Friday, March 18, 2016


Shwe Innlay's photo.


ကိုယ်က ကောင်းပေးသလောက် တစ်ဖက်လူက ကိုယ့်အပေါ်ပြန် မကောင်းပေးနိုင်ဘူးဆိုရင်တောင်… အဲ့ဒီလူအပေါ်အမျက်မထွက် လိုက် ပါနဲ့…. လောကကြီးက ကိုယ်လိုသလိုစီမံထားတဲ့ အရာတွေမှ မဟုတ်ပဲ… တစ်ခါတစ်လေလည်း အဆင်မပြေမှုတွေ၊ စိတ်ပင်ပန်းရတာတွေ၊ ကျရှုံး ရတာတွေမျိုးတွေနဲ့ ကြုံရတတ်ပါတယ်….

ဒီလိုအချိန်မျိုး တွေကြုံလာရချိန်မှာတော့ ကိုယ့်ကိုကိုယ်ပြန်လည်ဖြေ သိမ့်တတ်ဖို့နဲ့ ငြိမ်းချမ်းစွာနေတတ်ဖို့ အရေးကြီးပါတယ်…. ကိုယ်က ကောင်းပေးသလိုမျိုး ကိုယ့်အပေါ်မကောင်းပေးတဲ့ အချိန်ကျ စိတ် ကအလိုလျောက်ပဲ ဒေါသထွက်လာနိုင်ပါတယ်။ ဒေါသထွက်တဲ့အလျှောက် ကိုယ့်စိတ်ကမငြိမ်းချမ်းတော့ပါဘူး။


နောက်ပြီး ဒီလူတစ် ယောက်အပေါ်ကိုလည်း အကောင်းမမြင်ပေးနိုင်တော့ ပါဘူး။ အဲ့ဒီကစပြီး ကိုယ့်ရဲ့ပေါင်းသင်းဆက်ဆံရေးတွေ အဆင်မပြေနိုင် တော့ ပါဘူး။ လူအများနဲ့ပတ်သက် ဆက်ဆံရတာတွေအဆင်မပြေ နိုင်တော့ဘူး။ ဒီလိုဆိုရင် ကိုယ့်စိတ်ငြိမ်းချမ်းတွေ ပျက်စီးသွားရပါပြီ။ သူတစ်ပါးအပေါ် မကောင်းမြင်တဲ့စိတ်ကလေးနဲ့တင် ကိုယ့်ရဲ့ငြိမ်း ချမ်းခြင်းတွေ ဖျက်ဆီးခံလိုက် ရပါပြီ…..

ဒီလိုမဖြစ်ရပါဘူး။ ဖြစ်ပျက်ပြီးသွားတဲ့ ကိစ္စတွေကို အတိတ်လို့သ ဘောထားပြီး သင်ခန်းစာယူ။ နောက်တစ်ခါထပ်မဖြစ်အောင် ကြိုးစားရှောင်ရမှာ ကိုယ့်တာ ဝန်။ ပိုင်ဆိုင်ထားတဲ့ အချိန်ကို အခွင့်အရေးတစ်ခုလိုအသုံး ချပြီးပျော် ရွှင်အောင်နေထိုင်။ ကိုယ့်စိတ်ထဲမှာဖြစ်နေရတဲ့ ပူလောင်ခြင်းသောကတွေကို အရင်ဖျောက်ပစ်။ အနာဂတ်မှာ ကောင်းအောင်ပုံဖော်ဖို့အတွက် ဒီစိတ်သော ကမငြိမ်းရမယ့်အရာတွေကိုစွန့်ပစ်လိုက်ပါ။ စိတ်ဆင်းရဲခြင်း၊ စိတ်ချမ်းသာ ရခြင်းဆိုတာ သူများတွေနဲ့ မသက်ဆိုင်ပါဘူး။ ကိုယ့်စိတ်ထဲနဲ့ပဲ သက်ဆိုင် ပါတယ်။ စိတ်ညစ်ရတဲ့သောကပူလောင်ခြင်းတွေကို ကိုယ့်စိတ်ထဲမှာဆုပ်ကိုင် ထားသရွေ့ကတော့ ဘယ်တော့မှငြိမ်းချမ်းနိုင်မှာ မဟုတ်ပါဘူး….

ရွှေဝတ်မှုန်(ရွှေအင်းလေး)
www.khunnaymedia.com

0 comments:

Post a Comment

လူငယ်စာပေ ၊ သုတ ၊ ရသ ၊ နည်းပညာ ၊ ဟာသ ၊ ထူးဆန်းထွေလာ သတင်းမျာကို
စုံလင်အောင် ကြိုးစားတင်ဆက်ပေးသွားပါမယ် ။

Advertisement

Advertisement

Advertisment

Ad

Advertisment

Contact Us

09420112050

တစ်ပတ်အတွင်းဖတ်ရှုမှုအများဆုံးစာမျက်နှာ

Advertisement

Find Us On Facebook