Wednesday, January 20, 2016


Shwe Innlay's photo.


လူတစ်ယောက်ကို ပထမဆုံးအကြိမ်အဖြစ် တွေ့ဆုံဆက်ဆံရတဲ့အခါမှာ သူဟာဘယ်လိုလူလဲဆိုတာအကဲခတ်လေ့ရှိပါတယ်။ သူ့ရဲ့အကျင့်စရိုက်၊ စိတ်နေစိတ်ထား ၊ အရည်အချင်းဘယ်လိုရှိတယ် ဆိုတာ အကဲခတ်ကြည့်တာမျိုးပါ။ တစ်ယောက်နဲ့တစ်ယောက် လိုချင်တဲ့ အချက်ပေါ်မှာမူတည်ပြီး အကဲခတ်ပုံခြင်း ကွာခြားနိုင်ပါတယ်။ အင်တာဗျူး တစ်ခုမှာအလုပ်ရှင်ကအလုပ်သမားကိုအကဲခတ်တာ၊
အလုပ်သမားကအလုပ်ရှင်ကိုအကဲခတ်တာ၊
ကိုယ်နှစ်သက်သဘောကျတဲ့ကောင်လေး/ကောင်မလေးကိုအကဲခတ်တာ စသဖြင့်အခြေအနေအမျိုးမျိုးရှိနိုင်ပါတယ်။

(၁)လက်ရေးကိုကြည့်ပြီးအကဲခတ်ခြင်း
National Pen Companyရဲ့ လေ့လာချက်တစ်ခုမှာ လူတစ်ယောက်ကို သူ့ရဲ့စာရေးသားနည်း၊ စာလုံးအရွယ်အစားကိုကြည့်ပြီး အကဲခတ်နိုင်ကြောင်းဆိုထားပါတယ်။ ၄င်းလေ့လာချက်အရ လက်ရေးသေးသေးရေးတတ်သူများဟာလက်ရေးကြီးကြီး ရေးတတ်သူတွေထက် စေ့စပ်သေချာသူ၊အရှက်ကြီးသူတွေဖြစ်ကြပါတယ်။ ထို့နောက်ဘောပင်ကို တင်းတင်းကြပ်ကြပ်ဆုပ်ကိုင်ပြီးရေးတတ်သူတွေဟာ ဘောပင်ကိုသာသာဖွဖွဆုပ်ကိုင်ပြီးရေးတတ်သူတွေထက်ခံစားလွယ်တတ်သူ၊
မျှဝေခံစားစာနာတတ်သူတွေဖြစ်ကြောင်းဆိုထားပါတယ်။

(၂)အရောင်ကြိုက်နှစ်သက်မှုအပေါ်မူတည်ပြီးအကဲခတ်ခြင်း။
Psychology todayမှာဖော်ပြထားတဲ့ဆောင်းပါးတစ်ပုဒ်အရ လူတစ်ယောက်ကို သူကြိုက်နှစ်သက်တဲ့ အရောင်အပေါ်မူတည်ပြီး အကဲခတ်လို့ရကြောင်းဆိုထားပါတယ်။အနက်ရောင်ကိုကြိုက်နှစ်သက်သူဟာ
ခံစားလွယ်သူ၊လျှို့ဝှက်တတ်သူ၊အလေးအနက်ထားတတ်သူတွေဖြစ်ကြပြီး အနီရောင်ကိုကြိုက်နှစ်သက်သူတွေကတော့ ခံယူချက်မြဲမြံပြီး ဇွဲကြီးသောသူ၊ ကြိုးစားအားထုတ်တတ်သူတွေဖြစ်ကြပါတယ်။
အစိမ်းရောင်ကိုကြိုက်နှစ်သက်သူတွေဟာကျေးဇူးသိတတ်သောသူ၊
သစ္စာရှိသောသူ၊ချစ်ခင်ကြင်နာစိတ်ရှိသောသူတွေဖြစ်ကြပါတယ်။
အဖြူရောင်ကိုကြိုက်နှစ်သက်သူများကတော့အသင်းအဖွဲ့စိတ်ဓာတ်ရှိသူ၊
လက်တွေ့ဆန်သူတွေဖြစ်ကြပြီး၊အပြာရောင်ကိုကြိုက်နှစ်သက်သူတွေကတော့
စည်းစနစ်ကျသူ၊ခံစားလွယ်သူ၊အများကိုနားလည်ပေးနိုင်သူတွေဖြစ်ကြတယ်လို့ဆိုထားပါတယ်။

(၃)အမူအကျင့်ကိုကြည့်ပြီးအကဲခတ်ခြင်း။
လှုံ့ဆော်မှုအပေါ်ကိုယ်ခန္ဓာရဲ့တုံ့ပြန်မှုနဲ့လည်းလူတစ်ယောက်ကို
အကဲခတ်လို့ရခြင်းဖြစ်ပါတယ်။
လူတစ်ယောက်ကိုဆံပင်ဆွဲကြည့်ခြင်း။
အသားဆွဲစိတ်ကြည့်ခြင်းနဲ့ထိုလူဟာငြီးငွေ့နေလား၊
တက်ကြွနေလား၊သည်းခံမှုအတိုင်းအတာဘယ်လောက်ရှိသလဲ
စတာတွေကိုအကဲခတ်ခြင်းဖြစ်ပါတယ်။ထို့နောက်လက်သည်းကိုက်တဲ့အမူအကျင့်ဟာ
စိတ်တင်းကြပ်ခြင်း၊စိုးရိမ်ကြောက်ရွံ့ခြင်း၊စိတ်မတည်ငြိမ်ခြင်းတို့လက္ခဏာရပ်တွေဖြစ်ပြီး
အကောင်းဆုံးကိုမရအရယူရန်စိတ်အားထက်သန်သူတွေလို့အကဲဖြတ်လို့ရပါတယ်။

(၄)ဖိနပ်ကိုကြည့်ပြီးအကဲခတ်ခြင်း။
စိတ်ပညာရှင်တွေရဲ့လေ့လာပြောဆိုချက်အရ လူတစ်ယောက်ရဲ့
ဖိနပ်ကိုကြည့်ခြင်းဖြင့် ထိုလူအကြောင်း 90%လောက်အထိ
အကဲခတ်လို့ ရနိုင်ကြောင်းဆိုထားပါတယ်။ ဖိနပ်ရဲ့ဈေးနှုန်း၊
အရောင်၊စတိုင် ပုံစံအနေအထားတို့ဖြင့် ထိုလူရဲ့ဝင်ငွေ၊ရာထူး၊အသက်နဲ့ကျား/မလား အကဲခတ်လို့ရခြင်းကြောင့် ဖြစ်ပါတယ်။

(၅)မျက်လုံးကိုကြည့်ပြီးအကဲခတ်ခြင်း။
မျက်လုံးဟာလူတစ်ယောက်ရဲ့စိတ်ဝိဥာဉ်လို့ဆိုလို့ရပါတယ်။ မျက်လုံးချင်းစကားပြောတယ်တို့၊ မျက်လုံးကမလိမ်တတ်ဘူးဆိုတာတွေ အများကြီးကြားဖူးကြမှာပါ။လေ့လာချက်တွေအရ
အပြာရောင်မျက်လုံးပိုင်ဆိုင်ထားသူတွေဟာ
အနက်ရောင်မျက်လုံးပိုင်ဆိုင်ထားသူတွေထက်ပျော်ပျော်နေတတ်သူ၊
အရက်သောက်ခြင်းကိုကြိုက်နှစ်သက်သူတွေဖြစ်တယ်လို့ဆိုထားပါတယ်။
ထို့နောက်မိမိကိုယ်ကိုယ်ယုံကြည်ချက်နည်းသူ၊
စိတ်ဓာတ်ပျော့ညံ့သူတွေဟာအခြားသူတွေနဲ့မျက်လုံးချင်းဆိုင်ကြည့်ရမှာ
ဝန်လေးတတ်ကြတယ်လို့ဖော်ပြထားပါတယ်။

(၆)အချိန်လေးစားတတ်မှုအပေါ်မူတည်ပြီးအကဲခတ်ခြင်း။ အချိန်ကိုလေးစားတတ်ခြင်းနဲ့မလေးစားတတ်ခြင်းတို့ဟာလူတစ်ယောက်ကို
ကောင်းကောင်းအကဲဖြတ်နိုင်တဲ့အချက်တွေထဲကတစ်ခုပါပဲ။
အရေးကြီးတဲ့အစည်းအဝေးဒါမှမဟုတ်ချိန်းဆိုမှုတွေမှာနောက်ကျစွာ
ရောက်လာသူကိုအများကနှာခေါင်းရှုံ့ကြမှာဖြစ်တဲ့အတွက်ထိုလူအပေါ်
မကောင်းတဲ့အမြင်ဘက်ကနေအကဲဖြတ်ကြမှာဖြစ်ပြီးစောလျင်စွာ
ရောက်သူတွေကိုတော့တစ်ပါးသူရဲ့အချိန်ကိုလေးစားတတ်သူအဖြစ်
အကောင်းဘက်အမြင်နဲ့အကဲဖြတ်ကြမှာပါ။

(၇)လက်ဆွဲနှုတ်ဆက်ပုံကိုကြည့်ပြီးအကဲခတ်ခြင်း။ လေ့လာမှုတွေအရစိတ်ပါလက်ပါနဲ့ရဲရဲဝံ့ဝံ့လက်ဆွဲနှုတ်ဆက်တတ်သူတွေဟာ
မိမိကိုယ်ကိုယ်ယုံကြည်မှုရှိသူတွေဖြစ်ပါတယ်။သူတို့ဟာမိမိစိတ်ခံစားချက်ကို
ဖော်ပြတတ်သူတွေဖြစ်ပြီးတည်ကြည်သူတွေဖြစ်ကြောင်းဆိုထားပါတယ်။
လူမှုရေးအရသာနှုတ်ဆက်တတ်သူတွေကတော့ယုံကြည်ချက်နည်းသူတွေဖြစ်ပြီး
စိန်ခေါ်မှုတွေကိုမနှစ်သက်သူတွေဖြစ်တယ်လို့ဆိုထားပါတယ်။

Lifehack မှဖော်ပြချက်ကို ရွှေအင်းလေးမှ ဆီလျော်အောင် ပြန်ဆိုပေးထားသည် ။

ခမ်းမူး(ရွှေအင်းလေး)
www.khunnaymedia.com

0 comments:

Post a Comment

လူငယ်စာပေ ၊ သုတ ၊ ရသ ၊ နည်းပညာ ၊ ဟာသ ၊ ထူးဆန်းထွေလာ သတင်းမျာကို
စုံလင်အောင် ကြိုးစားတင်ဆက်ပေးသွားပါမယ် ။

Advertisement

Advertisement

Advertisment

Ad

Advertisment

Contact Us

09420112050

တစ်ပတ်အတွင်းဖတ်ရှုမှုအများဆုံးစာမျက်နှာ

Advertisement

Find Us On Facebook