Friday, March 18, 2016


Shwe Innlay's photo.
မြန်မာဆိုးရိုးစကားမှာ " မွေးနေ့ သောကြာ ၊ တနင်္လာ ကေသာဆံဖြတ် မပြုအပ် " ဆိုပြီးပြောကြတယ် ။ အဓိပ္ပါယ်ကတော့ ကိုယ့်ရဲ့ မွေးနေ့ရက်တွေရယ် သောကြာ နဲ့ တနင်္လာရက်တွေမှာ
ဆံပင်မညှပ်ကောင်းဘူးလို့ဆိုကြတယ် ။ အမှန်က မဟုတ်ပါဘူး ။ ဆိုရိုးစကားရဲ့အဓိပ္ပါယ်ဖွင့်ဆိုချက်က ဘဒ္ဒကမ္ဘာမှာ လေးဆူမြောက် ပွင့်ပြီးဖြစ်တဲ့ ဂေါတမမြတ်စွာဘုရားရှင် သိဒ္ဓတ္ထမင်းသားက ဥရုဝေဠတောမှာ ဒုက္ကရစရိယာ ကျင့်တော်မူပြီး တနင်္လာနေ့မှာ တောထွက်တယ် ။ ပြီးတော့ အနော်မာသောင်ယံမှာ ဆံကေသာကို ပါယ်တော်မူ(ညှပ်) တယ် ။ မြတ်စွာဘုရားရှင်ဖြစ်ခဲ့တဲ့ သိဒ္ဓတ္ထမင်းသားက သောကြာနေ့မှာ ဖွားမြင်တယ် ။ တနင်္လာနေ့မှာ ဆံကေသာကို ဖြတ်တယ် ။ ဒါကြောင့် ဖော်ပြချက်အရ သောကြာနေ့မှာ မွေးဖွားကြတဲ့ ဗုဒ္ဓဘာသာ အမျိုးသား/အမျိုးသမီး တွေဟာ တနင်္လာနေ့မှာ ဆံပင်မညှပ်သင့်ကြောင်းကို ဖွင့်ဆိုထားခြင်းဖြစ်တယ် ။
ဘာကြောင့်လဲဆိုတော့ ရှေးလူကြီးတွေက သောကြာနေ့ဖွားတဲ့လူတွေ တနင်္လာနေ့မှာ ဆံပင်ညှပ်ရင် ဘုရားအလောင်းတော်နဲ့ နှိုင်းယှဉ်ရာ ရောက်တဲ့အတွက် သတ်မှတ်ခဲ့ခြင်းသာဖြစ်တယ် ။
ကျွန်တော်တို့တွေထင်နေတဲ့ ကိုယ့်မွေးတဲ့ရက်တွေ ၊ သောကြာနဲ့ တနင်္လာနေ့တွေမှာ ဆံပင်ညှပ်ရင် လာဘ်တိတ်တယ် ၊ ကံမကောင်းဘူး ဆိုတဲ့ အယူတွေလွှဲမှားနေခြင်းဖြစ်တယ် ။ သောကြားနေ့ဖွားသူတွေနဲ့ပတ်သက်ပြီး ဒီအယူက အန္ဒိယက လာတယ်လို့ဆို ကြသလို ၊ ရှေးလူကြီးတွေ သမုတ်ခဲ့ကြလို့ ယနေ့ခေတ်အထိအယူစွဲ ပါလာတာပါ ။ တကယ်တမ်းတော့ ညှပ်ချင်တဲ့အချိန်ညှပ်လို့ရပါတယ် ။
ကံမကောင်းဘူး ၊ ကံကောင်းတယ် ၊ ပြဿဒါး နဲ့ ရက်ရာဇာ ဒါတွေက အယူစွဲတဲ့သူတွေအတွက်တော့ ဟုတ်ချင်ဟုတ်နေမယ် ။
ကံကောင်းတယ်မကောင်းဘူးဆိုတဲ့အပေါ်မှာ အယူဝါဒါနဲ့မဆိုင်ပါဘူး ၊ ကိုယ်ပြုတဲ့ကောင်းမှုကုသိုလ်နဲ့သာ ဆိုင်ပါတယ် ။ ဒါကြောင့် ကောင်းတာလုပ်ရင် ကောင်းတာဖြစ်မယ် ၊ မကောင်းတာလုပ်ရင် မကောင်းတာဖြစ်မယ် ။ ဆံပင်ညှပ်တဲ့ ရက်တွေပေါ်မမူတည်ပါဘူး ။ ပြောချင်တာက ၇ ရက်သားသမီးတွေအကုန်လုံး ဆန္ဒရှိရင် ညှပ်ချင်တဲ့အချိန်ညှပ် ၊ ညှပ်ချင်တဲ့ရက်ညှပ် ကြိုက်သလိုသာညှပ်လို့ ရပါကြောင်း ။

ခွန်နေ(ရွှေအင်းလေး)

0 comments:

Post a Comment

လူငယ်စာပေ ၊ သုတ ၊ ရသ ၊ နည်းပညာ ၊ ဟာသ ၊ ထူးဆန်းထွေလာ သတင်းမျာကို
စုံလင်အောင် ကြိုးစားတင်ဆက်ပေးသွားပါမယ် ။

Advertisement

Advertisement

Advertisment

Ad

Advertisment

Contact Us

09420112050

တစ်ပတ်အတွင်းဖတ်ရှုမှုအများဆုံးစာမျက်နှာ

Advertisement

Find Us On Facebook