Sunday, March 20, 2016


Shwe Innlay's photo.


ချစ်သူရေ… ဒီရက်ပိုင်းအတွင်း ဘာအကြောင်းကြောင့် မှန်းမသိတဲ့ အကြောင်းတွေကြောင့် တို့နှစ်ယောက်တစ်ယောက်နဲ့ တစ်ယောက် စကားတွေကတောက်ကဆများ ရန်ဖြစ်ပြီး အမုန်းတွေ ပိုပိုတိုးနေကြ တယ်နော်…….

အပြင်မှာတွေ့ဖို့ချိန်းလိုက်တိုင်း စကားတွေများ ရန်ဖြစ်ပြီး စိတ်ညစ် ညစ်နဲ့ပဲ တစ်ကိုယ်စီ၊ တစ်လမ်းစီ ပြန်ခဲ့ရတယ်နော်…


ဖုန်းဆက်စကားတွေပြောပြန်တော့လည်း… မင်းပြောတဲ့စကားတွေ၊ ငါပြောတဲ့ စကားတွေ အထအနကောက်ပြီး… တစ်ယောက်နဲ့တစ် ယောက် စိတ်ဆိုးဒေါသထွက်ပြီး ဖုန်းချချပစ်လိုက်ရတယ်နော်…

ဒီလိုမျိုး တစ်ယောက်နဲ့တစ်ယောက် စိတ်ဆိုးနေတဲ့ရက်တွေမှာ မင်း ငါ့ကို စိတ်ဆိုးနေတုန်းလား။ ဒါမှမဟုတ် ငါ့လိုပဲ မင်းဆီကပြန်ချော့ တာမျိုးတွေ ငါ့ဆီကမျှော်လင့်နေမိလား….ဒါမှမဟုတ်… ခုထိပဲစိတ်ဆိုးနေတုန်းပဲလား။ ငါတော့ စိတ်မဆိုးတော့ ပါဘူး။ မင်းဆီကို ဘယ်လိုမျိုးစိတ်ဆိုးပြေဖို့ ချော့ ဖို့ပဲစဉ်းစားနေမိတယ်လေ… ဘာဖြစ်လို့လဲဆိုတော့ ငါတို့နှစ်ယောက် ခနခနဖြစ်နေတဲ့ ကတောက်ကဆရန်တွေက တကယ်တော့ ဘာမှလည်း ကြီးကြီး မားမားမဟုတ်တဲ့ ပြဿနာတွေလေ။ ခုချိန်ထိတစ်ယောက်ကို တစ် ယောက် စိတ်ဆိုးမုန်းတီးနားကျည်းလောက်အောင် ဖြစ်ရတဲ့ပြဿ နာမှ မဟုတ်တာပဲလေ……

ဒီလိုနဲ့ပဲ မင်းကပြန်မခေါ်၊ ငါက ပြန်မခေါ်တဲ့ခါကျ အရမ်းကြာသွားခဲ့ ရင် သွေးအေးသွားမှာစိုးရိမ်ရတယ်လေ….. မင်းနဲ့ငါနဲ့ ဖြတ်သန်း ခဲ့တဲ့ အချစ်သက်တမ်းတွေက နည်းမှမနည်းပဲလေ။ ဘာမှမဟုတ်တဲ့ ပြဿနာတွေနဲ့ တို့နှစ်ယောက်ရဲ့ အချစ်တွေရိုက်ချိုးဖျက်ဆီးပစ်ဖို့ကြ သိပ်နှမြောစရာမကောင်း ဘူးလားကွာ……

ဒီလိုပဲ ရန်ဖြစ်လိုက်၊ ပြန်ချစ်လိုက်နဲ့ပဲ ငါတို့တွေရဲ့အချစ်တွေကို ပိုပို တိုးပြီးချစ်ကြမယ်လေ…. နောက်ပြီး တို့နှစ်ယောက်လုံးကတစ် ယောက်ကို တစ်ယောက် နာကျည်းမုန်းတီးစရာကောင်း လောက် အောင် မနာကျင်စေခဲ့ဘူးလေ… ဒါ့ကြောင့်မို့လို့ ဒီရက်ပိုင်း စိတ်ဆိုး နေရတဲ့ ရက်တွေနည်းနည်းဖြတ်ကျော်ပြီးတော့ စိတ်နည်းနည်းပြေ သွားတယ်ထင်မယ်။ မင်းကို ပြန်လွမ်းမိလာတယ်….. မင်းနဲ့ပြန်ပြီး အဆင်ပြေဖို့၊ပျော်ရွှင်ဖို့ ၊အတူရှိနေဖို့၊ မင်းနဲ့အတူသွားချင်တဲ့ နေ ရာလေး တွေ၊ လုပ်ချင်တာလေးတွေ ရှိလာပြီး မင်းကိုသတိရလာ တယ်။ မင်းကို တွေ့ချင်လာတယ်လေ….

ဒီတော့ အခုတစ်ခေါက် ငါပြန်ချော့လိုက်လို့ ဒါမှမဟုတ် မင်းပြန်ချော့ လိုက်လို့ အဆင်ပြေသွားတဲ့အခါကျရင်….. အရင်ကကတောက်ဆ ဖြစ်မယ့် အရာတွေ၊ မခံချင်တဲ့စကားလုံးတွေ မပြောတော့ပဲနဲ့လေ။ ပျော်ပျော်ရွှင်ရွှင် နဲ့ တွေ့ ရအောင်နော်။ မင်းနဲ့တွေ့ဖို့ချိန်းထားတဲ့ တစ်ရက် အလှဆုံးလေးပြင် လာခဲ့နော်။ ဒီကြားထဲ မကြည့်ဖြစ်ခဲ့တဲ့ ရုပ်ရှင်လေးတွေ သွားကြည့်ကြမယ်.. ဒီကြားထဲ မစားဖြစ်တဲ့ မင်းအ ကြိုက် ငါ့အကြိုက်စားစရာတွေ အဝသွား စားကြရအောင်…… နောက် ပြီး မင်းလိုချင်တာလေးတွေ၊ မင်းလုပ်ချင် တာလေးတွေ၊ မင်းနဲ့အတူ သွားချင်တဲ့နေ ရာလေးတွေ… မြက် ခင်းစိမ်းစိမ်းနဲ့ သာယာအေးချမ်းတဲ့ ပန်းခြံလေးထဲမှာ လက်တွဲပြီးမင်း အကြောင်း တွေ၊ ငါ့အကြောင်းတွေ အနာ ဂတ် စိတ်ကူးလေးတွေအကြောင်း ပြောကြမယ်။

နောက်ပြီး စက်ဘီးလေးနဲ့ ပန်းခြံအနှံပတ်စီးကြမယ် လေ…….
တစ်နေကုန်လုံး သွားချင်တာတွေ၊ လည်ချင်တာတွေ၊ စားချင်တာ တွေ အကုန်လုပ်ပြီးတော့ နေစောင်းသွားရင် မင်းအိမ်ကို လိုက်ပို့ မယ်လေ….. အိမ်အပြန်မှာလည်း ချိုသာတဲ့နှုတ်ဆက်အနမ်းတွေ လက်ဆောင်ပေးလိုက်အုန်းမယ်လေ… မတွေ့ရမယ့်ရက်တွေမှာ မင်းလေး အလွမ်းဖြေဖို့ပေါ့…… နောက်ရက်တွေ မတွေ့ရတဲ့ရက် တွေမှာလည်း ဖုန်းထဲအလွမ်းဖြေကြတာပေါ့……ဒါလေးတွေ တွေးရင်းစိတ်ကောက်

ပြေမယ့်နေအတွက် ကြိုပြီး ငါ ပျော်နေတာလေ….
ဒါ့ကြောင့်မို့လို့…. မြန်မြန်စိတ်ဆိုးပြေကြရအောင်နော်ချစ်သူ……

ရွှေဝတ်မှုန်(ရွှေအင်းလေး)
www.khunnaymedia.com

0 comments:

Post a Comment

လူငယ်စာပေ ၊ သုတ ၊ ရသ ၊ နည်းပညာ ၊ ဟာသ ၊ ထူးဆန်းထွေလာ သတင်းမျာကို
စုံလင်အောင် ကြိုးစားတင်ဆက်ပေးသွားပါမယ် ။

Advertisement

Advertisement

Advertisment

Ad

Advertisment

Contact Us

09420112050

တစ်ပတ်အတွင်းဖတ်ရှုမှုအများဆုံးစာမျက်နှာ

Advertisement

Find Us On Facebook