Thursday, January 14, 2016


Shwe Innlay's photo.


(၁)သူတို့လေးတွေအတွက်အချိန်ပေးပါ။
အချိန်တွေဟာရပ်တန့်မနေပါဘူး ။အချိန်တွေရွေ့လျားလာတာနဲ့အမျှ အသက်တွေ တဖြည်းဖြည်းကြီးလာကြရတာပါ ။ သင့်ရဲ့ကလေးငယ်ဟာ တစ်နေ့ထက်တစ်နေ့ကြီးထွားလာမယ်။ အရွယ်ရလာမယ်။ အရွယ်ရလာတာနဲအမျှသူတို့နဲ့ မျှတတဲ့တာဝန်တွေရှိလာမယ် ။ ဒါကြောင့် အပူအပင်ကင်းပြီးလွတ်လပ်နေသေးတဲ့သူတို့လေးတွေရဲ့အချိန်ကို အကျိုးရှိရှိဖြစ်စေဖို့၊နောင်တစ်ချိန်မှာပျော်ရွှင်စရာအမှတ်တရလေးတွေအဖြစ်
ကျန်ရှိနေစေဖို့ဟာမိဘတွေရဲ့တာဝန်ဖြစ်ပါတယ်။
ပျော်ပွဲစားထွက်ခြင်း၊ခရီးသွားခြင်း၊ကစားကွင်းမှာသူတို့နဲ့အချိန်ဖြူုန်းပေးခြင်း
စသဖြင့်အမှတ်တရလေးတွေဖန်တီးပေးနိုင်ပါတယ် ။
အဲဒီအတွက်သင့်ရဲ့အချိန်တွေ ဖဲ့ပေးရတာမနှမြောပါနဲ့ ။ ရလဒ်ကချိုမြိန်စေမှာပါ။

(၂)သူတို့ရဲ့အပေါင်းအသင်းတွေကိုသိအောင်လုပ်ပါ။
သူတို့ရဲ့အပေါင်းအသင်းတွေကိုအိမ်အလည်ခေါ်လာဖို့တိုက်တွန်းပါ။
သူတို့အပေါင်းအသင်းမှတစ်ဆင့်သင့်ရဲ့ကလေးကိုလေ့လာနိုင်ပါတယ် ။ ထို့နောက်သင်နဲ့ သူ့ရဲ့ကြားမှာမိဘနှင့်သားသမီးဆက်ဆံရေးအပြင် သူငယ်ချင်းလို ပွင့်လင်းစွာတိုင်ပင် ပြောဆိုဆက်ဆံနိုင်ကြောင်းကိုလည်း သူသိအောင်လုပ်ပါ။

(၃)ထမင်းလက်ဆုံစားပါ။
မိသားစုထမင်းဝိုင်းဆိုတာတစ်ဦးမေတ္တာတစ်ဦးမြင်လွယ်စေတဲ့နေရာလေး ဖြစ်ပါတယ်။ မိသားစုသိုက်သိုက်ဝန်းဝန်းထမင်းလက်ဆုံ စားခြင်းဟာ သင့်ကလေးရဲ့စိတ်ကို နွေးထွေးစေပြီး၊ လုံခြုံစိတ်ချစိတ်မှုကို သူတို့ခံစားမိစေမှာပါ။

(၄) အမှတ်ရစေမယ့်အရာတွေကို သေချာမှတ်သားထားပါ ။
နှစ်တစ်နှစ်ကုန်ဆုံးတိုင်းမှာတစ်နှစ်တာအတွင်းဖြစ်ခဲ့တဲ့
အမှတ်တရတွေကိုသူနဲ့အတူထိုင်လို့စာအုပ်မှာချရေးတာမျိုးဖြစ်ဖြစ် လုပ်နိုင်ပါတယ် ။
သူ့အသက်(၁၈)နှစ်ရှိလို့ အရွယ်ရောက်လာတဲ့အခါ စာအုပ်ကိုပြန်ကြည့်တဲ့အခါ အမှတ်တရတွေကို ပြန်ပြောပြပြီးကြည်နူးနိုင်ပါတယ်။

(၅)ချီးမွမ်းပေးပါ။ဂုဏ်ယူပေးပါ။
ကျောင်းပြိုင်ပွဲတွေမှာအနိုင်ရလာလို့ပဲဖြစ်ဖြစ်၊ပညာရေးဘက်မှာ
ပိုမိုထူးချွန်လာလို့ပဲဖြစ်ဖြစ်သူ့ကိုချီးမွမ်းဖို့မမေ့ပါနဲ့ ။ သင့်အတွက် အသေးအဖွဲကိစ္စပါလို့ သတ်မှတ်ရင်တောင်သူ့အတွက်ခမ်းနားနေတတ်ပါတယ်။ ဒါကြောင့်သူ့ရဲ့ ဆုပေးပွဲတွေ၊ဂုဏ်ပြုပွဲတွေကိုအသေးအဖွဲလို့မသတ်မှတ်ဘဲ
တက်ရောက်ဖြစ်အောင်တက်ရောက်အားပေးပါ။

(၆)သူတို့နဲ့အတူရှိနေချိန်မှာအလုပ်တွေခဏမေ့ထားပါ။
သူတို့နဲ့အတူရှိနေပေးတဲ့အချိန်တွေမှာဖုန်းပြောခြင်း၊
အလုပ်ကိစ္စတွေလုပ်ကိုင်နေခြင်းတို့ဟာသူတို့ကိုသင့်ရဲ့အလုပ်တွေလောက်ဂရုမစိုက်၊ အလေးမထားဘူးလို့ထင်သွားနိုင်ပါတယ်။

(၇)သူတို့စိတ်ဝင်စားတဲ့အရာတွေအတွက်အကူအညီပေးပါ။
သင့်ကလေးကဘာကိုစိတ်ဝင်စားသလဲ။ပုံပြင်တွေပန်းချီတွေကြိုက်သလား၊
သီချင်းတွေချစ်တတ်သလား၊ကစားရတာနှစ်သက်သလားစသဖြင့်
သူစိတ်ဝင်စားတဲ့အရာတွေကိုကူညီဖြည့်ဆည်းပေးပါ။

(၈)သူပြောချင်တာတွေအားလုံးကိုနားထောင်ပေးပါ။
ဝေဖန်တာ၊အကြံပေးတာတွေအရင်မလုပ်ဘဲသူပြောချင်တာတွေအားလုံးကို
လွတ်လွတ်လပ်လပ်ပေးပြောလိုက်ခြင်းဖြင့်တစ်နေ့တာသူဘာတွေလုပ်နေသလဲ၊
ဘာတွေဖြစ်ခဲ့သလဲဆိုတာသင်အကဲခတ်လို့ရမှာပါ။သူ့ကိုအရင်ပေးပြောပြီးမှ ဝေဖန်တာ၊အကြံပေးတာပြုလုပ်ပါ။

(၉)သူ့ရဲ့လျို့ဝှက်ပေးပါဆိုတဲ့အရာတွေကိုလျို့ဝှက်ပေးလိုက်ပါ။
သူ့ရဲ့လျို့ဝှက်ချက်ကိုသင့်ကိုပြောပြတဲ့အခါပေါ့ပေါ့တန်တန်သဘောထားပြီး
လျှောက်မပြောပါနဲ့။သူပြန်ကြားသွားခဲ့ရင်ဝမ်းနည်းသွားနိုင်ပါတယ်။
သင့်ကိုယုံကြည်မှုလည်းလျော့နည်းသွားနိုင်ပါတယ်။

(၁၀)သူ့အပေါ်ချစ်ခင်ကြင်နာစိတ်အမြဲရှိပါ။
သူကသင့်ကိုလာဖက်တဲ့အခါသူ့ကိုကြင်ကြင်နာနာပြန်ဖက်ပေးလိုက်ပါ။
အရင်လွှတ်တဲ့သူဟာသူပဲဖြစ်ပါစေ။

ကလေးမိဘတိုင်းအတွက် (ရွှေအင်းလေး) မှ ဘာသာပြန်ဆို ပေးလိုက်ရပါတယ် ။

ခမ်းမူး(ရွှေအင်းလေး)
www.khunnaymedia.com

0 comments:

Post a Comment

လူငယ်စာပေ ၊ သုတ ၊ ရသ ၊ နည်းပညာ ၊ ဟာသ ၊ ထူးဆန်းထွေလာ သတင်းမျာကို
စုံလင်အောင် ကြိုးစားတင်ဆက်ပေးသွားပါမယ် ။

Advertisement

Advertisement

Advertisment

Ad

Advertisment

Contact Us

09420112050

တစ်ပတ်အတွင်းဖတ်ရှုမှုအများဆုံးစာမျက်နှာ

Advertisement

Find Us On Facebook