Tuesday, December 30, 2014
ခွန်နေ - Khun Nay -
၁ . အတိတ်တွေကို ပြန်မကြည့်ပါနဲ့ ။ လက်ရှိ အချိန် သူဘယ်လိုပြုမူ နေထိုင်တယ် ၊ သူဘယ်လောက် တည်ငြိမ် ရင့်ကျက်တယ် ဆိုတာကိုပဲ ဂရုစိုက်ပါ ။
၂ . ချစ်သူက အမှားတစ်ခုခု လုပ်ခဲ့ဖူးတာမျိုးတွေရှိမယ် ။ သူကလည်း အဲ့ဒီအမှားကို ဝန်ခံတောင်းပန်တယ် ၊ ပြန်အဆင်ပြေသွားပြီ ။
ဒါပေမယ့် ရန်ဖြစ်စိတ်ဆိုးတဲ့အခါ အဆိုပါ အမှားကိုပဲ ဖိနှိပ်ချနှင်းပြီး ချစ်သူကို အနိုင်ယူတာမျိုး မလုပ်မိပါစေနဲ့ ။
၃ . သူတစ်ခါ မှားခဲ့ဖူးလို့ ကိုယ်လည်း ပြန်မှားမယ်ဆိုတဲ့ အတွေးမျိုး အရွဲ့  မတိုက်မိပါစေနဲ့ ။
၎ . ပုံမှန်ချစ်နေကျ ပုံစံထက် ပိုပြီးချစ်ပြစရာမလိုဘူး ၊ လျော့လည်းမလျော့နဲ့ ။ ပုံမှန်ပဲ ဂရုစိုက်ပေးပါ ။
၅ . နေ့စဉ်လုပ်နေကျ အရာတွေ မပျက်ကွက် မိပါစေနဲ့ ။ ဥပမာ ( မနက်အစောကြီး ဖုန်းဆက်တာ ၊ အိပ်ခါနီးမက်ဆေ့စ်ပို့တာ)
၆ . ရေရှည်လက်တွဲဖို့အတွက် ကိုယ့်ရဲ့ အားနည်းချက် ဘာရှိလဲဆိုတာမျိုး ချစ်သူကို ဝေဖန်ခိုင်းပါ ။ ပြီးရင် ပြင်ဆင်ပါ ။
၇ . အတူတွဲရိုက်ဖူးတဲ့ ဓာတ်ပုံတွေကို ကြာကြာတစ်ခါ နှစ်ယောက်အတူတူ ကြည့်ပြီး ပျော်ရွှင်ခဲ့တဲ့အချိန်တွေကို များများပြောပေးပါ ။
ဒါကတော့ ကိုယ်ချစ်တဲ့သူကို လွယ်ကူစွာလိုက်လျောပေးနိုင်တဲ့ အချက်(၇) ချက် ဖြစ်ပါတယ် ။ ပြီးတော့ ချစ်သူနှစ်ယောက် လမ်းခွဲဖို့အထိ နာကျင်ရလောက်တဲ့
အနေအထားမျိုးဖြစ်လာခဲ့မယ်ဆိုရင် အတူတူပျော်ရွှင်ခဲ့တဲ့ အချိန်တွေကို ပြန်စဉ်းစားပေးပါလို့ ထပ်လောင်း အကြံပြုလိုက်ရပါတယ် ။ ချစ်သူများ ရွှေလက်တွဲမြဲ ၍ ပျော်ရွှင်နိုင်ပါစေ ။
ခွန်နေ - Khun Nay
သင္ကိုယ့်ခ်စ်သူကို တကယ္ခ်စ္တဲ့သူဆိုရင်
ခြန်နေ - Khun Nay -
၁ . အတိတ်တြေကျိုပန္မကြည့္ပါနဲ့ ။ လက်ရွိ အခိန် သူဘယ္လျိုပုမူ နေထိုင္တယ် ၊ သူဘယ်လောက် တည်ငြိမ် ရင့်က်က္တယ် ဆိုတာကိုပဲ ဂရုစိုက္ပါ ။
၂ . ခ်စ်သူက အမွားတစ္ခုခု လုပ္ခဲ့ဖူးတာမိုးတြေရွိမယ် ။ သူကလည်း အဲ့ဒီအမွားကို ဝန္ခံတောင်းပန္တယ် ၊ျပန်အဆင်ျေပသြားပြီ ။
ဒါပေမယ့် ရန်ျဖစ္စိတ္ဆိုးတဲ့အခါ အဆိုပါ အမွားကိုပဲ ဖိနွိပ္ခ်နွင်းပြီး ခ်စ်သူကို အနိုင်ယူတာမိုး မလုပ္မိပါစေနဲ့ ။
၃ . သူတစ္ခါ မွားခဲ့ဖူးလို့ ကိုယ္လည်ျးပန္မွားမယ္ဆိုတဲ့ အေတြးမိုး အရြဲ့  မတိုက္မိပါစေနဲ့ ။
၎ . ပုံမွန္ခ်စ်နေက် ပုံစံထက် ပိုပြီးခ်စ်ျပစရာမလိုဘူး ၊ လော့်လည်းမေလ်ာ့နဲ့ ။ ပုံမွန္ပဲ ဂရုစိုက်ပေးပါ ။
၅ . နေ့စဥ္လုပ်နေက် အရာတြေ မပ်က္ကြက် မိပါစေနဲ့ ။ ဥပမာ ( မနက်ေအစာကြီး ဖုန်းဆက္တာ ၊ အိပ္ခါနီးမက်ဆေ့စ္ပို့တာ)
၆ . ရေရွည္လက္တြဲဖို့အတြက် ကိုယ့်ရဲ့ အားနည်းခ်က် ဘာရွိလဲဆိုတာမိုး ခ်စ်သူကို ဝေဖန္ခိုင်းပါ ။ ပြီးရင်ျပင္ဆင္ပါ ။
၇ . အတူတြဲရိုက္ဖူးတဲ့ ဓာတ္ပုံတြေကို ကြာကြာတစ္ခါ နွစ်ယောက်အတူတူ ကြည့်ပြီး ပော််ရွှင္ခဲ့တဲ့အခိန်တြေကို မ်ားမ်ာျးေပာပေးပါ ။
ဒါကေတာ့ ကိုယ္ခ်စ္တဲ့သူကို လြယ္ကူစြာလိုက်လော်ပေးနိုင္တဲ့ အခ်က်(၇) ခ်က်ျဖစ္ပါတယ် ။ ပြီးတော့ ခ်စ်သူနွစ်ယောက် လမ်းခြဲဖို့အထိ နာက်င်ေရလာက္တဲ့
အေနအထားမိုျးဖစ္လာခဲ့မယ္ဆိုရင် အတူတူပော််ရွှင္ခဲ့တဲ့ အခိန်တြေကျိုပန္စဉ်းစားပေးပါလို့ ထပ်လောင်း အကျြံပုလိုက်ရပါတယ် ။ ခ်စ်သူမ်ား ရွှေလက္တြဲမြဲ ၍ ပော််ရွှင်နိုင္ပါစေ ။
ခြန်နေ - Khun Nay
ခွန်နေ - Khun Nay -
၁ . အခြားယောင်္ကျားတွေထက် ပို ပဲများတာမျိုးဖြစ်နေလိမ့်မယ် ။ သတိထားတတ်တဲ့ မိန်းကလေးတွေဆိုရင် အဆိုပါ ယောင်္ကျားမျိုးကို ကွယ်ရာမှာ " အရမ်းပဲများတာပဲ " လို့ အတင်းပြန်ပြောနေလိုက်မယ် ။ ဒါပေမယ့် ကျေနပ်တဲ့ အတင်းမျိုး ။
၂ . စကားပြောကောင်းတယ် ။ အချစ်ဇာတ်လမ်းတွေထဲကလို မင်းသမီးအကြိုက်ပုံစံမျိုးပေါ့ ။ ဒါပေမယ့် ပွင့်လင်းမှုမရှိဘူး ။ ကိုယ့်အကြောင်းထက် ကောင်မလေးအကြောင်းတွေကို ပိုမေးနေလိုက်မယ် ။
၃ . ဆိုင်အတူတူထိုင်တဲ့ အခါ လိုအပ်မှု တစ်ခုခုရှိလာပြီဆိုရင် သာမန်ယောင်္ကျားတွေထက် ပိုပြီး ပျာယာခက်နေတတ်တယ် ။
ဥပမာ ကော်ဖီကို အတင်းဖျော်ပေးတာမျိုး ။ မုန့်မစားခင် ဇွန်းကို tissue နဲ့ အသည်းအသန် သုတ်ပေးတာမျိုး ။
၎ . ဖုန်းဝင်လာတဲ့အခါ ၊ အဲ့ဖုန်းက သူ့အတွက် အရေးမကြီး သယောင် ၊ ဂရုမစိုက်တာမျိုး ၊ ဖုန်း ချပစ်လိုက်တာတွေ လုပ်တတ်တယ် ။
အကြောင်းက အခုတွေ့နေတဲ့ သူထက်အရေးမကြီးဘူး ၊ ဒါမှမဟုတ် လူအထင်ကြီးအောင် ဖုန်းတွေ တတီတီလာတယ်ပေါ့ ။
အကြွေးလှမ်းတောင်းတဲ့ဖုန်းမို့လို့ မကိုင်တာလည်းဖြစ်နိုင်သလို ၊ ကောင်မလေး တစ်ယောက်ယောက် လှမ်းဆက်တာမျိုးလည်းဖြစ်နိုင်တာပဲ ။
၅ . ကိုယ်က ရင်းနှီးသွားလို့ နောက်တစ်ခေါက်ဖုန်းဆက်ခေါ်တဲ့အခါ မအားလှပ်အောင် အလုပ်များနေလို့ ဖုန်းမကိုင်တာမျိုးတွေ လုပ်တတ်တယ် ။
ဘက်စ်ကားပေါ်ရောက်နေတာလည်းဖြစ်နိုင်တာပဲ ။ ပြီးတော့မှ အချိန် နည်းနည်းကြာလာတဲ့အခါ ဖုန်းပြန်ခေါ် ၊ ဟိုဟာဖြစ်နေလို့ ဒီဟာဖြစ်နေလို့ ၊ ဘာညာ အကွယ်တွေ ရွှေ့ ရော ။
၆ . တခါတလေ ဖုန်းကို စက်ပိတ်ထားတတ်တယ် ။ အဲ့ကျရင် " အလုပ်မအားလို့ အိမ်မပြန်ရသေးတာနဲ့ ဖုန်းဘက်ထရီကုန်သွားတယ် လို့ ပြောလိုက်မယ် ။
ဒါနဲ့ ကိုယ်က ဘာညကွိကွရစ်ရော ။ သူပြန်ပြောလိုက်မယ် ။
" တကယ်ပြောနေတာ သူဆက်တော့မယ်ဆိုတာ သိနေလို့ ဖုန်းကို အခု အားအသွင်းလိုက်ကြီး ချက်ချင်းပြန်ခေါ်လိုက်တာ "
ကိုယ်ကလည်းယုံသွားရော ။ ပြီးရင် ဘယ်နေ့တွေ့မယ် ၊ ဘာမုန့်စားမယ် ဖြစ်သွားပြန်ရော ။
၇ . အရင် ရည်စားအကြောင်းတွေနဲ့ ပတ်သက်လို့ မေးလိုက်မယ် ။ အဲ့ကျရင် သူ့မျက်နှာမှာ စိတ်မကောင်းတဲ့ အမူအယာတွေ ပြနေလိုက်မယ် ။ သူကပါ တစ်သားတည်း ဝင်ခံစားပေးနေတာမျိုး ။ အကြောင်းက သူအရမ်း ဂရုစိုက်တယ်ပေါ့ ။ မင်းခံစားရင် ငါလည်းခံစားရတယ် ဆိုတဲ့အထာ ။ မိန်းကလေး တွေကလည်း အဲ့လိုအချိန်မျိုးဆို အရမ်းယုံပြီး ၊ အရမ်းကြွေသွားပြီ ။
၈ . ဒီလိုနဲ့ ရည်းစားအဖြစ်ကိုရောက် ။ ကိုယ်က တကယ်ချစ်မိတော့ သူ့ဆီ ဖုန်းတွေဆက် ။ ဖုန်းမကိုင်တာမျိုးတွေ ဖြစ်လာ ၊ ကိုယ်ကရစ် ၊ ပြဿနာတွေ တက် ၊ သူ့အကြောင်းကိုပိုသိလာ ၊ နောက်ဆုံး အသည်းကွဲပြီး ကျန်ခဲ့ ။
ပြောချင်တာက ဟန်ဆောင်တတ်တဲ့ ယောင်္ကျားတွေဆို မိန်းကလေးတွေ အသေယုံပြီး အရမ်းချစ်တယ်ဆိုတာလေးပါ ။
ပျိုမေတို့ ဒီလို ယောင်္ကျားမျိုးနဲ့ကြုံပြီး ဒီလိုဖြစ်နေပြီလားဆိုတာ
ပြန်ဆန်းစစ် ကြည့်လိုက်ဦးနော် ။
မှတ်ချက် ။ ။ မည်သူ့ကိုမျှ မရည်ရွယ်ပါ ။ ဆေးထိုးခြင်းလည်းမဟုတ်ရပါ ။ တိုက်ဆိုင်မှုရှိရင်ခွင့်လွှတ်ပါ ။
ခွန်နေ - Khun Nay
ခွန်နေ - Khun Nay
၁ . ရယူလိုမှု ၊ ရပိုင်ခွင့်တွေကို အရမ်းလောဘကြီးတယ် ။
၂ . တစ်ဦးချင်းစီ စဉ်းစားတွေးခေါ်မှု အားနည်းတယ် ။
၃. တစ်ကိုယ်ကောင်းဆန်တယ် ။
ဒါကြောင့် အသင်းအဖွဲ့နဲ့လုပ်ဆောင်တဲ့အခါ ၃ ယောက်ရှိရင် သုံးခြမ်းကွဲတယ် ၊
၎ ယောက်ရှိ နှစ်ခြမ်းကွဲတယ် ။ တစ်သက်လုံး စည်းလုံးပူးပေါင်း လုပ်ဆောင်ဖို့ဆိုတာ အင်မတန်ခက်ခဲတယ် ။ အသင်းအဖွဲ့ နှင့် လုပ်ဆောင်သူများ သတိပြု ဆင်ခြင်နိုင်စေရန် ရေးသားလိုက်ရပါတယ် ။
ခွန်နေ - Khun Nay 
Thursday, December 25, 2014
[Zawgyi]
ခွန်နေ - Khun Nay
ယောင်္ကျားတစ်ယောက်ဟာ မိန်းမတစ်ယောက်ကို တကယ်ချစ်မိပြီဆိုရင် အပြောအဆိုတွေနုလာပြီး တခါတရံ အပြုအမူတွေဟာ ကလေးဆန်သွား တတ်တယ် ။
ခွန်နေ - Khun Nay
[Unicode]
ယောင်္ကျားတစ်ယောက်ဟာ မိန်းမတစ်ယောက်ကို တကယ်ချစ်မိပြီဆိုရင်
ခွန်နေ - Khun Nay
https://www.facebook.com/nay.tun2
၁ ။ လုပ်ငန်းခွင်မှာ ဘယ်လောက်တော်တော် ၊ ဘယ်လောက်ပဲ စမတ်ကျကျ
ယောင်္ကျားတစ်ယောက်ဟာ မိ်န်းမတစ်ယောက်ကို တကယ်ချစ်မိပြီဆိုရင် အပြောအဆိုတွေနုလာပြီး တခါတရံ အပြုအမူတွေဟာ ကလေးဆန်သွား တတ်တယ် ။
၂ ။ တစ်ခါတရံ ချစ်သူရဲ ့ဆိုးနွဲ ့မှုတွေ သီးမခံနိုင်အောင်ဖြစ်တတ်ပေမယ့်
ချစ်သူ မိန်းကလေးရဲ ့ မူယာမာယာအနည်းငယ်မိလိုက်တာနဲ့ အပူဒါဏ်ထိတဲ့ ရေခဲတုံးလို အရည်ပျော်ကျသွား တတ်တယ် ။
၃ ။ သူငယ်ချင်းတွေနဲ့ တွေ့ဆုံနေချိန် ကိုယ့် ချစ်သူမိန်းကလေး ဖုန်းတတီတီဆက်ပြီး အာရုံနောက်အောင်လုပ်နေတာမျိုးယောင်္ကျားလေး သူငယ်ချင်းရှေ ့ အနေခက်အကျပ်တွေ့တာ ရှိပေမယ့် ဖုန်းချပြီးသွားရင် ကိုယ့်ချစ်သူစိတ်ဆိုးသွားပြီလားဆိုတဲ့ အတွေးနဲ့
သူငယ်ချင်းပြောသမျှစကား စိတ်မဝင်စား မကြားချင်တော့ ။ စိတ်တွေက ချစ်သူမိန်းကလေးဆီကိုသာ ရောက်နေတတ်တယ် ။
၄ ။ သူငယ်ချင်းတွေက အတင်းတိုက်တွန်းလို့ ချစ်သူမိန်းကလေးမကြိုက်တဲ့ အရာမျိုး လုပ်မိတော့မယ် ။ မုသားမပါ လင်္ကာမချော လိမ်ပြောခဲ့ပေမယ့် နောက်ဆုံး အလိမ်တွေ ပေါ်ပေါ်သွားတတ်တယ် ။ အဲ့ကျရင် မိန်းကလေးတွေ ကိုယ့်ချစ်သူကောင်လေးကို နားလည်ပေးဖို့ အလွန်အရေးကြီးတယ် ။ ဒီလိုအချိန်မျိုးမှာ ယောင်္ကျားတစ်ယောက်ရဲ ့ ကြောက်ရွှံ ့မှုက မျက်ရည်ပါ ကျသွားနိုင်လို့ပါ ။
၅ ။ ယောင်္ကျားတွေဟာ ကိုယ်ယူတဲ့မိန်းမ အပျိုစင်စစ် ဖြစ်ပြီး ငါပြောသမျှ ညိမ်နေရမယ် ၊ အိမ်မှုကိစ္စနိုင်ရမယ် ဘယ်လိုပဲပြောခဲ့ပြောခဲ့
တကယ်တမ်း ချစ်တဲ့သူနဲ့ တွေတဲ့အခါကျ ၊ အတိတ်က ဘာပဲဖြစ်ခဲ့ဖြစ်ခဲ့ ကိုယ့်လက်ထဲမှာ ကိုယ့်ကို ချစ်ပြီး ၊ နားလည်မှုအပြည့်ပေးနိုင်တဲ့သူ ဖြစ်ရင်ပြီးရော ကျေနပ်နေတတ်တယ် ။
အချက်တွေအားလုံးကတော့ မတူညီနိုင်ပါဘူး မိန်းကလေးဘက်က နားလည်မှု အပြည့်ပေးခဲ့ရပြီး လုပ်ချင်တိုင်းလုပ်တတ်တဲ့ ယောင်္ကျားမျိုးနဲ့ ဘဝလက်တွဲဖော်အဖြစ် ရောက်ရှိသွားတာ တွေရှိသလို ၊ ချစ်သူဘဝမှာ အရမ်းချစ်ခဲ့ကြပေမယ့် အိမ်ထောင်ကျပြီးမှ ကွဲသွားတာမျိုးတွေလည်း ဒုနဲ့ဒေးပါ ။ ဒါပေမယ့် ယောင်္ကျားတိုင်း တကယ်ချစ်လာပြီဆိုရင် အပေါ်ကပြောခဲ့တဲ့ အချက်ကတော့ မကင်းနိုင်ပါဘူး ။ ကြုံဖူးသူတိုင်း သိပါလိမ့်မယ် ။
ခွန်နေ - Khun Nay
https://www.khunnaymedia.com/
Monday, December 22, 2014
[Zawgyi]
ခွန်နေ - Khun Nay
ခွန်နေ - Khun Nay
[Unicode]
ခွန်နေ - Khun Nay
၁. တစ်စုံတစ်ယောက်ကိုခွဲခွာ ပြီးသွားတဲ့ အချိန် အမျိုးသားအများစုဟာ ဘီယာ ၊ အရက်တွေနဲ့ ခံစားချက်ကို မျောပစ်ဖို့ကြိုးစားကြတယ် ။ ခုလိုခေတ်မျိုးမှာ အချို ့ အမျိုးသမီးတွေတောင် ဒါမျိုးတွေလုပ်နေကြပါပြီ ။ ဘီယာ ၊ အရက် အပြင် တခါတလေ မသောက်ဖူးတဲ့ ဆေးလိပ်တွေတောင် ကြိုးစားသောက်ချင် နေတတ် တယ် ။ ဒါက ခံစားချက်ကိုသက်သာစေတယ်လို့ အများစုက မှတ်ယူထား တတ်တယ် ၊ ဖြစ်ချင်ရာဖြစ်ဆိုပြီး စိတ်ကို လွှတ်တာမျိုးလည်း ရှိတယ် ။ အမှန်တော့ ဘီယာ ၊ အရက်ဟာ လက်ရှိဖြစ်ပေါ်နေတဲ့ စိတ်ခံစားချက်ကို ပိုမိုပြင်းထန်စေတဲ့အပြင် မေ့ဖျောက်ဖို့ထက် သတိရစိတ်သာ ပိုများစေပါတယ် ။ အမျိုးသားတွေ အလွန်အကျွံ ့သောက် အမူးလွန်သွားတဲ့အခါ အဆိုပါအချိန်မျိုး ဒေါသသွေးတွေ ဆူလာတတ်သလို မလိုလားအပ်တဲ့ ပြဿနာတွေအထိ ဖြစ်လာနိုင်ပါတယ် ။ ဒီလိုအချိန်မှာ အမျိုးသမီးတွေဟာ အလွန်အကျွံ ့သောက် အမူးလွန်ပြီး လုုပ်မိလုပ်ရာ လုပ်တတ်ကြသလို အဆုံးစွန်အထိ ဖြစ်နိုင်တာကတော့ အဲ့လိုနေ့မျိုးတွေမှာ အိမ်ပြန် မအိပ်နိုင်တဲ့ အနေအထားအထိပါ ဖြစ်သွားနိုင်ပါတယ် ။ ရလာတဲ့ အကျိုးဆက်က ဘယ်လိုမှ မကောင်းနိုင်ပါဘူး ။ ဒါကြောင့် တစ်စုံတစ်ယောက်ကိုမေ့ဖျောက်ဖို့ ကြိုးစားနေတဲ့ အချိန် ဘီယာ ၊ အရက် လုံးဝ ရှောင်ကြဉ်ပါ ။
၂ . မေ့ဖျောက်ဖို့ ကြိုးစားနေတဲ့အချိန် အလုပ်တစ်ခုခု စိတ်နစ်ပြီး လုပ်ကိုင်နေလိုက်ပါ ။ အလုုပ်ကနားပြီး တနေရာရာထွက်သွားတာမျိုး ဇာတ်လမ်းထဲမှာပဲကောင်းပါတယ် ။ အပြင်မှာ ပိုက်ဆံကုန်တဲ့အပြင်
ကိုယ့်အတွက်ပါ တန်ဖိုးရှိတဲ့ အချိန်တွေ ကုန်ဆုံးစေလို့ပါ ။
၃. လေ့ကျင့်ခန်းများများလုပ်ပါ ။ ဥပမာ GYM ကစားတာမျိုးပေါ့ ။ လေ့လာတွေ့ရှိချက်အရ အမျိုးသားတွေဟာ အသဲကွဲရင် GYM ကစားတာများတယ်လို့ဆိုတယ် ။ ဒါကလည်း ဖြစ်သင့်တဲ့ အချက်ပါ ။
ကောင်းကျိုးကတော့ စိတ်ဖိစီးမှုလျော့ကျစေတဲ့အပြင် ၊ ခန္ဓာကိုယ် ကျစ်လစ်သန်မာစေတယ် ၊ ခံစားချက်ကို ပွင့်ထွက်သွားစေတယ် ။ ဒါကြောင့် အိမ်မှာနေ အိပ်ယာထဲ လူးလိမ့်နေမယ့်အစား စောစောထပြီး
GYM ခန်းမမှာ အချိန်ဖြုန်းနေတာက ကိုယ့်အတွက် ပိုပြီး အကျိုးရှိစေ နိုင်ပါတယ် ။
၄ . ချစ်သူဘဝမှာ နှစ်ယောက်အတူတူ အမြဲတွေ့ဆုံတဲ့အချိန်မျိုးတွေ ရှိတတ်ကြမှာပါ ။ ဥပမာ ရုံးဆင်းချိန် ၊ ကျောင်းဆင်းချိန် လိုမျိုးတွေပေါ့ ။ ဒီလိုအချိန်မျိုးမှာ သေချာပါတယ် တစ်ခုခုလိုအပ်နေသလိုလို ၊ ကြောင်တောင်တောင် ဖြစ်နေတတ်ပါတယ် ။
ဘီယာအရက် ၊ သောက်ဖို့ မကြိုးစားပါနဲ့ ။ သင်တန်းတစ်ခုခု တက်ရောက်သင်ကြားလိုက်ပါ ။ ကိုယ့်အတွက်တောင် ပညာရပ်တစ်ခု တိုးပွားစေပါတယ် ။
အချိန်တန်ရင် သူ့ကိုမေ့ဖျောက်သွားနိုင်မယ့်အပြင် ကိုယ်ပိုပြီး စမတ်ကျ
လာပါလိမ့်မယ် ။ မေ့ဖျောက်ဖို့ခက်ခဲနေသူများအတွက် အသုံးဝင်မယ်လို့
ထင်ရင် Share နိုင်ပါတယ် ။
ခွန်နေ - Khun Nay
https://www.khunnaymedia.com/
Free Download Mobile Application -
Mediafire Link - http://goo.gl/oIpMYP
Dropbox Link - http://goo.gl/5eogm3
ခွန်နေ - Khun Nay
ပြုပြင်ပြောင်းလဲခြင်း ၊ မပြောင်းလဲခြင်း ကိုမျှော်လင့်တာထက်
ကိုယ် ကိုယ်တိုင် ပြောင်းလဲနိုင်ဖို့ကိုပဲ ကြိုစားပါ ။
အခွင့်ရေးရရှိခြင်း မရရှိခြင်း တောင်းဆိုတာထက်
ကိုယ် ကိုယ်တိုင် အခွင့်ရေးကို ဖန်တီးနိုင်အောင် ကြိုးစားပါ ။
တိုးတက်ခြင်း ၊ မတိုးတက်ခြင်းကို ဝေဖန်တာထက်
ကိုယ် ကိုယ်တိုင် တိုးတက်နေသူတစ်ယောက် ဖြစ်အောင် ကြိုးစားပါ ။
အရာရာ အားလုံးကို ပြောင်းလဲဖို့ စိတ်အားထက်သန်နေမယ်ဆိုရင်
ကိုယ် ကိုယ်တိုင် အားလုံးပြည့်စုံနေသူတစ်ယောက်ဖြစ်အောင် ကြိုးစားပါ ။
လုပ်ငန်းခွင်ဝင် ၊ ကြိုးစားလုပ်ကိုင်နေကြတဲ့ လူငယ်တွေအတွက် ရေးသား
လိုက်ရပါတယ် ။
ခွန်နေ - Khun Nay
[Zawgyi]
ခွန်နေ - Khun Nay
ခွန်နေ - Khun Nay
[Unicode]
လူတစ်ယောက်ကို အချစ်လွန်သွားခဲ့ရင်
ခွန်နေ - Khun Nay
https://www.facebook.com/nay.tun2
လူတစ်ယောက်ကို အချစ်လွန်သွားပြီဆိုရင် ကိုယ်တိုင် သတိမမှုခင်မှာပဲ
ကလေးအရမ်းဆန်သွားတတ်တယ် ။
အရမ်းချစ်လွန်းတဲ့ အတွက် သူ့ကိုဂရုစိုက်ရာကနေ ဂရုစိုက်လွန်ပြီး သူ့အတွက်
စိတ်အနှောက်အယှက် ဖြစ်သွားစေတယ် ။
ဂရုစိုက်လွန်ပြီး ချစ်ပြရာကနေ ကိုယ့်ကို မချစ်တော့ဘူးလို့ စိတ်အထင်နဲ့
သံသယ တွေများလာပြီး ပိုင်ဆိုင်ဖို့ အတ္တတွေကြီးလာတယ် ။
အတ္တကြီးလာတာနဲ့ အမျှ စိတ်အလိုမကျဖြစ်ပြီး ကိုယ်သတိမပြုမိတဲ့
အချိန်မှာပဲ ဒေါသအဖြစ်ပြောင်းသွားတယ် ။
ဒေါသစိတ်ကနေ အမုန်းဖြစ်သွားတယ် ။ နောက်ဆုံး အဲ့ဒီ အမုန်းစိတ်နဲ့
ကိုယ့်အတွက် နာကျဉ်စရာတွေကိုပဲ ခံစားရစေတယ် ။
ဒါကြောင့် အရမ်းကြီးချစ်ဖို့မလိုဘူး ။ နည်းနည်းလေးနဲဲ့ ကြာကြာချစ်နေဖို့
ပဲလိုတယ် ။ အလိုလိုနေရင်း နားလည်မှုတွေနဲ့ အချစ်ဆိုတာဘာလဲ သဘောပေါက်သွားပါလိမ့်မယ် ။
ခွန်နေ - Khun Nay
https://www.khunnaymedia.com/
ခွန်နေ - Khun Nay
ခုတလော ဆောက်ပြီးတဲ့ ကန်ထရိုက်တိုက်တွေကနေ အုတ်တွေပဲ့ကျတာ ၊ မှန်တွေပြုတ်ကျတာ ၊ ကြွေပြားတွေကွာကျတာ ခနခန ကြားနေရတယ် ။ ဒါကြောင့် ဒီမနက် ကားဂိတ်ကနေရုံးကိုလမ်းလျှောက်သွားတော့ အရင်လို ဓာတ်ကြိုးကိုကြည့်ရတာတင်မက တိုက်ပေါ်က အန္တရာယ် ကိုပါ ရှောင်ဖို့အပေါ်ကိုခနခနမော့ကြည့်ပြီး သတိရှိရှိသွားနေရတယ် ။ အဲ့လိုသွားနေရတဲ့ ကြားထဲက ရန်ကုန်မြို့ ရဲ့  ပလက်ဖောင်း မြောင်းဖုံးတွေက အချို့ နေရာတွေ ပိတ်ထားတာ မဟုတ်တော့ မြောင်းထဲကျွံ့ ကျမှာကလည်း ကြောက်ရသေးတယ် ။ ကြောက်ကြောက်နဲ့ပဲ တိုက်ခက်လာတဲ့လေအေးအေးလေးကို ရှူသွင်းဖို့ ကြိုးစားလိုက်တယ် ။ မနက်ခင်းဆိုတော့ တိုက်တဲ့လေက ဆောင်းနံ့လေး သင်းနေမှာပဲပေါ့ ။ စိတ်ပါလက်ပါ ရှူပစ်လိုက်တယ် ။ ကံဆိုးစွာပဲ တောင်လိုမို့မောက်နေတဲ့ အမှိုက်ပုံကြီးကို ဖြတ်ကျော်တိုးဝှေ့လာတဲ့လေတွေ ။ အာရုံကြောတစ်ခုလုံး အော်ဂလီဆန်သွားတယ် ။ ဒါနဲ့
ဆက်လျှောက်နေရင်း ကြောင်တစ်ကောင်စာလောက်ရှိတဲ့ ကြွက်ကြီးက လမ်းဖြတ်ကူးလို့ ။ သိပ်မလှမ်းမကမ်းမှာပဲ ကားကြိတ်လို့ သေနေတဲ့
ကြွက်ကြီးကို ကျီးကမ်းတွေက အမဲဖြတ်နေကြတယ် ။
ဒီလိုနဲ့ ရုံးနားက လမ်းမကြီးပေါ်ကိုရောက်လို့လာတယ် ။ အပြိုင်အဆိုင် တိုးဝှေ့မောင်းနှင် နေကြတဲ့ ဘက်စ်ကားတွေ တစ်ဝှီဝှီနဲ့ ။ ပြီးခဲ့တဲ့ရက်ပိုင်း တင်ဒီနေရာမှာ ယာဉ်တိုက်မှုဖြစ်ထားတာဆိုတော့ ကိုယ်လည်း သတိရှိရှိ လမ်းဖြတ်ကူးရတယ် ။ အောင်မြင်စွာဖြတ်ကူးပြီးသွားတဲ့ တစ်ကာလ ရုံးပေါ်ကိုတက်ဖို့ ဓာတ်လှေကားကိုစောင့်နေလိုက်တယ် ။ ဓာတ်လှေကားရောက်လာ ၊ အထဲကိုဝင် သွားမယ့် ရှစ်လွှာကို နှိပ် ။ တက်နေပြီ ။ ၅ လွှာနဲ့ ၆ လွှာကြားမှာ မီးပျက်သွားတယ် ။ ဂိန်ပြီပေါ့ ။ Auto System နဲ့ အနီးဆုံးအခန်းကို ပို့ပေးလိုက်တယ် ၊ ငါးလွှာ ။
ရှစ်လွှာကို လမ်းလျှောက်တက်လိုက်တယ် ။ အပေါ်ရောက်တော့ ချွေးတွေနဲ့ ။ ရောက်ရောက်ချင်း ရုံးလက်မှတ်ထိုး ၊ ရေဆာတယ်ဆိုပြီး Water Cooler ကိုသွား ၊ ရေခလုတ်ကို ဖိချလိုက်တယ် ။ တစ်စက်မှကျမလာဘူး ။ ဒါနဲ့ ဗူးကိုတွန်းကြည့်လိုက်တော့ ဘာမှမရှိ ။ မထူးပါဘူးကွာ အောက်ပြန်ဆင်း မနက်စာ စားရင်း မှ တစ်ခါတည်း ရေဗူး ဝယ်လိုက်တော့မယ် ။ ရှူးပေါက်ချင်သေးတာနဲ့ အိမ်သာကိုသွား ။ တံခါးဆွဲလိုက်တော့ အထဲမှာ လူကရှိနေပြန်တယ် ။ စိတ်ကလည်း မတင်မကျဖြစ်နေတော့ အောက်မဆင်းချင် တော့ပြန်ဘူး ။ ထုံးစံအတိုင်း မှာနေကျဆိုင်ကို ဖုန်းဆက်ပြီး မှာလိုက်တော့မယ်လို့ ဆုံးဖြတ်လိုက်တယ် ။ ဆိုင်ကိုဖုန်းဆက်တော့ လူကြီးမင်း ဧရိယာပြင်ပရောက်နေတယ် ။ စိတ်ချဉ်ကနည်းနည်းပေါက်နေပြီ ။ နောက်ဆုံးမထူးတော့ဘူးဆိုပြီး တိုက်ပေါ်ကခုန်ချလိုက်တယ် ။
------------------------------------------------------------------
စကားချပ်
အရည်အသွေး မပြည့်မှီတဲ့ တိုက်တွေမှာ နေထိုင်ရတဲ့ ရန်ကုန်မြို့ ရဲ့ လူနေမှုဘဝ ။ အသက်နဲ့ရင်း လမ်းမပေါ်ပြေးလွှား ရုန်းကုန်နေရတဲ့ လူနေမှုဘဝ ။ သန့်ရှင်းမှုမရှိ ညစ်ပေနေတဲ့ လမ်းမ ။ ကျွံ့ ကျနေတဲ့ ပလက်ဖောင်း ။ တောင်လိုပုံနေသည့်အမှိုက် ။ စည်းကမ်းမရှိတဲ့ လမ်းပေါ်ကဘက်စ်ကား ။ အပြည့်အဝ မပေးနိုင်သေးတဲ့ လျှပ်စစ်မီး ၊ ခက်ခဲနေဆဲ ဆက်သွယ်ရေးစနစ် ။
ဌာနတွေအလိုက် ပါးပါးလေးသာဆော်ထားပါသည် ။ ကြည့်သောသူမြင်၏ ။
ခွန်နေ - Khun Nay
Thursday, December 18, 2014
[Zawgyi]
ခွန်နေ - Khun Nay
အရွဲ့ တိုက်တယ် ။ သူ့ကို ပြန်တောင်းပန်ပြီး ချစ်လာအောင် အခြားကောင်လေးတစ်ယောက် ကို အစားထိုးဟန်ဆောင်ချစ်ပြတယ် ။
[Unicode]
ခံစားချက်ကိုရင်းပြီး အရွဲ ့မတိုက်ပါနဲ့
ခွန်နေ - Khun Nay
https://www.facebook.com/nay.tun2
ကြည့်ခဲ့ဖူးတဲ့ ကိုးရီးယားကား ထဲမှာထုံးစံအတိုင်း ကောင်လေးနဲ့ ကောင်မလေး အရမ်းချစ်ကြတယ် ။ တစ်နေ့ အခန့်မသင့်လို့ စိတ်ဆိုးစရာလေးတွေ ဖြစ်လာတယ် ။
ကောင်မလေးက ကောင်လေးကိုစိတ်ဆိုးလို့ သူ့ကို မချစ်ရပါ့ မလားထင်ပြီး
အရွဲ ့တိုက််တယ် ။ သူ့ကို ပြန််တောင်းပန်ပြီး ချစ်လာအောင် အခြားကောင်လေးတစ်ယောက် ကို အစားထိုးဟန်ဆောင်ချစ်ပြတယ် ။
ကောင်မလေးက စိတ်ဆိုးလို့ဟန်ဆောင်ချစ်ပြတာဟုတ်ပေမယ့် ဟန်ဆောင်အချစ်ခံရတဲ့ ကောင်လေးကလည်း ဒါတွေကိုမသိခဲ့ဘူး ။
အရွဲ ့တိုက်တာလွန်သွားတဲ့အတွက် ပထမတစ်ယောက်နဲ့လည်း
လမ်းခွဲလိုက်ရတယ် ။ ကောင်မလေးကလဲ သူ မချစ်ပဲဟန်ဆောင်တွဲခဲ့တဲ့
ကောင်းလေးကို လမ်းခွဲဖို့ပြော ။ ဇာတ်လမ်းထဲမှာတော့ သုံးယောက်စလုံး ခံစားကြပေါ့ ။
အပြင်လောကမှာလည်း ဒီလိုပါပဲ ။ ချစ်သူသမီးရည်းစားရယ်လို့ ဖြစ်လာပြီဆိုရင် စိတ်ဆိုးစိတ်ကောက်တာ ရှိတတ်ကြပေမယ့် ခံစားချက်ကိုရင်းပြီး အရွဲ ့တိုက်ရင် ဖြစ်လာတဲ့ အကျိုးသက်ရောက်မှုက ကိုယ့်ကိုပိုပြီးနာကျဉ်စေပါတယ် ။
အခြားတစ်ယောက်ကို အစားထိုးအရွဲ ့တိုက်တာက ကိုယ့် ခံစားချက်ကို ဦးစားပေးတာမျိုးဖြစ်ပြီး ကျန်တဲ့လူ နှစ်ယောက်စလုံးရဲ ့ခံစားချက်ကို အလေးမထားရာရောက်ပါတယ် ။ အကောင်းဘက်ထက် အဆိုးဘက်ကို များစေတဲ့ တုံ့ပြန်မှုသာရလာတတ်ပါတယ် ။ ကိုယ်က ချစ်လို့အရွဲ ့တိုက်တာ ဟုတ်ပေမယ့် ခံစားချက်တွေလွန်သွားရင်တော့ ကျန်တဲ့လူနှစ်ယောက်အပြင်
ကိုယ်ကို တိုင်သာပိုပြီး နာကျဉ်စေပါတယ် ။ ဒါကြောင့် ခံစားချက်နဲ့ရင်းပြီး အရွဲ ့ မတိုက်မိစေဖို့ ချစ်တတ်သူများဆီသို့့ ရေးသားလိုက်ရပါတယ် ။
ခွန်နေ - Khun Nay
https://www.khunnaymedia.com/
Wednesday, December 17, 2014
ခွန်နေ - Khun Nay
စိတ်ဆိုးပြီး အော်ဟစ်သောင်းကျန်း တတ်တဲ့သား ကို တစ်နေ့တော့ အဖေဖြစ်သူကစကားခေါ်ပြောတယ် ။ " သား မင်းစိတ်ဆိုးတဲ့အခါတိုင်း အော်ဟစ်သောင်းကျန်း နေမယ့်အစား စိတ်တစ်ခါဆိုးတိုင်း ပြတင်းပေါက်ကို သံမှိုတစ်ချက်စီ ရိုက် ၊ ဟုတ်ပြီလား "
အစကတော့ အဖေရဲ့  ပြောစကားကိုသားက သဘောမပေါက်ခဲ့ဘူး ။
ဒီလိုနဲ့ ကောင်လေးဟာ စိတ်ဆိုးတိုင်း ပြတင်းပေါက်ကို သံမှို တစ်ချက်ရိုက်တယ် ။ စိတ်ဆိုးတိုင်း အမြဲရိုက်တယ် ။ ကောင်လေး စိတ်ဆိုးပြေလာတဲ့ နေ့ရောက်တော့အဖေဖြစ်သူက ခေါ်ပြီး ရိုက်ခဲ့တဲ့ သံမှိုတွေကို တစ်ခုချင်းစီ ဆွဲထုတ်ပြတယ် ။
" သားဒီမှာတွေ့လား ၊ မင်းကတော့ အခု စိတ်ဆိုးပြေသွား ပေမယ့် ပြတင်းပေါက်လေးမှာ တော့သံမှိုရာလေးတွေ ကျန်ခဲ့တယ် ။ အကောင်း ပကတိအတိုင်း မဖြစ်တော့ဘူး "
ဒီလိုပါပဲ ချစ်သူသမီးရည်းစားရယ်လို့ ဖြစ်လာပြီဆိုရင် စိတ်ဆိုး စိတ်ကောက်တာ တွေအနည်းငယ်ရှိကြမှာပါပဲ ။ ဒါပေမယ့် အကြိမ်ရေများလာအောင် ကိုယ့်ချစ်သူကိုစိတ်ဆိုးအောင် ၊ စိတ်ဆင်းရဲအောင် လုပ်နေမယ်ဆိုရင်တော့ ခုနကပြောတဲ့ ပြတင်းပေါက်လေးလိုပေါ့ ။ ကိုယ်ကတောင်းပန်လို့ ချစ်သူက စိတ်ဆိုးပြေသွားပေမယ့် အကြိမ်ရေများတဲ့အခါ အရင်လို အကောင်းပကတိ အတိုင်းတော့ ဘယ်ဖြစ်နိုင်ပါ တော့မလဲ ။ ဒါကြောင့် ကိုယ်ချစ်တဲ့ သူကို စိတ်ဒါဏ်ရာတွေ ထပ်ခါထပ်ခါ မပေးမိအောင် ဆင်ခြင်နိုင်ပါစေလို့ ခံစားချက်နဲ့ သတိပေး ဆန္ဒပြုလျက် ။
(ဖတ်ခဲ့ဖူးတဲ့စာလေးကြာပါပြီ မှတ်မိသလောက်ပြန်ရေးပေးလိုက်တယ်)
ခွန်နေ - Khun Nay 
https://www.facebook.com/KhunNayTunMedia
ကျမတို့ မိန်းကလေးတွေဟာ ကိုယ်ချစ်တဲ့သူနဲ့ ချစ်သူလို့ဖြစ်လာပြီဆိုရင်
ဘဝတစ်ခုလုံး ပေးအပ်ထားတယ်လို့ ပုံကြီးမချဲ့ ချင်ပေမယ့်
တစ်စိတ်တစ်ပိုင်းတော့ ကိုယ်ချစ်တဲ့သူကိုပေးဆပ်ထားရတာပါ ။
ဒါပေမယ့် အချို့ သော ကိုကိုတွေက အချစ်ကို Sex နဲ့ရောချလာတတ်ပါတယ် ။
ယောင်္ကျားတွေရဲ့ စကားဝိုင်းမှာကြားနေကျ စကားလုံးတွေပေါ့ ။ ယောင်္ကျား
တစ်ယောက်က ချစ်သူရလာပြီဆိုရင် ဘယ်လိုတန်ဖိုးထားချစ်ရမယ်ဆိုတာထက်
ချစ်သူမိန်းကလေးနဲ့ ဘာလုပ်ပြီးပြီလဲ ၊ ဘယ်အခြေအနေရောက်ပြီလဲ ၊ ဟိုတယ် သွားပြီးပြီလား ဆိုတဲ့စကားတွေသာ အများဆုံးလွှမ်းမိုးထားတတ်ကြပါတယ် ။
အချစ်တစ်ခုပြည့်စုံဖို့အတွက် SEX ကအရေးကြီးတယ်လို့ ကိုကိုတွေက ထင်မှတ်ထားပုံရတယ် ။ အမှန်တော့ အချစ်က အချစ်ပါ ။ Sex က Sex သက်သက်စီသာရှိပါတယ် ။ အချစ်တစ်ခု တည်ဆောက်တဲ့အခါ နားလည်မှု ၊ ရိုးသားမှု ၊ သစ္စာရှိမှု တွေနဲ့အတူတစ်ယောက်နဲ့တစ်ယောက် နွေးထွေးတဲ့ မေတ္တာတွေနဲ့ ဖွဲ့စည်းထားတာပါ ။
Sex ပါမှ ကျမတို့မိန်းကလေးတွေ ကိုယ့်ချစ်သူကို ပိုပြီးချစ်သွားတယ်ဆိုတာ အမှန်တော့မဟုတ်ပါဘူး ။ ကျမတို့ရဲ့ သွေးသားကို ပေးဆပ်လိုက်ရတဲ့အတွက် ကိုယ့်ချစ်သူ ယောင်္ကျားလေး ဥပေက္ခာပြုသွားမှာ ၊ ကိုယ့်ကို တန်ဖိုးမထားတော့မှာဆိုတဲ့ ကြောက်စိတ်နဲ့သာ ကျမတို့မိန်းကလေးတွေက ခံစားရတာပါ ။ ဒါကိုနားမလည်တဲ့ ကိုကိုတွေက Sex ကိစ္စကြောင့် သူတို့ကို ပိုပြီးစွဲလန်းလာတယ်လို့ ယူဆထားကြတယ် ။ Sex ဆိုတာ သွေးသားရဲ့ တောင်းတမှု ဆန္ဒတစ်ခုသာဖြစ်တယ် ။ ဆန္ဒကို ချုပ်ထိန်းဖို့ဆိုတာ ပုထုဇဉ်တစ်ယောက်အနေနဲ့ မလွယ်ဘူးဆိုတာ ကျမတို့နားလည်ထားပါတယ် ။ နားလည်ထားတဲ့အတွက်ပဲ ရှက်စိတ် ကြောက်စိတ်တွေနဲ့ဖွဲ့စည်းထားတဲ့ ကျမတို့မိန်းမသားတွေဟာ နောက်ဆုံးတော့လည်း ကိုယ်ချစ်သူ ရဲ့  ပြုသမျှနုခဲ့ရတာပါ ။ ဒါကြောင့် ကိုယ့်ချစ်သူ မိန်းကလေးကို တန်ဖိုးထား ချစ်တတ်ပါစေလို့ ပြောချင်တာထက် သစ္စာရှိရှိ ချစ်နေပေးပါလို့ပဲ ကျမပြောချင်ပါတယ် ။
ခွန်နေ - Khun Nay 
Wednesday, December 10, 2014
ခွန်နေ - Khun Nay
ကျွန်တော်တို့ ငယ်စဉ် State ကျောင်းသားဘဝတုန်းက ဆရာ၊ ဆရာမတွေဆို အင်မတန် ကြောက်ရွှံ့ ရိုသေခဲ့ရတယ် ။ အတန်းထဲမှာ ဆရာ/မ မရှိလို့ ဝုန်းဒိုင်းကျဲဆူညံနေပေမယ့် အတန်းဝက ခြေသံလေးတစ်ချက်ကြားရင် ဆရာလာပြီအထင်နဲ့ အားလုံး ငြိမ်သက် သွားကြတယ်။ ကျောက်ပိတ်ရက် ၊ အားလပ်ရက်တွေ လမ်းမှာ ဆရာ/မ တစ်ယောက်ယောက်နဲ့တွေ့ရင်တောင် အလိုလိုနေရင်း စိတ်ထဲမှာ ငါအပြင် လျှောက်သွားနေလို့ ခေါ်ဆူတော့မှာလား ထိန့်လန့် ခဲ့ရတယ် ။
ကျောင်းဆင်းချိန်ရောက်လို့ သတ်မှတ်ထားတဲ့ အချိန်အတွင်း အိမ်အရောက်
မပြန်နိုင်ရင် နောက်နေ့အရိုက်ခံရမယ် ပြောလိုက်ယုံနဲ့တင် ဟုတ်သည်ရှိ ၊ မဟုတ်သည်ရှိ ဆရာ ၊ ဆရာမတွေ ပြောတဲ့အချိန် အိမ်ကို အရောက်ပြန်ကြရ
တယ် ။ သူတို့ကိုယ်တိုင်လည်း လိုက်ကြည့်နေတာမဟုတ်ပေမယ့် ဆရာ ၊ ဆရာမတွေရဲ့  ပညာအရှိန်အဝါ ၊ သြဇာအရှိန်ဝါတွေဟာ ကျောင်းသား ၊ ကျောင်းသူတွေ ကိုလွှမ်းမိုးထားတယ် ။ ကျောင်းသားတွေ ဆေးလိပ်သောက်လို့ လမ်းပေါ်မှာ တွေ့နေမြင်နေရင်လည်း ချက်ချင်းဆိုသလို ခေါ်သတိပေး တတ်ကြတယ် ။ ကျောင်းသား၊သူ တွေရဲ့  အကျင့်စာရိတ္တပိုင်း ၊ စည်းကမ်းပိုင်း ကအစ ကျောင်းချိန်မှာအပြင် ၊ကျောင်းချိန်ပြင်ပတွေအထိပါ သူတို့ရဲ့  မေတ္တာတရားတွေနဲ့ အလေးပေး ဆက်ဆံ ဆုံးမခဲ့ကြတယ် ။
ဒါပေမယ့် ဒီနေ့ဖတ်လိုက်ရတဲ့ သတင်းတစ်ပုဒ်က အထက်ပါပြောခဲ့တဲ့ ဆရာ ၊ ဆရာမ မျိုးတွေဘယ်များရောက်ကုန်ပြီလဲ မေးခွန်းထုတ်စရာ
ဖြစ်လာရပါတယ် ။ လှိုင်သာယာ အထက်တန်းကျောင်း တစ်ကျောင်းမှာ ရှစ်တန်းကျောင်းသူအရွယ်ကလေးမကို ၊ အတန်းသူ ကျောင်းသားက
ဓားနဲ့ ထိုးတဲ့ အမှုတစ်ခုပါ ။ ကံကောင်းထောက်မစွာ အသက် ၁၃ နှစ်အရွယ်သာရှိသေးတဲ့ ကလေးမ အသက်ဘေးကနေ အချိန်မီ ကယ်တင်နိုင်
ခဲ့တယ် ။ ဓားနဲ့ထိုးတဲ့ ကောင်လေးကို လည်း နှစ်ဘက်လူကြီးတွေ တွေ့ပြီးကျေအေးပေးလိုက်တယ်လို့ သိရတယ် ။ ထားပါ ဒါက သူတို့ရဲ့  ကိစ္စပါ ။
ဓားနဲ့ထိုးရတဲ့အကြောင်းရင်းကတော့ ကောင်လေး ရည်းစားစကားပြောတာကို ကောင်မလေးက ပါးရိုက်တယ် ၊ ခံရတဲ့ကောင်လေးက မကျေနပ်
လို့ ကျောင်းဖွင့်ရက် တနင်္လာနေ့မှာ အသင့်ယူလာတဲ့ ဓားနဲ့ အခန်းဝမှာစောင့်ပြီး ကောင်မလေး အလာ လေး၊ ငါးချက်လောက် ဓားထိုးတယ်လို့ ဆိုတယ် ။
ထိုးပြီးတော့ ကောင်လေးကလည်း ထွက်မပြေးဘူး အတန်းထဲမှာပုံစံမပျက် အေးဆေးစွာ ပြန်ထိုင်တယ် ။ အနာဂတ်လူငယ်လေးတွေအတွက် အင်မတန်
ထိန့်လန့်စရာ ၊ အတုယူမှားစရာတွေ ဖြစ်လာနိုင်တယ် ။ ဆရာ ၊ ဆရာမတွေရဲ့  ကျောင်းသား ၊ ကျောင်းသူတွေအပေါ် သင်ယူဆုံးမမှုတွေ ၊ တာဝန်ယူမှုတွေ
ဘယ်လောက်ထိတောင် အားနည်းလည်း ဆိုတာ ဝေဖန်စရာဖြစ်လာတယ် ။
တစ်ဆယ်ကျော် ၁၃ နှစ်အရွယ်ကျောင်းသားတစ်ယောက်ရဲ့ လုပ်ရပ် ၊ အကျင့်စာရိတ္တ သွန်သင်ဆုံးမမှုအပြင် ၊ လမ်းပေါ်မှာ မြင်တွေနေရတဲ့ အထက်တန်းကျောင်းသားတွေ ၊ လက်ဖက်ရည်ဆိုင်မှာ အဖြူအစိမ်းနဲ့ အချိန်ဖြန်းနေတဲ့ ကျောင်းသား ၊ ကျောင်းသူ တွေကို ဆရာ/မ တစ်ယောက်အနေနဲ့ သွန်သင်ဆုံးမမှု ၊ တာဝန်ယူမှု တွေဟာ ခုခေတ်မှာ မရှိသ လောက်ရှားသွားပါပြီ ။
လမ်းမှာကျောင်းသားတွေ ဆေးလိပ်သောက်တာမြင်လဲ ဆရာ/မ တွေ ကိုယ်နဲ့မဆိုင် မမြင်ချင်ယောင်ဆောင်တဲ့ခေတ် ၊ အချိန်တန် တစ်တန်းပြီးသွားမှာပဲ တာဝန်ယူစိတ်ကင်းမဲ့တဲ့ခေတ် ၊ ကလေးတွေအပေါ် မေတ္တာပေး ဆက်ဆံမှု မရှိသလာက်ရှားတဲ့ခေတ် ဖြစ်နေပါပြီ ။ မေးခွန်းပေါင်းများစွာ အတွေးစတွေရှိနေပေမယ့် ကျွန်တော်တို့ ခေတ်တုန်းကလို စေတနာနဲ့ရင်းပြီး မေတ္တာထား သွန်သင်ဆုံးမကြတဲ့ ဆရာ ၊ ဆရာမ တွေ ရှိတော့ရှိတယ် ဒါပေမယ့်ရှားသွားပြီ လို့ စိတ်မကောင်းခြင်းများစွာနဲ့ ရေးသား လိုက်ရပါတယ် ။
ခွန်နေ - Khun Nay 
Monday, December 1, 2014
ခွန်နေ - Khun Nay
ပြည်တွင်းနည်းပညာကဏ္ဍမှာ ဒီတစ်ခါမိတ်ဆက်ပေးချင်တာကတော့ ရောင်းအားကောင်းလျက်ရှိတဲ့ အိမ်သုံး SALAV ရေးနွေးငွေ့ ကြမ်းတိုက်စက်နဲ့ မိတ်ဆက် ပေးချင်ပါတယ် ။
စင်္ကာပူနိုင်ငံက တင်သွင်းလာပြီး ပြင်သစ်နည်းပညာနဲ့ ဖန်တီးထားတဲ့
အဆိုပါ ရေနွေးငွေ့ကြမ်းတိုက်စက်ဟာ သမာရိုးကျ အိမ်တွင်းသန့်ရှင်းရေး
စနစ်ကို လူနေမှုအဆင့်တန်းမြင့်စေရန်အတွက် အာမခံစနစ်နဲ့ ရောင်းချ ပေးလျက်ရှိနေပါတယ် ။
မော်ဒယ်လ် နှစ်မျိုးနဲ့ ဝင်ရောက်လာပြီး STM - 355 နဲ့ STM-401A ဆိုပြီး
နှစ်မျိုးရှိပါတယ် ။ STM-401A ကတော့ ဈေးနှုန်း ၆၅၀၀၀ ကျပ် ကျသင့်မှာ
ဖြစ်ပြီး STM - 355 ကတော့ ၁၂၃၀၀၀ ကျပ်ကျ ပါတယ် ။ အမျိုးအစားနှစ်
ခုလုံးအတွက် ၁ နှစ်အာမခံပါရှိတယ်လို့ တင်သွင်းလာတဲ့ တာဝန်ရှိသူ
က ပြောပါတယ် ။
လျှပ်စစ်မီးထိုး အသုံးပြုရတာဖြစ်ပြီး စက္ကန့် - ၄၀ အတွင်း ရေအပူရှိန် ရစေကာ အိမ်တွင်း ကြမ်းပြင် ၊ ကြွေပြား ၊ ကော်ဇော ခင်းများကို လွယ်ကူစွာ
ကြမ်းတိုက် အသုံးပြုနိုင်ပါတယ် ။ ရေနွေးငွေအပူရှိန်ကြောင့် ကြမ်းပြင်မှာ
ရှိတဲ့ ပိုးမွှားများကိုပါ သန့်စင်စေနိုင်ပြီး ၊ အစွန်းအထင်းများကိုလည်း အလွယ်
တကူ ဖယ်ရှားပေးနိုင်မှာဖြစ်တယ်လို့ ပြောပါတယ် ။
ဈေးနှုန်းမြင့်တဲ့ STM - 355 မှာတော့ ရေမွှေးအဆီ များကိုပါထည့်သွင်းအသုံးပြု
နိုင်ပြီး အိမ်အတွင်းပိုင်း ဧည့်ခန်းမှားနှင့် ရုံးခန်းများကို သန့်ရှင်း ၊ မွေးကြိုင်စွာ
စွမ်းဆောင်ပေးနိုင်တယ်လို့ဆိုပါတယ် ။
အဆိုပါကြမ်းတိုက်စက်အား iHome Online Shopping မှ ဝယ်ယူသူများထံ အိမ်အရောက်ပို့ ဝန်ဆောင်မှု ပေးလျက်ရှိပြီး ဖုန်း - 0931482162 နှင့် ဖုန်း - 095072164 သို့ ဆက်သွယ်ဝယ်ယူနိုင်ပါတယ် ။
Youtube Viedo ကြည့်ရန် - https://www.youtube.com/watch?v=2QDwq5htdvc&hd=1
ခွန်နေ - Khun Nay
Advertisement
Advertisement
Advertisment
Ad
Advertisment
Contact Us
09420112050
တစ်ပတ်အတွင်းဖတ်ရှုမှုအများဆုံးစာမျက်နှာ
Advertisement
Find Us On Facebook