
ဖခင်မေတ္တာတရားဆိုတာဒါပါပဲ။ ကိုယ့်ဘယ်လောက်ပဲပင်ပန်းဆင်းရဲနေပါစေ။ ကိုယ့်သားသမီးအဆင်ပြေပြေနေနိုင်ရေးအတွက် အစွမ်းကုန် ကြိုးစားအားထုတ်ပေးတတ်ကြပါတယ်။ မိုးရေထဲအမိုးတစ်ခုထဲရှိခဲ့ရင်တောင် ကိုယ့်သားသမီးမိုးစို မှာကိုစိုးရိမ်တတ် ကြပြီးကိုယ်သာမိုးရေစိုချမ်းခိုက်ခိုက် တုန်နေပါစေသားသမီးတွေကိုတော့ အရိပ်အောက်မှာပဲထားတတ်ကြပါ တယ်။ နွေးထွေးစေတတ်ကြပါတယ်။
ငယ်စဉ်ကနေလူကြီးဖြစ်သွားတဲ့အထိလည်းမိခင်ဖခင်တွေရဲ့ မေတ္တာတရားတွေကဘယ်တော့မှ ပြောင်းလဲမသွားတတ်ကြပါဘူး။ ကိုယ့်သားသမီးတွေ ကိုယ့်ကလေးငယ်လေးတွေလို့ပဲ အမြဲတမ်းမြင်နေ ပြီးစိတ်ပူပေးနေတတ်ကြပါ တယ်။ အတောင်အလက်စုံလာလို့ မိဘရင်ခွင်ကနေစုံကန်ထွက် သွားကြပြန်ရင်လည်း သားသမီးစိတ် ချမ်းသာဖို့ပဲရင်အကွဲခံပေးလိုက်ရတယ်။
ကိုယ့်ဆီကထွက်ခွာသွားဖို့ ဘယ်လောက်တောင်ပဲအထီးကျန် ဆန်ပါစေပေါ့ ဆိုပြီး။ ဒီလိုမျိုး ပြုစုပျိုးထောင်ပေးလိုက်လို့ ကိုယ့်သားသမီးတွေကောင်း စားသွားတဲ့ တချိန်မိဘတွေကို ပြန်ပြီးတစ်လှည့်ကြည့်ရှုပေးစေချင်တဲ့ မျှော် လင့်ချက်တွေကမိဘတိုင်းမှာရှိကြပေမယ့်လည်းဘယ်တော့မှထုတ်ဖော်မပြောတတ်ကြပြန်ပါဘူး။ မျှော်လင့်ထားသလိုမဖြစ်လာပြန်ရင်လည်းသားသမီးတွေအပေါ်အပြစ်မမြင်ပဲ မေတ္တာတရားလည်းပျက်မသွားပါဘူး။
ရွှေဝတ်မှုန်(ရွှေအင်းလေး)
www.khunnaymedia.com
0 comments:
Post a Comment
လူငယ်စာပေ ၊ သုတ ၊ ရသ ၊ နည်းပညာ ၊ ဟာသ ၊ ထူးဆန်းထွေလာ သတင်းမျာကို
စုံလင်အောင် ကြိုးစားတင်ဆက်ပေးသွားပါမယ် ။