မိန်းကလေးတော်တော်များများက စုံတွဲတစ်တွဲရဲ့
Romantic အရမ်းဆန်တဲ့ ပြကွက်တွေကိုတွေ့ရင်
တော်တော်များများ သဘောကျ ကြတယ် ။
ဥပမာ ကောင်လေးက ကောင်မလေးကို ချစ်ခွင့်ပန်တဲ့အခါ
လက်ထပ်ခွင့်တောင်းတဲ့အခါ တစ်ခမ်းတစ်နားဖန်တီးထားတာမျိုး ။
နှစ်ပတ်လည် Anni တွေမှာ ပူပေါင်းသောင်းခြောက်ထောင်(သို့မဟုတ်)
ပန်းပေါင်း တစ်သိန်းခြောက်သောင်းတွေနဲ့ အလှဆင်ပြီး ဆင်နွှဲကြတာမျိုး
မိန်းကလေး တော်တော်များများနှစ်သက်ကြပါတယ် ။
မိန်းကလေးသဘာဝ စိတ်နုတော့ ဒီလို Romantic ဆန်တဲ့
ဖန်တီးမှုတွေကို မြတ်နိုးကြတာလည်း အဆန်းတော့မဟုတ်ပါဘူး ။
ဒီလို အပင်ပန်းခံ ၊ အကုန်ကျခံ အချိန်ပေးပြီး ဖန်တီးပေးနိုင်တဲ့
ယောင်္ကျားတွေကိုလည်း မချီးမွှမ်းပဲမနေနိုင်ပါဘူး ။
ဒါပေမယ့် Romantic ဆန်ဆန်ဖန်တီးနိုင်တဲ့ယောင်္ကျားတွေရှိတော့
မဖန်တီးနိုင်တဲ့ ယောင်္ကျားတွေမှာတော့ ကိုယ့်ရဲ့ချစ်သူမိန်းကလေးနဲ့
ပြဿနာက အနည်းငယ်ရှိလာပြန်ပါတယ် ။
Romantic မဆန်နိုင်တဲ့ ယောင်္ကျားလေးတွေခမျာ ချစ်သူကောင်မလေးရဲ့တောင်းဆိုမှုတွေ ၊ နိုင်းယှဉ်အပြောခံရမှုတွေ ၊ ဂျေဝင်ခံရမှုတွေနဲ့ကြုံလာရပါတယ် ။
ယောင်္ကျားတွေရဲ့ သဘာဝ စိတ်ခံစားချက်မှာ မိန်းမတစ်ယောက်အပေါ်
သက်ဝင်တဲ့အခါ တစ်ယောက်နဲ့တစ်ယောက် ခံယူချက်ခြင်း ၊ ရည်ရွယ်ချက်ခြင်း မတူညီကြပါဘူး ။
ခံယူချက် ၊ ရည်ရွယ်ချက်ခြင်း မတူညီတဲ့အခါမှာ မတူညီကွဲပြားတဲ့ အနေအထားမျိုးတွေ
ဖြစ်လာတာပါ ။ အဲ့တော့မတူညီတဲ့ ယောင်္ကျားတွေများစွာကို ရိုမန်းတစ်ဆန်ဆန်သဘောကျ ကြတဲ့ မိန်းမတွေနဲ့ တွေ့တဲ့အခါမှာ တစ်ယောက်နဲ့တစ်ယောက် ချစ်ကြတဲ့ပုံစံ ၊ လက်တွဲကြတဲ့ပုံစံ
တူညီနိုင်မှာမဟုတ်ပါဘူး ။ အဲ့တော့ ဘယ်လိုနည်းနဲ့ပဲ ချစ်ခွင့်ပန်ပန် ၊ Romantic ဆန်တဲ့လက်ထပ်ခွင့်ပဲတောင်းတောင်း အရေးကြီးဆုံးက
တစ်ယောက်နဲ့တစ်ယောက် သက်ဆုံးအထိရေရှည်လက်တွဲနိုင်သူ ၊ ၊သစ္စာရှိသူ ၊ ကိုယ့်အပေါ်လုံခြုံမှုပေးနိုင်သူ ၊ ရှေ့ကနေ ဦးဆောင်နိုင်သူ ဖြစ်ဖို့သာ အရေးကြီးပါတယ် ။

ပြောချင်တာ မိန်းကလေးတွေအနေနဲ့ အခြားချစ်သူစုံတွဲတွေရဲ့ အားသာချက်ကိုမြင်နိုင်သလို
ကိုယ့်ချစ်သူရဲ့အပေါ်မှာလည်း မတူညီတဲ့အားသာချက်တွေကို မြင်အောင်ကြည့်ပေးတတ်ဖို့ပါပဲ ။
(Romantic ဆန်တဲ့သူအတွက်ရော ၊ မဆန်တဲ့သူအတွက်ရော ချစ်ကြသူတိုင်း အဆင်ပြေပါစေ)
ခွန်နေ(ရွှေအင်းလေး)
#KN
www.khunnaymedia.com
ကိုယ့်ချစ်သူရဲ့အပေါ်မှာလည်း မတူညီတဲ့အားသာချက်တွေကို မြင်အောင်ကြည့်ပေးတတ်ဖို့ပါပဲ ။
(Romantic ဆန်တဲ့သူအတွက်ရော ၊ မဆန်တဲ့သူအတွက်ရော ချစ်ကြသူတိုင်း အဆင်ပြေပါစေ)
ခွန်နေ(ရွှေအင်းလေး)
#KN
www.khunnaymedia.com
0 comments:
Post a Comment
လူငယ်စာပေ ၊ သုတ ၊ ရသ ၊ နည်းပညာ ၊ ဟာသ ၊ ထူးဆန်းထွေလာ သတင်းမျာကို
စုံလင်အောင် ကြိုးစားတင်ဆက်ပေးသွားပါမယ် ။