Tuesday, January 12, 2016


Shwe Innlay's photo.


ကျနော်တို့ပရဟိတနဲ့ပတ်သက်ပြီး ဆရာကြီးဦးသုခအကြံပေးမှုနဲ့
ဦးကျော်သူရဲ့နာရေးကူညီမှုအသင်းပေါ်ပေါက်လာပြီးနောက်
ပိုပြီးအသက်ဝင်လာတယ် ။ ခုနောက်ပိုင်းမှာတော့
အသင်းပေါင်းစုံ နဲ့ ပရဟိတကိုစိတ်ဝင်စားလာကြတာ
ရေးဘေးအထိကို ကျနော်တို့ စုံစုံလင်လင်မြင်ခဲ့ပြီးကြ
ပြီ ။ ဒီမှာ ပရဟိတ ဆိုတာနဲ့ပတ်သက်ပြီး ပြောစရာ
တော်တော်များများ ပေါ်ပေါက်လာတယ် ။
ပရဟိတကိုတကယ်သွေးထဲသားထဲက ဝါသနာပါလို့
နိဗ္ဗာန်ရောက်ကြောင်း တရားအနေနဲ့ ပါရမီဖြည့်ပြီး
လုပ်တာလား ။ ဒါမှမဟုတ် Poppin အနေနဲ့ထလုပ်တာ
လားဆိုတာ ဝိရောဓိတွေကွဲကုန်ကြတယ် ။ အဲဒီ့လိုဖြစ်
အောင်လဲ တချို့တွေက သိသာနေတာကိုး ။
ဆိုတော့ဝေဖန်တာကိုသိပ်ကြိုက်ကြတဲ့မြန်မာလူမျိုး
များပီပီ ကျနော်တို့ဘောင်တွေလွတ်ကုန်ကြတယ် ။
ဒီကိစ္စနဲ့ပတ်သက်လို့ ကျနော် ဆင်းရဲသားတွေဘက်ကနေ ရေးပြပါရစေ ။
ပရဟိတရဲ့အခြေခံက မရှိဆင်းရဲသားတွေမှာ ဂိတ်ဆုံးပါတယ် ။ သူတို့ကမရှိလို့ ချို့တဲ့လို့ ကျနော်တို့က တသီးပုဂ္ဂလဖြစ်စေ အသင်းအဖွဲ့နဲ့ဖြစ်စေ သွားရောက်လှုဒါန်းကြတယ် ။
ဒါဆို ဘယ်သူ့ကိုအကူအညီပေးချင်တာလဲ ဆိုတာ
သိသာနေပြီပဲ ။ သူတို့အဆင်ပြေဖို့ကအဓိက မဟုတ်လား ။ ပေါ်ပင်ကြောင့်သွားလှုလှု ပါရမီဖြည့်ချင်လို့လှုလှု ကျနော်တို့သူတပါးအဆင်ပြေ ဖို့ပဲခေါင်းထဲထည့်ထားရမယ် ။ ဒါဆို တဘက်က အလှုရှင်တွေဟာလဲ ကိုယ့်ရည်မှန်းချက်ပြည့်ဝဖို့
ဘာအတိုက်အခိုက်တွေမှ ခေါင်းထဲမထည့်ပါနဲ့လို့
အကြံပြုချင်ပါတယ် ။ ဒီနေရာမှာ စောဒက တက်ဖို့
အကြောင်းကပေါ်လာတယ် ငါတို့က မရင့်ကျက်သေး
လို့ အဲလောက်ထိ သည်းမခံနိုင်ဘူး လာစော်ကားရင်
ပြန်ချရမယ် ဆိုပြီး ပြောလာကြမယ် ။ ဟုတ်ကဲ့
ခပ်ပြတ်ပြတ်ပြောပါရစေ အစော်ကားမခံနိုင်ရင် ပရဟိတ မလုပ်ပါနဲ့ ။
ကျနော်အထက်မှာပြောခဲ့သလိုပဲ ကျနော်တို့က သူများအဆင်ပြေဖို့ကူညီမှာလေ ။
ကျနော်တို့ အတ္တတွေ ရှေ့တန်းတင်ဖို့မှ မဟုတ်တာ ။
မရင့်ကျက်လို့ သူများလာစော်ကားတာလိုက်ဖြေရှင်း
နေမယ်ဆိုရင် ဝါသနာပါလို့ ပရဟိတ လုပ်ရာကနေ
ကိုယ့်ကိုပေါ်ပင်ကြောင့်လုပ်တယ်လို့လမ်းပါလွဲသွား
လောက်တဲ့အထိ အထင်အမြင်သေးခံနိုင်ရပါတယ် ။
အဲ့ဒီ့တော့ ဘယ်သူဘာပြောပြော ငြိမ်သာနေလိုက်ပါ ။
အဲဒါက ချို့တဲ့တဲ့လူတွေကို အကောင်းဆုံး ကူညီပေးတာပါပဲ ။
ကျနော်သာ အလှုခံပုဂ္ဂိုလ်နေရာမှာဆိုရင်လဲ
လာလှုတဲ့သူကို ကြည့်နေမှာမဟုတ်ဘူးခင်ဗျ ။
ဝေဠုကျော် လား ဦးကျော်သူလားဆိုတာထက်
သူ့လက်ထဲက ဝေဖာထုပ်က ကိုယ့်ကိုပိုဗိုက်ပြည့်စေ
ပါတယ် ။ သာမာန်အလှုရှင်ဆိုလဲကျေးဇူးတင်မှာပါပဲ ။
အဲ အနုပညာရှင်ဆိုရင်တော့ သြော် သူကမင်းသား
မင်းသမီးပါပဲလားဆိုတာထက် မပိုပါဘူး ။
ဝမ်းရေးက ပိုလက်တွေ့ကျတယ်လေ ။
ဆိုတော့ ကိုယ်အလကားရမယ့်ပစ္စည်းကို လာလှုတဲ့သူကို ပေါ်ပင်လှုတာလား စိတ်ရင်းနဲ့လှုတာလား ဆိုတာ စိတ်နဲ့တောင်မပြစ်မှား
ရဲဘူးခင်ဗျ ။ အဲလိုလှုတဲ့သူတွေကို ပြောနေဆိုနေတဲ့
သူကိုသာ စားပေါက်ပိတ်အောင်လုပ်တဲ့သူအဖြစ်
ဒေါသထွက်မိမှာပါ ။ ဟုတ်တယ်လေ လှုတဲ့သူက
စိတ်ပေါက်ပြီး ငါ့ကိုပေါ်ပင်လို့ပြောတယ်ဟလား
မလှုတော့ဘူးကွာဆို သွားပြီငတ်ပြီ !
ကြားဖူးလားတော့မသိဘူး နာဂစ်တုန်းက ဦးကျော်ဟိန်း လှိုင်သာယာဘက်ကလူတွေကို ဆန်အိတ်သွားလှုတုန်းက ရပ်ကွက်အုပ်ချုပ်ရေးမှူးက ကိုယ်တိုင်မလှုရဘူး သူတို့စီစဉ်ပေးမယ် ဆိုလို့ မလှုတော့ဘူးကွာ ဆိုပြီး
ဆန်အိတ်တွေပါအကုန်မသွားတာလေ ။ နောက်ဆုံး
သတ္တုချတော့ မရှိဆင်းရဲသားတွေ ငတ်တာပဲ ။
ဒီနေရာမှာ သူဌေးဖြစ်တဲ့ဦးကျော်ဟိန်းလဲမဆုံးရှုံးဘူး ။
သူ့အနေနဲ့ တခြားနေရာမှာအလှုလုပ်ရင် ကုသိုလ်ရနိုင်သေးတယ် ။ အုပ်ချုပ်ရေးမှူးလဲ မဆုံးရှုံးဘူး သူက ဆန်ဆယ်အိတ်မှာ တအိတ်ဘုန်းမယ် ဆိုတဲ့လူဆိုတော့ 
မရတော့လဲအရင်း ရတော့အမြတ်ပေါ့ ဆိုတဲ့လူစား ။
 ကြားထဲက နစ်နာတာက ကျနော်တို့လို ဆင်းရဲသား
နင်းပြားခင်ဗျ ။ မုန်တိုင်းတိုက်လို့ စားစရာမရှိရတဲ့ကြား
ထဲ အလှုရှင်သဒ္ဓါ ပျက်အောင် လုပ်လို့ တော်တော့်ကို
နစ်နာလှပါတယ် ။
ဆိုတော့ကာ ပေါ်ပင်ကြောင့်လှုလှုဝါသနာပါလို့
ပရဟိတပဲလုပ်လုပ် ဝေဖန်တဲ့သူတွေက ကျနော်တို့
ဆင်းရဲသားနင်းပြားတွေခွက်ပျောက်အောင်တော့
မဝေဖန်ကြပါနဲ့လို့တောင်းဆိုပါရစေ ။
ခင်ဗျားတို့စားနိုင်သောက်နိုင်ကြမှန်းသိပါတယ် ။
ကျနော်တို့ငတ်နေတာဘယ်သူမှမသိပါဘူး ။
ခင်ဗျားတို့စကားတခွန်းကြောင့် အလှုရှင်ပုဂ္ဂိုလ်တွေ
သဒ္ဓါပျက်အောင် မဖန်တီးကြပါနဲ့လို့ ပြောရင်း
နိဂုံးချုပ်ပါရစေ ။

ပြင်ပစာမူရှင် " ရန်ကုန်ချမ်း " ပေးပို့ထားသောစာမူဖြစ်သည် ။
အခြားပေးပို့လာသော စာမူများထဲမှ ကောင်းနိုးရာရာများကိုလည်း
ဖော်ပြပေးသွားပါမည် ။

ရန်ကုန်ချမ်း (ရွှေအင်းလေး)
www.khunnaymedia.com

0 comments:

Post a Comment

လူငယ်စာပေ ၊ သုတ ၊ ရသ ၊ နည်းပညာ ၊ ဟာသ ၊ ထူးဆန်းထွေလာ သတင်းမျာကို
စုံလင်အောင် ကြိုးစားတင်ဆက်ပေးသွားပါမယ် ။

Advertisement

Advertisement

Advertisment

Ad

Advertisment

Contact Us

09420112050

တစ်ပတ်အတွင်းဖတ်ရှုမှုအများဆုံးစာမျက်နှာ

Advertisement

Find Us On Facebook