
သားအဖနှစ်ဦးသားက ခရီးတစ်ခုကိုသွားရောက်ဖို့ ရထားတစ်စီးပေါ် စီးနင်းလိုက်ပါလာကြပါတယ်။ အဲ့ဒီအချိန်မှာ အသက် ၂၄ နှစ်အရွယ် ရှိတဲ့ သားဖြစ်သူက ရထားပြတင်းပေါက်နေ ခေါင်းပြူထွက်ပြီး အပြင် ဘက်ကို ကြည့်ရှုကာ သူ့အဖေဖြစ်သူကို
“ အဖေ.. ကြည့်စမ်းပါဦး။ သစ်ပင်တွေက ကျွန်တော်တို့ ရထား နောက်ကို ကျန်ခဲ့တယ်” လို့ အော်ပြောပါတယ်။ အဖေဖြစ်သူက ခပ်ပြုံးပြုံးနဲ့ သားဖြစ်သူကိုပြန်ပြုံးပြပြီး ခေါင်းညိမ့်ပြ လိုက်တယ်။
နောက်တစ်ခေါက် သားဖြစ်သူက အဖေဖြစ်သူကိုထပ်ပြီး
“ အဖေ… ဟိုးကိုကြည့်လိုက်။ တိမ်တွေက ကျွန်တော်တို့နောက်ကို လိုက်နေတယ်ဗျ” လို့ ပြောပြန်တော့ သူ့အဖေကလည်း သားကို ပြန်ပြီး ခေါင်းညိမ့်ပြပြန်တယ်။
ဒီလိုသားအဖနှစ်ဦး အပြန်အလှန် စကားပြောနေကြတာကို မျက်နှာ ချင်းဆိုင် ခုံမှာထိုင်နေတဲ့ လူငယ်လင်မယားစုံတွဲက သူ့သားဖြစ်သူ ရဲ့ကလေးဆန်တဲ့စကားတွေ၊ ပျော်နေတဲ့အမူအရာတွေက မူမမှန် ဘူးလို့ ဆိုပြီး ဖခင်ဖြစ်သူကို
“ ခင်ဗျားသားကို ဘာလို့ဆေးခန်းမပြရသလဲ” လို့မေးတော့ ဖခင်က ပြုံးပြီး ဒီလိုပဲ ပြန်ဖြေလိုက်ပါတယ်။
“ ကျွန်တော့သားလေးက ငယ်ငယ်ကတည်းက မျက်လုံးအမြင်ချို့ ယွင်းနေခဲ့တာ။ အဲ့ဒါအခုမှ သူ့အမြင်အာရုံတွေ ပြန်ရသွားလို့ မြင် နိုင်တာ” လို့…
လူတိုင်းလူတိုင်းမှာ ကိုယ့်အကြောင်းနဲ့ကိုယ်စီ ရှိကြပါတယ်။ အပေါ် ယံအမြင်ကိုပဲကြည့်ပြီး လူတစ်ယောက်ကို ဝေဖန်ဖို့၊ ကောက်ချက်ချ ယူဆဖို့၊ အချိန်တိုတိုလေးနဲ့ မဆုံးဖြတ်လိုက်ပါနဲ့အုန်း..။ သူ့ဆီမှာ သင်မထင်မှတ်ထားလောက်တဲ့ အံ့အားသင့်စရာ အကြောင်းတရား တွေ အများကြီးရှိနေမှာမို့လို့ပါ။
ရွှေဝတ်မှုန်(ရွှေအင်းလေး)
www.khunnaymedia.com
0 comments:
Post a Comment
လူငယ်စာပေ ၊ သုတ ၊ ရသ ၊ နည်းပညာ ၊ ဟာသ ၊ ထူးဆန်းထွေလာ သတင်းမျာကို
စုံလင်အောင် ကြိုးစားတင်ဆက်ပေးသွားပါမယ် ။