Tuesday, March 22, 2016


Shwe Innlay's photo.


မိန်းကလေးတစ်ယောက် ရုပ်ကလေးလှနေရုံနဲ့ ပြီးပြည့်စုံလှပမသွား နိုင်ပါဘူး။ ရုပ်ကလေးလှရုံနဲ့ စိတ်ထားမလှဘူးဆိုရင် ဘယ်လိုမှမ လှပနိုင်ပါဘူး။ အတွင်းမှာရှိတဲ့ စိတ်ပုတ်စိတ်ယုတ်တွေကို အပြင် ရုပ်ရည်လှရုံလောက်နဲ့တော့ ဖုံးဖိထားလို့ မရနိုင်ပါဘူးနော်…

ရုပ်ကလေးလှနေတာတွေ၊ ပညာရှိတာတွေ၊ ငွေကြေးချမ်းသာကြွယ် ဝတာတွေ၊ ပတ်ဝန်းကျင်အ ပေါင်းအသင်း ဝင်ဆံ့နိုင်တာတွေက မိန်းကလေးတစ်ယောက်ရဲ့ တကယ့် လှပပြည့်စုံခြင်းမဟုတ်သေးပါဘူး။ မိန်းကလေးတစ်ယောက်ရဲ့ တန်ဖိုးကိုရုပ်ရည်ကလေးနဲ့တင် မမြှင့်တင်နိုင် ပါဘူး။


ရုပ်ရည်တွေ လှပနေတယ်။ ငွေကြေးတွေချမ်းသာကြွယ်ဝနေတယ်။ ပညာတွေ တတ်နေပြီးတော့ အောက်တန်းကျတဲ့လုပ်ရပ်တွေ၊ ကိုယ်ကျင့်တရားမကောင်း တာတွေ၊ ဟန်ဆောင်လိမ်ညာတတ်တဲ့စိတ်၊ စိတ်ဓာတ် သိမ်ဖျင်းတာတွေက မိန်းကလေးတစ်ယောက်ရဲ့ အလှတရားကိုရုပ် ဆိုးအကျည်းတန်လွန်းပါတယ်။

မိန်းကလေးတစ်ယောက်ရဲ့တကယ့်တန်ဖိုးအစစ်ကသိမ်မွေ့ နူးညံ့ပြီးမြင့် မြတ် တဲ့စိတ်ထား၊ ဖြူစင်တဲ့ ကိုယ်ကျင့်သိက္ခာအရှက်တရား၊ ရိုးသားတဲ့ စိတ်ဓာတ်၊ သနားကြင်နာမှု၊ မေတ္တာတရား၊ သစ္စာတရားကို အသက်လိုတန်ဖိုးထားတဲ့ စိတ်ထား ဒီလိုအရာတွေရှိနေရင်ကို ပြီးပြည့်စုံလှပနေတဲ့ မိန်းကလေး တစ်ယောက် ဖြစ်နေပါပြီ….

ရွှေဝတ်မှုန်(ရွှေအင်းလေး)
www.khunnaymedia.com

0 comments:

Post a Comment

လူငယ်စာပေ ၊ သုတ ၊ ရသ ၊ နည်းပညာ ၊ ဟာသ ၊ ထူးဆန်းထွေလာ သတင်းမျာကို
စုံလင်အောင် ကြိုးစားတင်ဆက်ပေးသွားပါမယ် ။

Advertisement

Advertisement

Advertisment

Ad

Advertisment

Contact Us

09420112050

တစ်ပတ်အတွင်းဖတ်ရှုမှုအများဆုံးစာမျက်နှာ

Advertisement

Find Us On Facebook