
ရာသီဥတုသာယာတဲ့နေ့တစ်ရက်မှာ အလွန်ချမ်းသာကြွယ်ဝတဲ့ သူ ဌေးကြီးတစ်ဦးက သူ့ရဲ့သားဖြစ်သူကို ဆင်းရဲသားတွေဘယ်လိုနေ ထိုင်ကြသလဲဆိုတာလေ့လာဖို့ ရွာငယ်လေးတစ်ရွာကို နှစ်ရက်ကြာ အလည်အပတ်ခရီးစဉ် ခေါ်ဆောင်သွားခဲ့ပါတယ်။
အဲ့ဒီရွာငယ်လေးမှာ နေထိုင်ခဲ့စဉ်တလျှောက်မှာ ဖခင်ဖြစ်သူက သားငယ်ကို ရွာရဲ့နေရာအနှံ့ကိုခေါ်ဆောင်သွားပြီး ဆင်းရဲသားမိ သားစုတွေ ဘယ်လိုမျိုးရှင်သန်နေထိုင်စားသောက်ကြတဲ့ပုံစံကို လိုက်လံပြသပြီး ရှင်းပြခဲ့ပါတယ်။
သူတို့သားအဖနှစ်ဦးရဲ့ ဒီလေ့လာရေးခရီးစဉ်ပြီးဆုံးပြီးနောက် အိမ် ပြန်ရောက်တဲ့အခါ သားဖြစ်သူကို ခရီးနဲ့ပတ်သက်ပြီး ဘာတွေမြင် တွေ့ခဲ့ရသလဲ။ဘာတွေလေ့လာခဲ့ရသလဲဆိုတာကို မေးမြန်တဲ့အခါ
“သား ခရီးစဉ်ကဘယ်လိုနေလဲ”
“သိပ်ကောင်းတယ် အဖေ”
“ဆင်းရဲသားတွေ ဘယ်လိုနေထိုင်ကြသလဲဆိုတာ တွေ့ခဲ့ရဲ့လား”
“ ဟုတ်ကဲ့ အဖေ”
“ကဲ ဒါဆို သားဘာတွေ တွေ့ခဲ့သလဲဆိုတာ အဖေ့ကိုပြောပြပါဦး”
ဒီလိုမေးတော့ သားဖြစ်သူက သူမြင်တွေ့ခဲ့ရတဲ့ ဆင်းရဲသားရွာလေး တစ်ရွာက အကြောင်းကို သူ့အဖေကို ပြန်ပြောပြခဲ့တယ်။
“ သားတို့မှာ ချစ်စရာကောင်းတဲ့ အိမ်မွေးခွေးတစ်ကောင်ရှိတယ်။ သူတို့မှာက ခြံစောင့်ခွေးလေးကောင်ရှိတယ်”
“ သားတို့ရဲ့ အိမ်ရှေ့ခြံဝင်းထဲမှာ ရေကူးကန်ရှိတယ်။ သူတို့မှာက အဆုံးမရှိတဲ့ မြစ်ပြင်ကျယ်ကြီးရှိတယ်”
“ သားတို့မှာ ညဘက်မီးရောင်စုံထွန်းပေးထားတဲ့ဥယျာဉ်လှလှကလေးရှိ တယ်။ သူတို့ဆီမှာအဆုံးမရှိတဲ့ မိုးကောင်းကင်ပြာကျယ်ကြီးထဲတလက် လက်တောက်ပနေတဲ့ ကြယ်ပွင့်လေးတွေ အများကြီးရှိတယ်”
“ သားတို့မှာ အိမ်ခန်းကျယ်တွေ၊ အခန်းငယ်တွေနဲ့ အခန်းပေါင်းများ စွာရှိတဲ့ အိမ်ကျယ်ကြီးရှိပြီးတော့ သူတို့မှာက မျက်စိတစ်ဆုံးတစ် မျှော်တစ်ခေါ်လှမ်းကြည့်လို့မြင်နိုင်တဲ့ မြက်ခင်းပြင်ကျယ်ကြီးရှိ တယ်”
“ သားတို့မှာ သားတို့ကိုဝေယာဝစ္စ ချက်ပြုတ်ကျွေးမွေးလုပ်ကိုင်ပေး တဲ့ အိမ်အစေတွေအများကြီးရှိတယ်။ သူတို့မှာကျတော့ သူတို့က လေးတွေနဲ့ မိတ်ဆွေသူငယ်ချင်းတွေကို သူတို့ကိုယ်တိုင်ပဲ ပြုစု ကျွေးမွေးပါတယ်”
“ သားတို့ကအသီးအနှံနဲ့ အစားအသောက်တွေအတွက်ဝယ်ပြီး စား သောက်ရတယ်။ သူတို့က သူတို့ကိုယ်တိုင်စိုက်ပျိုးမွေးမြူပြီး စား သောက်ကြတယ်”
“ သားတို့က သားတို့ရဲ့စည်းစိမ်ဥစ္စာတွေနဲ့ သားတို့ရဲ့ပျော်ရွှင်မှုတွေ ကိုဖန်တီးတယ်။ သူတို့ကျတော့ သူတို့ရဲ့အိမ်နီးချင်း၊ မိတ်ဆွေသူ ငယ်ချင်းတွေနဲ့ ပျော်နေကြတယ်”လို့
သားဖြစ်သူက ပြောပြတယ်။
“ကျေးဇူးတင်ပါတယ် အဖေ။ သားတို့တွေ သူတို့ထက် ဘယ် လောက် ဆင်းရဲနေသလဲဆိုတာ သိရလို့”သားဖြစ်သူက ထပ်ပြောခဲ့ပါတယ်။
ဟုတ်ပါတယ်။ ကျွန်မတို့လူ့ဘဝကြီးမှာ ငွေကြေးနဲ့ဖန်တီးထားတဲ့အ ရာမှန်သမျှ ဘယ်အရာမှကြာရှည်မတည်မြဲနိုင်ပါဘူး။ တကယ့်ပျော်ရွှင်ခြင်း အစစ်အမှန်ကို မရရှိနိုင်ပါဘူး။ ငွေကြေးဥစ္စာရှိနေတဲ့ အချိန်မှသာပျော် ရွှင်မှုပိုင်ဆိုင်နေရပြီး မရှိတော့တဲ့နောက်ပိုင်းမှာ မပျော်ရွှင် နိုင်တော့ပါဘူး။ ဒါ့ကြောင့်မို့လို့ ငွေကြေးမပါပဲ တကယ့်ပျော်ရွှင်မှု အစစ်၊ ဖြူစင်တဲ့မေတ္တာတရား၊ ချစ်ခြင်း၊ အကြင်နာ ဂရုဏာတရား တွေကသာ အကောင်းဆုံးပျော်ရွှင်မှု အစစ်ကိုပေးစွမ်းနိုင်ပါလိမ့်မယ်……….
ရွှေဝတ်မှုန်(ရွှေအင်းလေး)
www.khunnaymedia.com
0 comments:
Post a Comment
လူငယ်စာပေ ၊ သုတ ၊ ရသ ၊ နည်းပညာ ၊ ဟာသ ၊ ထူးဆန်းထွေလာ သတင်းမျာကို
စုံလင်အောင် ကြိုးစားတင်ဆက်ပေးသွားပါမယ် ။