ခွန်နေ - Khun Nay
ဘယ်လ်ဂျီယံနိုင်ငံ ဘရက်(စ်)ဆဲလ်မြို့မှာတည်ရှိပြီး ၂၀၀၄ ခုနှစ် ၊ မေလ တစ်ရက်နေ့ မှာစတင်ဖွင့်လှစ်ထားတဲ့ ကမ္ဘာ့အနက်ဆုံး မိုးလုံလေလုံရေငုပ်ကန်ပါ ။
ရေအနက် ၁၀၈ ပေရှိပြီး ရေလီတာစုစုပေါင်း ၂.၅ မီလီယံ လီတာ
ပမာဏ ထည့်သွင်းထားတဲ့ ဒိုင်ဗင်ရေးကူးကန်ပါ ။ ရေငုပ်သမားတွေ အတွက် ရေအောက်မှာ လှည့်လည်ကြည့်ရှုစရာ အခန်းများစွာဖွဲ့စည်း ပေးတဲ့အပြင် ရေကန်တွင်း တစ်ခုလုံးကို
ကြည်လင်ပြတ်သားစွာမြင်နိုင်ဖို့အတွက် LED မီးလုံးများကိုပါတပ်ဆင်ပေးထားပါသေးတယ် ။
LED မီးများ ထိန်လင်းစေရန်အတွက် လျှပ်စစ်မီးကို
နေရောင်ခြည်စွမ်း အင်သုံး ဆိုလာပြားမှတဆင့် ရယူထားပါတယ် ။
ရေငုပ်ဝါသနာပါသူတွေ ပင်လယ်ပြင်အထိ သွားစရာမလိုပဲ အန္တရာယ်ကင်းကင်း ရေငုပ်နိုင်ဖို့အတွက် ရည်ရွယ်ဖန်တီးထားတာဖြစ်ပြီး ကမ္ဘာ့အနက်ဆုံး ရေငုပ်ကန် အဖြစ်လည်း မှတ်တမ်းဝင်ထားကြောင်း
သိရပါတယ် ။
ရေကန် အတွင်းပိုင်း ဓာတ်ပုံတွေကိုကြည့်ရှုနိုင်စေရန်ဖော်ပြပေးလိုက်ပါသည် ။
https://www.khunnaymedia.com/
Free Download Mobile Application -
Mediafire Link - http://goo.gl/oIpMYP
Dropbox Link - http://goo.gl/5eogm3