တောင်အာဖရိကတိုက်အတွင်း စွန့်စားခရီးသွားနေကြတဲ့ ခရီးသွားအဖွဲ့တစ်ခုဟာ လျှပ်တစ်ပြက်ဓာတ်ပုံတွေရိုက်ရာက ဆန်းကြယ်သောဓာတ်ပုံတစ်ပုံကိုရရှိခဲ့ပါတယ်။ ပုံကိုရုတ်တရက်ကြည့်လိုက်ရင် သစ်ကုလားအုတ်က လည်ပင်းပြတ်နေတယ်လို့ ထင်စရာရှိပါတယ်။ အမှန်မှာတော့ သစ်ကုလားအုတ်ဟာ ခန္ဓာကိုယ်ဘေးက ယားယံလာလို့ သူ့ရဲ့ရှည်လျားလှတဲ့ လည်ပင်းကို ဘေးဘက်လှည့်ပြီး ကုတ်နေခြင်းသာဖြစ်ပါတယ်။ အဲ့ဒီအခိုက်အတန့်လေးကိုမှ ဓာတ်ပုံဆရာတစ်ယောက်က အမိအရရိုက်လိုက်နိုင်တာပါ။
ခမ်းမူး (ရွှေအင်းလေး)
ref:dailymail
www.khunnaymedia.com
0 comments:
Post a Comment
လူငယ်စာပေ ၊ သုတ ၊ ရသ ၊ နည်းပညာ ၊ ဟာသ ၊ ထူးဆန်းထွေလာ သတင်းမျာကို
စုံလင်အောင် ကြိုးစားတင်ဆက်ပေးသွားပါမယ် ။