Thursday, March 17, 2016


Shwe Innlay's photo.


စာဖတ်သူတို့ရေ...ယခုလိုပူပြင်းလှတဲ့ နွေရာသီမှာ ရေဓာတ်တွေခန်းခြောက်လို့ ပင်ပန်းနွမ်းနယ်နေကြပြီလား ... နွေနေ့ရက်တွေကလည်း တစ်နေ့ထက်တစ်နေ့ ပိုပိုပူအိုက်လာတယ်နော်။ ယခုလို နွေရာသီအချိန်အခါနဲ့ ကိုက်ညီမဲ့ သံပုရိုသီးဖျော်ရည်အကြောင်းကို စာဖတ်သူတို့သိအောင် ဝေမျှပေးလိုက်ရပါတယ်။

သံပုရိုသီးဖျော်ရည် သောက်သုံးခြင်းဟာ ခန္ဓာကိုယ်တွင်းရှိရေဓာတ်ကို ချိန်ညှိပေးနိုင်ပါတယ်။ သံပုရိုသီးရဲ့ ချဉ်တဲ့အရသာကြောင့် အက်ဆစ်ဓာတ်များပြားတယ်လို့လည်း မထင်လိုက်ပါနဲ့အုံး။ သံပုရိုသီးဟာ ခန္ဓာကိုယ်တွင်း အက်ဆစ်ဓာတ်မလွန်ကဲအောင် ထိန်းသိမ်းပေးနိုင်ပါတယ်။ ဒါ့အပြင် သံပုရိုသီးမှာ ဗီတာမင်စီ၊ ဗီတာမင်အေ၊ ဗီတာမင်အီး၊ ဗီတာမင် B6၊ ကယ်လ်စီယမ်၊ ပိုတက်စီယမ်၊ ပရိုတိန်း စသဖြင့် အာဟာရဓာတ်တွေ အများအပြား ပါဝင်တဲ့အတွက်ကြောင့် ကျန်းမာရေးကို များစွာအထောက်အကူပြုပါတယ်။


ပုံမှန်ကျန်းမာနေသူတစ်ယောက်အနေနဲ့ ဖန်ခွက်တစ်ခွက်စာရေထဲကို သံပုရိုသီးတစ်ခြမ်းညှစ်ထည့်ပြီး တစ်နေ့နှစ်ကြိမ်သောက်သုံးပေးပါ။ ဝိတ်ကျချင်သူတွေအတွက်ကတော့ သံပုရိုသီးတစ်လုံးအပြည့် ညှစ်ထည့်နိုင်ပါတယ်။ ရေခဲသေတ္တာမှာထားတာတို့၊ သိမ်းထားတာတို့လုပ်မဲ့အစား ချက်ချင်းသောက်သုံးပေးရင် ပို၍ကောင်းမွန်ပါတယ်။ အရသာရှိရှိသောက်လိုသူတွေအတွက် သကြားနဲ့ဆားထည့်ပြီး သောက်နိုင်ပါတယ်။ ပျားရည်ကြိုက်သူတွေအနေနဲ့ သကြားနေရာမှာ အစားထိုးလို့ရပါတယ်။ ဒီလိုသောက်သုံးပေးခြင်းဖြင့် ပူပြင်းလှတဲ့နွေရာသီမှာ အားအင်တွေပြည့်ဝစေပြီး ကြည်လင်လန်းစန်းစေလာစေနိုင်တယ် ဆိုတာကို ဖော်ပြပေးလိုက်ရပါတယ်။

Ref:wiki
ခမ်းမူး (ရွှေအင်းလေး)
www.khunnaymedia.com

0 comments:

Post a Comment

လူငယ်စာပေ ၊ သုတ ၊ ရသ ၊ နည်းပညာ ၊ ဟာသ ၊ ထူးဆန်းထွေလာ သတင်းမျာကို
စုံလင်အောင် ကြိုးစားတင်ဆက်ပေးသွားပါမယ် ။

Advertisement

Advertisement

Advertisment

Ad

Advertisment

Contact Us

09420112050

တစ်ပတ်အတွင်းဖတ်ရှုမှုအများဆုံးစာမျက်နှာ

Advertisement

Find Us On Facebook