Thursday, March 17, 2016


Shwe Innlay's photo.


ချစ်သူရည်းစားထားပြီး မကြာခင်အချိန်တိုလေးအတွင်းမှာပဲ ကိုယ်နဲ့တွဲလို့ အဆင်မပြေနိုင်တော့လို့ တစ်ဖက်လူကို ကိုယ်တို့ရဲ့သမီး ရည်းစားဆက် ဆံရေးမှ ပြတ်စဲချင်နေပြီလား။ လမ်းခွဲစကားဘယ် လိုပြောရမလဲဆိုတာကော စဉ်းစားပြီးပြီလား။ တစ်ဖက်လူရည်းစားကို ပြတ်ဆဲဖို့ပြောဖို့က နည်း နည်းတော့ ခက်ခဲပါလိမ့်မယ်။

လူအမျိုးမျိုး စိတ်အထွေထွေရှိတာကြောင့် ဒီလိုကိစ္စမှာ တချို့ကလွယ်လွယ် ကူကူနဲ့ ပဲပြတ်စဲသွားကြပေမယ့် တချို့ကျတော့ပြတ်စဲကြခြင်းက မလွယ် ကူပဲတစ်ယောက်နဲ့ တစ်ယောက်လမ်းခွဲပြတ်ဆဲဖို့ ခွင့်မပြုပေးပဲတာတွေ၊ လမ်းခွဲပြတ်ဆဲရခြင်းအကြောင်းအရင်း ကို တစ်ဖက်လူနားလည်အောင်၊ ကျေ နပ်အောင်နားချပြောဆိုဖို့ မတတ်တာကြောင့် တစ်ဖက်လူမှာ အမုန်းပွားကာ တမင်စိတ်ဒုက္ခ ပေးဆွဲထားတာမျိုးတွေ၊ နောက်တစ်ဖက်ရည်းစားက မိမိအပေါ် တကယ်ချစ်ခင်စွဲလန်းသွားဖို့ ဖြတ်ရခက်ခဲတာတွေ စသဖြင့် ခက်ခက် ခဲခဲရင်ဆိုင်ရတာမျိုးရှိ တတ်ကြပါတယ်။ဒီ့အတွက်ကြောင့်လမ်းခွဲချင်နေ တဲ့တစ်ဖက်လူ ရည်းစားကို ဘယ်လိုမျိုး ပြတ်စဲကြဖို့ ပြောရမလဲဆိုတာ နည်းလမ်းကောင်းလေးတွေ ဖော်ပြပေးလိုက်ပါတယ်။


၁။ ကိုယ့်ကိုကိုယ် အရင်မေးပါ။ ဒီသမီးရည်းစားဆက်ဆံရေးကို တကယ်ပဲလမ်းဆုံးသွားချင်ပြီလားဆိုတာ။ တချို့က တကယ်မသေ ချာပဲနဲ့ လက်တလောခံစားချက်နဲ့ လမ်းခွဲဖို့ဆုံးဖြတ်ပြီး ပြတ်ဆဲသွား မှ နောင်တရတတ်တာမျိုးတွေ ရှိတတ်ပါတယ်။ ဒါ့ကြောင့်မို့လို့ လမ်း ခွဲပြတ်ဆဲချင်ပြီးလားဆိုတာ သေချာအောင်လုပ်ပါ။

၂။ လမ်းခွဲစကားပြောဖို့ ကိုယ့်ရဲ့တစ်ဖက်လူရည်းစားကို မျက်နှာ ချင်းဆိုင်တွေ့ပြီး ပြောပါ။ ဒါက သမီးရည်းစားဆက်ဆံရေးမှာ လိုက် နာရမယ့် အမူအရာပါ။ ဖုန်းထဲကတို့၊ ဆိုရှယ်နက်ဝက်တွေကတို့၊ သူငယ်ချင်းတွေတဆင့်စကားပါးတာတို့ စတာတွေက အရမ်းကိုပဲ အပြုအမူ သိမ်နုတ်လွန်းပါတယ်။ တာဝန်မဲ့လွန်းရာကျပါတယ်။

၃။ ရိုးသားမှုရှိပါစေ။ သင့်ဘက်က တကယ်ပဲအဆင်မပြေတော့လို့၊ ရေရှည်ဆက်တွဲနိုင်ဖို့ မဖြစ်နိုင်တော့လို့ လမ်းခွဲလိုက်ရတာမျိုးကို မှန်မှန်ကန်ကန်ပြောဆိုပါ။ အချစ်ကို ကစားပွဲတစ်ခုလို ကစားတတ် တဲ့သူတွေလို ကစားပွဲပြီးဆုံးသွားလို့ လမ်းခွဲလိုက်ရတာမျိုး မဖြစ်ပါ စေနဲ့။ တစ်ဖက်လူရဲ့ခံစားချက်ကို လူကြီးလူကောင်းဆန်စွာ နား လည်စာနာတတ်ပါစေ။

၎။ လမ်းခွဲပြတ်စဲဖို့ တစ်ဖက်လူရဲ့ဆန္ဒကိုနဲ့ခံစားချက်ကိုလည်း သိရှိ နိုင်ပါစေ။ တချို့မှာကျတော့ ကိုယ့်ဘက်ကဆက်တွဲဖို့ မဖြစ်နိုင်ပေ မယ့် တစ်ဖက်လူဘက်ကျ လမ်းခွဲပေးဖို့အဆင်သင့်မဖြစ်သေးတဲ့ အချိန်တွေလည်း ဖြစ်နိုင်ပါတယ်။ ဒီ့အတွက် အချိန်ပေး၊ စဉ်းစားခွင့် ပေးလိုက်ပါ။ သူ့ဘက်ကိုယ်ဘက် မျှကြည့်ပါ။ ကိုယ်ချင်းစာနာနား လည်မှုပေးပါ။ နှစ်ဦးသားအဆင်မပြေနိုင်တဲ့ ဆက်ဆံရေးထက်၊ တစ် ယောက်စီနေတာက ပိုပြီးအဆင်ပြေနိုင်ကြောင်း နားလည်အောင် လူကြီးလူကောင်းဆန်ဆန်ရှင်းပြပါ။

၅။ တစ်ယောက်နဲ့တစ်ယောက် အဆင်ပြေပြေနားလည်မှုရှိရှိ ပြတ် ဆဲလိုက်ခြင်းက နှစ်ဦးသားဆက်ဆံရေးမှာ ကောင်းမွန်တဲ့အကျိုး တွေများစွာရှိတယ်ဆိုတာ နှစ်ဖက်စလုံးသိအောင်လုပ်ပါ။ အမုန်းတွေ ပွားပြီး လမ်းခွဲလိုက်ခြင်းထက်၊ နားလည်မှုရှိရှိပြတ်စဲခြင်းက ပိုပြီး သာယာစေနိုင်ပါတယ်။ ချစ်သူတွေမဟုတ်ကြတော့ရင်တောင် မုန်း တဲ့သူတွေမဟုတ်ကြပဲ ဒီအတိုင်းသူစိမ်း၊ ဒါမှမဟုတ် အသိမိတ်ဆွေ တွေအဖြစ် ဆက်ဆံရေးကိုပြေလည်အောင် ညှိနှိုင်းတတ်ပါစေ။

ရွှေဝတ်မှုန်(ရွှေအင်းလေး)
www.khunnaymedia.com

0 comments:

Post a Comment

လူငယ်စာပေ ၊ သုတ ၊ ရသ ၊ နည်းပညာ ၊ ဟာသ ၊ ထူးဆန်းထွေလာ သတင်းမျာကို
စုံလင်အောင် ကြိုးစားတင်ဆက်ပေးသွားပါမယ် ။

Advertisement

Advertisement

Advertisment

Ad

Advertisment

Contact Us

09420112050

တစ်ပတ်အတွင်းဖတ်ရှုမှုအများဆုံးစာမျက်နှာ

Advertisement

Find Us On Facebook