Wednesday, January 20, 2016


Shwe Innlay's photo.


ပြစ်မှုအတူတူ၊ အကျဉ်းထောင်အတူတူနဲ့ အချုပ်ခန်းတစ်ခန်းထဲ အချုပ်ကျနေတဲ့ အပြစ်သားနှစ်ယောက်ထဲမှာ တစ်ယောက်ကပျော် ရွှင်နေပြီး တစ်ယောက်က မပျော်မရွှင်ဖြစ်နေပါတယ်။ ဒီတော့ ပျော်ရွှင်နေတဲ့ အပြစ်သားကဝမ်းနည်းနေ တဲ့ အခန်းဖော်တခြား အပြစ်သားတစ်ယောက်ကို

“ ဟေ့ကောင်ရ မင်းဘာလို့မပျော်ရွှင်ရတာလဲ” လို့မေးတော့ မပျော်တဲ့အပြစ်သားက
“ ငါပျော်ရွှင်ဖို့ ဘာလုပ်ရမလဲ။ ငါသိပ်ကို ကံဆိုးနေတယ်။ အရင်က ငါက သိပ်ကိုလွတ်လွတ်လပ်လပ်နဲ့နေရတဲ့ ကောင်ကွ။ ပိုက်ဆံတွေ စိတ်ကြိုက်သုံးပြီး ဇိမ်ခံနေရာတွေ၊ အပန်းဖြေနေရာတွေသွားပြီး အေးအေးဆေး ဆေးအနားယူနေကျကွ။ အဲ့ဒီနေရာတွေက မင်းသိ တဲ့အတိုင်းပဲလေကွာ။ အားလုံးကစိတ်ဝင်စားစရာတွေချည်းပဲ။ အခု ဒီနေရာနဲ့များကွာပါ့ကွာ။ ခုများ ငရဲကျနေသလိုပါပဲ ငါမပျော်ဘူးကွာ” လို့ညဉ်းညူပြောဆိုပြီး


“ ဒါနဲ့ မင်းကနေစမ်းပါဦး။ ဘာလို့များဒီမှာပျော်ရွှင်မြူးတူး နေရတာ လဲ” မပျော်တဲ့ အပြစ်သားက ပျော်နေတဲ့အပြစ်သားကို တစ်လှည့် ပြန်မေးပြန်တယ်။
“ အော်… ငါလား။ ပျော်တာပေါ့ကွ။ ဒီကိုရောက်လာတာလေ ငါ့အ တွက် အရမ်းကိုကံကောင်းတာကွ။ ငါ ဒီဘက်ထောင်ကိုမပြောင်းခင် တုန်းက တခြားထောင်မှာကျခဲ့ဖူးတယ်။ အဲ့ဒီထောင်ကကွာတော် တော်ကိုအခြေ အနေဆိုးတယ်ကွ။ အဲ့ဒီထောင်ထဲက အချုပ်သားဘယ်သူကမှ ပျော်ပျော် ရွှင်ရွှင်မနေနိုင်ကြဘူးကွ။ ငါတို့တွေအားလုံးက ဘယ်တော့ များ ထောင်ပြောင်းကြရမလဲဆိုတာ မျှော်လင့်နေကြတာ။ အဲ့ဒီထဲက ငါက ဒီဘက်ထောင်ကိုပြောင်းလာ ဖို့ ရွေးချယ်ခံလိုက်ရတာလေ။ ငါသိပ်ကို ကံကောင်းတယ်လေ။ ဒီနေ ရာက ငါ့အတွက် အပန်းဖြေနေရာလိုပါပဲကွာ” လို့ ပြုံးပျော်ပြီး ပြန်ဖြေလိုက်တော့ မပျော်ရွှင်တဲ့အပြစ်သားလည်း သဘောပေါက် သွားတယ်။

သင်ခန်းစာလေးက ဥပမာ သင်ကကျောင်းစာမေးပွဲကျလို့ ငိုနေတဲ့ အချိန်မှာ ကျောင်းစရိတ်မတက်နိုင်လို့ လမ်းဘေးမှာသွားလာနေကြ တဲ့ ကလေးတွေအများကြီးရှိတာကို သိပါ။ သင်က ကားအကောင်း စားကြီး ဝယ်မစီးနိုင်လို့ သာမန်ကားလေးကိုပဲ မစီးချင်စီးချင်စီးနေရတဲ့အချိန်မှာ တချို့ကစက်ဘီးအစုတ်ကလေးကိုပဲ စီးနင်းနေ ရတာ ကိုသိပါ။ သင့်မှာ လိုချင်တာကိုငိုယူပူဆာလိုက်ရင် ဝယ်ပေးမဲ့မိဘ တွေရှိနေပေမယ့် တချို့က သင့်လိုမျိုး ပူဆာလို့ရမဲ့ မိဘတွေမရှိ တော့လို့ မိဘမဲ့ကျောင်းကလေး မှာ နေထိုင်နေရတဲ့ မိဘမဲ့တွေဖြစ် နေတာကိုသိပါ။

တစ်ခါတစ်လေမှာ ကိုယ့်အခြေအနေထက် ပိုမြင့်မားတဲ့ အနေအထားတွေ ကို မျှော်ရင်းကကိုယ့်ရဲ့ လက်ရှိအခြေအနေရဲ့ပျော်ရွှင်မှုတောင် ပျောက်ကွယ် သွားနိုင်ပါတယ်။ တစ်ခါတစ် လေမှာကိုယ့်ကိုကိုယ် တော်တော်ကံဆိုးလှပြီ ထင်နေတာကိုယ့်ထက်ကံဆိုးတဲ့သူတွေလည်း ရှိနေပါလားဆိုတဲ့စိတ် နဲ့ဖြေတွေးရင်း ကိုယ့်ကိုကိုယ် ပျော်ရွှင်အောင်ထား လို့ရနိုင်ပါတယ်……...

ရွှေဝတ်မှုန်(ရွှေအင်းလေး)
www.khunnaymedia.com

0 comments:

Post a Comment

လူငယ်စာပေ ၊ သုတ ၊ ရသ ၊ နည်းပညာ ၊ ဟာသ ၊ ထူးဆန်းထွေလာ သတင်းမျာကို
စုံလင်အောင် ကြိုးစားတင်ဆက်ပေးသွားပါမယ် ။

Advertisement

Advertisement

Advertisment

Ad

Advertisment

Contact Us

09420112050

တစ်ပတ်အတွင်းဖတ်ရှုမှုအများဆုံးစာမျက်နှာ

Advertisement

Find Us On Facebook