Tuesday, March 15, 2016


Shwe Innlay's photo.


အမျိုးသား၊ အမျိုးသမီး လက်ထက်ထိမ်းမြားကြခြင်း၊ အိမ်ထောင် ပြု ကြခြင်းဆိုတာက ဟိုးရှေးယခင်အချိန်တွေကတည်း လူသားအဆက် ဆက် ပြုလုပ်ခဲ့ကြတာမို့လို့ သိပ်ပြီးတော့ ထူးခြားတဲ့အရာမ ဟုတ်တော့ပါဘူး။ ချစ်သူနှစ်ဦး တစ်ဦးနဲ့တစ်ဦး တစ်ဘဝလုံးစာ အတူနေဖို့ အိမ်ထောင်ပြုလိုက်ကြ တာက တကယ်တော့ အရဲစွန့် စွန့်စားလိုက်ရတဲ့အလုပ်တစ်ခုလိုပါပဲ။ ချစ်သူဘဝပျော်ပျော်ရွှင်ရွှင် ဖြတ်သန်းရပေမယ့် အိမ်ထောင်သည် လင်မယား ဘဝဖြတ်သန်းရ မှုမှာ ပျော်စရာတွေချည်းပဲ ဖြတ်သန်းရလိမ့်မယ်လို့ မျှော်လင့် ထားလို့မရသလို ဝမ်းနည်းစရာတွေချည်းပဲ ကြုံတွေ့ရလိမ့်မယ်လို့လည်း ဆိုလိုမရနိုင်ပါဘူး။

ဒါပေမယ့် မပျော်ရွှင်ရတဲ့ အိမ်ထောင်ရေးတစ်ခုမှာဆိုရင်တော့ အိမ် ထောင်သည် အမျိုးသား၊ အမျိုးသမီးတို့ ကိုယ်စီမပျော်ရွှင်ရသလဲ၊ စိတ်ဆင်းရဲဝမ်းနည်းနေရသလဲဆိုတာနဲ့ပတ်သက်ပြီး တစ်ခါတစ်ရံ မှာ ကိုယ်တိုင်နဲ့လည်း တိုက်ရိုက်သက်ဆိုင်နေပါတယ်။ အိမ်ထောင် သည်အမျိုးသမီးတွေ သူတို့အိမ်ထောင်ရေးနဲ့ပတ်သက်ပြီး မပျော်ရွှင် ရတဲ့ အကြောင်းအရင်းတွေ ခိုင်ခိုင်လုံလုံရှိနေပါတယ်။ ဒီအောက် ဖော်ပြပါ အကြောင်းတွေကြောင့် သူတို့ရဲ့အိမ်ထောင်ရေးကို စိတ်ကုန်သွားတတ်ကြ တာဖြစ်ပါတယ်။

၁။ အိပ်ရေးပျက်ခြင်း
အမျိုးသမီးကျန်းမာရေးနဲ့ပတ်သက်ပြီး စစ်တမ်းကောက်သုတေသန ပြုချက်အရ အိမ်ထောင်ပြုခြင်းအတွက် ပျော်ရွှင်နေရတဲ့အမျိုးသမီးနဲ့ မပျော်ရွှင်ရတဲ့အမျိုးသမီးတွေထဲမှာ ၁၀ ရာခိုင်နှုန်းသောပျော်ရွှင်ရတဲ့ အမျိုးသမီးက ကောင်းမွန်စွာအိပ်စက်ခြင်းတွေကို ရရှိသူတွေပဲဖြစ် တယ်လို့ ဖော်ပြထားပါတယ်။ အိမ်ထောင်မှုအလုပ်ကိစ္စတွေအပြင် အခြားသော အကြောင်းအရာတွေကြောင့် အိပ်ရေးပျက်ခြင်းတွေဖြစ် ပေါ်နေပါတယ်။ ဒီလိုမျိုးအိပ်ရေးပျက်ခြင်းကြောင့် ခေါင်းကိုက်ခြင်း၊ မလန်းဆန်းခြင်း၊ စိတ်မကြည်လင် စိတ်ရှုပ်ခြင်း၊ ဒေါသထွက်လွယ် ခြင်းတွေဖြစ်လာတာကြောင့် မပျော်ရွှင်ရခြင်းပဲဖြစ်ပါတယ်။

၂။ စိတ်ဖိစီးမှုများခြင်း
အိမ်တွင်းကိစ္စကြောင့်၊ အလုပ်ကိစ္စကြောင့်၊ သားသမီးရေးတွေ ကြောင့်၊ စသဖြင့်အမျိုးမျိုးသော အကြောင်းအရာတွေ စိတ်ဖိစီးမှု တွေ ခံစားရတဲ့ အိမ်ထောင်သည်အမျိုးသမီးတွေက အိမ်ထောင်ရေးကိုစိတ်ပျက်လာ တတ်ကြပါတယ်။ ပိုမိုခေတ်မီလာတဲ့ ယနေ့လိုအချိန်အခါမျိုးမှာ ခေတ်က အမျိုးသမီးထုကို ဘက်ပေါင်းစုံကနေ စိန် ခေါ်မှုတွေရှိလာတာတွေကြောင့် လည်း စိတ်ဖိစီးမှုတွေ ဖြစ်ပေါ် လာရပါတယ်။ ဥပမာ အိမ်ထောင့်တာဝန်အပြင် ဝင်ငွေရှာတဲ့အလုပ် တွေလုပ်ကိုင်လာရခြင်း၊ ခေတ်မီပြီးပွင့်လင်းလာတဲ့ ဆိုရှယ်ဆက်ဆံ ရေးတွေကြားမှာ အမီလိုက်ဝင်ဆံ့အောင် နေထိုင်ရခြင်း၊ ခင်ပွန်း သည်၊ သားသမီးတွေနဲ့အိမ်တွင်းမိသားစုအပေါ်မလင့်ဟင်းစေ ရ အောင်မနိုင်မနင်းနဲ့ တာဝန်ကျေမှုတွေ လုပ်ဆောင်ပေးရခြင်း စသ ဖြင့် အကြောင်းအရာတွေက အိမ်ထောင်သည် အမျိုးသမီးတွေအ တွက်ခေါင်းခဲ စရာကိစ္စတွေဖြစ်လာပါတယ်။

၃။ ဆိုးရွားတဲ့ပေါင်းသင်းဆက်ဆံရေး
မိမိချစ်သူကို ခင်ပွန်းတစ်ယောက်အဖြစ် ပြောင်းလဲဆက်ဆံလိုက်ရ တဲ့အပေါ် အပြောင်းအလဲခံစားမှုကို ကြုံရပါတယ်။ ချစ်သူဘဝလိုမျိုး မဟုတ်ပဲ ပိုပြီးလေး နက်ဖို့၊ လေးစားဖို့၊ ချစ်ခင်ဖို့၊ ကြင်နာယုယဖို့ စသဖြင့် ခေါင်းစဉ်အမျိုး မျိုးနဲ့ ပြောင်းလဲဆက်ဆံရပါတယ်။ တစ်ဖက် ခင်ပွန်းသည်ဘက်ကလည်း ကိုယ့်အပေါ်ပြောင်းလဲဆက်ဆံမှုတွေ ကြုံတွေ့လာရပါတယ်။ ဒီလိုဆက် ဆံရေးပြောင်းလဲမှုအပေါ်တွေမှာ ကိုယ်တို့နှစ်ဦးသား အဆင်ပြေကျေနပ်နေ တယ်ဆိုရင် ပြဿနာမရှိ နိုင်ပေမယ့် တစ်ဦးကိုတစ်ဦးဆက်ဆံနေခြင်းက စိတ်တိုင်းကျအဆင် မပြေနိုင်ဘူးဆိုရင် ဖြေရှင်းရမလွယ်ကူပါဘူး။ အိမ်ထောင် အတွင်း တစ်ယောက်နဲ့တစ်ယောက် ကတောက်ကဆ ရန်ဖြစ်ခြင်းကနေမှ ဆိုးရွားတဲ့ဆက်ဆံရေးတွေ ဖြစ်လာပြီဆိုရင်တော့ မကောင်းတော့ပါ ဘူး။ ကိုယ့်အိမ်ထောင်ဖက်အပြင် တစ်ဖက်စီက ပါလာမယ့် မိဘ မောင်ဘွားတွေ ကြား၊ သူငယ်ချင်းအပေါင်းအသင်းတွေကြားမှာ လည်း ဆိုးဆိုးရွားရွားဆက် ဆံရေးတွေဖြစ်ပေါ်လာနိုင်ပါတယ်။ ဒီလို ဆိုးရွားတဲ့ဆက်ဆံရေးတွေကြောင့် လည်း မပျော်ရွှင်ရတော့ပဲ စိတ်ကုန်သွားတတ်ကြတာဖြစ်ပါတယ်။

ရွှေဝတ်မှုန်(ရွှေအင်းလေး)
www.khunnaymedia.com

0 comments:

Post a Comment

လူငယ်စာပေ ၊ သုတ ၊ ရသ ၊ နည်းပညာ ၊ ဟာသ ၊ ထူးဆန်းထွေလာ သတင်းမျာကို
စုံလင်အောင် ကြိုးစားတင်ဆက်ပေးသွားပါမယ် ။

Advertisement

Advertisement

Advertisment

Ad

Advertisment

Contact Us

09420112050

တစ်ပတ်အတွင်းဖတ်ရှုမှုအများဆုံးစာမျက်နှာ

Advertisement

Find Us On Facebook