Tuesday, March 22, 2016


Shwe Innlay's photo.


လူအတော်များများက သီချင်းနားထောင်ရတာကို ကြိုက်နှစ်သက်ကြမှာပါ။ သုတေသနပညာရှင်တွေရဲ့ လေ့လာချက်တွေအရ သီချင်းနားထောင်ခြင်းဟာ လူတွေရဲ့စိတ်ပိုင်းဆိုင်ကို တိုးတက်စေရုံသာမက ရုပ်ပိုင်းဆိုင်ရာကျန်းမာရေးအတွက်ပါ အထောက်အကူပြုတယ်လို့ ဆိုထားပါတယ်။ သိပ္ပံနည်းကျလေ့လာထားသော သီချင်းနားထောင်ခြင်း၏ အကျိုးကျေးဇူးများကို ဖော်ပြပေးလိုက်ရပါတယ်။

(၁) စိတ်မရွှင်မလန်းဖြစ်နေချိန် မိမိနှစ်သက်သောသီချင်းကို ၁၅မိနစ်ခန့်နားထောင်ပေးပါက စိတ်ကိုလန်းဆန်းပျော်ရွှင်စေပါတယ်။
(၂) စိတ်ကိုတက်ကြွစေသောသီချင်းများ နားထောင်ခြင်းဖြင့်ပြေးသော အပြေးသမားတွေဟာ အခြားသောအပြေးသမားတွေထက် ပို၍ပြေးနိုင်တယ်လို့ လေ့လာတွေ့ရှိထားတာကြောင့် တက်ကြွသောသီချင်းနားထောင်ရင်း အလုပ်လုပ်ခြင်းက မိမိရဲ့လုပ်ဆောင်ချက်ကို တိုးမြှင့်ပေးမှာပါ။
(၃) အနားယူချိန်မှာ သီချင်းဖွင့်ထားပါ။ စိတ်ဖိစီးမှုကို လျော့နည်းစေပြီး ကျန်းမာရေးကို ပိုမိုကောင်းမွန်စေပါတယ်။
(၄) မအိပ်ခင် သာယာငြိမ့်ညောင်းသော သီချင်းများနားထောင်ခြင်းဟာ အိပ်စက်ခြင်းကို ပိုမိုကောင်းမွန်စေပါတယ်။
(၅) အတွေးအခေါ်ပါသောသီချင်းများနဲ့ ဂန္တဝင်သီချင်းများနားထောင်ခြင်းဟာ စိတ်ဓာတ်ကျဆင်းခြင်းကို လျော့ပါးစေပါတယ်။ တစ်နည်း စိတ်ဓာတ်ကိုမြှင့်တင်ပေးပါတယ်။
(၆) အလင်းရောင်ဖျော့ဖျော့အခန်းမှာ ငြိမ့်ညောင်းသောသီချင်းနားထောင်ရင်း အစားစားပါက အစားစားချင်စိတ်ကို လျော့နည်းစေတဲ့အတွက် အစားလျော့စားလိုသူတွေအတွက် နည်းလမ်းတစ်ခုပါပဲ။
(၇) ကားမောင်းနေစဉ် သီချင်းနားထောင်ခြင်းဟာ စိတ်ခံစားမှုကိုကောင်းမွန်စေတာကြောင့် ပို၍ဘေးကင်းလုံခြုံစေမှာပါ။
(၈) သီချင်းကိုကြိုက်နှစ်သက်မှုအဆင့် အပေါ်မူတည်ပြီး သင်ယူမှုနဲ့မှတ်ဥာဏ်စွမ်းရည်ကို အားကောင်းစေပါတယ်။
(၉) သီချင်းဟာ ကြောက်စိတ်ကိုဖယ်ရှားပေးပါတယ်။ ခွဲစိတ်မှုမပြုမှီနဲ့ ပြုပြီးအချိန်တွေမှာ ငြိမ့်ညောင်းသောသီချင်းနားထောင်ခြင်းဟာ လူနာကိုသက်တောင့်သက်သာ ဖြစ်စေပါတယ်။
(၁၀) သီချင်းဟာ နာကျင်ခြင်းဝေဒနာကို လျော့နည်းစေပါတယ်။ သို့သော် ဂန္တဝင်သီချင်းများ၊ အတွေးအခေါ်သီချင်းများ သို့မဟုတ် လူနာစိတ်ကြိုက်သီချင်းများ ဖြစ်ဖို့လိုပါတယ်။

ref:lifehack
ခမ်းမူး (ရွှေအင်းလေး)
www.khunnaymedia.com
‪#‎Khammu_shweinnlay‬

0 comments:

Post a Comment

လူငယ်စာပေ ၊ သုတ ၊ ရသ ၊ နည်းပညာ ၊ ဟာသ ၊ ထူးဆန်းထွေလာ သတင်းမျာကို
စုံလင်အောင် ကြိုးစားတင်ဆက်ပေးသွားပါမယ် ။

Advertisement

Advertisement

Advertisment

Ad

Advertisment

Contact Us

09420112050

တစ်ပတ်အတွင်းဖတ်ရှုမှုအများဆုံးစာမျက်နှာ

Advertisement

Find Us On Facebook