ခွန်နေ - Khun Nay
ပြီးခဲ့တဲ့ တစ်ခေါက်မျက်လှည့်ကဏ္ဍလေးတင်ပေးလိုက်တာ တော်တော်
စိတ်ဝင်စား ကြတာကိုတွေ့ရတယ် ။ နယ်ကလူတွေတောင် ဖုန်းဆက်
ဝယ်ယူအားပေးတဲ့ အထိလို့ ကြားသိရတယ် ။ ဒါကြောင့် ဒုတိယမြောက် မျက်လှည့်ကဏ္ဍ လေးကို တင်ဆက်ပေးလိုက်ပါတယ် ။
This is Mentalism 2 -
Rich Ferguson ကိုယ်တိုင်ပြသနေတဲ့ အကောင်းဆုံး Mentalism ပြကွက် တွေထဲက မှ နောက်ထပ် အကောင်းဆုံး ၉ ကွက် ထွက်ပေါ်လာပြန်ပါပြီ ။ ဒီအခွေထဲမှာ Rich က Magic နဲ့ Mentalism ကို ရောနှော ပြီးပြသထားပါတယ်။ ဒီအခွေထဲမှာ Rich က သတင်းစာတွေ၊ ဖဲချပ်တွေ၊ လိပ်စာကဒ်တွေနဲ့ ငှားရမ်းလို့ ရတဲ့ ပစ္စည်းတွေ နဲ့ပြသလို့ရတဲ့ ပြကွက်တွေအပြင် Force လုပ်ပုံလုပ်နည်းတွေနဲ့ Psychology တွေကို ထပ်လောင်း သင်ကြားပေးထားပါတယ်။ Beginner ပဲဖြစ်ဖြစ် ကျွမ်းကျင်တဲ့ မျက်လှည့်ပညာရှင်ပဲဖြစ်ဖြစ် ဒီအခွေ ထဲက ပြကွက်တွေ ဟာ ကုမ္ပဏီရဲ့ CEO တွေ နာမည်ကြီး Celebrity တွေကိုလှည့်စားခဲ့တဲ့ ပြကွက်တွေပါ။
This is mentalism ပထမ အခွေက Magic နဲ့ Mentalism ပေါင်းစပ်ပြချင်သူတွေ အတွက် ရည်ရွယ် သွားတဲ့ အခွေဆိုရင် This is mentalism 2 ကတော့ တကယ့် အဆင့်အတန်းမြင့်တဲ့ မျက်လှည့်ဆရာတွေ အတွက် ရည်ရွယ်တယ်ပြောရမှာပါ။ သင်ယူရလွယ်ကူပြီး တီထွင်ကြံဆမှုကောင်းကောင်းနဲ့ တီထွင်ထားတဲ့ ပြကွက်လန်း ၉ ကွက် ပါဝင်ပါတယ်။ အတွေ့အကြုံရှိပြီးသား မျက်လှည့်ဆရာတွေအတွက်တောင် သင်ယူစရာ အသစ်အဆန်းတွေပါဝင်တယ်လို့ နာမည်ရှိမျက်လှည့်ဆရာအချို့က ဆိုထားပါတယ်။ ဒီပြကွက် ၉ ကွက်ထဲကမှ Visions နဲ့ Psycometry ၂ခုတင် ပေးရတဲ့ ဈေးအတွက်လုံလောက်တဲ့ ပြကွက်တွေလို့တောင်ပြောကြပါတယ်။
ပါဝင်တဲ့ ပြကွက်တွေကတော့
1. Visions
ပရိသတ် ၂ ယောက် စိတ်ထဲမှာ စဉ်းစားထားတဲ့အရာကို ပုံဆွဲပြတာ ဖြစ်ပါတယ်။ လက်တန်းပြသလို့ရပြီး ကြိုတင် ပြင်ဆင်စရာရော နောက်တစ်ကြိမ်ပြသဖို့ ပြင်ဆင်မှုမျိုး လုံးဝ (လုံးဝ) မလိုအပ်ပါ။ အများဆုံး လိုအပ်မှ လိပ်စာကဒ် ၂ ကဒ်နဲ့ စက္ကူကလစ် တစ်ချောင်းပါပဲ။ အဆင့်မြင့်ပြသပုံ ပြသနည်းနဲ့ အကြံဥာဏ်တွေလဲ အများကြီး ပေးထားပါတယ်။
2. Psychometry Prediction
ပရိသတ် ၃ ယောက်က စိတ်ထဲကစဉ်းစားထားတွေကို ချရေးပြီး တစ်ယောက်ချင်းစီအတွက် စာအိတ် တစ်အိတ်စီ ထဲ ထည့်ပိတ်ထားတာကို ပြသသူက ဘယ်စာအိတ်က ဘယ်သူ့ဟာဆိုတာရယ် အထဲမှာ ဘာရေးထည့်ထားတယ် ဆိုတာရယ် ပြောပြနိုင်တဲ့ပြကွက်ပါ။ Psychology ရယ် အဆင့်ဆင့်ပြသပုံ ပြသနည်း ရယ် ကြိုတင်ပြင်ဆင်မှုအနည်းငယ်ရယ်ကလွဲရင် ရေးထားတာကို ချောင်းကြည့်တဲ့ peeking လုံးဝမသုံးထားပါ ဘူး။ ရိုးရိုးစာအိတ်တွေနဲ့ ပြသလို့ရပြီး ဈေးကြီးကြီး GIMMICK တွေမလိုအပ်ပါဘူး။ ကြိုတင်ပြင်ဆင်ဖို့ စက္ကန့် အနည်းငယ်သာ လိုအပ်ပါတယ်။ ပရိသတ်ကိုယ်တိုင် စာအိတ်ထဲ ထည့်ပိတ်လို့ရပါတယ်။ တကယ့် MIND READING အစစ်နဲ့ တူတဲ့ ပြကွက်တစ်ခုလို့ ပြောထားပါတယ်။
3. Undercover
စာအုပ်တစ်အုပ်ကို သုံးပြီး ပရိသတ်ကို စာအုပ်ထဲက ကြိုက်တဲ့ စာလုံးတစ်လုံးကို စဉ်းစားခိုင်းပါတယ်။ ပြသ သူကဘာစာလုံးလဲ မှန်အောင် ခန့်မှန်းပြတဲ့ ပြကွက်ပါ။ ချက်ချင်းပြန်ပြလို့ရတဲ့ ပြကွက်ပါ။ အချိန် နည်းနည်းပေးပြီး ပြင်ဆင်ပြီးရင် အကြိမ်ကြိမ် အခါအခါ ပြသနိုင်ပါတယ်။ ပရိတ်သတ်ချရေးထားတဲ့ စာရွက်ကို ဖြဲစရာမလိုပါဘူး။ ထိလည်းမထိသလို လုံးဝကြည့်စရာမလိုပါဘူး။
4. Hidden Key
ဒီတစ်ကွက်ကတော့ စာအုပ်ကိုပဲ အသုံးပြုပြသ ရတဲ့ ပြကွက်ဖြစ်ပြီး ကြိုတင်ပြင်ဆင်မှုလိုအပ်ပါတယ်။ ဒါပေမယ့် တစ်ခါ ပြင်ဆင်ပြီး တစ်သက်လုံးအသုံးပြုလို့ ရတဲ့ စာအုပ်ပါ။ တကယ့် mind reading လို့ထင်ရတဲ့ ပြကွက်တစ် ခုပါပဲ။
5. Unwritten
သတင်းစာ ဒါမှမဟုတ် မဂ္ဂဇင်းတစ်အုပ်လောက်ငှား ပြီး ကြိုက်တဲ့စာလုံး ရွေးချယ်ထားတာကို ပြန်ရှာပြတဲ့ ပြကွက်ပါ။ ဒီအကွက်ကို Rich က တီဗီ ဖန်သားပြင်မှာ အကြိမ်ကြိမ်အခါအခါ ပြသခဲ့ဖူးပါတယ်။ လက်တန်းပြသလို့ရပြီးတော့ လွယ်ကူပါတယ်။ စက္ကန့်အနည်းငယ်နဲ့ ကြိုတင်ပြင်ဆင်မှုပြုလုပ်လို့ ရပြီး အဲဒီ Gimmick ကို တစ်သက်လုံး အသုံးပြုလို့ရပါတယ်။
6. Way out of this world
ဖဲချပ်တွေအသုံးပြုပြရတဲ့ ပြကွက်ဖြစ်ပါတယ်။ ပါတီတွေမှာ ပြသလို့သင့်တော်တဲ့ ပြကွက်ပါ။ အမြဲအမှတ်ရစေမယ့် ပြကွက်တစ်ခုလည်းဖြစ်ပါတယ်။ Facedown ချထားတဲ့ ဖဲချပ်တွေကို ပရိတ်သတ်က ဘာအရောင်လဲတစ်ချပ်ချင်းစီမှန်းပြောတာကို အားလုံးမှန်ကန်စေတဲ့ ပြကွက်ပါ။ လက်တန်းပြလို့ရပြီး ပြန်လည် ပြင်ဆင်စရာလည်း လုံးဝမလိုအပ်ပါဘူး။
7. Recount
ပိုက်ဆံ ကိုအသုံးပြုပြီးတော့ Body language ကိုဖတ်ရတဲ့ ပြကွက်မျိုးပါ၊ အလိမ်ဖော်စက်အနေနဲ့လည်း အသုံးပြုလို့ရပါတယ်။
8. Lie to me
လက်တန်းပြလို့ရတဲ့ Mind reading ပါ အလိမ်ဖော်စက်အနေနဲ့ လည်းအသုံးပြုလို့ရပြီး ပရိသတ်ဆီက ငှားရမ်းလို့ရတဲ့ အရာဝတ္ထုအသေးစားလေးတွေနဲ့ ပြသရတာပါ.။ အိတ်တစ်အိတ်ထဲမှာ ပစ္စည်းအားလုံး ရောမွှေပြီးတော့ ပြသသူကို မသိစေပဲနဲ့ ပရိသတ်က ယူပြီးဖွက်ထားရတာပါ။ ပြီးရင် ပြသသူက ဘယ်သူ့ဆီမှာ ဘာရှိတယ် မရှိဘူးပြောပြတဲ့ အကွက်မျိုးပါ။ လူများများနဲ့ ပြသလို့ကောင်းတဲ့ ပြကွက်ဖြစ်ပြီး ပြန်လည် ပြင်ဆင်စရာ လည်းမလိုပါဘူး။
9. Wiregram Extreme
ပြကွက်၂ ခုကို တစ်ခုထဲမှာပေါင်းပြထားတာပါ။ ရိုးရိုး ဖဲချပ်တွေနဲ့ ၅စက္ကန့် အတွင်း အပြီး ပြင်ဆင်လို့ရပါတယ်။
ဒီအခွေက ပထမ အခွေ This is mentalism ထက်အများကြီးပိုကောင်းပြီးတော့ အရမ်း powerful ဖြစ်တဲ့ ပြကွက်တွေပါပါတယ်။
Trailer ကိုအောက် ပါလင့်ခ်မှာ သွားရောက်ကြည့်ရှုနိုင်ပါတယ်။
http://www.ellusionist.com/this-is-mentalism-2-rich-ferguson.html
ဒီလိုပြကွက်တွေကို ဝါသရှင်စာဖတ်သူတွေ သင်ယူ တတ်မြောက်ချင်တယ် ဆိုရင်တော့တစ်ခွေကို ၁၂၀၀၀ ကျပ်နဲ့ ဖုန်း - 09 4500 33830 (ထူးရကျော်)
ကိုဆက်သွယ် စုံစမ်းဝယ်ယူနိုင်ပါတယ် ။
ခွန်နေ - Khun Nay
https://www.khunnaymedia.com/
Free Download Mobile Application -
Mediafire Link -
http://goo.gl/oIpMYP
Dropbox Link -
http://goo.gl/5eogm3
Photo Credit - Google