Tuesday, March 22, 2016


Shwe Innlay's photo.


အဆင်မပြေမှုတွေကြုံတွေ့တဲ့အခါ ၊ ဝမ်းနည်းမှုတွေကြုံတွေ့တဲ့အခါ စိတ်ဓာတ်ကျတတ်ကြပါတယ် ။ တခါတလေ ခံစားချက်ကြောင့် မျိုးသိပ်ထားတဲ့ အရာတွေကို ရင်ဖွင့်ချင်ရင်တောင်
နားထောင်ပေးမယ့်သူ မရှိတဲ့အထိ တစ်ယောက်တည်း အထီးကျန်ဆန်နေတတ်ပါတယ် ။
အဲ့လိုအချိန်မျိုး တစ်ပြိုင်တည်းခံစားရတဲ့အခါ
ငါ့လောက် ကံဆိုးတဲ့လူ လောကမှာရှိသေးလားဆိုပြီး
ကိုယ့်ကို အနိမ့်ဆုံးအထိတွန်းပို့ပြီး စိတ်ပျက်
ဝမ်းနည်းတတ်ကြပါတယ် ။
အမှန်တကယ်တော့ ခုလိုခံစားနေရတာတွေဟာ သင်တစ်ယောက်တည်းမဟုတ်ပါဘူး ။
သင့်ထက်ဆိုးတဲ့လူတွေ လောကမှာအများကြီးရှိနေပါသေးတယ် ။
သင်ငိုတဲ့အခါ မျက်ရည်ကို သုပ်ပေးမယ့် သင့်ရဲ့လက်တွေရှိနေပါတယ် ။
သင့်ရင်ထဲက ခံစားချက်တွေကို အစားထိုးခံစားပေးဖို့ သင့်ရဲ့ နှလုံးသားရှိနေပါတယ် ။
သင့်နှလုံးသားက ခံစားမှုကို နားလည်ပေးမယ့် သင့်ဦးနှောက်တွေ ရှိနေပါတယ် ။ သင့်ဦးနှောက်ကစဉ်းစားမှုကို ဆုံးဖြတ်ပေးဖို့အတွက် သင့်မှာခွန်အားတွေရှိနေပါတယ် ။
သင်ရှေ့ဆက်လျှောက်လှမ်းဖို့အတွက် ခြေတစ်စုံရှိနေပါတယ် ။
တကယ်တော့ သင်ဟာတစ်ယောက်တည်းမဟုတ်ပါဘူး ။
နောက်ဆုံး သင့်ကိုအဖော်ပြုပေးမယ့် စွမ်းအားကြီးမားတဲ့
သင့်အရိပ်တွေတောင်ရှိနေပါသေးတယ် smile emoticon


ခွန်နေ - Khun Nay(ရွှေအင်းလေး)
‪#‎KN‬
www.khunnaymedia.com

0 comments:

Post a Comment

လူငယ်စာပေ ၊ သုတ ၊ ရသ ၊ နည်းပညာ ၊ ဟာသ ၊ ထူးဆန်းထွေလာ သတင်းမျာကို
စုံလင်အောင် ကြိုးစားတင်ဆက်ပေးသွားပါမယ် ။

Advertisement

Advertisement

Advertisment

Ad

Advertisment

Contact Us

09420112050

တစ်ပတ်အတွင်းဖတ်ရှုမှုအများဆုံးစာမျက်နှာ

Advertisement

Find Us On Facebook