အရာတွေကြောင့် စိတ်မပါတာတို့၊ မပျော်ရွှင်ရတာတို့ ဖြစ်နေတတ် ကြပါတယ်။
ဘာ့ကြောင့်လဲလို့ ပြန်မေးပြန်ရင်လည်း ရေရာတဲ့ အ ဖြေ၊ ပြဿနာဖြေရှင်း နည်းတွေ မရှိပြန်ပါဘူး။ ကိုယ့်တစ်ကိုယ်ရည် ကိုယ်ရေးကိုယ်တာကိစ္စ လား၊ ငွေရေးကြေး ရေးကိစ္စလား၊ အလုပ်ကိစ္စကြောင့်လား၊ လူမှုရေး ကိစ္စတွေကြောင့်လားနဲ့ မေးမေးပြန် တော့လည်း မဟုတ်ပြန်ဘူး။ သူ့အလိုလို စိတ်မပါ အီမသာကြီးကို ဖြစ်နေကြတာပါ။ ဒီအချိန်တွေမျိုးတွေဆို အချိန်တွေအလဟဿ ကုန်နေတယ်လို့လည်း ကိုယ့်ကိုကိုယ်လည်းသိပါတယ်။ ဒါပေမယ့် လည်း ဘယ်အရာကိုမှမလုပ်ချင်၊ အာရုံမစိုက်ချင်ဘဲ တစ်နေရာရာ၊ တိတ်ဆိတ်တဲ့ ထောင့်လေးတစ်ထောင့်မှာ ကွေးကွေးလေးအိပ်နေချင် တယ်။ ခေါင်းထဲရောက်လာတဲ့ အတွေးပေါင်း များစွာကိုတွေးချင် တွေးမိကြ ပါလိမ့်မယ်။
ဒီလို အခြေအနေတွေမှာ ဘာတွေအကောင်းဆုံး လုပ်ပြီး ကျော်လွှားသင့်ပါသလဲ။
ကျွန်မလည်း ဒီလိုအခြေအနေမျိုးကို တစ်ခါတစ်ခါခံစားဖူးပါတယ်။
ကျွန်မလည်း ဒီလိုအခြေအနေမျိုးကို တစ်ခါတစ်ခါခံစားဖူးပါတယ်။
အကြာကြီး အချိန်ဆွဲပြီးမခံစားဖို့နဲ့ အကျိုးရှိတဲ့အလုပ်လေးတွေ၊ အချိန်လေးတွေ ဖြတ်သန်းသင့်တယ်လို့ ပြောချင်ပါတယ်။ ဘာမှမလုပ်ချင်တဲ့ အချိန်မှာ ရုပ်ရှင်ဂီတ၊ ဇာတ်လမ်းတွဲတွေ၊
ဟာ သဇာတ် ကားတွေ၊ ကြောက်စရာကောင်းတဲ့ ဇာတ်ကားတွေကြည့်လိုက်ခြင်းကသင့်ရဲ့ စိတ်ကိုအပြောင်းအလဲဖြစ်စေနိုင် ပါတယ်။
စာဖတ်ရတာ ဝါသနာပါသည့်တိုင်အောင် တချို့က တော်တော်စိတ်ဝင်စားစ ရာကောင်းတဲ့ စာအုပ်တွေဖတ်နေရင်းတောင် ငြီးငွေ့တတ် လို့ စာဖတ်ခြင်းနဲ့ အတွေးတွေဖြစ်ပေါ်စေမယ့် အရာတွေမလုပ်မိတာ ပိုကောင်းပါ တယ်။ တွေးနေမယ်၊ ရေးနေမယ်ဆိုရင် မူလအတိုင်းငြီး ငွေ့စရာကောင်း တဲ့အခြေအနေပြန်ရောက်သွားနိုင်တာမို့လို့ ရုတ်တရက်ထပြီး လက်တွေ့

လုပ်လိုက်တဲ့ အရာတွေက စိတ်ကိုအာရုံ ပြောင်းလဲပေးနိုင်မှာပါ။
တစ်ခါမှ မသွားဖူးတဲ့နေရာမျိုးတွေ၊ အချိန်တိုတွင်းရောက်နိုင်မယ့် နေရာ ပတ်ဝန်းကျင်တွေကို သွားရောက်ပြီး စိတ်ကိုအပန်းဖြေလိုက်ပါ။ ပြန်လည် လန်းဆန်းလာပါလိမ့်မယ်။
မရင်းနှီးတဲ့ အလုပ်၊ မသိသေးတဲ့ အကြောင်းအရာတွေကို စူးစမ်း လေ့လာဖို့ ကြိုးစားကြည့်ပါ။ အရင်ကတည်းက စိတ်ဝင်စားပေမယ့် တစ်ခါမှမစမ်းကြည့် ရသေးတဲ့

တိတ်တခိုးဝါသနာအလုပ်ကလေး တွေ ဥပမာ ထူးထူးခြားခြား ဟင်းတစ်ပွဲချက်ကြည့်တာတို့၊ သက်မွေး အလုပ် သင်လိုက်တာတို့၊ ပန်းပင်လှလှကလေး စိုက်လိုက်တာတို့၊ အိမ်မွေးတိရစ္ဆာန်လေးတွေ နဲ့ ဆော့ကစားလိုက်တာတို့နဲ့ စိတ်ပြောင်း ထားကြည့်လိုက်ပါ။
ကိုယ့်စိတ်ကိုငြီးငွေ့ရမယ့် အကြောင်းအရာတွေကို ခေါင်းထဲကနေ ခဏထုတ်ထားလိုက်ပါ။ စွန့်စားမှုတစ်ခုခုလုပ်ကြည့်မယ်ဆိုတဲ့ ခေါင်း စဉ်အကြောင်းအရာကလေး စိတ်ကိုလှုပ်ရှားစေပါတယ်။ ဒီလိုမျိုး ကိုယ့်စိတ်ကို ငြီးငွေ့ခြင်းကနေပြောင်းလဲပေးနိုင်မယ့် အရာတွေနဲ့ စိတ်ကိုပြန်လည်လန်း ဆန်းအောင် ပြုလုပ်ပြီးတဲ့နောက်မှာတော့ မိမိမူလလုပ်စရာရှိတဲ့ အလုပ်ကိစ္စအကြောင်းအရာတွေကို အသစ်က တဖန်ပြန်လည်စတင်ဖို့ အသင့်ပြင်ဆင်သင့်ပါပြီ။
ရွှေဝတ်မှုန်(ရွှေအင်းလေး)
www.khunnaymedia.com

0 comments:
Post a Comment
လူငယ်စာပေ ၊ သုတ ၊ ရသ ၊ နည်းပညာ ၊ ဟာသ ၊ ထူးဆန်းထွေလာ သတင်းမျာကို
စုံလင်အောင် ကြိုးစားတင်ဆက်ပေးသွားပါမယ် ။