
အခုလက်ရှိမှာ ကျွန်မတို့ အိမ်ကလေးအတွက် ဆည်းလည်းလေး တစ်လုံး ဘုရားသခင်ဆီကနေ လက်ဆောင်ရထားပါတယ်။ အဲ့ဒီ ဆည်းလည်းလေးကတော့ စကားတွေမပီကလာ၊ ပီကလာ ပြော နေတဲ့ ကျွန်မရဲ့ သားငယ်လေးပါပဲ။ သားလေးအတွက် ကျွန်မဆီမှာ အိမ်မက်တွေအများကြီးရှိပါတယ်။ သားလေးရဲ့ အနာဂတ်အတွက် ဘယ်လိုမျိုး အကောင်းဆုံး ပြုစုပျိုးထောင်ပေးရမလဲဆိုတဲ့ အ ကြောင်းတွေ ကျွန်မခေါင်းထဲ စဉ်းစားထားတာတွေ အများကြီးပါပဲ။ ကျွန်မတို့ ကလေးဘဝတုန်းကလို မလုပ်ခဲ့ရတာတွေ၊ မသင်ယူခဲ့ရ တာတွေကို ကျွန်မသားလေးကို အကုန် သိရှိခွင့်ပေးမယ်။ ဘောင်တွေ၊ မျဉ်းတွေခတ် ထားတဲ့ မျက်စိမှိတ်ယုံခဲ့ ရတာတွေကို ကျော် လွန်ပြီး လောကကြီးရဲ့ ကျေနပ်စရာအကောင်းဆုံး လူတစ်ယောက် ဖြစ်အောင် ဖန်တီးပေးဖို့စိတ်ကူးတွေရှိပါတယ်။ ရလာတဲ့ လူ့ဘဝ ကြီးအတွက် အကျေနပ်ဆုံးဘဝနေထိုင်ခွင့်ရအောင် ထိန်းကျောင်း ပဲ့ပြင်ပေးမယ်။
ကစားခိုင်းမယ်။ အားကစားတွေကို လွတ်လွတ်လပ်လပ် ဝါသနာပါ ရာ ကစားခိုင်းမယ်။ ဒါမှ ယှဉ်ပြိုင်မှုအကြောင်းကိုသိမယ်။ အောင်နိုင် ခြင်း၊ ကျရှုံးခြင်းတွေရဲ့ ခံစားမှုတွေကို နားလည်မယ်။ ဒီကစားနည်း တွေကနေ ဘဝရဲ့ကစားပွဲတွေမှာလည်း ဘယ်လိုရင်ဆိုင်တိုက်ပွဲဝင် ရမလဲဆိုတာ သိရှိအောင်လို့ပါ။
ယောက်ျား၊ မိန်းမ ကွဲပြားခြားနားမှုတွေ အကြောင်း သင်ကြားပြသ ပေးမယ်။ ရုပ်ပိုင်းဆိုင်ရာနဲ့ စိတ်ဓာတ်ပိုင်းဆိုင် ဘယ်လိုအခြေခံသ ဘောတရားတွေရှိသလဲဆိုတာနဲ့ ယောက်ျားကောင်း တစ်ယောက် ရဲ့စိတ်နေသဘောထား ပြုမူနေထိုင်မှုပုံစံတွေအကြောင်းသင်ပြ မယ်။ ကျား၊ မ လိင်အင်္ဂါကွဲပြားရုံနဲ့ မိန်းကလေးတွေအပေါ်နှိမ်ချ ခွဲခြားဆက်ဆံဖို့မလိုတဲ့ အကြောင်းအရာတွေရှင်းပြမယ်။
ကိုယ့်ရဲ့တစ်ကိုယ်ရည်အပြုအမူအတွက် တာဝန်ယူမှု၊ ဂရုစိုက်မှုတွေ ကို သိထားဖို့ ပြောပေးမယ်။ ငယ်စဉ် ကျင်ကြီးကျင်ငယ် စွန့်တဲ့ ကိစ္စ ကစလို့ အခြားမြှီးကောင်ပေါက် လက်တဲ့စမ်းတဲ့ ကိစ္စတွေအထိ ကိုယ့်တာဝန် ကိုယ်ယူတတ်အောင် သင်ပေးထားပါမယ်။
ငွေကို ချွေတာတတ်အောင် ပြောပေးမယ်။ ငယ်စဉ်အချိန်ကတည်း က အသုံးစရိတ်တွေ လျော့၊ လိုအပ်တဲ့ နေရာတွေမှာသာအသုံးပြုဖို့ မှာကြားမယ်။ တစ်ရက်အသုံးစရိတ်ထက် သုံးဆပိုတဲ့ ဝင်ငွေတွေကို ငယ်ရွယ်စဉ် ရှာဖွေနိုင်တဲ့ အချိန်ကတည်းက ရှာဖွေထားဖို့နဲ့ အ သက်ကြီးလာတဲ့ အခါလိုအပ်လာနိုင်ကြောင်းကို သေချာဂရုတစိုက်မှာကြားထားမယ်။
အသိပညာတွေတင်မကပဲ အတတ်ပညာတွေအထိပါ သင်ကြားပေး မယ်။ ယောကျာ်လေးတွေစိတ်ဝင်စားတဲ့ စက်ပိုင်းဆိုင်ရာပညာတွေတင်မကပဲ မိန်းကလေးအလုပ်တွေဖြစ်တဲ့ အိမ်မှုကိစ္စအလုပ်တွေအထိပါ စိတ်ဝင်တစား လုပ်တတ်လာအောင် သင်ကြားပေးပါမယ်။
လူကြီးသူမ၊ ဆရာသမား အကြီးအကဲတွေကို ရိုသေလေးစားတတ် အောင် ငယ်စဉ်အချိန်ကတည်းက သင်ကြားပေးမယ်။ မိဘ၊ မောင် နှမသားချင်းတွေ အပေါ် သိတတ်တဲ့ သားကောင်းလေးဖြစ်အောင် သင်ကြားပေးမယ်။
တစ်ပါးသူတွေကို အနိုင်ကျင့်တာတို့၊ နှိမ်ချဆက်ဆံတာတို့၊ ရန်လို တိုက်ခိုက်တတ်တဲ့ ကလေးဆိုး၊ လူဆိုးလေးမဖြစ်အောင် သင်ကြား ပေးမယ်။ ကလေးဘဝကတည်းက လိမ္မာရေးခြားရှိတဲ့ သားငယ် လေး၊ လူငယ်လေးဖြစ်အောင်၊ သူငယ်ချင်းတွေနဲ့ ပေါင်းသင်းဆက် ဆံရေးကောင်းအောင် ဆုံးမပေးထားပါမယ်။
ကိုယ့်ရဲ့ မိခင်အပါအဝင် မိန်းကလေးတွေအပေါ် ချစ်ခင်ကြင်နာ တတ်အောင် သနားညှာတာ စောင့်ရှောက်ပေးတတ်အောင် နှလုံးသားလှတဲ့ လူငယ်လေးဖြစ်အောင် ပြုစုပျိုးထောင်ပေးပါမယ်။
နောက်ဆုံး မိဘကအားကိုးရတဲ့ သားလေး၊ ချစ်သူဇနီးမယားက အားကိုးရတဲ့ သားလေး၊ မိသားစုအသိုင်းအဝိုင်း အပေါင်းအသင်း သူငယ်ချင်းတွေက အားကိုးရတဲ့ သားလေး၊ တိုင်းပြည်ကအားကိုးရတဲ့လူသားအ ကျိုးစောင့်ရှောက်တတ်တဲ့ သားကောင်းလေးဖြစ်အောင် ထိန်းကျောင်း သင်ကြားပေးသွားပါမယ်……..
ရွှေဝတ်မှုန်(ရွှေအင်းလေး)
www.khunnaymedia.com
0 comments:
Post a Comment
လူငယ်စာပေ ၊ သုတ ၊ ရသ ၊ နည်းပညာ ၊ ဟာသ ၊ ထူးဆန်းထွေလာ သတင်းမျာကို
စုံလင်အောင် ကြိုးစားတင်ဆက်ပေးသွားပါမယ် ။