
ကိုယ်စိတ်ဝင်စားသူနဲ့ ပထမဆုံးဒိတ်လုပ်ပြီးတွေ့ကြဖို့ဆိုတော့
နှစ်ဦးစလုံး စိတ်လှုပ်ရှားရင်ခုန်မိကြမှာတော့ အမှန်ပါပဲ။ ဘယ်နေရာမှာ တွေ့ဖို့ချိန်း ထားသလဲ။ ဘာလုပ်ကြမလဲ။ စားရင်းသောက်ရင်း စ ကားပြောဖို့လား။ ဒါမှမဟုတ် ပန်းခြံထဲမှာပဲ အေးအေးလူလူစကား ပြောကြဖို့ လား။ နေ ရာတွေရွေးကြတယ်။
တချို့ကလည်း ပထမဆုံးဒိတ်မှာပဲ အဆင်ပြေသွားကြသလို၊ တချို့ အတွဲတွေကလည်း အလွဲလွဲအချော်ချော်၊ နှစ်ဖက်စလုံး ရှက်ကိုးရှက် ကန်းနဲ့ အဆင်မပြေတာတွေဖြစ်ပြီး အဆုံးသတ်ခဲ့ကြတာလည်း ရှိပါ တယ်။ ဒီနေရာမှာ ပထမဆုံးဒိတ်တွေ့ဆုံခြင်းကနေ အကောင်းဆုံး အခြေအနေကို ဖန်တီးဖို့အ တွက် တခြားအရာတွေလုပ်မယ့်အစား သည်းထိတ်ရင်ဖို့ ရုပ်ရှင်ဇာတ်ကား ကြည့်သင့်ပါတယ်။
၁။ ပထမဆုံး ဒိတ်လုပ်တဲ့ စုံတွဲတွေနဲ့သူတို့တွေရဲ့ဒိတ်အကြောင်း၊ ဘယ်လိုပုံစံက အဆင်ပြေအနိုင်ဆုံးနဲ့ ပိုပြီးနီးစပ်လာစေမယ့် အ ကြောင်းမေးမြန်းကြည့်တော့ အားလုံးက သရဲကားတွေကြည့်ကြရင် ပိုကောင်းတယ်ဆိုတဲ့ တူညီတဲ့အဖြေတွေကို ရီကျဲကျဲနဲ့ ဖြေလာကြ တာကိုတွေ့ရပါတယ်။ ဒီစမ်းသပ်မှုရလာဒ်က ပထမဆုံးဒိတ်လုပ်တဲ့ စုံတွဲ တွေအတွက် ရုပ်ပိုင်းဆိုင်ရာနီးစပ်မှု၊ စိတ်ပိုင်းဆိုင်ရာနီးစပ်မှု တွေ ရှိသလို ဆေးပညာတွေအရမှာလည်း မှန်ကန်ကြောင်းဖော်ပြ ထားပါတယ်။
၂။ ကြောက်စရာကောင်းတဲ့ ရုပ်ရှင်တွေကြည့်ခြင်းက နှစ်ဦးသားတား ထားတဲ့ ခန္ဓာကိုယ်ချင်းထိတွေ့မှုကို ချိုးဖျက်ပြီးသင်တို့ကိုနီးစပ်သွား စေနိုင်ပါတယ်။ ရုတ်တရက်ထိတ်လန့်စရာမြင်ကွင်း၊ ကြောက်စရာအ သံတွေ တစ်ချက်တစ်ချက်ကြားတိုင်း နှစ်ဦးသား ရုတ်တရက် ပွေ့ ဖက်လိုက်တာတို့၊ ရင်ခွင်ထဲခေါင်းတိုးဝင်ပုန်းလိုက်တာတို့ ဒီလိုအ မှတ်မထင် လုပ်လိုက်မိတဲ့ အမူအရာတွေကြောင့်ပဲ နီးစပ်သွားစေနိုင် တာပါ။
၃။ ကောင်မလေးဘက်က ထိတ်လန့်မှုတွေခံစားနေရတဲ့ ဒီလိုအခြေ အနေမျိုးမှာ ကောင်လေးအတွက် အခွင့်အရေးအကောင်းတွေအ များကြီးဖြစ်ပေါ်လာနိုင်ပါတယ်။ အဲ့ဒါက ဘာလဲဆိုတော့ ကာကွယ် ပေးတာ၊ ကြင်နာပေးတာနဲ့ ပျော်စရာနောက်ပြောင်ခြင်းတွေ ပြုလုပ် ပေးနိုင်တာ စသဖြင့် မိန်းကလေးတွေသဘောကျတဲ့ အားကိုးချင်စ ရာ စွမ်းရည်တွေ ထုတ်ပြနိုင်ပါတယ်။
၎။ တစ်ယောက်ကို တစ်ယောက် အကဲခတ်လေ့လာနိုင်ဖို့ အခြေအ နေ ရရှိလာနိုင်ပါတယ်။ ဘာဖြစ်လို့လည်းဆိုတော့ လူတွေက ပျော် တဲ့အချိန်နဲ့ ဝမ်းနည်းတဲ့အချိန်တွေ နေထိုင်မှုပုံစံနဲ့ ခံစားမှုတွေမတူ ညီနိုင်ပါဘူး။ သာမန်အချိန်တဲ့ ပျော်ရွှင်နေတဲ့အချိန်တွေမှာ ခံစား ချက်တွေကို လျို့ဝှက်ပြီးဟန်ဆောင်ပန်ဆောင် နေထိုင်တတ်ကြပေ မယ့် ဒေါသထွက်တဲ့အချိန်၊ ကြောက်လန့်တဲ့ အချိန်တွေမှာတော့ ခံ စားချက်တွေကို မထိန်းချုပ်နိုင်ကြဘဲ အလိုလျောက် တုန့်ပြန်မှုတွေ အပေါ်ကိုယ့်အပေါ်ဘယ်လိုမျိုး ဆက်ဆံတယ်။ သဘောထားတယ် ဆိုတာတွေကို ခံစားချက်အမှန်အတိုင်း အကဲခတ်နိုင်ပါတယ်။
ရွှေဝတ်မှုန်(ရွှေအင်းလေး)
www.khunnaymedia.com
www.khunnaymedia.com