
မျက်လုံးမို့ အစ်အစ်လေးနဲ့ အခန်းထဲဝင်လာတဲ့ ညိုမြလေးကို ဘာ ဖြစ်လာရပြန်တာလဲလို့ ကျွန်မမေးလိုက်ပါတယ်..
“ ကဲ… ဘာဖြစ်ပြန်လာရတာလဲ။ ငိုနေရပြန်ပြီလား” ဆိုတော့ သူမ က
“ အင်းပေါ့” တဲ့။
“ဘာကိစ္စ”
“အိမ်ကိစ္စ”
“အော်”
တကယ်တော့ ညိုမြလေးက သမီးအလိမ္မာလေးပါ။ မိသားစုထဲ က မောင်နှမသုံးယောက်မွေးချင်းထဲ သူမက သမီးအလတ်ကလေးပါ။ ငယ်ငယ်လေးကတည်းက သားဦးဖြစ်တဲ့ အစ်ကိုကြီးကို အဖေ၊ အမေတွေ ဖူးဖူးမှုတ်ဦးစားပေးချစ်တတ်ကြပြီး ညိုမြလေး မွေးလာ တော့ ညိုမြလေးက အငယ်ဖြစ်သွားတာမို့ အိမ်မှာအချစ်ရဆုံး အချစ် တွေ ပုံထားပြီး အချစ်ခံရပါတယ်။
ဒါပေမယ့် အငယ်လေးဖြစ်တာ သိပ်မကြာလိုက်ပါဘူး။ ညိုမြအောက်က ညီမလေးတစ်ယောက် ထပ်ရခဲ့ပါတယ်။ အမေနဲ့ အဖေကညို မြအပေါ် သိပ်ဂရုမစိုက်နိုင်တော့ပဲ နောက်ဆုံးမွေးလာတဲ့ ညီမလေး ကိုပဲ သဲသဲလှုပ်ဖြစ်သွားပြန်ပါတယ်။ ညိုမြ အထက်က အစ် ကိုကြီးတစ်ယောက်၊ ညိုမြ အောက်ကညီမ လေးတစ်ယောက် ဆို တော့ ညိုမြတို့ မိသားစုမှာ သားယောက်ျားလေးကော၊ သမီးမိန်း ကလေးပါ စုံသွားခဲ့တယ်လေ။ ညိုမြတို့ မိသားစုလေးက သိပ်ပျော် စရာကောင်းခဲ့ပါတယ်။
ညိုမြက အလတ်သမီးကလေးမို့လို့ မိသားစုထဲမှာဆိုရင် အမြဲလိုလို လစ်လပ်နေတာပဲလို့ ခံစားရတယ်။ မိသားစုထဲ သားသမီးအလတ် ကလေးတွေက တခြားအကြီးနဲ့ အငယ်တွေကို ဦးစားပေးရတယ်။ ကိုယ့်အထက်က အကြီးဆိုလည်း အကြီးမို့လို့ မိဘတွေကဦးစား ပေးလွန်း တယ်။ ကိုယ့်အောက်က အငယ်ဆိုလည်း အငယ်ဆုံးလေး တွေအတွက် အမြဲလိုလို ညှာတာပေးရတယ်။ ညိုမြတို့လို အလတ်ကလေးတွေ ကျတော့လည်း အမြဲလိုလိုပဲ တစ်ခုခုဆို ဦးစားပေးရ၊ ညှာတာရနဲ့ ကိုယ့် အတွက်ဘယ်တော့မှ ရွေးချယ် ပိုင်ခွင့်မရှိခဲ့ဘူး။ ငြင်းပယ်ပိုင်ခွင့်လည်း မရှိခဲ့ဘူး။ ကျောင်းတတ်အ ရွယ်လည်း ကျောင်းဝတ်စုံ၊ ကျောင်းသုံးပစ္စည်းနဲ့ တခြားညိုမြအသုံး ပြုမယ့် ပစ္စည်းလေးတွေကအစ ညိုမြကိုကြီးနဲ့ ညီမလေးတို့နဲ့ယှဉ် ရင် ညိုမြက နောက်ကျမှ ရတတ်ပါတယ်။ ညိုမြအမေက ကိုကြီးနဲ့ ညီမလေးတို့ကို အရင်ဦးစားပေးလိုက်ပါဆိုတော့ ညိုမြခေါင်းငြိမ့်ခဲ့ ရတယ်။
အစ်ကိုကြီးကလည်း အကြီးဆုံးမို့ သူ့အတ္တအတိုင်း တစ်ခုခုဆိုအရင်ဆုံး၊ အများဆုံး၊ ဦးစားပေးခံရမှ ကျေနပ်တတ်ပါတယ်။ အငယ် လေးကလည်း သူကအငယ်ဆုံး၊ အချစ်ခံရဆုံး၊ အငယ်မို့အချွဲဆုံးဆို ပြီး အရာရာဗိုလ် ကျတတ်ပါတယ်။ ဒီ မောင်နှမနှစ်ယောက်ကြား ညို မြလေးကတော့ အမြဲ လိုလို စိတ်ကျေနပ်အောင် နေပေးရပါတယ်။ အစ်ကိုကြီးကြောင့် စိတ် ညစ်ရတာတွေ၊ မိသားစုကြားပြဿနာတတ် ရတာတွေကို ညိုမြကပဲ ကြားထဲက ဝင်ဖြေရှင်းပေးရတယ်။ ညီမ လေးမလိမ္မာလို့၊ ဆိုးလို့၊မသိတတ်လို့ ဆိုတာတွေကို အစ်မလုပ်သူ ညိုမြကပဲ ထိန်းကျောင်းပဲ့ပြင်ပေးနေရတယ်။ ဒီ့အတွက်မို့လို့ အမေ နဲ့ အဖေကို ညိုမြကြောင့် ဘယ်တော့မှစိတ်ညစ်အောင် မလုပ်ခဲ့ဖူးပါဘူး။
အဖေနဲ့ အမေကတော့ ညိုမြကို အမြဲပြောရှာပါတယ်။ ညိုမြလေးကပဲ အသိတတ်ဆုံး၊ အလိမ္မာဆုံးမို့ပေါ့။ ဒီစကားလေးနဲ့ပဲ သမီးအလတ် လေးဖြစ် ရတာကိုပဲ ကျေနပ်ပါတယ်။ ဒါပေမဲ့ ညိုမြလည်း တခြား သားသမီးတွေလိုမျိုး အချစ်ခံချင်တယ်။ ဦးစားပေးခံချင်တယ်။ ရွေး ချယ်ခွင့်ရချင်တယ်။ စိတ်ကြိုက် လုပ်ပိုင်ခွင့်ရချင်တယ်လေ။ မိသားစု လေးကိုချစ်လို့၊ မောင်နှမလေးတွေကို ချစ်ခင်လို့ ညိုမြဒီလို တစ် ကိုယ်ကောင်းကောင်းဆန်ဆန် ဘယ်တော့မှမလုပ် ခဲ့ဘူး။
ဟိုးငယ်ငယ်ကလေးထဲက အခုအရွယ်ရောက်တဲ့အချိန်အထိ မိသားစုထဲမှာ ဆိုရင် တခြားသူတွေရဲ့ ခံစားချက်တွေကို ဦးစားပေး ရင်း ကိုယ့်ခံစားချက်၊ ကိုယ့်ဘဝကို ဘယ်လိုမျိုးပုံဖော်ရမလဲဆိုတာ တောင် မေ့လျော့နေ မိပြန်ပါတယ်။ ကိုယ့်ဆန္ဒဖြစ်ချင်တာတွေ ငြင်း ပယ်ရင်း၊ အငြင်းခံရရင်းနဲ့ တစ်ခါတစ်လေ ပေါက်ကွဲသွားမိတဲ့အခါ တွေလည်း ရှိပါတယ်။ ဖြစ်ချင် ရာဖြစ် ပါစေတော့ ဆိုပြီးဆက်ဆံမိတဲ့ အချိန်၊ လစ်လျူရှုမိတဲ့ အချိန်တွေလည်းရှိတယ်။
ဒါပေမဲ့ ကိုယ့်တစ်ကိုယ်တည်းကြောင့် မိသားစု စိတ်ပင်ပန်းရတာ၊ စိတ်ရှုပ် ရတာ၊ စိတ်ညစ်ရတာ၊ မပျော်ရွှင်ရတာမျိုးတွေ မဖြစ်ချင်ပါဘူး။
ကိုယ်မှမလုပ်ပေးရင် မိသားစု အဆင်မပြေတော့မှာ၊ မိဘတွေစိတ် ဆင်းရဲရမှာ၊ ကိုယ့်မောင်နှမတွေ ဒုက္ခရောက်သွားမှာတော့ မကြည့်ရက်ပါဘူး။ ဒီကနေ့အချိန်ထိပဲ မိသားစုအပေါ် ကြည့်ရှုလာခဲ့တယ်။ မောင်နှမတွေ အပေါ် စောင့်ရှောက်ပေးလာခဲ့တယ်။ ဒီလို မိသားစု အပေါ် သိတတ်တဲ့စိတ်၊ အနစ်နာခံတဲ့ စိတ်ရင်းလေးနဲ့ပဲ ညိုမြရဲ့သမီးအလတ်မလေးဖြစ်ရတဲ့ဘဝ ကိုပဲ ကျေနပ်မိပါတယ်။
မိဘတွေမှ သားသမီး အလတ်ကလေးတွေရဲ့ ခံစားချက်ကိုတန်ဖိုးထားနား လည် ချစ်ခင်နိုင်ကြပါစေ........
ရွှေဝတ်မှုန်(ရွှေအင်းလေး)
www.khunnaymedia.com
0 comments:
Post a Comment
လူငယ်စာပေ ၊ သုတ ၊ ရသ ၊ နည်းပညာ ၊ ဟာသ ၊ ထူးဆန်းထွေလာ သတင်းမျာကို
စုံလင်အောင် ကြိုးစားတင်ဆက်ပေးသွားပါမယ် ။