Tuesday, March 29, 2016


Shwe Innlay's photo.


တစ်ခါတစ်လေမှာ… နားကန်းနေသူတစ်ယောက်လို နေထိုင်တတ်ရ တယ်။ ကိုယ်ကြားထားတာတော့ ကြားတာပဲ။ ဒါပေမဲ့ မကြားချင် ယောင်ဆောင်လိုက်တာ ပိုကောင်းပါတယ်။ ကိုယ့်အတွက်အကျိုးမ ရှိတဲ့ စကားတွေကြားပြီးနောက် ကိုယ်ကကြားပြီး ပြန်လည်တုန့်ပြန် လိုက်ရင် ကိုယ့်အတွက် အကျိုးယုတ်တာတွေပဲ ရှိလာနိုင်ပါတယ်။ ဒီတော့ ကိုယ့်အတွက်လည်း ကောင်းကျိုးမရှိတစ်ပါးသူအတွက် လည်းအကျိုးမပေါ်တဲ့ ဒီအသံတွေပျောက်သွားတာနဲ့ တစ်ပြိုင်နက်တည်း မေ့ပစ်လိုက်တာ ပိုကောင်းပါတယ်။

တစ်ခါတစ်လေမှာ…. မျက်ကန်းနေသူတစ်ယောက်လို နေထိုင်တတ် ရတယ်။ ကိုယ်မြင်လည်း မမြင်သလို၊ သိလည်းမသိသလို နေတတ်ရ တယ်။ မျက်စိရှေ့မှာအမြင်မတော်တဲ့ မမြင်ချင်တဲ့အရာတွေကို လည်း မမြင်ချင်ယောင်ဆောင်ပြီး နေလိုက်တာပိုကောင်းပါတယ်။ ကိုယ်ကအမြင်မကောင်းပေမယ့် ကိုယ်နဲ့မဆိုင်တဲ့ ကိစ္စတွေဝင်မပါ တာပဲ ကောင်းပါတယ်။ တစ်ချို့ကိစ္စတွေက ကိုယ်ဝင်ပါမှ အခြေအ နေတွေပိုပြီး ရှုပ်ထွေးသွားနိုင်ပါတယ်။ဒီတော့ မြင်လည်းမမြင်ချင် ယောင်ဆောင်နေလိုက်ပါ။


တစ်ခါတစ်လေမှာလည်း…. ဆွံ့အနေသူတစ်ယောက်လို နေထိုင် တတ်ရတယ်။ ပါးစပ်ပါလို့ ပြောလို့ရတယ်ဆိုပေမယ့် ပြောခွင့်မရတဲ့ အခြေအနေမျိုးတွေလည်း ရှိလာနိုင်ပါတယ်။ ကိုယ်ပြောချင်လည်း မပြောတတ်ယောင်ဆောင် နေလိုက်တာ ကိုယ့်အတွက် အန္တရာယ် ကင်းပါတယ်။ စကားအရှုပ်အရှင်းကိစ္စ ဖြေရှင်းရတာလည်း ရှင်းလင်းပါတယ်။

ရွှေဝတ်မှုန်(ရွှေအင်းလေး)
www.khunnaymedia.com

Shwe Innlay's photo.


ကိုယ့်ရှေ့က ဖုန်းမျိုးစုံကနေဖုန်းနံပါတ်အစုံနဲ့ လာနေတဲ့ဖုန်းကော တွေ ထက်….. ကိုယ့်နာမည်နဲ့ ဖုန်းလာတယ်လို့ လာခေါ်ပေးတဲ့ ဖုန်းအိမ်က အဝင်ဖုန်းကောလေးကိုပဲ ပိုရင်ခုန်မိတယ်….

ဖုန်းမက်ဆေ့ခ်ျဘောက်စ်ထဲ Typing တွေရိုက်ပြီး ပို့လာတဲ့စာသား တွေ ထက်….. စာပို့သမားလေးလက်ထဲက ကိုယ့်နာမည်နဲ့ ပို့လာတဲ့ စာအိပ်ထဲက လက်ရေးစာလုံးတွေကိုပဲ ပိုနှစ်သက်မိတယ်…


ကင်မရာကောင်းကောင်းနဲ့ ရိုက်ထားပြီး ဖုန်းထဲကဖိုင်တစ်ခုထဲမှာ သိမ်းထားတဲ့ ဆယ်လ်ဖီပုံတွေ၊ ပို့စ်ပေးတဲ့ ဓာတ်ပုံတွေထက်….အ ပြင်မှာလူစု ဓာတ်ပုံဆိုင်တစ်ဆိုင်မှာ မီးထိုးရိုက်ပြီး ဓာတ်ပုံစက္ကူထုတ်ထားတဲ့ ဓာတ် ပုံလေးတွေကိုပဲ ပိုမြတ်နိုးမိတယ်…..

လူမှုကွန်ရက်တွေရဲ့ ချက်စ်ဘောက်ထဲကနေ လက်ချောင်းလေးတွေ လှုပ်ရှားပြီး ရင်းနှီးသူတွေ တစ်ယောက်အကြောင်းတစ်ယောက် မေးမြန်းနေ တာထက်….. အပြင်မှာချိန်းပြီးတွေ့ ဟီးဟီးဟားဟား ရိုက်ပုတ်ပြောဆို ရတာကိုပဲ ပိုပြီးပျော်ရတယ်….

မြို့လည်ခေါင်က မှန်အထပ်ထပ်ကာထားပြီး လုံခြုံရေးအပြည့်၊ စောင့်ကြည့် ကင်မရာတွေအောက် လူချမ်းသာတွေလို့ အမည် တပ်ခံရဖို့ထိုင်ရတဲ့ ကဖေးဆိုင်တွေထက်…. ရပ်ကွက်ထဲက ကားလမ်းဘေး မီးခိုးတအူအူ ထွက်နေတဲ့ အကြော်ဆိုင်လေးက ပိုပြီးလွတ်လပ်မှုရတယ်…..

အင်တာနက်ဒေတာတွေနဲ့ ဒေါင်းလုပ်ယူပြီးရလာတဲ့ ဇာတ်ကား တွေကြည့် ရတာ၊ စာအုပ်တွေဖတ်ရတာထက်…… ရပ်ကွက်ထဲက ခနော်နီခနော်နဲ့ အခွေဆိုင်သေးသေးလေးထဲက အခွေတွေ၊ စာအုပ် တွေငှားပြီး ကြည့်ရဖတ် ရတဲ့ အချိန်တွေက ပိုပြီးစိတ်ပျော်ရတယ်….

မိသားစုထမင်းဝိုင်း၊ မိတ်ဆွေသူငယ်ချင်းတွေ လက်ဖက်ရည်ဝိုင်း၊ ချစ်သူ ချင်း ကော်ဖီဝိုင်းမှာ လက်ထဲကဖုန်းတွေနဲ့ တဆင့်စကားပြောနေတာ ထက် အချင်းချင်းမျက်နှာချင်းဆိုင်၊ လက်တို့၊ ပခုံးဖက်ပြီး ပြောတဲ့ စကားတွေက ပိုတန် ဖိုးထားရတယ်.....

ဟုတ်ပါတယ်.... ဒီခေတ်ကြီးက ၂၁ ရာစု၊ အိုင်တီခေတ်၊ နည်းပညာ တိုးတက်လာတဲ့ ခေတ်ကြီးပါ။

တိုးတက်ပြောင်းလဲလာတဲ့ ခေတ်ကြီးထဲမှာ ကျွန်မတို့ရဲ့ လူနေထိုင်မှုစနစ်ကြီး ကို အကျိုးရှိကောင်းမွန်လာအောင် ပြုလုပ်ပေးတဲ့ အရာတွေကို အကျိုးရှိရှိ အသုံးချတတ်ဖို့ လိုသလို......

ကျွန်မတို့တွေရဲ့ မိသားစုချင်း၊ ချစ်သူခင်သူချင်း၊ အပေါင်းအသင်းမိတ်ဆွေတွေ ကြားက ရင်းနှီးဆက်သွယ်မှုတွေ၊ ဂရုစိုက်ဖေးမမှုတွေ၊ ချစ်ခြင်းမေတ္တာတွေနဲ့ တခြားတန်ဖိုးထားအပ်တဲ့ လူနေထိုင်မှုပုံစံတွေကိုတော့ ဒီနည်းပညာဆိုတဲ့ အရာကြီးနဲ့ ဖျက်ဆီးပစ်လိုက်တာ မဖြစ်သင့်ဘူးလို့တော့ ထင်မိပါတယ်.....

(စာဖတ်ပရိတ်သက်ကြီးလည်း မိမိတို့ခံစားရနေတဲ့ နည်းပညာခေတ်ကြီးရဲ့ အသုံးချမှု လွဲမှားခြင်းနဲ့ ပတ်သက်ပြီးတော့ စိတ်ခံစားချက်တွေကို ကွန့်မန့် ဘောက်စ်မှာ ဝင်ရောက်မှတ်ချက်ပြုရေးသားနိုင်ပါတယ်။)

ရွှေဝတ်မှုန်(ရွှေအင်းလေး)

Shwe Innlay's photo.


ရယ်မောတိုင်းလည်း ပျော်ရွှင်မှုသက်သက်မှ
မဟုတ်တာ ။ အချို့သောရယ်မောခြင်းဟာ
ကိုယ့်ကို ထိန်းချုပ်ဖို့အတွက် ဟန်ဆောင်
ပြုံးနေရသလို ငိုရတာပင်ပန်းလို့
အားတင်းထားတာမျိုးလဲရှိတယ် ။

ခွန်နေ(ရွှေအင်းလေး)
‪#‎KN‬
Shwe Innlay's photo.


လူမှန်ရင် အမှားနဲ့မကင်းကြပါဘူး ။
လူတိုင်းမှားဖူးကြတယ် ။ အမှားလုပ်မိတိုင်း
အပြစ်ရှိတယ်လို့ မဆိုနိုင်ပါဘူး ။
မှားမှန်းသိလျက်နဲ့ ဆက်ပြီးမှားနေမှသာ
အပြစ်ကျူးလွန်တယ်လို့ခေါ်တယ် ။


ခွန်နေ(ရွှေအင်းလေး)
‪#‎KN‬

Shwe Innlay's photo.


ကိုယ့်ကို ချစ်တဲ့သူတွေကျတော့ ကိုယ်ဘာလုပ်လုပ် အကောင်းပဲ မြင်ကြ လိမ့်မယ်။
ကိုယ့်ကို မချစ်တဲ့သူတွေကျတော့ ကိုယ်ဘာလုပ်လုပ် မကောင်းတဲ့ဘက်ကနေ ပဲ မြင်ကြလိမ့်မယ်။


ကိုယ့်ကိုချစ်တဲ့သူတွေ ကိုယ့်အပေါ်ချစ်တဲ့စိတ်နဲ့ အကောင်းမြင်ပေး တာကို တန်ဖိုးထားအသိမှတ်ပြုပေးပါ။ ကျေးဇူးတင်ပေးပါ။ သူတို့ ဟာ ကိုယ့်အတွက် ကိုယ့်ကိုယ်ကျိုးကို လိုလားပေးတဲ့သူတွေပါ။ ဒီ လိုကိုယ့်ကိုချစ်တဲ့သူတွေကို တန်ဖိုးထားပါ။ ကိုယ်ကလည်း ပြန်ချစ်ခင်ပါ။ သူတို့ရှိနေလို့ ကိုယ့်ရဲ့အရာရာ တိုင်းဟာ လှပနေပါလိမ့်မယ်။

ကိုယ့်ကိုမချစ်တဲ့သူတွေ၊ ကိုယ့်ကို မုန်းတဲ့သူတွေရဲ့ ကိုယ့်အပေါ် မကောင်းမြင်တဲ့ စိတ်တွေ၊ ဝေဖန်ပုတ်ခတ်မှုတွေကို စိတ်ထဲကနေ ထုတ်ပစ်ပါ။ အချိန်တိုင်းကိုယ့်အပေါ်မကောင်းပြောနေတဲ့အ ကြောင်းတွေကြောင့် စိတ်ပျက် အားငယ်စရာလဲမလိုသလို၊ ဒေါသထွက်ပေါက်ကွဲစရာလည်းမလိုပါဘူး။ သူတို့ရဲ့ ဒီလိုမကောင်းမြင်တဲ့ စိတ်က ကိုယ့်ကိုပျက်စီးစေပါတယ်။ ကိုယ့် အပေါ်မနာလိုလို့၊ ကိုယ့်ကိုယ်ကျိုးကို မလိုလားလို့ ဖျက်ဆီးချင်တဲ့ မကောင်းစိတ်တွေလည်း ရှိကောင်းရှိနေနိုင်တာကြောင့် သူတို့တွေနဲ့ ခပ်ကင်းကင်းနေလိုက်ပါ။

ကိုယ်ကဘယ်သူ့တွေအတွက် ရှင်သန်နေသလဲဆိုတာ ကိုယ့်ကို ကိုယ် ပြန်မေးပါ။
ကိုယ့်ကို ချစ်တဲ့သူတွေအတွက်သာ ရှင်သန်ပါ။ သူတို့အတွက် အသက်ရှင်ပေး ရတာ တန်ဖိုးရှိပါတယ်။
ကိုယ့်ကို မုန်းတဲ့သူတွေအတွက် ရှင်သန်ရတာမျိုးက တန်ဖိုးမဲ့ပါတယ်။

ရွှေဝတ်မှုန်(ရွှေအင်းလေး)
www.khunnaymedia.com

Shwe Innlay's photo.


ကလေးတစ်ယောက်ရဲ့ပျော်ရွှင်မှုအတွက်
အချို့သောလူကြီးတွေရဲ့ ခါသီးတဲ့
မုသားတွေနဲ့ ဖုံးကွယ်ထားတတ်တယ် ။ 
သူငယ်ချင်းနှစ်ယောက်အဆင်ပြေနေဖို့
အချို့သော ဟန်ဆောင်မှုတွေနဲ့
ရင်းနှီးထားရတယ် ။
ချစ်သူနှစ်ယောက်အဆင်ပြေဖို့အတွက်
အတိတ်ကအဖြစ်အပျက်တချို့ ဖျောက်ပစ်ထားရတယ် ။
လူတိုင်းမှာရှိတဲ့ အမှန်တရားအချို့ကို သိဖို့မကြိုးစားပါနဲ့ ။ 
လက်ရှိပျော်ရွှင်မှုတွေ ဆုံးရှုံးသွားရတတ်တယ် ။
အမှန်တရားတိုင်းက ရိုးသားမှုလို့ဖွင့်ဆိုထားပေမယ့်
ရိုးသားမှုတိုင်းက ချိုချင်မှချိုနေလိမ့်မယ် ။
အချို့ဟန်ဆောင် မုသားတွေက တစ်ခါတလေ လူမျိုးအတွက် ၊ 
မိသားစုအတွက် ၊ သူငယ်ချင်းအတွက် ၊ လူနှစ်ယောက်အတွက်
ပျော်ရွှင်တဲ့ မုသားကောင်းတွေဖြစ်နေတတ်တယ် ။


ခွန်နေ(ရွှေအင်းလေး)
‪#‎KN‬
www.khunnaymedia.com

Shwe Innlay's photo.


လူမြင်သာတဲ့ အပေါ်ယံအလှအပကိုပဲ လိုချင်တာလား… ဒီအလှတ ရားက ဘယ်လောက်ကြာရှည်ခံမှာလဲ ၁၀ နှစ်လား အနှစ်၂၀၊ အနှစ် ၃၀ လား။ သိပ်အကြာကြီးခံမှာတော့ မဟုတ်လောက်ပါဘူး။ အချိန် တန် အသက်ကြီးအိုမင်းသွားလာတော့လည်း ဒီအပေါ်ယံအလှအပ တွေက ပျက်စီးယိုယွင်းလာမှာပဲ မဟုတ်လား။ စိတ်ထားလှပတာကို ရွေးချယ်ထား ခဲ့ရင်တော့ ထာဝရအတွက် တည်ရှိနေမှာပါ။ နူးညံ့ သိမ်မွေ့တဲ့ စိတ်ထားပိုင်ဆိုင်ထားရင်တော့ ဘယ်တော့မှပျောက် ပျက်သွားမှာကို မစိုးရိမ်ရတော့ပါဘူး။ အပေါ်ယံအလှရှိသူထက် အတွင်းစိတ်ထားအလှရှိ သူကိုရွေးချယ်သင့်ပါတယ်။


ငွေကြေးချမ်းသာတာကိုပဲ ရွေးချယ်ချင်တာလား။ ငွေကြေးပိုင်းအ ထောက်
အပံ့ဖြစ်နေလို့ ရွေးချယ်ခဲ့မိရင် တကယ်ပဲစိတ်ချမ်းသာမှု တွေရခဲ့လား လို့ ပြန်တွေးကြည့်ပါ။ ငွေကြေးရှိတာပဲရှိပြီး စိတ်ချမ်းသာမှု အစစ်အမှန်မရနိုင် ဘူးဆိုရင် နေပျော်မှာမဟုတ်ပါဘူး။ လောကမှာ ငွေနဲ့လုပ်ယူလို့မရနိုင်တဲ့ အရာတွေအများကြီးရှိပါတယ်။ ငွေခင်းပြီး ချစ်ခြင်းမေတ္တာတရားကို မဝယ် ယူနိုင်ပါဘူး။ အကြင်နာ၊ ဂရုစိုက်မှု၊ စာနာနားလည်မှု၊ ကူညီဖေး မစောင့်ရှောက်မှု စသဖြင့်တွေက ငွေကြေး နဲ့မဖန်တီးနိုင်ပါဘူး။ သူ့အလို လိုရင်ဘက်ထဲကလာတဲ့ မေတ္တာတရားတွေပဲ ဖြစ်ပါတယ်။ ငွေကြေးထောက် ပံပေးနိုင်သူထက် အေးချမ်းစစ်မှန်တဲ့ မေတ္တာတရားပေးနိုင်သူကို ရွေးချယ်သင့် ပါတယ်။

ပညာတတ်၊ ဘွဲ့မာစတာတွေ အများကြီးရထားသူ၊ အသိုင်းအဝိုင်း ကောင်း ထဲကသူနဲ့ပဲ လက်တွဲသွားချင်တာလား။ ဘွဲ့တွေ၊ ဒီဂရီတွေ၊ မာစတာတွေ တက်ရုံထားရုံနဲ့ ဘဝတစ်လျှောက် အဆင့်တန်းမြင့်မြင့် နေနိုင်ပြီလို့ မထင် လိုက်ပါနဲ့။ တချို့အတန်းပညာတွေသာ တတ် ထားကြပြီး လူ့ဘောင်ပညာတွေ မတတ်ထားကြတဲ့သူတွေက ပတ်ဝန်းကျင်နဲ့ လိုက်လျောညီထွေ နေထိုင် နည်းတွေကို မသိကြပါဘူး။ ပညာတတ်ဆိုပြီး နားထင်သွေးရောက်နေတဲ့ သူတွေက ပညာမတတ် ဘူးဆိုတဲ့ သူတွေထက်တောင် ပိုပြီးရိုင်းစိုင်း တတ်ကြပြန်ပါသေး တယ်။ ဒီတော့ အသိပညာရှိတဲ့သူတွေရဲ့ အဆင့်အတန်း က အတန်း ပညာတတ်ထားတဲ့သူတွေရဲ့ အဆင့်အတန်းထက်ပိုပြီးတော့
တောင် မြင့်ချင်မြင့်နေပါသေးတယ်။ အတန်ပညာတတ်သူထက် အသိပညာ တတ်တဲ့သူကို ရွေးချယ်သင့်ပါတယ်။

ရွှေဝတ်မှုန်(ရွှေအင်းလေး)
www.khunnaymedia.com


Shwe Innlay's photo.


အရာရာ သည်းခံနေလို့ ကြောက်တယ်လို့ မထင်ပါနဲ့…. သည်းခံခြင်းထက် စိတ်အေးချမ်းတဲ့ အရာမရှိသေးလို့ပါ။ ကိုယ့်အပေါ်ဘယ်သူတွေက ဘယ်လောက်ပဲ မကောင်းတာလုပ် လုပ် ဘာမှပြန်မတုန့်ပြန်ပဲသည်းခံ လိုက်ခြင်းက သူတို့ကိုကြောက်လို့မဟုတ်ပဲ ကိုယ့်အတွက်ကိုယ်ငြိမ်း ချမ်းစေချင်လို့ပဲ ဖြစ်ပါတယ်။

လူတိုင်းမလုပ်နိုင်တဲ့ ခန္နီသည်းခံခြင်းတရားကို ကိုယ်ကလုပ်နိုင်တာ 
ကိုယ်ကသူများတွေထက် ထူးခြားတဲ့ပါရမီရှင်တစ်ဦးဖြစ်နေတာမို့လို့ပါ။
လူတိုင်းကတော့ ကိုယ့်အပေါ်တစ်စုံတစ်ယောက်က မကောင်းမှုပြု လာရင် 
အချိန်မရွေးတုန့်ပြန်လိုက်ဖို့ အသင့်ပဲရှိနေတတ်ကြပါတယ်။ ဒါပေမဲ့
ကိုယ့်အသိစိတ်ကိုခဏပြန်ထိန်းလိုက်ချိန်မှာတော့ အလိုလိုသည်းခံ သွားနိုင်တဲ့ စိတ်ကလေးဖြစ်ပေါ်သွားတာပါပဲ။


ဒီ့အတွက်ကြောင့် ဒေါသဖြစ်တုန့်ပြန်ခြင်းကနေရရှိလာမယ့် ပူလောင် ခြင်း၊ 
သောကတွေ၊ ဒေါသတွေ၊ စိတ်ဆိုးစိတ်တိုစရာမျိုးတွေ စသဖြင့် နောက်ဆက်တွဲ 
ဆိုးကျိုးတွေနဲ့ မကြုံရတော့ပဲ… သည်းခံ ခြင်းကနေ ငြိမ်းချမ်းခြင်း၊ 
စိတ်အေးချမ်းသာစွာနဲ့ပဲ နေထိုင်သွားနိုင်မှာပါ….
လူတစ်ယောက်ကို သည်းခံခြင်း ကျော်လွန်သွားခဲ့ရင်တော့ အဲ့ဒီလူကို 
လုံးဝ ဥပေက္ခာပြုလိုက်ခြင်းပဲ ဖြစ်ပါလိမ့်မယ်။

ရွှေဝတ်မှုန်(ရွှေအင်းလေး)
www.khunnaymedia.com

Shwe Innlay's photo.


သူငယ်ချင်းနှစ်ယောက် အဆင်မပြေလို့ပဲဖြစ်ဖြစ် ၊
အရမ်းချစ်ရတဲ့ ချစ်သူနှစ်ယောက် အဆင်မပြေလို့ပဲဖြစ်ဖြစ်
တစ်ယောက်နဲ့ တစ်ယောက် အဓိကဖြစ်ရတာ ကြားခံပြဿနာတစ်ခုကြောင့်ပါ ။
ဘယ်လို ပြဿနာမျိုးကြောင့်ပဲ ဖြစ်ဖြစ် ပြဿနာရဲ့လာရာ အရင်းမြစ်ကိုကြည့်ပြီး 
ပြန်လည်သင့်မြတ်အောင် ညှိယူဖို့လိုပါတယ် ။ ပြန်လည်ညှိယူတာမျိုးလဲမရှိ 
အနိုင်လိုချင်ယုံသက်သက် မကြိုက်ဘူးဆိုတဲ့အရာကို ပြဿနာဖြစ်နေချိန် 
တမင်လုပ်ယူပြီး ဖန်တီးတာဟာ တစ်ယောက်အပေါ်တစ်ယောက်ထားတဲ့ 
ယုံကြည်မှုကို ဖျက်ဆီးပစ်တာပါ ။ ချစ်သူနဲ့အဆင်မပြေလို့ အခြားသူတစ်ယောက်ကို
အစားထိုးအရွဲ့တိုက်တာမျိုး ၊ သူမကြိုက်တဲ့နေရာကို သွားတာမျိုး ၊ သူမကြိုက်တဲ့ အပေါင်းအသင်းကိုပြန်ပေါင်းပြတာမျိုး တစ်ဖက်လူကို အနိုင်ယူချင်တဲ့လုပ်ရပ်ဆိုပေမယ့် ဒါဟာလူနှစ်ယောက်တည်ဆောက်
ထားတဲ့ ယုံကြည်မှုကို ဖျက်ဆီးတဲ့ သစ္စာဖောက်ခြင်းသက်သက်ပါပဲ ။


ခွန်နေ(ရွှေအင်းလေး)
‪#‎KN‬
www.khunnaymedia.com
Shwe Innlay's photo.

အချို့သောသူတွေကို ကိုယ်ဘယ်လောက်ပဲ လက်တွဲခေါ်ခေါ်
သူ့ပျော်ရာနဲ့ သူ့တန်ရာကိုပဲရွေးတယ် ။
ကိုယ်ခေါ်ရာ တွဲပါမလာတဲ့သူကို အတင်းကြီးဆွဲကိုင်မထားပါနဲ့ ။
သူ့ရွေးချယ်မှုကို လွတ်လပ်စွာရွေးချယ်ခွင့်ပြုလိုက်ပါ ။
ဘယ်အရာမဆို သူ့အကြိုက်နဲ့သူ ၊ သူ့အဆင့်နဲ့သူ
တန်ရာတန်ကြေးပဲ ပြန်လာတာပါ ။


‪#‎KN‬
www.khunnaymedia.com

Shwe Innlay's photo.


ကိုယ့်ဆီမှာ မပျော်တော့တဲ့လူကိုဖက်တွယ်ထားရင် ကိုယ့်ဆီက အပျော်တွေဆုံးရှုံးရမယ် ။ ကိုယ့်အပေါ် တန်ဖိုးမထားတဲ့လူကို တွယ်တာလွန်းရင် ကိုယ့်ရဲ့ တန်ဖိုးတွေလည်း ကျလာလိမ့်မယ် ။
ကိုယ့်အပေါ် အချိန်မပေးနိုင်တဲ့လူတစ်ယောက်ကို ဦးစားပေးရင် ကိုယ့်အတွက် အကျိုးရှိတဲ့ အချိန်တွေ ဆုံးရှုံးရမယ် ။
ဘယ်အရာမဆို အတ္တကိုရှေ့တန်းတင်ရင် တကယ်ဖြစ်သင့်တဲ့အရာတွေနဲ့ လွှဲချော်ရစမြဲပဲ ။ အဲ့ဒီလို ဘဝအတွက် အရေးမပါတဲ့အရာတွေကို ဦးစားပေးနေသ၍ ဘဝအတွက် အရေးပါ တန်ဖိုးထားရတဲ့ အရာတွေ ဆုံးရှုံးရတတ်တယ် ။ တန်ဖိုးကြီး အသုံးအဆောင်ပစ္စည်းတွေတောင် ကိုယ့်အတွက် အသုံးတည့်မှ အကျိုးရှိတာပါ ။
အသုံးမတည့်ရင် ကိုယ်ဘယ်လောက်တန်းဖိုးထားထား အလကားပဲ ။ ဒါကြောင့် မလိုအပ်ပဲ အရမ်းကြီးဖက်တွယ်မထားနဲ့ ။ ကိုယ်ပဲ ပင်ပန်းရလိမ့်မယ် ။


ခွန်နေ(ရွှေအင်းလေး)
‪#‎KN‬
www.khunnaymedia.com

Shwe Innlay's photo.


လူတိုင်းအမှားတွေနဲ့ မကင်းကြပါဘူး။ အသက်အရွယ်အပိုင်းအခြား အလိုက် မှားယွင်းလုပ်ကိုင်မိတတ်တဲ့ အရာလေးတွေရှိနေနိုင်ပါ တယ်။ အသက် ငယ်ငယ်ကလေးဘဝတုန်းကလည်း မှားခဲ့ဖူးတယ်။ ဆယ်ကျော်သက် အရွယ်ရောက်တော့လည်း မှားခဲ့တယ်။ လူလတ်ပိုင်းလူကြီးအ ရွယ်ရောက်တော့လည်း မှားနေဆဲပဲ။ ဒီလိုအမှားတွေ ကြားထဲကနေပဲ အမှန်တွေပြင်ယူရတယ်။ ထပ်တူညီတဲ့အမှားမျိုး တွေ ထပ်မကျူးလွန် မိအောင် နေထိုင်ရတယ်။

တချို့အမှားတွေကဘဝသင်ခန်းစာအတွက် ကောင်းကောင်းကြီး လေ့လာသင်ယူခွင့်ရသွားတယ်။ အမှားတွေကနေ အမှန်ပြင်ပြီးမှန် ကန်စွာနေထိုင်တတ် သွားတယ်။ အကျိုးကျေးဇူးတွေရရှိသွားတယ်။ ဒီ အမှားတွေထဲက အများစု မှားတတ်တဲ့ အမှားတွေနဲ့ ဘဝတစ်လျှောက် သင်ခန်းစာရနိုင်တဲ့ အမှားလေးတွေအကြောင်း ဖော်ပြပေးလိုက်ပါတယ်….

၁။ အလွယ်လမ်းလိုက်ခဲ့မိတဲ့ အမှားတွေ
လုပ်ဆောင်တာတစ်ခုခုအတွက် မြန်မြန်ပြီးချင်တဲ့စိတ်၊ သက်သာချင် တဲ့စိတ်နဲ့ အလွယ်လမ်းတွေ၊ မသမာတဲ့လမ်းတွေလိုက်ခဲ့မိကြတယ်။ အဲ့ဒီလမ်းတွေကမှ တကယ်လည်းလုပ်ဆောင်တာပြီးမြောက်ရော အ ဆင်မပြေမှုတွေ ကြုံတွေ့ လာရပါတယ်။ ဒီတော့မှ မှားယွင်းစွာလုပ် ကိုင်လိုက်မိပါလား လို့ နောင်တ ရတတ်ကြတယ်။ ဒါပေမယ့် ဒီအမှား ကတော့ တစ်သက်တာ သင်ခန်း စာပေးပြီး နောင်မှာအလွယ်လမ်းမလိုက်ကြဖို့ သတိပေးလိုက်တာဖြစ်လို့ အကျိုးရှိပါတယ်။

၂။ တစ်ကိုယ်ကောင်းဆန်တဲ့ ဆုံးဖြတ်ချက်ချမိတဲ့ အမှားတွေ
လူတိုင်းကတော့ တစ်ကိုယ်ကောင်းဆန်ကြတာ သဘာဝပါပဲ။ ကိုယ် လိုချင်တာတစ်ခု၊ ကိုယ်အဆင်ပြေချင်တာတစ်ခု၊ ကိုယ့်ဆန္ဒတစ်ခု တည်းကိုပဲ ကြည့်ပြီး လုပ်ဆောင်ခဲ့မိတဲ့ အရာတွေရှိကောင်းရှိနိုင်ပါ တယ်။ ငယ်ငယ်တုန်း ကတော့ နားမလည်ခဲ့လို့ မှားကောင်းမှားခဲ့ပေမယ့် အသက်အရွယ်ကြီးလာတဲ့ အခါ၊ ရင့်ကျက်လာတဲ့အခါမျိုးတွေ ကျ တစ်ကိုယ်ကောင်းဆန်ခြင်းက မကောင်းတဲ့စိတ်နေသဘောထား ဆိုတာ သိလာရမှာပါ။

၃။ မကောင်းတဲ့လူတွေကို ယုံကြည်ခဲ့မိတဲ့ အမှားတွေ
လူကောင်းနဲ့ လူဆိုးဆိုတာ အလွယ်တကူခွဲခြားလို့ မရနိုင်လို့ ပေါင်း သင်းလိုက်မိတယ်။ လူကောင်းတွေနဲ့လည်း အပေါင်းအသင်းလုပ် ဖြစ်တယ်။ မကောင်းတဲ့လူတွေနဲ့လည်း ပေါင်းသင်းဆက်ဆံမိတယ်။ ကောင်းတဲ့လူတွေနဲ့ ပေါင်းသင်းဆက်ဆံမိတဲ့ အကျိုးရလာဒ်က ကိုယ့်အတွက် အကျိုးမယုတ်ပေ မယ့် လူဆိုး၊ မကောင်းတဲ့လူတွေနဲ့ ပေါင်းသင်းမိလိုက်တဲ့အတွက်တော့ ကိုယ့်အတွက်များစွာ အကျိုးယုတ်သွားတာမျိုးတွေ၊ ပျက်စီးသွားတာမျိုးတွေ ရှိခဲ့ဖူးကြမှာပါ။ မ ကောင်းတဲ့သူတွေကို အလွယ်တကူယုံကြည်လိုက်မိတဲ့ ကိုယ့်အ မှားကြောင့် နောင်မှာ လူတွေအားလုံးကို မယုံကြည်ဖို့နဲ့ လူကောင်း နဲ့ လူဆိုးကိုခွဲခြားပေါင်းသင်းတတ်ဖို့ အတွေ့အကြုံရရှိပြီးသားဖြစ်သွားမှာပါပဲ။

၎။ ငွေကြေးပိုက်ဆံ ဖြုန်းတီးမိခဲ့တဲ့ အမှားတွေ
လူတိုင်းနီးပါး မှားခဲ့ဖူးတဲ့အမှားတွေပါပဲ။ ကိုယ့်လက်ထဲမှာရှိ ပိုက်ဆံ တွေကို တကယ်အသုံးလို လိုအပ်တဲ့နေရာတွေမှာမဟုတ်ပဲ အပျော် အပါး၊ အသုံး အဖြုန်းတွေအတွက် ဖြုန်းတီးသုံးပစ်လိုက်တဲ့ အချိန် တွေရှိကောင်း ရှိကြမှာ။ နောက်တကယ်လိုအပ်တဲ့ နေရာတွေမှာကျ တော့ ကိုယ့်လက် ထဲပိုက်ဆံမရှိလို့ မသုံးရတဲ့အချိန် နောင်တရမိတာမျိုးတွေ ကြုံတွေ့ဖူးကြမှာပါ။ အဲ့ဒီအချိန်ကျမှ ငွေကြေး သုံးစွဲခြင်းနဲ့ ဖြုန်းတီးခြင်းအကြောင်းကို ကွဲ ကွဲပြားပြားနားလည်သွားပါလိမ့်မယ်။

၅။ အသက်မွေးဝမ်းကြောင်းအတွက် ရွေးချယ်မှု မှားယွင်းခြင်း
အရေးကြီးပြီး သင်ခန်းစာအများကြီးရတဲ့ အမှားတစ်ခုပါ။ ဝင်ငွေရှာ ဖွေခြင်းနဲ့ အသက်မွေးဝမ်းကြောင်းလုပ်ငန်းအတွက် ဝါသနာစိတ်ဝင်စားတာနဲ့ လက်ရှိလုပ်ကိုင်နေတဲ့ အလုပ်အကိုင်တွေက ထပ်တူမညီပဲ မှားယွင်းနေ တာမျိုးတွေ ရှိနေတတ်ပါတယ်။ ဝါသနာပါတဲ့အ လုပ်မဟုတ်ပဲ လက်တလော အဆင်ပြေမယ့် အလုပ်အကိုင်မျိုးကို ရွေးချယ်လုပ်ကိုင်မိ လိုက်တဲ့နောက် ရေ ရှည်မှာ အဆင်မပြေမှုတွေ ကြုံတွေ့လာနိုင်ပါတယ်။ ဒီ့အတွက်ကြောင့်မို့လို့ ကိုယ့်တစ်ဘဝလုံး စာ အသက်မွေးဝမ်းကြောင်း အဆင်ပြေနိုင်မယ့် အလုပ်အကိုင်မျိုးကို ရွေးချယ်သင့်တာကို သိလာရပါလိမ့်မယ်။

ရွှေဝတ်မှုန်(ရွှေအင်းလေး)
www.khunnaymedia.com


Shwe Innlay's photo.


အသက် ၂၀ နှစ် မရောက်ခင် - အကောင်းဆုံးလေ့လာသင်ယူပါ ။
အသက် ၂၀ မှ ၃၀ နှစ် - ခေါင်းဆောင်ကောင်း ၊ 
ဆရာသမားကောင်းတွေနဲ့ အတူတကွအလုပ်လုပ်ပါ ။
အသက် ၃၀ - ၄၀ နှစ် - ကိုယ်ပိုင်စီးပွားရေးလုပ်ဖို့စတင်ပါ ၊ 
ကိုယ့်ကို အကောင်းဆုံးတည်ဆောက်ပါ ။
အသက် ၄၀ - ၅၀ နှစ် - ကိုယ့်အတွက်အရေးကြီးဆုံးအရာနဲ့ 
အမြတ်တနိုးတန်ဖိုး ထားရမယ့် အရာတွေကိုပဲ ဦးစားပေးပါ ။
အသက် ၅၀ - ၆၀ နှစ် - လူငယ်တွေကို ဦးဆောင်လမ်းပြပါ(သူတို့တွေဟာ ကိုယ့်ထက်အများကြီးကောင်းအောင်ပိုလုပ်နိုင်သူတွေပါ)
အသက် ၆၀ ဆိုရင်တော့ ကိုယ့်ကိုအပျော်ရွှင်ဆုံးနေပါ ၊ ကောင်းကောင်း အနားယူပါ ။
(Alibaba တည်ထောင်သူ သန်းကြွယ်သူဌေး Jack Ma ရဲ့ advice ကို ကိုးကားထားတာပါ)
နည်းနည်းလောက်ကွန့်ပြီး ပြောချင်တာက အောင်မြင်တဲ့လူတိုင်းရဲ့
ဘဝနေထိုင်မှု ပြောဆိုမှုတွေကို လိုက်နာကျင့်သုံးတာထက် သူတို့သတ်မှတ် ထားတဲ့စာရင်းထဲမှာ ကိုယ်ပါအောင် ကြိုးစားနိုင်ဖို့ပါပဲ ။


ခွန်နေ(ရွှေအင်းလေး)
‪#‎KN‬
www.khunnaymedia.com

Saturday, March 26, 2016


Shwe Innlay's photo.


(၁)သတိရတယ်...လွမ်းတယ်...
ချစ်သူတွေရဲ့စိတ်ထဲမှာ အမြဲဖြစ်ပေါ်နေတဲ့ စကားလုံးလေးပါပဲ။ ဒါကို ထုတ်ဖော်ပြောဖို့မလိုအပ်ဘူးလို့ မထင်ပါနဲ့။ ခဏခဏ ထုတ်ဖော်ပြောလို့ ရပါတယ်။ တွေ့ပြီးလို့ အိမ်ရောက်တာတောင် ငါးမိနစ်မပြည့်သေးဘူး သတိရနေပြီမလား။ လွယ်ပါတယ်။ ဖုန်းကိုထုတ် မက်ဆစ်ပို့လိုက်ပါ/ ဖုန်းလှမ်းဆက်လိုက်ပါ။ လွမ်းနေပြီလို့လေ။ သတိရတဲ့အချိန်တိုင်းမှာ ပြောပေးပါ။ ဒီလိုပြောခြင်းဟာ သူဟာကိုယ့်အတွက် လိုအပ်သူတစ်ယောက်ဖြစ်ပြီး သူ့ကိုတန်ဖိုးထားကြောင်းကို သူသိစေပါတယ်။

(၂)ဒီနေ့အဆင်ပြေရဲ့လား ...
ချစ်သူတွေကြားမှာ အဓိကလိုအပ်ချက်တစ်ခုဖြစ်တဲ့ ဂရုစိုက်မှုကို အဖော်ပြပေးနိုင်ဆုံး စကားတစ်ခွန်းပါပဲ။ တစ်နေကုန်အလုပ်ရှုပ်နေလို့ ချစ်သူကိုအချိန်မပေးနိုင်တောင် ဒီစကားတစ်ခွန်းဟာ သင့်ရဲ့လျစ်လျူရှုမှုကို ပယ်ဖျောက်ပေးမှာပါ။

(၃)တို့နှစ်ယောက်ရဲ့ _____အချိန်ကိုမှတ်မိသေးလား ...
ချစ်သူနှစ်ဦးကြားမှာ ပျော်စရာကောင်းသော အမှတ်တရပေါင်း မြောက်များစွာရှိကြမှာပါ။ အဲ့ဒီပျော်စရာအချိန်တွေအကြောင်း နှစ်ဦးသားပြန်လည်ပြောဆိုခြင်းဟာ သင်တို့နှစ်ယောက်ချစ်သူတွေ ဖြစ်ခွင့်ရတာ အထူးကောင်းမွန်တယ်ဆိုတာကို သတိရစေမှာပါ။

(၄)တို့ဘယ်လိုကူညီနိုင်မလဲ ...
သင့်ချစ်သူ အခက်အခဲကြုံနေချိန်မှာ ပြောဖို့အသင့်လျော်ဆုံး စကားလုံးပါပဲ။ မကူညီနိုင်တောင် ဒီစကားတစ်ခွန်းကြောင့် အခက်အခဲတွေကို ရင်ဆိုင်ဖြေရှင်းဖို့ သူ့အတွက်အားအင် ဖြစ်စေမှာပါ။ ဒီအခြေအနေမှာ သင်ကသူ့ဘက်ကပါလို့လည်း ဆိုလိုပြီးသား ဖြစ်သွားပါတယ်။

(၅)အသိအမှတ်ပြု ချီးကျူးသောစကား ...
သင့်ချစ်သူမှာ အပြင်ပန်းရုပ်ရည်၊ အရည်အချင်း၊ စိတ်ဓာတ်ပိုင်းဆိုင်ရာ စသဖြင့် သင်နှစ်သက်တဲ့အချက်တွေ၊ အများကချီးကျူးလောက်တဲ့အချက်တွေ ပိုင်ဆိုင်ထားတာတွေရှိမှာပါ။ အသိအမှတ်ပြုပေးပါ။ ချီးကျူးစကားဆိုပါ။ ဒီလိုလုပ်ခြင်းဟာ သင်သူ့ကို လေးစားကြောင်း၊ မြတ်နိုးကြောင်းကို သိသာစေပါတယ်။

(၆)ကျေးဇူးတင်စကား ...
သေချာစဉ်းစားကြည့်ပါ။ သင့်ချစ်သူကိုသင် ကျေးဇူးတင်စရာတွေများ ရှိသလားလို့။ သင့်ကိုချစ်မြတ်နိုးတာ၊ ဂရုစိုက်တာ၊ သစ္စာရှိတာ၊ စိတ်ချမ်းသာအောင်ထားတာ စသဖြင့် ကျေးဇူးတင်စရာတွေ များစွာတွေ့လာရမှာပါ။ ကျေးဇူးတင်စကားပြောလိုက်ပါ။ သူဟာသင့်အတွက် အကောင်းဆုံးလက်တွဲဖော် ဆိုတာကို ဖော်ပြနေခြင်းတစ်မျိုးပါပဲ။

(၇)ချစ်တယ်...
ချစ်သူနှစ်ဦးစလုံး တန်ဖိုးထားကြတဲ့ ဒီစကားကတော့ အထွေအထူးပြောဖို့ လိုမယ်မထင်ပါဘူး။ ထူးခြားချက်တစ်ခုကတော့ ချစ်သူဆီကချစ်တယ်လို့ အပြောခံရချိန်မှာ ထိုလူကိုအားအင်ပြည့်ဝလာစေပြီး ကိုယ်ကချစ်တယ်လို့ ပြောချိန်မှာတော့ သတ္တိတွေပြည့်လာတယ်လို့ ခံစားရစေပါတယ်တဲ့။

ခမ်းမူး (ရွှေအင်းလေး)
www.khunnaymedia.com

Thursday, March 24, 2016


Shwe Innlay's photo.


ဖေဖေဆုံးသွားပြီးနောက် တစ်လကြာတော့ သိသိသာသာ ဖေ့ဖေ့ကို သတိပြန်ရလာပါတယ်။ ဟိုးအရင်တုန်းကဆိုရင် ကျွန်မတို့မိသားစု မှာ ဖေဖေ၊ မေမေတို့ ကျွန်မတို့မောင်နှမခြောက်ယောက်နဲ့ အရမ်းကို ပျော်စ ရာကောင်းတဲ့ မိသားစုကြီးဖြစ်ခဲ့တာပေါ့။ မောင်နှမထဲမှာ အကြီးဆုံးဖြစ်တဲ့ ကျွန်မအပျိုအရွယ် လောက်ရောက်တော့ မေမေ ဆုံးပါးသွားခဲ့တယ်။ ဒီတော့ ဖေဖေလည်း ကျွန်မနဲ့အောက်က မောင်နှမအငယ်လေးတွေအတွက် မုဆိုးဘိုဘဝနဲ့ပဲ ရုန်းကန်ရှာဖွေ ကျွေးမွေးလာခဲ့ပါတယ်။ဖေဖေက ဖေဖေ လည်း ဟုတ်တယ်။ မေမေလည်း ဟုတ်ခဲ့တဲ့အချိန် တွေဖြစ်လာခဲ့ပါတော့ တယ်။

ခု ဖေဖေဆုံးပါးသွားတော့ အသက် ၈၀ ကျော်နေပါပြီ။ကျွန်မတို့ မောင်နှ မ တွေလည်း အသက်အရွယ်ကြီးပြင်းအရွယ်ရောက်ကြလို့ အိမ်ထောင် ပြုတဲ့ သူကပြု၊ ကိုယ်ပိုင်မိသားစုရှိတဲ့သူက သူ့မိသားစုနဲ့ပေါ့။ မိသားစု အဆင်ပြေ တဲ့သူကပြေ၊ မပြေတဲ့သူကမပြေနဲ့ပါပဲ။ ဖေဖေ အသက် ၆၀ ပင်စင်ပြည့် အလုပ်ကနားတော့ ကျွန်မတို့ မိသားစုအိမ်မှာပဲ ဖေ ဖေနေ ထိုင်ခဲ့ပါတယ်။ အလုပ်တွေမလုပ်ရတော့တာ တစ်ဖက်၊ အသက်ကြီးသွားပြီလို့ အသိပေးခံ လိုက်ရသလို အလုပ်ကနားလိုက်တာ တစ်ဖက်နဲ့ ဖေဖေလည်း အတော်လေး စိတ်ဓာတ်ကျသွားရှာတယ်။

ဖေဖေနဲ့ ပတ်သက်တဲ့ ကိစ္စအဝဝကို အကြီးဆုံးသမီးကြီးဖြစ်တဲ့ ကျွန် မကပဲ တာဝန်ယူပေးလိုက်ပါတယ်။ ဖေဖေ့အတွက် အစားအ သောက်၊ နေရာထိုင် ခင်း၊ သွားလာလှုပ်ရှားမှု၊ အဝတ်အစား၊ အသုံး အဆောင်၊ တစ်ကိုယ်ရည် သန့်ရှင်းရေး စသဖြင့် အမှုကိစ္စတွေ အားလုံးကို လုပ်ကိုင်ပေးခဲ့ပါတယ်။ ဒီ့အတွက်လည်း ကျွန်မဝမ်းသာရတယ်။ မိဘကိုပြန်လည် လုပ်ကျွေးကျွေးမွေးပြုစုရတဲ့ အတွက်ပေါ့။

ခု ဖေဖေဆုံးသွားပြီးတော့ ကျွန်မတို့မောင်နှမတွေ အရမ်းကိုပဲ ဝမ်း နည်းကြေကွဲခဲ့ရတဲ့ အကြောင်းအရာလေးတွေ ကိုယ်စီရှိကြပါ တယ်။ ဖေ့ဖေ့အသက် ၇၅ နှစ်ကျော်အထိ နှစ်ပေါင်း ၁၀ နှစ်ကျော်ပြစုပေးခဲ့ ရလို့ ကျွန်မလည်းနည်းနည်းငြိုငြင်စိတ် ဝင်လာခဲ့တာကို နောင်တအ ရဆုံးဖြစ်ခဲ့တယ်။ ဒါ့ကြောင့်မို့လို့ ဖေဖေမဆုံးခင် လအနည်းငယ်အ လိုမှာ တခြားသောမောင်နှမတွေလည်း ဖေဖေ့ကို တစ်လှည့်ပြုစု စောင့်ရှောက်ကြဖို့ ဆုံးဖြတ်ခဲ့ကြပါတယ်။ အသက်ကြီးလာလို့လည်း အာရုံကြောတွေနဲ့ မှတ်ဥာဏ်တွေအား မကောင်းတာတို့၊ လမ်းသွား လာလှုပ်ရှားမှုတွေ၊ အတက်အဆင်းစတာတွေ ကောင်း ကောင်းမလုပ်နိုင်တော့လို့ ဘေးက တစ် ယောက်ယောက်ကလိုက်ပြီး ကူညီ ပေးနေရပါတယ်။ သူငယ်ပြန်လာတဲ့ အရိပ်အယောင်ကြောင့် ဖေဖေ့ ကိုကြည့် လိုက်ရင် အမြဲလိုလိုပြုံးပြနေ တတ်တယ်။ ရီနေတတ်ပါတယ်။

တခြားမောင်နှမတွေကတော့ ကျွန်မလိုမျိုး ဖေဖေ့ အပေါ်ကို စိတ်မ ရှည်နိုင်ပေး ကြပါဘူး။ တစ်အိမ်ကိုတစ်ပတ် နှုန်းတောင် ဖေဖေ့ကို မစောင့်ရှောက်နိုင်ကြ ပါဘူး။ ဖေဖေ့ရဲ့ဝေယာ ဝစ္စကိစ္စတွေလုပ်ရလို့ ငြူစူနေတာမျိုးတွေရှိနေပါတယ်။ ဒါကိုဖေဖေကိုယ်တိုင်လည်း သိပါ တယ်။ ဒီလိုနဲ့ပဲ အသက်ကြီးရောဂါနဲ့ ဖေဖေ ဆုံးပါးသွားရှာခဲ့ပါတယ်။ဖေဖေဆုံးတဲ့ကိစ္စနဲ့ မောင်နှမတွေပြန်ဆုံကြတော့ တစ်ယောက်တစ် မျိုးစီ ပြောကြတယ်။ ဖေဖေမရှိတော့ ဖေဖေ့ကိုပြန်လိုချင်တဲ့ အ ကြောင်းတွေ၊ ဖေဖေလုပ်ချင်တာလေးတွေ၊ ဖေဖေစားချင်တာလေး တွေ၊ ဖေဖေ့ဆန္ဒမဖြည့်ဆည်းနိုင်ခဲ့တာတွေ စသဖြင့်တစ်ယောက် တစ်ခွန်းစီနဲ့ ဝမ်းနည်းနောင်တဆိုကြတယ်။

ဖေဖေ စားချင်လို့ တောင်းစားတဲ့ အစားအသောက်အတွက် တကူးတက လုပ်ကျွေးရ မှာ၊ ဝယ်ကျွေးရမှာကို ကထိကထများလို့ မတည့်ဘူးဆိုပြီး မကျွေး မွေးခဲ့တာတွေ၊ ဖေဖေလမ်းဆင်းလျှောက်ချင်လို့ တွဲပေးရမှာပျင်း တာကို ရာသီဥတုမကောင်းတာတို့၊ လမ်းရှုပ်နေတာတို့၊ စသဖြင့် အကြောင်းပြပြီး ငြင်းပယ်ခဲ့ကြတယ်။ ဖေဖေသွားချင်တဲ့နေရာ၊ ဖေဖေသွားတွေ့ချင်တဲ့ သူငယ်ချင်းတွေဆီလိုက်ပို့ခိုင်းတာတွေဆိုရင် တစ်ယောက်တစ်မျိုး ဆီ နေ့ရွှေ့ညရွှေ့ ဟိုနေ့လိုက်ပို့မယ်၊ ဒီနေ့လိုက်ပို့မယ် စသဖြင့် ပြောခဲ့ကြ လို့ ဖေဖေ့မှာ မသွားခဲ့ရရှာပါဘူး။ ဒီလိုမျိုး ဖေဖေ့အတွက် စိတ်ချမ်းသာအောင် မလုပ်ပေးနိုင်ခဲ့တာတွေ၊ ဖေဖေစားချင်တာလေးတွေ မကျွေးခဲ့ရ တာတွေ၊ ဖေဖေသွားချင်တဲ့ နေရာ လိုက်မပို့နိုင်ခဲ့ တာတွေအ တွက် ဖေဖေ ဆုံးပါးပြီးနောက်ပိုင်းကျ မှ ကျွန်မတို့မောင်နှမတွေ နောင် တကြီးရစွာ ဝမ်းနည်း ရပါတယ်။ ကျွန်မတို့ ဒီလို ဖေဖေ့အပေါ် ဆက်ဆံခဲ့တာ သားသမီးကျင့် ဝတ်မကျေပွန်ခဲ့ကြပါဘူး။

ကျွန်မတို့ ငယ်ငယ်ကတည်းကနေ ခုချိန် ကြီးပြင်းလာတဲ့အချိန်အထိ ဖေဖေ က ကျွေးမွေးပြုစုစောင့်ရှောက် ပေးခဲ့တယ်။ ကျွန်မတို့ ကျတော့ ဖေဖေ့ ကို ပြန်စောင့်ရှောက်ကြဖို့ ငြို ငြင်ကြတယ်။ တစ်ယောက်ကို တစ်ယောက် လွှဲချခဲ့ကြတယ်။ ကျွန်မ တို့ တစ်ယောက်တစ်မျိုးစီ စားချင်ခဲ့တဲ့အစား အသောက်တွေကြ တော့ ဖေဖေကလိုက်ဝယ်ကျွေးခဲ့တယ်။ ခု ဖေဖေစားချင် တာကြ တော့ ကျွန်မတို့ပြန်မကျွေးပေးနိုင်ခဲ့ဘူး။ ကျွန်မတို့ ကလေးဘဝ လမ်းမလျှောက်တတ်ခင် အချိန်တုန်းက ကျွန်မတို့ လမ်းလျှောက်တတ်ဖို့ ကို ဖေဖေကလမ်းလျှောက်သင် ပေးခဲ့တယ်။ ကူတွဲလျှောက်ပေးခဲ့တယ်။ ခု ဖေဖေလမ်းလျှောက်ဖို့ကြ တော့ ကူတွဲပေးမယ့် သားသမီး မရှိခဲ့ဘူး။ ကျွန်မတို့ကလေးဘဝ သွားချင်တဲ့နေရာတွေ၊ ကစားကွင်းတွေကို ဖေဖေလိုက် ပို့ပေးခဲ့တယ်။

ခုတော့ ဖေဖေသွားချင်တဲ့ နေရာတွေကို မေ့လျော့နေတာ တမျိုး၊ မသိချင်ယောင်ဆောင်နေတာ တမျိုးနဲ့မပို့ပေးခဲ့ကြဘူး။ ဒီ အကြောင်းတွေ အတွက် ကျွန်မတို့နောင်တကြီးစွာရခဲ့ကြတယ်။ ဘာနဲ့မှပြန်အစားထိုး မရတော့တဲ့ ဖေဖေ့ကိုလည်းဆုံးရှုံးခဲ့ရတာ အတွက် ဝမ်းနည်းကြေကွဲ ခဲ့ရတယ်။ ဖေဖေရှိစဉ်က ဖေဖေ့ကို စိတ် ချမ်းသာအောင် မထားနိုင်ခဲ့တဲ့ အကြောင်း၊ မပြုစုခဲ့ရတဲ့ အကြောင်း၊ ဖေဖေ့ဆန္ဒတွေ မဖြည့်ဆည်းပေးနိုင် ခဲ့တဲ့အကြောင်းတွေအတွက် ယနေ့အချိန်အထိ ယူကြုံးမကျဖြစ်မိနေ ပါသေးတယ်……….

ရွှေဝတ်မှုန်(ရွှေအင်းလေး)
www.khunnaymedia.com

Wednesday, March 23, 2016


Shwe Innlay's photo.


မနေ့ကလည်း ပြုံးနေခဲ့တယ်။
ဒီနေ့လည်း ပြုံးနေတယ်။
နောက်နေ့တွေလည်း ပြုံးထားအုန်းမယ်။
ဒီအပြုံးတွေအတွက် အဓိပ္ပါယ်က ရိုးစင်းလွန်းပါတယ်။


ရလာခဲ့တဲ့ လူ့ဘဝတိုတိုလေးထဲ ဘာလို့နာကျင်ဝမ်းနည်းမှုတွေ၊ ပူ ဆွေးငိုကြွေးမှုတွေနဲ့ အချိန်ကုန်နေမှာလဲ…..ဘယ်လိုအရာတွေ၊ ဘယ်လိုအကြောင်းကြောင့်တွေ၊ ဘယ်သူဘယ် ဝါတွေကြောင့် စသဖြင့် အရာတွေအားလုံးက ဝမ်းနည်းငိုကြွေးခြင်းတွေ ပြုလုပ်လာရင်တောင် မငိုတော့ပဲ အားတင်းပြီးပြုံးထားလိုက်မယ်။

အဖြစ်အပျက်အရာရာတိုင်းက သူ့အလိုလိုဖြစ်ချိန်တန်ဖြစ်၊ ပျက်ချိန် တန်လို ပျက်ရတာချည်းပါပဲ။ အရာအားလုံးက ထာဝရတည်တံ့မနေ ပါဘူး။ ပျော်ရွှင်ရ တဲ့အချိန်တွေလည်း အမြဲမဟုတ်သလို။ ဝမ်းနည်းနာကျင်ရတဲ့ အချိန်တွေ ကလည်း အမြဲတမ်းရှိမနေနိုင်ပါဘူး။

အပြုံးတွေကနေ အရာရာရင်ဆိုင်ရဲတဲ့ သတ္တိတွေမွေးဖွားမယ်။ အပြုံး တွေ ကနေ ယုံကြည်ချက်တွေ ဖန်တီးမယ်။ အပြုံးတွေကနေ ပျော်ရွှင်ခြင်းတွေ ရှာဖွေမယ်။ အပြုံးတွေကနေ အောင်မြင်မှုတွေ လက်လှမ်းယူမယ်။ အပြုံးတွေကနေပဲ ငိုကြွေးပူဆွေးခြင်းတွေကို ပျော်ရွှင်ဝမ်းသာခြင်းတွေ အဖြစ်ပြောင်းလဲယူလိုက်မယ်…..

ရွှေဝတ်မှုန်(ရွှေအင်းလေး)
www.khunnaymedia.com

Tuesday, March 22, 2016


Shwe Innlay's photo.


ကိုယ့်ချစ်သူကောင်လေးနဲ့ပတ်သက်ပြီး သူမရဲ့နှုတ်ကနေပြောမ ထွက်တဲ့မကြိုက်တဲ့ အချက်တွေရှိပါတယ်။ ချစ်သူမိန်းကလေး ဒါမှမ ဟုတ် ဇနီးသည်ရှိနေတဲ့ သင်ကသင့်မိန်းကလေးနဲ့ ပတ်သက်ပြီး သူမနှစ်သက် တာတွေ၊ မနှစ်သက်တဲ့အရာတွေအကြောင်းတွေ၊ သင်နဲ့ပတ်သက်ပြီး တားမြစ်ထားတဲ့ အရာတွေ သင့်ကိုတတွတ်တွတ် ပြောနေလို့သိနိုင်ပေမယ့် တချို့သူမနှုတ်က ပြောမထွက်တဲ့ သင့်ရဲ့ အပြုအမူ၊ စကားအပြောအဆိုမှာ သူမတို့မိန်းကလေးတွေက သင် တို့ ယောက်ျားလေးတွေအပေါ် သိပ်စိတ်ပျက် မိကြပါတယ်။
ဒီတော့ မိန်းကလေးတွေ သူတို့ချစ်သူယောက်ျားလေးတွေရဲ့ ဘယ်အရာတွေကို စိတ်ပျက်တတ်ကြသလဲဆိုတာ ကြည့်ရအောင်……


၁။ ကိုယ့်ကောင်လေးက ချစ်သူကောင်မလေးအပေါ် ဆက်ဆံပြုမူ တာတွေက သူငယ်ချင်းတွေ၊ လူအများရှေ့တမျိုး၊ လူကွယ်ရာမှာတ မျိုး အမူအရာအ မျိုးပြောင်းလဲဆက်ဆံတာကို မိန်းကလေးတွေ သိပ်စိတ်ပျက်ကြပါတယ်။

၂။ တွဲလာတဲ့ ချစ်သူသက်တမ်းတလျောက်မှာ ကိုယ်ပိုင်အရည်အချင်း ပဲဖြစ်ဖြစ်၊ အလုပ်အကိုင်တစ်ခုခုပဲ ဖြစ်ဖြစ်၊ ဒါမှမဟုတ် အသက် မွေး ဝမ်းကြောင်းအတွက် သင်တန်းလေ့လာမှုပဲဖြစ်ဖြစ် ပြောင်းလဲတိုးတက်မှုမရှိ၊ ကြိုးစားအားထုတ်မှုမရှိတဲ့ ချစ်သူကောင်လေးကို မိန်းကလေးတွေ စိတ်ပျက် တတ်ကြပါတယ်။

၃။ဖက်ရှင်နဲ့ဝတ်စားဆင်ယင်မှု၊ နေထိုင်မှုပုံစံတွေကို ခေတ်နဲ့အညီ ပြောင်းလဲဆန်းသစ်တာမျိုးတွေမရှိပဲ ရှိရင်းစွဲအကျင့်ပါနေတဲ့ ခပ်တုံးတုံးပုံစံမျိုးတွေ နဲ့ နေထိုင်တာတို့ ခေါင်းမာကိုယ်ဖြစ်ချင်တာကိုပဲ ရွေးချယ်တတ်တဲ့ ချစ်သူကောင်လေးကို မိန်းကလေးတွေ စိတ်ပျက် တတ်ကြပါတယ်။

၎။ ချစ်သူမိန်းကလေးနဲ့ ပတ်သက်တဲ့ ပတ်ဝန်းကျင်၊ အသိုင်းအဝိုင်းမှာ လူမှုဆက်ဆံရေး၊ အပေါင်းအသင်းနဲ့ လိုက်လျောညီထွေမဆက်ဆံတတ် တဲ့ ကောင်လေးတွေ၊ ဆက်ဆံရေးမကောင်းတဲ့ ချစ်သူ ကောင်လေးကို မိန်းကလေးတွေ စိတ်ပျက်ကြပါတယ်။

၅။ အလုပ်အရမ်းကြိုးစားတဲ့ ယောက်ျားလေးတွေကို ပတ်ဝန်းကျင် က ချီးကျူးကြပေမယ့် သူတို့ကောင်မလေးတွေက စိတ်ပျက်မိကြ ပါတယ်။ သူ့ရဲ့ အလုပ်ကိစ္စတွေနဲ့ ယှဉ်လာရင် ချစ်သူမိန်းကလေးကအမြဲတမ်း နောက် မှဖြစ်ရတယ်ဆိုတဲ့ အချက်ကို မိန်းကလေး သိပ်မုန်းကြပါတယ်။ အလုပ်မ အားလို့ ချစ်သူကောင်မလေးအပေါ် အချိန် မပေးနိုင်တာတို့၊ ဂရုမစိုက် အားတာတို့ကို မိန်းကလေးတွေက နား လည်ပေးတတ်ကြပေမယ့် ရေရှည် မှာတော့ ဘယ်ချစ်သူကောင်မ လေးကမှ စိတ်မရှည်တတ် ကြတော့ပါဘူး။ ဒီ့အတွက်ကြောင့် အလုပ်ကိစ္စနဲ့ နှလုံးသားရေးရာကိစ္စကို အချိန်ခွဲခြားသတ် မှတ်ပေးထားဖို့လိုပါတယ်။

ရွှေဝတ်မှုန်(ရွှေအင်းလေး)
www.khunnaymedia.com


Shwe Innlay's photo.


လူတချို့ အလုပ်လုပ်တဲ့အခါ စိတ်ကူးကနေ အရင်မြင်အောင်ကြည့်ပြီး
လက်တွေ့အကောင်ထည်ဖော်ကြတယ် ။ တချို့ကျတော့ စိတ်ကူးမှာတင် ရပ်သွားပြီ လက်တွေ့အကောင်အထည်ဖော်ဖို့အတွက် မဖြစ်နိုင်ဘူးဆိုတဲ့ အရာတွေနဲ့လက်လျော့ လိုက်ကြတယ် ။
လက်တွေ့လုပ်သူနဲ့ မလုပ်သူ လူနှစ်မျိုးကွဲသွားတဲ့ အခါမှာတော့
အောင်မြင်သူနဲ့ သာမန်လူကွဲပြားသွားတာပါပဲ ။ ဒါကြောင့် ဘယ်အရာမှ ကိုယ်ကိုတိုင် 
မလုပ်ကြည့်သေးပဲ မဖြစ်နိုင်ဘူးလို့ ဆုံးဖြတ်ချက်မချလိုက်ပါနဲ့ ။ 
ကိုယ်မဖြစ်နိုင်ဘူး ဆိုတဲ့အရာတွေ လူတချို့ ဘာကြောင့် 
လုပ်နေကြသလဲဆိုတာ မြင်အောင်ကြည့်နိုင်ဖို့ပါပဲ ။


ခွန်နေ(ရွှေအင်းလေး)
‪#‎KN‬
www.khunnaymedia.com

Shwe Innlay's photo.


ချစ်ခြင်းမေတ္တာမှာ ထာဝရအမြဲတမ်းအတွက်မဟုတ်တဲ့ အနှစ်မပါတဲ့အချစ် တုတွေနဲ့ တွေ့လာရတဲ့အခါမှာတော့ တကယ့်ချစ်ခြင်း အစစ်အမှန် ကို တောင့်တမိတယ်….အပေါ်ယံဟန်ဆောင်ကောင်း ချစ်ပြနေတဲ့ ချစ်ခြင်းတွေကနေ လွတ် မြောက်လာပြီးတဲ့နောက်မှာ….. ထာဝရအတွက် ရည်ရွယ်ပြီး အေးချမ်းတဲ့ ချစ်ခြင်းမေတ္တာအစစ်နဲ့ပဲ ဆုံချင်တော့တယ်…

အရင်တုန်းက လိုချင်ခဲ့တဲ့ သည်းသည်းလှုပ်ချစ်ပြနေတဲ့ ချစ်သူမျိုး မဟုတ်တော့ပဲ.. 
ကိုယ့်ကိုနှလုံးသားထဲက အချစ်စစ်၊ အချစ်မှန်နဲ့ ချစ်မြတ်နိုးတဲ့ ချစ်သူကိုပဲ လိုချင်တော့တယ်။


အရင်တုန်းက လိုချင်ခဲ့တဲ့ ရုပ်ချောပြီး ကြည့်ကောင်းလွန်းတဲ့ ချစ်သူမျိုးမ ဟုတ်ပဲ….မျက်နှာမများပဲ တည်တည်ကြည်ကြည်ရှိတဲ့ ချစ်သူမျိုးကိုပဲ လိုချင်တော့တယ်။

အရင်တုန်းက လိုချင်ခဲ့တဲ့ ဥစ္စာပညာတွေ အများကြီးတတ်မြောက် ထားတဲ့ ချစ်သူမျိုးမဟုတ်တော့ပဲ… ကိုယ်နဲ့လက်တွဲသွားတဲ့အချိန်မှာ အေးအတူပူအ မျှနေနိုင်မယ့်ချစ်သူမျိုး၊ အတတ်ပညာတွေမတတ် မြောက်ထားပေမယ့် လော ကကြီးရဲ့အသိပညာတွေတတ်မြောက်နေ ပြီး စိတ်ဓာတ်ကောင်းတဲ့ ချစ်သူကိုပဲ လိုချင်တော့တယ်။

အရင်တုန်းက လိုချင်ခဲ့တဲ့ ရိုမန်းတစ်ဆန်ဆန်၊ အနုအရွစိတ်လှုပ်ရှား စရာလက်ဆောင်လေးတွေ ဖန်တီးပေးနိုင်မယ့် ချစ်သူမျိုးမဟုတ် တော့ပဲ…. သူ့စိတ်ထဲမှာဘာပဲဖြစ်ဖြစ် ကိုယ့်အတွက်ဆိုပြီး သတိတရရှိပေးတဲ့ ချစ်သူကို ပဲလိုချင်တော့တယ်။

အရင်တုန်းက လိုချင်ခဲ့တဲ့ အဆောင်အယောင် ဥစ္စာပစ္စည်းတွေနဲ့ ပြည့်ပြည့်စုံစုံ ထားနိုင်တဲ့ ချစ်သူမျိုးမဟုတ်တော့ပဲ… သူ့ရဲ့အချစ် တွေနဲ့လုံခြုံနွေးထွေးတဲ့ အနာဂတ်ကို အတူပုံဖော်ပေးနိုင်မယ့် ချစ်သူကိုပဲ လိုချင်တော့တယ်။

အရင်တုန်းက လိုချင်ခဲ့တဲ့ ချစ်တာတွေ၊ ဂရုစိုက်တာတွေ၊ စိတ်ပူပန် ပေး တာတွေ၊ လူသိရှင်ကြားဖြစ်စေမယ့်ချစ်ခြင်းတွေအစား…. နှစ်ယောက် တည်းသာ နှလုံးသားချင်းနီးစပ်ပြီး အရာရာနားလည် သည်းခံခွင့်လွှတ်ပေး တတ်တဲ့ ချစ်သူကိုပဲ လိုချင်တော့တယ်။

ကိုယ့်ချစ်သူရဲ့ အပေါ်ယံမြင်တွေ့နိုင်တဲ့ ရုပ်ရည်ရူပကာ၊ ပိုင်ဆိုင်မှုတန်ဖိုးတွေ၊ အတုအယောင် ဖန်တီးထားတဲ့ တခဏချစ်ခြင်းတွေ ထက်စာရင်…..
ကိုယ့်အပေါ် ရင်ဘတ်ထဲကလာတဲ့ ချစ်ခြင်းမေတ္တာတရားတွေ၊ ကိုယ်ချင်းစာ စာနာနားလည်မှု၊ ကူညီဖေးမစောင့်ရှောက်မှု၊သည်းခံ ခွင့်လွှတ်ပေးမှု၊ ငြိမ်းချမ်းပြီးလုံခြုံတဲ့ ချစ်ခြင်းမေတ္တာစစ်တွေကို ထာဝရ ပေးစွမ်းနိုင်တဲ့ချစ်သူမျိုးနဲ့ လက်တွဲသွားချင်တော့တယ်……

ရွှေဝတ်မှုန်(ရွှေအင်းလေး)
www.khunnaymedia.com


Shwe Innlay's photo.


တစ်ခါက အရမ်းခင်ကြတဲ့ ကောင်လေးနဲ့ကောင်မလေးသူငယ်ချင်းနှစ်ယောက် ရှိကြပါတယ်။ တက္ကသိုလ်ကျောင်းစတက်တဲ့ အချိန်ကနေ နောက်ဆုံးနှစ်ရောက်တဲ့အထိ ခင်မင်လာကြသူတွေဆိုတော့ သူတို့ကြားက သူငယ်ချင်းသံယောဇဉ်ဟာလည်း နက်ရှိုင်းလှပါတယ်။ နှစ်ယောက်စလုံးရဲ့စိတ်မှာလည်း ခင်မင်မှုစည်းဘောင်ကိုကျော်လွန်ပြီး တစ်စတစ်စအရောင်ပြောင်းလဲလာလို့ပေါ့။

တစ်နေ့မှာတော့ တက္ကသိုလ်ကျောင်းသား၊ကျောင်းသူများစုပေါင်းပြီး အပျော်ခရီးထွက်ကြပါတယ်။ ခရီးစဉ်ကို မဲပေးစနစ်နဲ့ မဲအများဆုံးဖြစ်တဲ့ အင်းလေးကန်ကိုရွေးချယ်လိုက်ကြပါတယ်။ လူငယ်တွေချည်းစုထွက်ကြတာဆိုတော့ စကြနောက်ကြနဲ့ လမ်းတစ်လျှောက်စကားသံတွေ 
တညံညံနဲ့ပေါ့။ မော်တော်စီးလိုက်၊ ဘုရားတက်ဖူးရင်းနားလိုက်ဆိုတော့ အကုန်လုံးရဲ့စိတ်ဟာ လွတ်လပ်ပေါ့ပါးနေကြပါတယ်။ နေ့ခင်းရောက်တော့ စားသောက်ဆိုင်မှာနေ့လည်စာစားပြီး ဖောင်တော်ဦးဘုရားကို ခရီးဆက်လာကြပါတယ်။ ဖောင်တော်ဦးဘုရားရောက်တော့ ဘုရားဖူးသူဖူး၊ ဈေးတန်းပတ်ပြီး အမှတ်တရပစ္စည်းတွေဝယ်သူဝယ်၊ နားသူနားနဲ့ လူစုကွဲနေကြတာပေါ့။ ကောင်မလေးကတော့ ဘုရားတက်ဖူးပြီးလို့ စောင်းတန်းလှေကားမှာထိုင်ပြီး သူငယ်ချင်းတွေကိုစောင့်နေပါတယ်။

ဒီအချိန်မှာ ကောင်လေးဆင်းလာပြီး သူမအနားမှာမှာထိုင်လိုက်ပါတယ်။ သူမဆီက ရနေကျရေမွှေးနံ့သင်းသင်းလေးကြောင့် စိတ်တွေလှုပ်ရှားလို့လာပါတယ်။ ဒါနဲ့ သူထိုင်ရာကရုတ်တရက်ထရပ်လိုက်ပြီး သူမကိုပြောလိုက်ပါတယ်။
“ ငါနင့်ကို ဓာတ်ပုံတစ်ပုံလောက်ရိုက်လို့ ရမလား ’’ ။ “ ဘာလုပ်ဖို့လဲ ”။ သူမကိုစူးစိုက်ကြည့်ပြီး ပြောင်စပ်စပ်နဲ့သူပြန်ဖြေလိုက်ပါတယ်။ “ တစ်နေ့ကျရင် ငါ့ကလေးတွေကို သူတို့အမေငယ်ငယ်တုန်းက ဘယ်လောက်ချောတယ်ဆိုတာ ပြရအောင်လို့ ” ။ ကောင်မလေးက စိတ်ကောက်တဲ့ပုံစံနဲ့ မျက်စောင်းလှမ်းထိုးလိုက်ပါတယ်။ “ ငါနင့်ကိုချစ်တယ် ” ကောင်လေးပြောအပြီးမှာပဲ သူငယ်ချင်းတွေဆင်းလာကြလို့ သူတို့နှစ်ယောက်စကားစပြတ်သွားရပါတယ်။

ခရီးကပြန်လာပြီးတစ်နေ့ ရာသီဥတုသာယာတဲ့ ညနေခင်းတစ်ခုမှာ ကောင်လေးကကောင်မလေးအိမ်ကို ရောက်လာပါတယ်။ အပြင်အလည်ထွက်ဖို့ခေါ်တာကြောင့် ကောင်မလေးအလှပြင်ခြယ်သပြီး သူ့ဆိုင်ကယ်နောက်မှာဝင်ထိုင်လိုက်ပါတယ်။

ကောင်မလေး- အရှိန်နည်းနည်းလျှော့ပါအုံး။ ငါကြောက်တယ်…
ကောင်လေး- မလျှော့ဘူး။ ပျော်စရာကောင်းတာကို နင်ကလည်း …
ကောင်မလေး- ဒါပျော်စရာမဟုတ်ဘူး။ လုပ်ပါဟာ… ငါကြောက်လို့ပါ..
ကောင်လေး- ဒါဆို ငါ့ကိုချစ်တယ်လို့ပြော…
ကောင်မလေး- အင်း..ငါနင့်ကိုချစ်တယ်။ အရှိန်လျှော့တော့..
ကောင်လေး- ခုငါ့ကိုတင်းတင်းဖက်ထားပေး.. (ကောင်လေးကို ကောင်မလေးဖက်ထားလိုက်ပါတယ်)
ကောင်လေး- ငါ့ခေါင်းကဦးထုပ်ကို ချွတ်ပြီးနင်ဆောင်းထားလိုက်ပါလား။ 
ဦးထုပ်ဆောင်းထားရတာ ခေါင်းရှုပ်သလိုခံစားရလို့…

နောက်တစ်နေ့သတင်းစာမှာ သတင်းတစ်ခုပါလာပါတယ်။ ဆိုင်ကယ်တစ်စီးဘရိတ်ပေါက်ပြီး အဆောက်အအုံတစ်ခုကိုဝင်တိုက်မိခဲ့ပါတယ်။ ဆိုင်ကယ်စီးသူနှစ်ယောက်မှာ တစ်ယောက်သေပြီး တစ်ယောက်သာအသက်ရှင်တယ် ဆိုတဲ့သတင်းပါ။

အမှန်မှာတော့ အဆင်းလမ်းတစ်ဝက်ရောက်နေတဲ့ သူတို့ဆိုင်ကယ်ဟာ ဘရိတ်ပေါက်နေပြီဆိုတာကို ကောင်လေးသတိထားသိရှိခဲ့ပါတယ်။ ဒါကို ကောင်မလေးကိုအသိမပေးခဲ့ပါဘူး။ ကောင်မလေးဆီက ချစ်တယ်ဆိုတဲ့စကားနဲ့ ပွေ့ဖက်ခြင်းကို နောက်ဆုံးအကြိမ်အဖြစ်တောင်းဆိုပြီး ကောင်မလေးအသက်ရှင်နိုင်အောင် ပရိယာရ်နဲ့ သူ့ခေါင်းကဆိုင်ကယ်ဦးထုပ်ကို ယူဆောင်းခိုင်းခဲ့တာသာဖြစ်ပါတယ်။

ခမ်းမူး (ရွှေအင်းလေး)
www.khunnaymedia.com
‪#‎Khammu_shweinnlay‬

Shwe Innlay's photo.


ဂျာမနီအခြေစိုက်ဆော့ဖ်ဝဲကုမ္ပဏီဖြစ်သည့် SAPသည် မြန်မာနိုင်ငံ၏ အစိုးရသစ်လက်ထက်တွင် E-Government လုပ် ငန်းများ လျင်မြန်စွာ အကောင်အထည်ဖော်နိုင်ရန် လိုအပ်သည့် နည်းပညာဆော့ဖ်ဝဲနှင့် လုပ်ငန်းစဉ်များကူညီပေးမည်ဖြစ်ကြောင်း သတင်းရရှိသည်။
‘‘ကျွန်တော်တို့ SAPနဲ့ ပူးပေါင်းပြီး အစိုးရသစ်မှာ E-Gove-rnment လုပ်ငန်းစဉ်တွေကို 
လျင်လျင်မြန်မြန်နဲ့ အကောင်အထည် ဖော်နိုင်ဖို့အတွက် လုပ်ဆောင်သွားမှာဖြစ်ပါတယ်။ နည်းပညာ၊ ဆော့ဖ်ဝဲလုပ်ငန်းစဉ်အားလုံးကို ကူညီပေးမှာဖြစ်ပါတယ်’’ဟု SAP၏ မြန်မာနိုင်ငံကိုယ်စားလှယ်ဖြစ်သော Vanguard မြန်မာမှ ဒါရိုက်တာ ဦးစိုင်းဆိုင်မိုင်ကပြောသည်။
SAP အနေဖြင့် E-Government လုပ်ငန်းအတွက် ကူညီပေးရာတွင် Vanguard မြန်မာအပါအ၀င် အရပ်ဘက်အဖွဲ့အစည်းအချို့နှင့် ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ပြီး အစိုးရက ပြည်သူများကို ကူညီပေးနေသည့် ၀န်ဆောင်မှုလုပ်ငန်းများနှင့် အခွန်ကောက်ခြင်း လုပ်ငန်းများအပါအ၀င် စီမံခန့်ခွဲမှုအားလုံးကို တစ်နေရာတည်းမှ ထိန်းချုပ်ဆောင်ရွက်နိုင်စေရန်အတွက် နည်းပညာအသုံးပြုကာ ကူညီပေးမည်ဖြစ်ကြောင်း သိရသည်။


‘‘SAPက နိုင်ငံတကာအစိုးရတွေမှာလည်း အသုံးများတဲ့ ဆော့ဖ်ဝဲဖြစ်ပါတယ်။ 
သူက တစ်နေရာတည်းကနေ စီမံခန့်ခွဲမှုအားလုံးကို လုပ်နိုင်တဲ့အတွက် အစိုးရရဲ့လုပ်ငန်းအားလုံးကို လျင်လျင်မြန်မြန်နဲ့ ဆောင်ရွက်နိုင်မှာ ဖြစ်ပါတယ်’’ဟု ဦးစိုင်းဆိုင်မိုင်ကပြောကြားသည်။
SAPသည် ၎င်းတို့၏ ၀န်ဆောင်မှုများကို မြန်မာနိုင်ငံ၌ပြန် လည်ရောင်းချပေးနိုင်မည့် တရား ၀င်ကိုယ်စားလှယ်အဖြစ် Vang-uard မြန်မာနှင့် မတ်လ ၁၁ရက်က ပူးပေါင်းခဲ့ပြီး E-Government လုပ်ငန်းများ အတွက် ဆောင်ရွက်ရာတွင်လည်း အတူပူးပေါင်းကူညီပေးမည်ဖြစ်ကြောင်း 
သတင်းရရှိသည်။

ခွန်နေ(ရွှေအင်းလေး)
www.khunnaymedia.com


Shwe Innlay's photo.


ဖခင်မေတ္တာတရားဆိုတာဒါပါပဲ။ ကိုယ့်ဘယ်လောက်ပဲပင်ပန်းဆင်းရဲနေပါစေ။ ကိုယ့်သားသမီးအဆင်ပြေပြေနေနိုင်ရေးအတွက် အစွမ်းကုန် ကြိုးစားအားထုတ်ပေးတတ်ကြပါတယ်။ မိုးရေထဲအမိုးတစ်ခုထဲရှိခဲ့ရင်တောင် ကိုယ့်သားသမီးမိုးစို မှာကိုစိုးရိမ်တတ် ကြပြီးကိုယ်သာမိုးရေစိုချမ်းခိုက်ခိုက် တုန်နေပါစေသားသမီးတွေကိုတော့ အရိပ်အောက်မှာပဲထားတတ်ကြပါ တယ်။ နွေးထွေးစေတတ်ကြပါတယ်။

ငယ်စဉ်ကနေလူကြီးဖြစ်သွားတဲ့အထိလည်းမိခင်ဖခင်တွေရဲ့ မေတ္တာတရားတွေကဘယ်တော့မှ ပြောင်းလဲမသွားတတ်ကြပါဘူး။ ကိုယ့်သားသမီးတွေ ကိုယ့်ကလေးငယ်လေးတွေလို့ပဲ အမြဲတမ်းမြင်နေ ပြီးစိတ်ပူပေးနေတတ်ကြပါ တယ်။ အတောင်အလက်စုံလာလို့ မိဘရင်ခွင်ကနေစုံကန်ထွက် သွားကြပြန်ရင်လည်း သားသမီးစိတ် ချမ်းသာဖို့ပဲရင်အကွဲခံပေးလိုက်ရတယ်။


ကိုယ့်ဆီကထွက်ခွာသွားဖို့ ဘယ်လောက်တောင်ပဲအထီးကျန် ဆန်ပါစေပေါ့ ဆိုပြီး။ ဒီလိုမျိုး ပြုစုပျိုးထောင်ပေးလိုက်လို့ ကိုယ့်သားသမီးတွေကောင်း စားသွားတဲ့ တချိန်မိဘတွေကို ပြန်ပြီးတစ်လှည့်ကြည့်ရှုပေးစေချင်တဲ့ မျှော် လင့်ချက်တွေကမိဘတိုင်းမှာရှိကြပေမယ့်လည်းဘယ်တော့မှထုတ်ဖော်မပြောတတ်ကြပြန်ပါဘူး။ မျှော်လင့်ထားသလိုမဖြစ်လာပြန်ရင်လည်းသားသမီးတွေအပေါ်အပြစ်မမြင်ပဲ မေတ္တာတရားလည်းပျက်မသွားပါဘူး။

ရွှေဝတ်မှုန်(ရွှေအင်းလေး)
www.khunnaymedia.com

Shwe Innlay's photo.


အဆင်မပြေမှုတွေကြုံတွေ့တဲ့အခါ ၊ ဝမ်းနည်းမှုတွေကြုံတွေ့တဲ့အခါ စိတ်ဓာတ်ကျတတ်ကြပါတယ် ။ တခါတလေ ခံစားချက်ကြောင့် မျိုးသိပ်ထားတဲ့ အရာတွေကို ရင်ဖွင့်ချင်ရင်တောင်
နားထောင်ပေးမယ့်သူ မရှိတဲ့အထိ တစ်ယောက်တည်း အထီးကျန်ဆန်နေတတ်ပါတယ် ။
အဲ့လိုအချိန်မျိုး တစ်ပြိုင်တည်းခံစားရတဲ့အခါ
ငါ့လောက် ကံဆိုးတဲ့လူ လောကမှာရှိသေးလားဆိုပြီး
ကိုယ့်ကို အနိမ့်ဆုံးအထိတွန်းပို့ပြီး စိတ်ပျက်
ဝမ်းနည်းတတ်ကြပါတယ် ။
အမှန်တကယ်တော့ ခုလိုခံစားနေရတာတွေဟာ သင်တစ်ယောက်တည်းမဟုတ်ပါဘူး ။
သင့်ထက်ဆိုးတဲ့လူတွေ လောကမှာအများကြီးရှိနေပါသေးတယ် ။
သင်ငိုတဲ့အခါ မျက်ရည်ကို သုပ်ပေးမယ့် သင့်ရဲ့လက်တွေရှိနေပါတယ် ။
သင့်ရင်ထဲက ခံစားချက်တွေကို အစားထိုးခံစားပေးဖို့ သင့်ရဲ့ နှလုံးသားရှိနေပါတယ် ။
သင့်နှလုံးသားက ခံစားမှုကို နားလည်ပေးမယ့် သင့်ဦးနှောက်တွေ ရှိနေပါတယ် ။ သင့်ဦးနှောက်ကစဉ်းစားမှုကို ဆုံးဖြတ်ပေးဖို့အတွက် သင့်မှာခွန်အားတွေရှိနေပါတယ် ။
သင်ရှေ့ဆက်လျှောက်လှမ်းဖို့အတွက် ခြေတစ်စုံရှိနေပါတယ် ။
တကယ်တော့ သင်ဟာတစ်ယောက်တည်းမဟုတ်ပါဘူး ။
နောက်ဆုံး သင့်ကိုအဖော်ပြုပေးမယ့် စွမ်းအားကြီးမားတဲ့
သင့်အရိပ်တွေတောင်ရှိနေပါသေးတယ် smile emoticon


ခွန်နေ - Khun Nay(ရွှေအင်းလေး)
‪#‎KN‬
www.khunnaymedia.com


Shwe Innlay's photo.


ကောင်မလေးရေ… တစ်စုံတစ်ယောက်က ကိုယ့်အသည်းကို ရက်ရက်စက်စက်ခွဲသွားပြီး စွန့်ပစ်လိုက်လို့ ဝမ်နည်းပူဆွေးနေရပြီလား။
အော်ဟစ်ငိုကြွေးလိုက်ပါ….. စိတ်ထဲပေါ့သွားအောင်လို့ ငိုကြွေးလိုက်ပါ…..


တစ်ရက်လား။ တစ်ပတ်လား၊ တစ်လလား……

ငိုကြွေးလိုက်။ သတိရခြင်းတွေကို ဖုံးကွယ်မထားလိုက်နဲ့။ အရင်က ပျော်စရာ အမှတ်တရတွေကော၊ ဆိုးရွားတဲ့အတိတ်အချိန်တွေကို ရော ပြန်မြင်ယောင် စဉ်းစားကြည့်လိုက်ပါ။အတိတ်အချိန်တွေ ပြန်မြင်ယောင်၊ ပြန်သွားကြည့်ရုံပဲ ကြည့်ပါ။ အဲ့ဒီအခါကျ ခပ်ဆိုးဆိုးအတိတ်က ဖြစ်ရပ်တွေကို လက်ခံရမယ့် အမှန်တရားတွေရှိနေလိမ့်မယ်။

လက်ရှိ အနာဂတ်အထိတော့ သယ်မလာပါနဲ့။ သတိရခြင်းတွေမှာ မျှော်လင့်ခြင်း၊ တောင့်တခြင်းတွေ၊ ပြန်လိုချင်တာတွေ မရှိပါစေနဲ့။ ကိုယ်က ချစ်ခဲ့သ လောက် အချစ်ခံခဲ့ရလို့လား။ ကိုယ်က ကြင်နာယုယခဲ့သလောက်ကိုယ့်ကို ပြန်ကြင်နာခဲ့လို့လား။ ကိုယ်က ဂရုတစိုက် တန်ဖိုးထားခဲ့သ လောက် ကိုယ့်ကိုပြန်ပြီး တန်ဖိုးထားခဲ့လို့လား။ ကိုယ်က ပေးဆပ်ခဲ့ သလောက် ကိုယ့်ကိုပြန်ပြီး ပေးဆပ်ခဲ့ဖူးသလား။ ကိုယ်က သစ္စာရှိခဲ့ သလောက် ကိုယ့်ကိုပြန်ပြီး သစ္စာရှိခဲ့ဖူးလို့လား။ နောက်ဆုံး ကိုယ် က ဒီချစ်ခြင်းကို တန်ဖိုးထားလို့ မဖျက်ဆီးရက်ခဲ့တာကို ဖျက်ဆီးခဲ့ တဲ့ ဒီလူကို ထပ်ပြီးတော့ အရှုံးပေးချစ်နေအုန်းမလို့လား။ ဒီလိုဆိုရင်တော့ ရှေ့လျှောက်အချစ်ခံရမယ်လို့ ထင်လို့လား။ မထင်ပါနဲ့ ဆက်ပြီးတော့ အရှုံးပေးချစ်နေရအုန်းမှာပဲ….

ဒီအတိုင်းကြည့်ရင်တော့ ဒီချစ်ခြင်းမှာ ကိုယ်ကရှုံးနိမ့်သွားတယ်လို့ ထင်ရပေမယ့်…..တကယ်တော့ ကိုယ်ကရှုံးခဲ့တာမဟုတ်ပါဘူး။ ကိုယ့်ဘက်က ရိုးသားဖြူစင်တဲ့ ချစ်ခြင်းတွေ၊ စစ်မှန်တဲ့သစ္စာ တရား မေတ္တာတွေပေးထားပါလျှက်နဲ့ ကိုယ့်အချစ်တွေ တန်ဖိုးမထားစွန့်ပစ် ခဲ့တာက သူရှုံးခဲ့တာပါ…

ကိုယ့်အတွက်ကတော့ သူ့လိုတန်ဖိုးမထားတတ်တဲ့လူရဲ့လက်ထဲက လွတ်မြောက်လာပြီးကတည်းက ကံကောင်းခြင်းတွေပဲလို့ ယူဆရမှာ ပါ။ နောင်တချိန်ကျ ကိုယ့်အချစ်တွေတန်ဖိုးထားသူ၊ ကိုယ့်မေတ္တာ တရားသိတတ်တဲ့သူ၊ ကိုယ့်ကို ယုယကြင်နာတဲ့သူ၊ ဂရုစိုက်တဲ့သူ၊ ကာကွယ်လုံခြုံမှုပေးနိုင်တဲ့သူ ယောက်ျားကောင်းတစ်ယောက်ကို ရှာဖွေလက်တွဲသွားနိုင်မယ့် အခွင့်အလန်းတွေရသွားသလိုပဲ သတ် မှတ်လိုက်ပါ။

နောင်မှာကိုယ်က သူ့ထက် အစစအရာရာအဆင်ပြေနေတဲ့သူ၊ ပျော် ရွှင်နေတဲ့သူ၊ သူ့ထက်အောင်မြင်နေတဲ့သူ၊ သူ့ထက်ဘဝနေထိုင်မှု အဆင့်မြင့်မြင့်ဖြစ်နေတဲ့ ဖြစ်အောင်နေပြလိုက်ပါ…….

ရွှေဝတ်မှုန်(ရွှေအင်းလေး)
www.khunnaymedia.com

Advertisement

Advertisement

Advertisment

Ad

Advertisment

Contact Us

09420112050

တစ်ပတ်အတွင်းဖတ်ရှုမှုအများဆုံးစာမျက်နှာ

Advertisement

Find Us On Facebook