Tuesday, March 22, 2016


Shwe Innlay's photo.


ကောင်မလေးရေ… တစ်စုံတစ်ယောက်က ကိုယ့်အသည်းကို ရက်ရက်စက်စက်ခွဲသွားပြီး စွန့်ပစ်လိုက်လို့ ဝမ်နည်းပူဆွေးနေရပြီလား။
အော်ဟစ်ငိုကြွေးလိုက်ပါ….. စိတ်ထဲပေါ့သွားအောင်လို့ ငိုကြွေးလိုက်ပါ…..


တစ်ရက်လား။ တစ်ပတ်လား၊ တစ်လလား……

ငိုကြွေးလိုက်။ သတိရခြင်းတွေကို ဖုံးကွယ်မထားလိုက်နဲ့။ အရင်က ပျော်စရာ အမှတ်တရတွေကော၊ ဆိုးရွားတဲ့အတိတ်အချိန်တွေကို ရော ပြန်မြင်ယောင် စဉ်းစားကြည့်လိုက်ပါ။အတိတ်အချိန်တွေ ပြန်မြင်ယောင်၊ ပြန်သွားကြည့်ရုံပဲ ကြည့်ပါ။ အဲ့ဒီအခါကျ ခပ်ဆိုးဆိုးအတိတ်က ဖြစ်ရပ်တွေကို လက်ခံရမယ့် အမှန်တရားတွေရှိနေလိမ့်မယ်။

လက်ရှိ အနာဂတ်အထိတော့ သယ်မလာပါနဲ့။ သတိရခြင်းတွေမှာ မျှော်လင့်ခြင်း၊ တောင့်တခြင်းတွေ၊ ပြန်လိုချင်တာတွေ မရှိပါစေနဲ့။ ကိုယ်က ချစ်ခဲ့သ လောက် အချစ်ခံခဲ့ရလို့လား။ ကိုယ်က ကြင်နာယုယခဲ့သလောက်ကိုယ့်ကို ပြန်ကြင်နာခဲ့လို့လား။ ကိုယ်က ဂရုတစိုက် တန်ဖိုးထားခဲ့သ လောက် ကိုယ့်ကိုပြန်ပြီး တန်ဖိုးထားခဲ့လို့လား။ ကိုယ်က ပေးဆပ်ခဲ့ သလောက် ကိုယ့်ကိုပြန်ပြီး ပေးဆပ်ခဲ့ဖူးသလား။ ကိုယ်က သစ္စာရှိခဲ့ သလောက် ကိုယ့်ကိုပြန်ပြီး သစ္စာရှိခဲ့ဖူးလို့လား။ နောက်ဆုံး ကိုယ် က ဒီချစ်ခြင်းကို တန်ဖိုးထားလို့ မဖျက်ဆီးရက်ခဲ့တာကို ဖျက်ဆီးခဲ့ တဲ့ ဒီလူကို ထပ်ပြီးတော့ အရှုံးပေးချစ်နေအုန်းမလို့လား။ ဒီလိုဆိုရင်တော့ ရှေ့လျှောက်အချစ်ခံရမယ်လို့ ထင်လို့လား။ မထင်ပါနဲ့ ဆက်ပြီးတော့ အရှုံးပေးချစ်နေရအုန်းမှာပဲ….

ဒီအတိုင်းကြည့်ရင်တော့ ဒီချစ်ခြင်းမှာ ကိုယ်ကရှုံးနိမ့်သွားတယ်လို့ ထင်ရပေမယ့်…..တကယ်တော့ ကိုယ်ကရှုံးခဲ့တာမဟုတ်ပါဘူး။ ကိုယ့်ဘက်က ရိုးသားဖြူစင်တဲ့ ချစ်ခြင်းတွေ၊ စစ်မှန်တဲ့သစ္စာ တရား မေတ္တာတွေပေးထားပါလျှက်နဲ့ ကိုယ့်အချစ်တွေ တန်ဖိုးမထားစွန့်ပစ် ခဲ့တာက သူရှုံးခဲ့တာပါ…

ကိုယ့်အတွက်ကတော့ သူ့လိုတန်ဖိုးမထားတတ်တဲ့လူရဲ့လက်ထဲက လွတ်မြောက်လာပြီးကတည်းက ကံကောင်းခြင်းတွေပဲလို့ ယူဆရမှာ ပါ။ နောင်တချိန်ကျ ကိုယ့်အချစ်တွေတန်ဖိုးထားသူ၊ ကိုယ့်မေတ္တာ တရားသိတတ်တဲ့သူ၊ ကိုယ့်ကို ယုယကြင်နာတဲ့သူ၊ ဂရုစိုက်တဲ့သူ၊ ကာကွယ်လုံခြုံမှုပေးနိုင်တဲ့သူ ယောက်ျားကောင်းတစ်ယောက်ကို ရှာဖွေလက်တွဲသွားနိုင်မယ့် အခွင့်အလန်းတွေရသွားသလိုပဲ သတ် မှတ်လိုက်ပါ။

နောင်မှာကိုယ်က သူ့ထက် အစစအရာရာအဆင်ပြေနေတဲ့သူ၊ ပျော် ရွှင်နေတဲ့သူ၊ သူ့ထက်အောင်မြင်နေတဲ့သူ၊ သူ့ထက်ဘဝနေထိုင်မှု အဆင့်မြင့်မြင့်ဖြစ်နေတဲ့ ဖြစ်အောင်နေပြလိုက်ပါ…….

ရွှေဝတ်မှုန်(ရွှေအင်းလေး)
www.khunnaymedia.com

0 comments:

Post a Comment

လူငယ်စာပေ ၊ သုတ ၊ ရသ ၊ နည်းပညာ ၊ ဟာသ ၊ ထူးဆန်းထွေလာ သတင်းမျာကို
စုံလင်အောင် ကြိုးစားတင်ဆက်ပေးသွားပါမယ် ။

Advertisement

Advertisement

Advertisment

Ad

Advertisment

Contact Us

09420112050

တစ်ပတ်အတွင်းဖတ်ရှုမှုအများဆုံးစာမျက်နှာ

Advertisement

Find Us On Facebook