
တစ်ခါတုန်းက ဗီးရက်စင့်ဂ်ျလို့အမည်ရှိတဲ့ ရက်စက်ကြမ်းကြုတ်တဲ့ ဘုရင်ကြီးတစ်ပါးက တိုင်းပြည်တစ်ပြည်ကို အုပ်ချုပ်ပါတယ်။ သူ့ရဲ့ ကြောက်စရာကောင်းတဲ့ အာဏာစက်အုပ်ချုပ်မှုနဲ့ ရက်စက်ကြမ်း တမ်းတဲ့ ပြစ်မှုပြစ်ဒဏ်တွေကို တိုင်းသူပြည်သားတွေအားလုံး က ကြောက်လန့်ကြပြီး သူ့အမိန့်တွေကို နာခံကြတယ်။
ဗီးရက်ဘုရင်ကြီးဆီမှာ ဂျက်လို့ခေါ်တဲ့အဖော်ခွေးလေးတစ်ကောင် မွေး ထားပြီး အဲ့ဒီခွေးလေးကို သူ့ရဲ့မိဖုရား၊ သမီးတော်တွေထက် ပို ပြီးတော့ အချစ်ပိုပြီး ဂရုတစိုက်မွေးထားတာဖြစ်ပါတယ်။ တစ်ရက်ကျတော့ ဘုရင်ကြီးရဲ့ သူ့အချစ်တော် ခွေးလေးသေဆုံးသွားပါတယ်။ ခွေးလေးရဲ့ အသုဘအခမ်း အနားကို အကြီးအကျယ်ပြုလုပ် တော့ တစ်တိုင်းပြည်လုံးက ပြည်သူတွေ အများ အပြားတက်ရောက်လာခဲ့ကြပါတယ်။
အဲ့ဒီမှာ ဘုရင်ကြီးက သူ့ခွေးလေးအသုဘဈာပနကို ပြည်သူတွေအ များအပြားလာရောက်ကြတာကို ကြည့်ကာစိတ်ချမ်းသာပျော်ရွှင်နေ ပါတယ်။ သူ့ရဲ့ခွေးလေးကိုရော သူ့ကိုရောချစ်ခင်ကြလို့ သူသာ လျှင် တစ်တိုင်းတစ်ပြည်လုံး၊ တစ်ကမ္ဘာလုံးမှာ သြဇာအာဏာအကြီး မားဆုံး ဘုရင်တစ်ပါးလို့ ခံယူထားတယ်။
နောက်နှစ်အနည်းငယ်ကြာတော့ ဘုရင်ကြီး ဗီးရက်နတ်ရွာစံသွားတဲ့ အချိန်မှာ သူ့ရဲ့အသုဘဈာပနကို ပြည်သူတစ်ဦးတစ်ယောက်ကမှ မလာကြတော့ပါဘူး။ သူ့ရဲ့အသုဘအခမ်းအနားက တိတ်ဆိတ် ခြောက်ကပ်လို့ နေခဲ့ပါတော့တယ်။
ဒီပုံပြင်လေးရဲ့ ပညာပေးလေးကကိုယ့်ကိုလူတွေချစ်ခင်လို့ ရိုသေ လေးစားတာနဲ့ ကြောက်လန့်လို့အမိန့်တွေနာခံရတယ်ဆိုတာမတူညီ ပါဘူး။ ကိုယ့်အမိန့်ကို နာခံဖို့ဆိုတာ စေခိုင်းလို့ရပါတယ်။ ကိုယ့် ကို လေးစားချစ်ခင်ဖို့ဆိုတာတော့ စေခိုင်းလို့မရနိုင်ပါဘူး။ ကိုယ်က လည်း တခြားသူတွေကို ချစ်ခင်မယ်။ လေးလေးစားစားရှိမယ်။ တန်ဖိုးထားမယ်ဆိုရင် တခြားသူတွေကလည်း ကိုယ့်ကိုချစ်ခင်မယ်။ လေးစားမယ်။ တန်ဖိုးထားမယ် ဆိုတာပါပဲ။
ရွှေဝတ်မှုန်(ရွှေအင်းလေး)
0 comments:
Post a Comment
လူငယ်စာပေ ၊ သုတ ၊ ရသ ၊ နည်းပညာ ၊ ဟာသ ၊ ထူးဆန်းထွေလာ သတင်းမျာကို
စုံလင်အောင် ကြိုးစားတင်ဆက်ပေးသွားပါမယ် ။