ်ကြပါတယ် ။ မှားတာဟာရှက်စရာမဟုတ်ပါဘူး။ အမှားကိုဝန်မခံတတ်တာ၊ကိုယ်အမှားကြောင့်တစ်ပါးသူကို ထိခိုက်မိစေတာတောင်ကိုယ်မဟုတ်သလိုနေပြီး မတောင်းပန်တတ်တာကမှသာရှက်စရာပါ။
၁၀) ကိုယ့်အကြောင်းကို ကိုယ်ကိုတိုင်သိအောင်လုပ်ပါ
ကိုယ့်အကြောင်းကိုယ်သာလျှင်အသိဆုံးပါ။ကိုယ်ဟာ ဘယ်လိုလူစားမျိုး ဘယ်လိုအကျင့်တွေရှိတယ်ဆိုတာကိုယ့်ကိုယ်ကိုသုံးသပ်ပြီးသိအောင်လုပ်ထားရင် အများနဲ့ဆက်ဆံတဲ့အခါအဆင်ပြေစေ မှာပါ။
ခမ်းမူး(ရွှေအင်းလေး)
www.khunnaymedia.com
ref:lifehack
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment
လူငယ်စာပေ ၊ သုတ ၊ ရသ ၊ နည်းပညာ ၊ ဟာသ ၊ ထူးဆန်းထွေလာ သတင်းမျာကို
စုံလင်အောင် ကြိုးစားတင်ဆက်ပေးသွားပါမယ် ။